Sunday, June 1, 2008

ဘိုနိုကို ခဲအိုးတက္ကသိုလ်မှ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ပေးအပ်

(မိုင်နိချိ သတင်း)
မေလ(၂၈)ရက်နေ့က ဂျပန်နိုင်ငံတိုကျိုမြို့တွင်အာဖရိကနိုင်ငံများဖွံ့ဖြိုးတိုးတက်ရေးအစည်အဝေးTokyoInternationalConferenceonAfricanDevelopmentသို့အထူးအကြံပေးဧည့်သည်တော်အဖြစ် တက်ရောက်လာသည့် U2အဆိုတော်ဘိုနိုကိုတိုကျိုခဲအိုးတက္ကသိုလ် (Keioo Universityမှဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ချီးမြှင့်လိုက်သည်။

အိုင်ယာလန်နိုင်ငံသားကမ္ဘာကျော်အဆိုတော်ဘိုနိုဟာမြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အတွက် Walk Onသီချင်းဂုဏ်ပြုရေးဖွဲ့သီဆိုပေခဲ့သူတဦးဖြစ်ပြီး လူသားချင်းဆိုင်ရာဖွံ့ဖြိုးမှုလုပ်ငန်းများကို တစိုက်မတ်မတ်လုပ်ဆောင်နေသူတဦးလည်းဖြစ်သည်။

“အခုလိုကျနော့်ကိုခဲအိုးတက္ကသိုလ်ကဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ပေးအပ်တာကိုကျေဇူးတင်ပါတယ်။ အာရှတိုက်ရဲ့ Leadershipကို ရယူဖို့ကြိုးစားနေတဲ့ ဂျပန်အနေနဲ့လည်းလူသားချင်းဆိုင်ရာအကူအညီတွေကို ပိုမိုလုပ်ဆောင်သင့်ပါတယ်ဟုပြောဆိုသွားခဲ့သည်။

0 comments: