Saturday, September 6, 2008

သီးလေးသီးဆေးရောင်စုံအငြိမ့်၏ နာဂစ်မုန်တိုင်း လေဘေးဒုက္ခသည်များရံပုံငွေပွဲ

သီးလေးသီးဆေးရောင်စုံအဖွဲ့အား ဂျပန်နိုင်ငံ Naritaလေဆိပ်တွင် လာကြိုသော မင်္ဂလာဒိုးအဖွဲ့သားများနှင့်အတူတွေ့ရစဉ်

သီးလေးသီးဆေးရောင်စုံအဖွဲ့သည် နာဂစ်မုန်တိုင်း လေဘေးဒုက္ခသည်များရံပုံငွေပွဲ အတွက် ဖျော်ဖြေတင်ဆက်ရန် ထိုင်းနိုင်ငံမှတဆင့် တိုင်ပေ၊ တိုင်ပေမှတဆင့် CI 104လေယာဉ်ဖြင့် ကြာသပတေးနေ့ (၄)ရက် ညနေ (၆)နာရီ ကျော်ခန့်တွင် Narita လေဆိပ်မှတဆင့်ဂျပန်နိုင်ငံသို့ ရောက်ရှိလာကြောင်းသိရှိရပါသည်။

သီးလေးသီးဆေးရောင်စုံအဖွဲ့ဟာ ဂျပန်နိုင်ငံသို့ဒုတိယအကြိမ်မြောက် လာရောက်ဖျော်ဖြေခြင်းဖြစ်ပြီး ပွဲစီစဉ်ဖြစ်မြောက်ရေးအတွက် အဓိကတာဝန်ယူဆောင်ရွတ်နေသော ဂျပန်နိုင်ငံမှ မင်္ဂလာဒိုးအဖွဲ့ မှ တာဝန်ရှိသူများ အထူးကြိုးစားဆောင်ရွတ်နေကြောင်းကြားသိရပါသည်။

0 comments: