Sunday, July 6, 2008

ခိုင်မာစွာ ယုံကြည်ခြင်း

မျိုးဆက်တွေလက်ဆင့်ကမ်း
တို့လမ်းကိုဆက်လျှောက်မယ်
တို့ပန်းတိုင် မရောက်သေး
မခြောက်သေးတဲ့ တို့သွေးတွေ
တို့ဆေးလိုက်လို့မဖြစ်..
မှန်ကန်ရာ ယုံကြည်လမ်း
ပုခုံးထမ်းလို့ လှမ်းစို့နော်..
ခေတ်တခေတ်ဖြတ်လို့ကျော်
နှစ်(၂၀) ကျော်နောက်တခေတ်
အသစ်သစ်တို့ ထပ်လို့ပေါ်…
ရေကိုကျော် ဓားနဲ့ဖြတ်
ပြတ်ချင်သာပြတ်သွားမယ်
စီးဆင်းနေတဲ့ ကျောင်းသားသွေး
ဝေးသွားပြီမမြင်လေနဲ့။
အေးသွားပြီမထင်လေနဲ့။

ရင်သွေး(၂၀၀၈)

0 comments: