Sunday, May 11, 2008

လေဘေး ဒုက္ခသည်များအတွက် ဆေးဝါး၊စားနပ်ရိက္ခာ၊အထောက်အပံ့များလုံးဝမလုံလောက်ခြင်း

မုန်တိုင်းဒဏ်ကြောင့် မြန်မာပြည်သူများကျခဲ့ရသည့် မျက်ရည်များ မခမ်းခြောက်မှီ၊ သေဆုံးသွားခဲ့သူများ၏ ရက်လည် သောနေ့တွင် စစ်အာဏာရူးအစိုးရမှ ပြည်သူ့ဆန္ဒခံယူပွဲကို ကုလသမဂ္ဂအပါအ၀င် ကမ္ဘာ့နိုင်ငံများ၊ မြန်မာပြည်သူများ၏ ဒုက္ခအထွေထွေကို လစ်လျူရူပြီး မိုက်မဲစွာပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းသို့သွားရောက်၍ ဒုက္ခသည်များအား ဆေးဝါးကုသပေးနေသော ဆရာဝန်က အခုလိုပြောပါသည်။ “ ယခုမြင်နေရတဲ့ အတိုင်းပါဘဲ ဒုက္ခသည်တွေအတွက် အကူအညီဟာ လုံးဝလက်လှမ်းမမှီနိုင်အောင်ဘဲ အခြေအနေတွေ အရမ်းဆိုးနေပါတယ်။ အချိန်မှီ နောက်ထပ် ထောက်ပံ့ရေး ။ ဆေးဝါး။ နိုင်ငံတကာမှ အကူအညီများ မရောက်ရှိခဲ့ရင် ဒီထက်အခြေနေပိုဆိုးလာမည်ဖြစ်ကြောင်းပြောခဲ့ပါသည်။”
ယမန်နေ့က ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်(WFP) ၏ ဒုက္ခသည်များအတွက် အလေးချိန် တန် ၃၈ တန် ရှိ အစားအစာနှင့် အသုံးအဆောင်ပစ္စည်းများတင်ဆောင်လာသော လေယာဉ်၂ စီးကို စစ်ဆေး၍ ပစ္စည်းများကို သိမ်းယူလိုက်ပြီး ဒီအတိုင်းဘဲ ဂိုဒေါင်ထဲမှာဘဲ ရှိနေတယ်လို့ပြောပါတယ်။

ထပ်ပြီး ထူးခြားတဲ့သတင်းကတော့ လေဘေးဒုက္ခသည်များအတွက် နိုင်ငံတကာမှ လှူဒါန်းသော ပစ္စည်းများကို စစ်ဗိုလ်ချုပ်များက ၎င်းတို့၏နံမည်ပါသော စာရွတ်ကို ကပ်၍ နိုင်ငံတော်အစိုးရမှ လှူသည့်ပုံစံဖြင့် လှူဒါန်းနေကြောင်းသိရှိရပါသည်။ ပြည်တွင်းရုပ်မြင်သံကြား၊ mrtv တို့တွင် လည်း ကူညီနေပါသည်ဆိုပြီး ၀ါဒဖြန့်သည့်အနေဖြင့် ထပ်ခါထပ်ခါပြလျှက်ရှိပါသည်။

မနေ့က ပြုလုပ်ခဲ့သည့် ပြည်သူ့ဆန္ဒခံယူပွဲတွင်လည်း လွတ်လပ်စွာ မဲပေးနိုင်ခွင့်မရှိဘဲ မဲရုံတာဝန်ခံများက သူတို့ဘာသာရေးထားသော ထောက်ခံမဲပါအမှတ်အသားကို ပေးပြီး မဲထည့်ခိုင်းခဲ့ကြောင်းလည်း မဲသွားပေးခဲ့သူ ပြည်သူတဦးက ပြန်ပြောပြခဲ့ပါသည်။

0 comments: