Thursday, May 1, 2008

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအပေါ် လေ့လာသုံးသပ်ခြင်း

နိဒါန်း (သို့မဟုတ် ) နိုင်ငံတကာနှင့် မြန်မာပြည်သူတို့အား စိန်ခေါ်မှုစတင်ခြင်း

သက္ကရာဇ် ၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလ (၉) ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီမှ အတွင်းရေးမှူး(၁)ဒုတိယဗိုလ်ချုပ်ကြီးသီဟသူရတင်အောင်မြင့်ဦး လက်မှတ်ရေးထိုး၍ ၁/၂၀၀၈ နှင့် ၂/၂၀၀၈ ဥပဒေကဲ့သို့အာဏာတည်သော အမိန့်ကြေညာချက်များအား ထုတ်ပြန်ခဲ့ပါသည်။ ၁/၂၀၀၈ သည် သက္ကရာဇ် ၂၀၀၈ မေလအတွင်း ၎င်းတို့၏ဖွဲ့စည်းအုပ်ချုပ်ပုံ (မူကြမ်း) အား အတည်ပြုနိုင်ရန်အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပမည်ဟူသောကြေညာချက်ဖြစ်ပြီး၊ ၂/၂၀၀၈ သည် သက္ကရာဇ် ၂၀၁၀ ခုနှစ်တွင် ၎င်းဖွဲ့စည်းအုပ် ချုပ်ပုံအခြေခံဥပဒေအရ အထွေထွေရွေးကောက်ပွဲကျင်းပမည်ဟူသော ကြေညာချက်ဖြစ်ပေသည်။

0 comments: