Saturday, May 24, 2008

ဒေါ်အောင်ဆန်းစုကြည် ဖွဲ့စည်းပုံအတွက် ကြိုတင်ဆန္ဒမဲပေး





နေအိမ်အကျယ်ချုပ်ဆက်လက်ကျခံနေရသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သော (၂၃) ရက်နေ့က ပြည်သူ့ဆန္ဒခံယူပွဲအတွက် သူမ၏ နေအိမ်တွင် မဲပေးခဲ့ရကြောင်း သိရှိရပါသည်။

ဂျပန်သတင်းဌာန (JNN) ၏ သတင်းပေးပို့ချက်အရ (၂၃)ရက် နေ့ မနက်ပိုင်းတွင် စစ်အစိုးရမှ တာဝန်ခန့်အပ်ထားသော မဲရုံမှူးတာဝန်ခံက နေအိမ်သို့လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်မှ မဲထည့်ခဲ့ကြောင်းသိရှိရပါသည်။

လက်ရှိပြုလုပ်နေသော စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်သူ့ဆန္ဒခံယူပွဲမှာ ပြည်သူလူထုအတွက်ကောင်းကျိုးမပေးဘဲစစ်အာဏာရှင်သက်ဆိုးရှည်နိုင်စေရေးအတွက်သာဖြစ်၍ ဒေါ်အောင်ဆန်းစုကြည်သည် ကန့်ကွက်မဲ(x) ထည့်မည်မှာ အသေအချာဖြစ်ကြောင်း (JNN)မှ ပြောကြားပါသည်။

၁၉၉၀ ပါတီစုံအထွေထွေရွေးကောက်ပွဲတုံးက နေအိမ်အကျယ်ချုပ်ခံနေရသော ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရမှ မဲပေးခွင့်မပေးခဲ့ဘဲ ယခုအချိန်ကြမှ မဲပေးခွင့်ပေးခဲ့ကြောင်းသိရှိရပါသည်။
ဂျပန်သတင်းဌာနမှ သတင်းကို ဘာသာပြန်ထားခြင်းဖြစ်ပါသည်။

0 comments: