Wednesday, July 2, 2008

ရန်ကုန် ရွှေပြည်သာ ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးမှာ ပေါက်ကွဲမှုဖြစ်ပွား

ရွှေပြည်သာမြို့နယ် စစ်တောင်းလမ်းရှိ မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (မယက) ရုံး၏ အနောက်ဘက် မလှမ်းမကမ်းတွင် တည်ရှိသော ရပ်ကွက် အေးချမ်းသာယာရေးနှင့် တွဲလျက် တည်ရှိသော ကြံ့ဖွံ့ရုံးခန်း ရှေ့တွင် အင်္ဂါနေ့ နံနက်က ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

အခုပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့နေရာဟာ မြန်မာစစ်အစိုးရ
အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် နာယကအဖြစ် ဦးစီးဦးဆောင်လုပ်ကိုင်
နေတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းရဲ့ ရုံးခွဲတခုလည်း ဖြစ်ပါတယ်။

“မနက် ၆ နာရီ ၁ဝ မိနစ်လောက်မှာ သူတို့ ရုံးအရှေ့မှာ ကားတိုက်မှု ဖြစ်တယ်။ ကားတိုက်မှုဖြစ်တော့ အဲဒီရုံးထဲက ကြံ့ခိုင်ရေးတွေ ထွက်ကြည့် ကြတယ်။ ထွက်ကြည့်နေကြရင်း အဲဒီအချိန်မှာ ပေါက်တာဖြစ်တယ်” ဟု ရွှေပြည်သာနေ အခင်းဖြစ်ပွားပြီးနောက် သွားရောက်ကြည့်ရှုခဲ့သူ တဦးက ပြောသည်။ သို့သော် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှု တစုံတရာ မရှိဟု သူက ဆက်ပြောသည်။

ဗုံးပေါက်ကွဲ ပြီးပြီးချင်း အခင်းဖြစ်ရာမှ ကိုက် ၅ဝ အကွာခန့်တွင် စစ်ဘက်၊ ရဲဘက် လုံခြုံရေးများ ချထားလိုက်ပြီး လူအများ ဖြတ်သန်း သွားလာခွင့်ကို တားမြစ်လိုက်သည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင်တွေဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်ကို ၂၀၀၃ ခုနှစ်တုန်းက စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့မှာ အကြမ်းဖက်တိုက်ခိုက်စဉ်
က ပါဝင်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ဖူးသလို အတိုက်အခံ နိုင်ငံရေးအင်အားစု
တွေကို နှောင့်ယှက်ဟန့်တားမှုတွေမှာ ပါဝင်ပတ်သက်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်
တွေလည်း ရှိနေတာကြောင့် မနှစ်မြို့သူတွေကလည်း ရှိနေတာပါ။

ဒါပေမယ့်လို့ အခုဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုဟာ တစုံတယောက်က ရည်ရွယ်ချက်နဲ့ တိုက်ခိုက်
ခဲ့တာ ဟုတ်မဟုတ်ဆိုတာကတော့ အခုအချိန်အထိ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။
ဘယ်သူကမှလည်း သူတို့လက်ချက်ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးပါ
ဘူး။ ပေါက်ကွဲမှုဖြစ်တဲ့ ရွှေပြည်သာမြို့ခံ ရဲတပ်ဖွဲ့ကို မေးကြည့်တဲ့အခါမှာလည်း စုံစမ်း
စစ်ဆေးမှုတွေ လုပ်နေဆဲပါလို့ ဆိုပါတယ်။

လွန်ခဲ့သည့် ဇန်နဝါရီလကလည်း နေပြည်တော် ပျဉ်းမနားဘူတာအနီး ဗုံးပေါက်ကွဲသဖြင့် အမျိုးသမီးတဦး သေဆုံးခဲ့သလို၊ ရန်ကုန် ဘူတာကြီး အနီးတွင်လည်း အနည်းဆုံး လူတဦး ဒဏ်ရာရှိသည့် ဗုံးပွဲမှု ဖြစ်ခဲ့သေးသည်။ ထို့အပြင် ပဲခူးတိုင်း ဖြူးမြို့အနီးတွင် ဘတ်စ်ကားပေါ် ဗုံးပွဲရာတွင် ကားစပယ်ယာ ပွဲချင်းပြီး သေဆုံးခဲ့ကာ၊ ပြီးခဲ့သည့် ဧပြီလ ၂ဝ ရက်နေ့တွင် ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်အတွင်း ဗုံးနှစ်လုံး ပေါက်ကွဲမှု တွင် ထိခိုက်သေဆုံးမှု မရှိခဲ့ပါ။
source ။ ။ mizzima. voa

0 comments: