Sunday, June 8, 2008

ဒိန်းမတ်အနုပညာရှင်အဖွဲ့နေပြည်တော်ကို ဒုတိယအကြိမ်ပညာပြ

ဒိန်းမတ်အနုပညာအဖွဲ့Surrend က အင်တာနက်ဝက်ဆိုက်တစ်ခု ပြုလုပ်ပြီး မြန်မာစစ်ခေါင်းဆောင်များကို သရော်လှောင်ပြောင်လိုက်သည်။ မြန်မာဒေါ့ကွန်းနှင့်ဆင်တူယိုးမှား ဝက်ဆိုက်တစ်ခုဖြစိပြီး မြန်မာဒေါ့ကွန်တွင် ‘a’ တစ်လုံးထပ်ထည့်ကာ http://www.myanmaar.com/ ဟု အမည်ပေးထားခြင်းဖြစ်သည်။ စစ်အစိုးရအပေါ် ၎င်းတို့၏သရော်ချက်များဖြင့်လည်း မွမ်းမံထားသည်။ မြန်မာဒေါ့ကွန်ပေါ်က သရော်ချက်တစ်ခု
အဆိုပါ အင်တာနက်စာမျက်နှာတွင် နာဇီခေါင်းဆောင် ဟစ်တလာရုပ်ပုံကိုလည်း ထည့်သွင်းထားသည်။ အချိတ်အဆက်ခေါင်းစဉ်များတွင်လည်း နှိပ်စက်ညှင်းပန်းခြင်း၊ အနုပညာနှင့်အကြမ်းဖက်မှု၊ လူမှုဘဝ-အဂတိလိုက်စားခြင်း၊ စီစစ်ကန့်သတ်မှု စသဖြင့် တွေ့ရသည်။
'ဒီလုပ်ရပ်ကြောင့် အာဏာရှင်အစိုးရက ဒေါသထွက်မယ်၊ ဒါမှမဟုတ် စိတ်အနှောင့်အယှက်ဖြစ်မယ်ဆိုရင်၊ ပြီးတော့ မြန်မာပြည်သားတွေက ရယ်မောကြမယ်ဆိုရင်တော့ ဒီဝက်ဆိုက်က တာဝန်ကျေပါပြီ' ဟု Surrend အဖွဲ့ပူးတွဲတည်ထောင်သူ Pia Bertelsen က ပြောလိုက်သည်။

မိုးမခမီဒီယာမှ

0 comments: