Monday, May 5, 2008

နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံသား ၄၀၀၀နီးပါး သေဆုံးပြီး ၃၀၀၀နီးပါး ပျောက်ဆုံး

နာဂစ်မုန်တိုင်းကြောင့် ယခုရရှိသော ထိခိုက်သေဆုံးမှာ အိမ်မဲမြို့တွင် ၂ ဦး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် သေဆုံး ၁၈၃၅ ဦးနှင့် ပျောက်ဆုံး ၂၁၈၇ ဦး၊ ဘိုကလေးမြို့နယ်တွင် သေဆုံး ၂၀ ဦး၊ ဟိုင်းကြီးကျွန်းမြို့နယ်တွင် သေဆုံး ၉၇၆ ဦး၊ အမာမြို့နယ်တွင် သေဆုံး ၂၅၃ ဦးနှင့် ပျောက်ဆုံး ၁၆ ဦး၊ ဒေးဒရဲမြို့နယ်တွင် သေဆုံး ၇၈၉ ဦးနှင့် ပျောက်ဆုံး ၁၇၂ ဦး၊ ဖျာပုံမြို့နယ်တွင် သေဆုံး ၅ ဦးနှင့် ဒဏ်ရာရ ၄၁ ဦး၊ ရန်ကုန်ဆင်ခြေဖုံးတွင် သေဆုံး ၁၉ ဦးနှင့် ပျောက်ဆုံး ၄ ဦး၊ ကွမ်းခြံကုန်းမြို့နယ်တွင် သေဆုံး ၄၀ ဦးနှင့် ပျောက်ဆုံး ၅၀၀ ဦး၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတွင် စုစုပေါင်း သေဆုံး ၃၉၃၉ ဦး၊ ဒဏ်ရာရ ၄၁ ဦးနှင့် ပျောက်ဆုံး ၂၈၇၉ ဦးတို့ ဖြစ်ပြီး ဘိုကလေးမြို့တွင် သေဆုံးသူ သောင်းဂဏန်းနှင့် လပွတ္တာမြို့နယ်တွင် သေဆုံးသူ ထောင်ဂဏန်းတို့ ရှိနိုင်သဖြင့် ဆက်လက်စုံစမ်းနေကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညနေ ၆ နာရီ သတင်းမှာ ထုတ်လွှင့်သွားကြောင်းသိရှိရပါသည်။

ယခုလို မြန်မာပြည်သူပြည်သားများ သန်းနှင့်ချီ၍ ရေ၊ မီးနဲ့  စားနပ်ရိက္ခာတွေ ပြတ်တောက်နေပြီး ဒုက္ခရောက်နေချိန်တွင် စစ်အာဏာရူးအစိုးရမှ လူထုဆန္ခခံယူပွဲကို ပြည်သူလူထုမှ စိတ်အားထက်သန်နေကြောင်း မဟုတ်မမှန်သတင်းကြေငြာသွားပါသည်။

0 comments: