Wednesday, November 5, 2008

ဝန်ကြီး ဦးအောင်သောင်း ဒုတိယအကြိမ် မူးမေ့သတိလစ်

NEJ/ ၄ နိုဝင်ဘာ ၂၀၀၈
စက်မှု (၁) ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းသည် အောက်တိုဘာ ၁၇ ရက်ညက မန္တလေးမြို့  ဘီယာချက်စက်ရုံ ဧည့်ရိပ်သာမှာ တည်းခိုနေစဉ် မူးမေ့သတိလစ် သွားသည့်အတွက် အရေးပေါ် ဆရာဝန်ခေါ်ကုသခဲ့ရသည်ဟု ဦးအောင်သောင်း၏ လက်ထောက်အရာရှိများ က ပြောသည်။

အသက် (၇၂) နှစ်ရှိ ၀န်ကြီး ဦးအောင်သောင်း မူးမေ့လဲသွားသည်မှာ တလအတွင်း ဒုတိယအကြိမ်ဖြစ်သည်။ အောက်တိုဘာ ၇ ရက်နေ့ကလည်း နေပြည်တော် စက်မှု (၁)၀န်ကြီးရုံးသို့ ရုံးတက်ရန်အလာ ၀န်ကြီး ဦးအောင်သောင်း ရုတ်တရက် သတိလစ် မူးလဲသွားသဖြင့် ရုံးပေါ်သို့ တွဲတင်ယူခဲ့ရသည်။

ဝန်ကြီးဦးအောင်သောင်းသည် မကြာခင် စင်္ကာပူသို့ဆေးကုသွားရန် ဗိုလ်ချုပ်မှုးကြီးသန်းရွှေထံ တင်ပြထားပြီး နိုဝင်ဘာလလယ်ပိုင်းတွင် စင်္ကာပူနိုင်ငံသို့ သွားရောက်မည်ဟု စုံစမ်းသိရသည်။

ဝန်ကြီးဦးအောင်သောင်းသည် မန္တလေးမြို့ ရောက်ရှိနေစဉ်အတွင်း ကြံဖွံ့အသွင်ပြောင်း နိုင်ငံရေးပါတီအတွက် မန္တလေးတိုင်းမှ စက်မှု (၁) ၀န်ကြီးဌာနလက်အောက်ခံ စက်ရုံမှူးများအားလုံးကို ပါတီကေဒါများကဲ့သို့ စည်းရုံး ရေး လုပ်ရန် တာဝန်ပေးခဲ့ပြီး ကုန်ကျစရိတ်ကိုလည်း ကိုယ့်အစီအစဉ်နှင့်ကိုယ် ရအောင်ရှာသုံးရန် ဖိအားပေးခဲ့သည်ဟု စက်ရုံမှူးသတင်းရပ်ကွက်က ပြောသည်။

0 comments: