Saturday, May 31, 2008

မြန်မာပြည်ကိုကယ်တင်မည့် ရမ်ဘိုကား ဂျပန်မှာလည်းရုံတင်ပြီ

ကမ္ဘာကျော်ဟောလီးဝုဒ်စူပါးစတား ရုပ်ရှင်မင်းသား Silvester Stalloneကိုယ်တိုင်ရိုက်ကူး၊ ထုတ်လုပ်၊ သရုပ် ဆောင်ထားတဲ့ RAMBO 4 ဇတ်ကား ကို ဂျပန်နိုင်ငံတဝှမ်းလုံးတွင် မေလ ၂၄ ရက်နေ့ကစပြီး ရုံတင်ပြသနေပါပြီ။
ဇာတ်လမ်းအကျဉ်းကတော့ မင်း သားစတားလုံးဟာ ထိုင်းနိုင်ငံတောနက် တွေထဲမှာ မြွေဖမ်းသူတဦးအဖြစ် အလုပ် လုပ်နေစဉ် ခရစ်ယာန်သာသနာပြုအဖွဲ့ကို ကာကွယ်စောင့်ရှောက်ဖို့ငှားရမ်းခံရ ပါတယ်။

အဆိုပါသာသနာပြုအဖွဲ့ဟာ နအဖ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်စွာထိုး စစ်ဆင်သတ်ဖြတ်မှုတွေကြောင့် တောနက်ထဲထွက်ပြေးပုန်းရှောင်နေတဲ့ ကရင် ဒုက္ခသည်တွေကို ဆေးဝါးနဲ့အစားအစာ တွေ ကူညီပေးနေတာဖြစ်ပါတယ်။
ဒါပေမဲ့ သူတို့အဖွဲ့ကိုပါ နအဖစစ် တပ်က ဖမ်းဆီးသတ်ဖြတ်တာတွေလုပ် နေတဲ့အတွက် မင်းသားစတားလုံးက သူ ကိုယ်တိုင်ကယ်ဆယ်ပေးပြီး နအဖစစ် တပ်ကိုခြေမှုန်းသုတ်သင်ထားတဲ့ဇာတ် လမ်းဖြစ်ပါတယ်။

အသက် ၆ဝ ပြည်ပြီဖြစ်တဲ့ ဟောလီး ဝုဒ်စူပါးစတားမင်းသားစတားလုံးဟာ အဆိုပါ RAMBO 4ရိုက်ကူးဖို့အတွက် Soldier of Fortuneမဂ္ဂဇင်းဌာနသို့ ဖုန်းဆက်ပြီး “အခုအချိန် ဒီကမ္ဘာပေါ်မှာ လူလူချင်းအပေါ် လူမဆန်တဲ့အလုပ်ကို အဆိုးဝါးဆုံးဘယ်မှာလုပ်နေသလဲ…?” ဟု မေးမြန်းခဲ့ရာ ‘မြန်မာနိုင်ငံ’ဟုပြန် ဖြေကြောင်း၊ အဲဒီအတွက် သဘာဝလွန် အက်ရှင်ဇာတ်ကားတွေအစား တကယ့် အဖြစ်အပျက်အမှန်ကို ကမ္ဘာသူ/သား များကိုတင်ပြဖို့အတွက် အပင်ပန်းခံရိုက် ကူးခဲ့ခြင်းဖြစ်ကြောင်း၊ မေလ ၈ ရက်နေ့ က တိုကျိုတွင် RAMBO 4 ဇာတ်ကား Press Show ပြုလုပ်စဉ် သတင်းထောက်များ၏မေးမြန်းခဲ့မှုများကို အခုလိုရှင်းလင်းပြောကြားခဲ့ပါတယ်။

RAMBO 4ကိုကြည့်ရှုခဲ့တဲ့ ဂျပန်ကျောင်းသားတဦးက “မြန်မာနိုင်ငံက နအဖ စစ်ဗိုလ်ချုပ်တွေ မကောင်းဘူး ဆိုတာ ကြားပဲကြားဖူးခဲ့တာ။ အခု ဒီကားကိုကြည့်ပြီးတော့မှ တော်တော် ကို လူသားမဆန်တဲ့လုပ်ရပ်တွေကျူးလွန်နေတာကို မြင်တွေ့ခဲ့ရတယ်။ ကြောက်စရာကောင်းလှတယ်…”ဟု ပြောဆိုပါတယ်။

အဆိုပါဇာတ်ကားကို ထိုင်းနိုင်ငံ၊ ချင်းမိုင် မြို့မြောက်ပိုင်းမှ ကီလိုမီတာ ၃ဝ ခန့်အကွာရှိ မဲ့တင်မြို့နယ်၊ ကစ်ချန်းရွာတွင် အမေရိကန်ဒေါ်လာ သန်း ၆ဝ ခန့်ကုန် ကျခံကာ ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး၊ ရှမ်းပြည် တပ်မတော်(SSA-တောင်ပိုင်း) တပ် မဟာ ၂၄၁ မှာ အရာရှိတဦးအဖြစ် တာ ဝန်ထမ်းဆောင်ခဲ့သည့် ဟန်ရွှေမိန်း(ခ) စိုင်းမန်းအပါအဝင် ရှမ်းအလုပ်သမား ၁ဝဝ ကျော်ခန့်နှင့် မြန်မာ့ဒီမိုကရေစီ ရေးလုပ်ဆောင်နေသူများ ပါဝင်ကူညီ သရုပ်ဆောင်ထားကြပါတယ်၊

0 comments: