Monday, September 15, 2008

ဂျပန်နိုင်ငံ၌ ပြုလုပ်မည့် JATA World Travel Fair 2008 တွင် Nargis Cornerဖြင့်ပြသ၍ ဈေးကွက် မြှင့်တင်မည်

ဂျပန်နိုင်ငံ၌ပြုလုပ်မည့် JATA World Travel Fair 2008 တွင် မုန်တိုင်းပြီးနောက် မြန်မာနိုင်ငံ၏လက်ရှိအခြေအနေများကို Nargis Cornerဖြင့်ပြသ၍ဈေးကွက်မြှင့်တင်သွားမည်ဖြစ်ကြောင်းဂျပန်ခရီးသွားဈေးကွက်မြှင့်တင်ရေး ကော်မတီ (Japan Tourism Promotio Committee- JTPC) မှသတင်းရရှိပါသည်။ ယင်းခရီးသွားပွဲတော်ကို တိုကျိုမြို့ရှိ Tokyo Big Sight တွင်ပြုလုပ်မည်ဖြစ်ပြီး စက်တင်ဘာ၁၈ရက်နေ့၌ ကွန်ဂရက်ကိုကျင်းပမည်ဖြစ်ကာစက်တင်ဘာလ ၁၉ရက်နေ့မှ ၂၁ ရက်နေ့အထိ ခရီးသွားပွဲတော်ကို ပြုလုပ်မည်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၃၀ကျော်မှ ပြခန်းပေါင်း ၁၀၀၀ဝန်းကျင်ပါဝင်ပြသ မည့်ပွဲတော်တွင် မြန်မာခရီးသွားပြခန်းသည်မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ အသင်း၏ ဦးဆောင်မှုဖြင့် JTPC မှ စီစဉ်ခြင်းဖြစ်ကာ YangonAirways နှင့် MAIစသည့်လေကြောင်းလိုင်းများ၊ ခရီးသွားကုမ္ပဏီများစသည်တို့ မှကိုယ်စားလှယ် ၁၈ ဦးဝန်းကျင်ပါဝင်တက်ရောက်မည်ဖြစ်သည်။ “မြန်မာပြခန်းမှာ ရန်ကုန်၊ မန္တလေး၊ ပုံဂံ၊ အင်းလေး၊ ကမ်းခြေဒေသ၊ NargisCorner ဆိုပြီးပြထားမှာပါ။ Nargis Corner များဆို စက်တင်ဘာလ ၁ ရက်နေ့ အထိလောက်ကပုံတွေပြမယ်။ရန်ကုန်မြို့လယ်၊ မန္တလေး၊ ပုဂံစတဲ့ဒေသတွေ ကဓါတ်ပုံတွေရိုက်ကူးပြီး လက်ရှိ အခြေအနေအေးချမ်းကြောင်းနဲ့ နာဂစ်ကြောင့်ခရီးသွားဒေသတွေ ထိခိုက်မှုမရှိဘူး၊ ပုံမှန်ပါပဲဆိုတာကို ဓါတ်ပုံတွေနဲ့ ရှင်းလင်းပြသထားမှာပါ” ဟုဒေါ်ခင်မေမြင့်ကဆိုပါသည်။ JATA World Travel Fair သည်ဂျပန်နိုင်ငံ၌ နှစ်စဉ်ကျင်းပခြင်းဖြစ်ပြီး ကမ္ဘာ အရပ်ရပ်မှ ဧည့်သည်ပေါင်းတစ်သိန်းကျော်ပါဝင်တက်ရောက်သည့် ပွဲတော်တစ်ခုဖြစ်၍ မြန်မာနိုင်ငံသည်ဒုတိယအကြိမ်မြောက်ပါဝင်၍ခရီးသွားပြခန်းများပြသခြင်းဖြစ်ကြောင်း၂၀၀၈ခုနှစ်စက်တင်ဘာ၁၇ရက်နေ့ထုတ် Weekly Elevenဂျာနယ်တွင်ဖော်ပြထားပါသည်။

0 comments: