Sunday, November 9, 2008

ဥပဒေနဲ့မညီတဲ့ ထောင်တွင်းတရားစီရင်မှု့ကို ဆန့်ကျင်လို့ရဲတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်နှိမ်နှင်းခြင်းခံရ

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၆ ရက်နေ့က အင်းစိန်အကျဉ်းထောင်တွင်း သီးသန့်တရားရုံးမှာ အထိန်းသိမ်းခံထားရတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ကိုသန့်ဇင်မျိုးနဲ့ အဖွဲ့က နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခွင့်အရေးတွေရဖို့ ဆန္ဒပြခဲ့ကြတာကို ရ၀ဲန်ထမ်းတွေက အကြမ်းဖက် ဖိနှိပ်ခဲ့ပါတယ်။ ထောင်တွင်း တရားစီရင်မှုတွေဟာ ဥပဒေနဲ့ မကိုက်ညီဘူး ဆိုပြီး တရားခွင်ထဲကို တရားသူကြီး ရောက်ရှိတဲ့အချိန်မှာ သူတို့က မတ်တပ်ရပ်ကျောခိုင်း ဆန္ဒပြခဲ့ကြတဲ့အတွက် ရဲတွေက တရားရုံးထဲဝင်ရောက် နှိမ်နင်းခဲ့တယ်လို့ ကိုသန့်ဇင်မျိုးရဲ့ အစ်ကိုဖြစ်သူကိုသန့်ဇင်ဦးက ပြေါပါတယ်။

ကိုသန့်ဇင်ဦး။ ။ "တရားသူကြီးဖက်ကို ပြန်လှည့်ခိုင်းတယ် မလှည့်ဘူး၊ မလှည့်တဲ့အခါကျတော့ သူတို့က ဘာလုပ်လဲဆိုတော့ ရဲတယောက် အစွပ်စွဲခံရတဲ့သူတယောက် လက်ထိပ်တွဲခတ် လိုက်တယ်၊ ပြီးတော့ ၂ ယောက် လည်ပင်းကိုဆွဲညှစ်ပြီးတော့ ဆွဲလှည့်တယ်၊ တရားသူကြီး ဖက်ကို လှည့်ခိုင်းတာပေါ့၊ အဲဒီမှာ လည်ပင်းတွေအစ်ပြီး၊ အသက်ရှုကြပ်တာတွေ အကုန်လုံး ဖြစ်ကုန်ကြတယ်လေ။ အဲဒီလိုမျိုးကို မိသားစုတွေက မခံနိုင်ကြတော့ မိသားစုတွေကို မောင်းထုတ်ပစ်လိုက်တယ်။"

အင်းစိန်ထောင်မှာ စစ်ဆေးခံနေရတဲ့ ကိုသန့်ဇင်မျိုးဟာ၂၀ဝ၇ ဩဂုတ်လက ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် ဆန္ဒပြသူတွေထဲမှာ ပါဝင်ခဲ့တာကြောင့် အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။ သူရဲ့ ဇနီးဖြစ်သူမလှလှမိုးဟာလည်း အင်းစိန်အကျဉ်းထောင်ထဲမှာ နိုင်ငံရေးပုဒ်မတွေနဲ့ အကျဉ်းချ ခံထားရတာဖြစ်ပါတယ်။ အပြင်မှာကျန်ခဲ့တဲ့ ခြောက်နှစ်အရွယ်သမီးကိုတော့ ဆွေမျိုးသားချင်းတွေက ၀ိုင်းဝန်းစောင့်ရှောက်ထားရတယ်လို့သိရပါတယ်။ (RFA)

0 comments: