Saturday, October 11, 2008

အာဏာရှင်ဆန့်ကျင်ရေး စာရွက် (၁) သိန်းကျော် ရန်ကုန်နှင့်မန္တလေးမြို့ကြီးတို့တွင် ဖြန့်ကြဲ

ပီတာအောင်/ ၁၀ အောက်တိုဘာ ၂၀၀၈။ ။
အာဏာရှင် စစ်အစိုးရဆန့်ကျင်ရေး လှုံ့ဆော်ရေးသားထားသည့် စာရွက်စာတမ်း (၁) သိန်းခွဲခန့်ကို ရန်ကုန်၊ မန္တလေး နှင့် အခြားနယ်မြို့တို့ရှိ လူစည်ကားရာနေရာများ၌ လူငယ်အချို့က ယမန်နေ့က ဖြန့်ဝေခဲ့ကြောင်း သိရသည်။

လက်မထောင်ထားသည့် အမှတ်တံဆိပ်ပါ (၁) လက်မခွဲပတ်လည်အရွယ် စာရွက်ငယ်လေးများပေါ်၌ ‘စစ်အာဏာရှင် စနစ်အဆုံးသတ်နှစ် ၂၀၀၈’ ၊ ‘ဒီမိုကရေစီရမယ့်နှစ် ၂၀၀၈’ ၊ ‘ ဆင်းရဲတွင်းက လွတ်မယ့်နှစ် ၂၀၀၈’ ၊ ‘ဒုက္ခတွင်းက လွတ်မယ့်နှစ် ၂၀၀၈’ ဟု (၄) မျိုး ရေးသားကာ ဖြန့်ဝေခြင်းဖြစ်သည်။

0 comments: