Tuesday, September 23, 2008

ထောင်တွင်း ၁၉ နှစ်ကျော်ကြာ နေခဲ့ရသူ သတင်းစာဆရာကြီး ဦးဝင်းတင် လွတ်မြောက်ပြီ



စစ်အစိုးရက ယနေ့ လွှတ်ပေးသော အကျဉ်းသား ၉၀၀၂ ယောက်တွင် သတင်းစာဆရာကြီး ဦးဝင်းတင် အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၃ ဦး ပါရှိသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့် ရှိသူက ပြောသည်။

အသက် ၇၈ နှစ် အရွယ်ရှိပြီဖြစ်သော ဦးဝင်းတင်သည် အင်းစိန်ထောင်အတွင်း ၁၉ နှစ်ကျော်ကြာ နေခဲ့ရပြီးနောက် လွတ်မြောက်လာခြင်း ဖြစ်သည်။ မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာ မေ၀င်းမြင့်နှင့် တောင်ငူလွှတ်တော်အမတ် ဦးအောင်စိုးမြင့်ဦး တို့ကိုလည်း စစ်အစိုးရက လွှတ်ပေးခဲ့သည်ဟု ဦးဥာဏ်ဝင်းက ပြောသည်။

ထို့ အတူ နောက်ထပ်ရရှိသောသတင်းအရ - ဆရာကြီးဦးဝင်းတင်ကဲ့သို့  နှစ်ပေါင်းမြောက်များစွာ ထိန်းသိမ်းခံထားရသူတစ်ဦးဖြစ်တဲ့ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန် (အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် - ဒုဥက္ကဌ နိုင်ငံရေးအကျဉ်းသားများ လူမှုကူညီစောင့်ရှောက်ရေးအဖွဲ့ ) လည်း ကသာထောင်မှနေ လွတ်မြောက်လာပြီး ဖြစ်ကြောင်း သိရှိရပါတယ်။
ဤကဲ့သို့ဆရာကြီး ဦးဝင်းတင်၊ ဒေါက်တာ ဒေါ်မေ၀င်းမြင့်၊ ဦးအောင်စိုးမြင့်ဦး၊ ဦးအေးသိန်းတို့ လွတ်မြောက်လာခြင်းအပေါ် ၀မ်းသာအားရဖြစ်မိသောလည်း ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ၈၈မျိုးဆက်ကျောင်းသားများ၊ နိုင်ငံရေးအကျဉ်းသားများမလွှတ်သေးခြင်းဟာ နအဖရဲ့ မရိုးသားတဲ့လုပ်ရပ်အဖြစ်သတိထားရမယ်လို့ပြည်တွင်းပြည်ပမှသူများပြောဆိုနေကြကြောင်းသိရှိရပါသည်။

0 comments: