Sunday, August 3, 2008

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦး ချောလဲလို့ ဆေးရုံတင်ကုသ


အဖမ်းခံနေရတဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုမာကီး (ခေါ်) ကိုကျော်ကျော်ထွေး တိုက်ပိတ်ခံရစဉ် ချော်လဲတာကြောင့် ဆီးခုံရိုး အက်သွားတယ်လို့ကြားသိရပြီး လတ်တလော အင်းစိန် ဆေးရုံမှာ တင်ထားရတယ်လို့သိရပါတယ်။

ကိုမာကီးဟာ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး အပါအဝင် ကျောင်းသားခေါင်းဆောင်တွေကို မနှစ်က သြဂုတ်လ ၂၁ရက်နေ့က နေအိမ်တွေကနေ တပြိုင်တည်း လာရောက်ထိမ်းသိမ်းသွားတဲ့ အချိန်က အဖမ်းခံရသူ ဖြစ်ပါတယ်။
ကိုမာကီးဟာပြီးခဲ့တဲ့ ဖေဖဝါရီလကုန်ပိုင်းက အကျဉ်းထောင်ပြင်ပကို စာအဆက် အသွယ်လုပ်တဲ့အမှုနဲ့တလကြာတိုက်ပိတ်ခံရစဉ် ခုလိုဒဏ်ရာရခဲ့ခြင်း ဖြစ်ပါတယ်။ကိုမာကီးရဲ့ ညီဖြစ်သူ ကိုဇော်နိုင်ထွေးကိုလည်း ကိုမာကီးကို စာအဆက် အသွယ်လုပ်တဲ့ အမှုနဲ့ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ ကိုဇော်နိုင်ထွေးကို အကျဉ်းထောင်ဝန်ထမ်းတွေကို လာဘ်ပေးတဲ့ အမှုအပါအဝင် တခြားပုဒ်မတွေတပ်ပြီး အရေးယူထားတာပါ။

ကိုမာကီး ဆေးရုံတင်ထားတာစဉ် ပထမပိုင်းက မိသားစုနဲ့ တွေ့ခွင့်ပေးထားပေမဲ့ နောက်ပိုင်းမှာ မိသားစုအနေနဲ့တွေ့ဆုံခွင့်မရဘူးလို့ သိရပါတယ်။ ကိုမာကီးရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး ထောင်ဝင်စာ သွားတွေ့နေတဲ့ ကိုမာကီးရဲ့ညီ ကိုဇော်နိုင်ထွေးရဲ့ ဇနီးမမိုးမိုးကို ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။ (RFA)







0 comments: