Wednesday, May 7, 2008

သေတဲ့သူတွေကို အရင် ဆယ်ဖို့ လိုတယ်။ ဂျော့ဘုရှ်ပြောတဲ့အတိုင်းလုပ်ပါ

နအဖ စစ်သားတွေဟာ သစ်ပင်တွေခုတ်လိုက် အမိုက်လှည်းနဲ့ ယောင်ခြောက်ဆယ်တွေလုပ်နေကြပါတယ်။
တကယ်က သေတဲ့သူကိုအရင်ဆယ်ရမယ်။ ဘာဖြစ်လို့ လည်းဆိုတော့ လူသေအလောင်းက တွေက
ကူးစက်ရောဂါပိုးတွေ အလျင်အမြန်ကူးစက်နိင်လို့ ဖြစ်တယ်။ သေတဲ့သူတွေဆီက ကူးစက်ပိုးဟစာ ကြောက်စရာကောင်းလောက်အောင် ကူးစက်နိင်တယ်လို့ ဘရူးနိင်း တက္ကသိုလ် က ဘိုင်အိုဌာနက ဘိုင်အိုလိုဂျစ် တွေက စိုးရိမ်ပူပန်နေပါတယ်။ ပညာရှင်တစုက မြန်မာအစိုးရကိုစာပို့ ခဲ့သော်လည်း အကြောင်းပြန်ကြားခြင်းမရှိဘူးလို့ ဆိုပါတယ်။ မြန်မာအစိုးရက ဘာဖြစ်လို့  သေတဲ့သူတွေကိုအရင်ဆုံးမဆယ်တာလည်း လာမဲ့သောကြာနေ့ အထိမဆယ်ရင် အတော်ကိုကြောက်မက်ဖွယ်ရာနောက်ဆက်တွဲ အကျိုးဆက်တွေကိုရင်ဆိုင်ရလိမ့်မယ်လို့ ဘူရူးနိင်းတက္ကသိုလ်က ပညာရှင်တွေက ဟောကိန်းထုတ်ပါတယ်။ ရောဂါပိုးတွေပြန့် နှံသွားပြီး မှာ ဆေးတွေသုံးရင်နောက်ကျသွားလိမ့်မယ်လို့ ဆိုပါတယ်။ သေတဲ့လူဆီကကူးတဲ့  ရောဂါပိုးမှာ ဆေးမရှိဘူးလို့ ပြောပါတယ်။ ဒါကိုသိတဲ့  သမတဘုရှ်ကသူမိန့် ခွန်းမှာ သေတဲ့သူတွေကိုအရင်ဆုံးကယ်တင်ပေးမယ်လို့ သူမိန့် ခွန်းမှာအရင်ဆုံး ထည့် သွင်းပြောသွားတာဖြစ်ပါတယ်။ ဆူနာမိ ဖြစ်တုံးက နိင်ငံတိုင်းဟာ သေတဲ့သူတွေကိုအရင်ဆုံး အမြန်ဆုံးဆယ်ယူမြုတ်နှံကြတယ်လို့ ဆိုပါတယ်။
အခုနအဖလုပ်ရပ်က သေတဲ့သူတွေကို မဆယ်ပဲ သစ်ပင်ခုတ်လိုက် သတင်းစာရှင်းလင်းပွဲလုပ်လိုက်နဲ့  ယောင်ခြောက်ဆယ်လုပ်နေတုံးဖြစ်ပါတယ်။ တပ်မတော်က စစ်ဗိုလ်ဆိုတဲ့ကောင်းတွေကလည်း ညဏ်ကတုံး ကြပါဘိ။ ခွေးသူတောင်းစားသန်းရွေ ပြောတိုင်း သောက်ရမ်းတွေလုပ်နေကြရင် တပြည်လုံးတော့ခွေးဖြစ်မဲ့ကိန်းပါပဲ

သေဆုံးသွာတဲ့အပြစ်မဲ့ပြည်သူများ ကိုရေထဲမှာဆယ်ယူဖို့  အတွက်
မိုးသီးဇွန် အကြံပြုချက်

၁- ရေထဲမှာသေဆုံးသွားတဲ့ လူတသိန်းနီးပါးအလောင်းတွေကို အရင်ဆုံး ဆယ်ပြစ်ဖို့ လိုပါတယ်။
၂- သောကြာနေ့  ဆိုရင် ပုတ်ကုန်မယ်။
၃- ကူးစက်ရောဂါပိုးတွေပြန့်  နှံလာလိမ့်မယ်။
၎- သေတဲ့သူကကူစက်ရောဂါပိုး ထိမိရင် ဆေးမရှိပါ။
၅- သေတဲ့သူတွေကို ဆယ်တင်နိင်ဖို့ အတွက် လူအင်အား ယန္တရားအင်အားလိုအပ်ပါတယ်။
၆- ဆယ်တဲ့သူတွေတ၀က်ခန့် ဟာ ကူးစက်ရောဂါခံစားရလေ့ရှိပါတယ်။ ဆေးဖြန်းပြီးမီးရှို့ ရတာတွေ ၊ မှတ်တမ်းတင်ရတာတွေလုပ်ရလေ့ရှိပါတယ်။
၇- လောလောဆယ် နိင်ငံတကာအကူညီများဟာ ပိုက်ဆံများသာဖြစ်နေပါတယ်။ ယန္တရားနဲ့ နည်းပညာတွေမပါပါ။
၈- ဆူနားမီဘေးဆိုးတုံးက ကပ်သင့်နိင်ငံတွေဟာ အမျော်မြင်ရှိရှိ စနစ်တကျလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
၉- မြန်မာပြည်စစ်အစိုးရက သေဆုံးသွားတဲ့အပြစ်မဲ့ပြည်သူတွေကို ဆယ်ယူမဲ့အနေထားမရှိဘူးဖြစ်နေပါတယ်။
၁၀- ဒါဟာလူဂုဏ်သိက္ခာနဲ့ မညီပါ။
၁၁- နောက်ဆက်တွဲ ကူးစက်ရောဂါဘေးဆိုးတွေကို ပြန့် ဖြူးပေးနေသလိုဖြစ်နေပါတယ်။
၁၂- ဒီမိုကရေစီအင်အားစုများ၊ ဘီဘီစီ၊ အာအက်ဖ်အေ၊ ဒီဗွီဘီ ရေဒီယိုများက ဒီကိစ္စကို မီးမောင်းထိုးဖေါ်ထုတ်ပေးနေသင့် ပါတယ်။

မိုးသီးဇွန်

အဆုံးအထိဆက်ဖတ်ရန်

ပြန်ခေါက်ထားခဲ့လေ....

http://komoethee.blogspot.com/

0 comments: