နာဒစ် လေမုန်တိုင်းဒဏ် ခံခဲ့ရသော ဧရာဝတီတိုင်းတွင် မုန်တိုင်းဒဏ်ခံရပြီး (၉)ရက်နေ့အထိ ကူညီထောက်ပံ့မည့် အစားအစာ။ သောက်ရေများ။ အမိုးအကာများ အချိန်မှီမရောက်ရှိ၍ ဧရာဝတီတိုင်းဒေသအတွင်းမှာပင် လူ (၃၇၁)ဦး ထပ်မံသေဆုံးသွားကြောင်း ဂျပန် tbsသတင်းဌာနမှ ကြေငြာသွားပါသည်။
မုန်တိုင်းဒဏ်ခံရလို့ တပတ်ကြာပြီးတဲ့အချိန်အထိ လေဘေး ဒုက္ခသည်များထံ အစားအစာ၊ ဆေးဝါးများ၊ သောက်စရာရေများ လုံလောက်စွာရောက်ရှိမလာလို့ ထပ်မံပြီး သေဆုံးနိုင်ဖွယ်အခြေအနေများဖြစ်ပေါ်နေတယ်လို့ပြောပါသည်။
အမေရိကန်အစိုးရရဲ့လေဘေးကယ်ဆယ်ရေး အကူအညီကို တောက်လျှောက်ငြင်းပယ်နေတဲ့နအဖ စစ်အစိုးရက အမေရိကန်ကာဂို စီ- ၁၃၀ အမျိုးစား လေယဉ်တစင်းကို လာမဲ့တနင်းင်္လာနေ့ မှာ ၀င်ခွင့်ပြုဖို့သဘောတူလိုက်ရပါပြီလို့ကြေငြာသွားပါတယ်။ ဒါပေမဲ့ အမေရိကန်မှ ကယ်ဆယ်ရေးတပ်ဖွဲ့များ၏ ပြည်ဝင်ခွင့်ကို လုံးဝခွင့်မပြုသေး။
0 comments:
Post a Comment