Friday, May 16, 2008

သူခိုးလား၊ ဒါးပြလား၊ သောင်းကျန်းသူလား


New York Times,
ကျော်သိင်္ခ

မြန်မာလေဘေးဒုက္ခသည်တွေကို အကူအညီပေးတဲ့ နိုင်ငံတကာက ကူညီကယ်ဆယ်ရေးအဖွဲ့ ဒါရိုက်တာတွေက ဒုက္ခသည် တွေကို ထောက်ပံတဲ့ အစားအသောက်၊ အ၀တ်အထည်နဲ့ ကယ်ဆယ်ရေးပစ္စည်းတွေဟာ နေ့စဉ် အခိုးခံနေရပြီး၊ ပစ္စည်း တွေကိုလည်း စစ်အစိုးရက သူတို့ရဲ့ ဂိုဒေါင်တွေထဲကို ခိုးပြီးထည့်နေတယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းမှာ ဆိုရင်လည်း စစ်တပ်၊ ကြံ့ဖွတ် နဲ့ စွမ်းအားရှင်တွေက မုန်တိုင်းဒဏ်ခံရပြီး အငတ်ဘေးနဲ့ကြုံတွေနေရတဲ့ ပြည်သူတွေကို သူတို့ဒေသကနေ အပြင်ကို ထွက်သွားခွင့်မပေးပါဘူး။ အပြင်က ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို လည်း အဲဒီဒေသကို ၀င်ရောက်ခွင့်အပေးပါဘူး။ ၀င်လာရင် မှတ်ပုံတင်တွေကို စစ်ဆေးပြီး၊ ဒေသခံမဟုတ်ရင် ကြံ့ဖွတ်၊ စွမ်းအားရှင် တွေက တိရစ္ဆာန်မောင်းသလို မောင်းထုတ်ကြပါတယ်။

ဒါဆိုရင် အငတ်ဘေးရင်ဆိုင်နေရတဲ့ ပြည်သူတွေက သူတို့ရဲ့ ဆွေမျိုး၊ မိတ်ဆွေတွေရှိရာကို ရွှေ့ပြောင်းမယ်ဆိုရင်တောင် ပြောင်ရွှေ့ခွင့်မရကြဘဲ အဲဒီမှာဘဲ ငတ်ပြီးသေကြဆိုတဲ့ သဘောမျိုးနဲ့ စစ်တပ်၊ ကြံ့ဖွတ် နဲ့ စွမ်းအားရှင်တွေက တဖြည်းဖြည်း နဲ့ ညှင်းဆဲပြီး လူသတ်မှုတွေကို ကျူးလွန်နေကြပါပြီ။ အချို့ အစားအသောက် အကူအညီရတဲ့ နေရာတွေမှာ ဆို ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေက ဒုက္ခသည်တွေဆီက အစားအသောက် အ၀တ်အထည်တွေကို လုယူပြီး၊ ပြန်ပြီးရောင်းစားတာတစ်မျိုး၊ အိမ်မှာ ချက်ပြုတ်စားတာ တစ်ဖုံ နဲ့ ဒုက္ခသည်တွေဟာ နည်းမျိုးစုံနဲ့ အကြမ်းဖက်ခံနေရပါတယ်။

0 comments: