Tuesday, May 13, 2008

အမေရိကန်စစ်လေယာဉ် မြန်မာပြည်သို့ ထွက်ခွာသွားပြီ

မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ မေလ 12 2008 09:07 - မြန်မာစံတော်ချိန်
အမေရိကန်စစ်လေယာဉ် မြန်မာပြည်သို့ ထွက်ခွာသွားပြီလွှင့်တင်ချိန်။ ။ မေလ ၁၂ ရက် ၂၀၀၈ ခုနှစ် ၁၂း၁၅ - မြန်မာစံတော်ချိန်ထိုင်းနိုင်ငံ ချွန်ပူရီခရိုင်ရှိ U-Tapao လေတပ်စခန်းမှ မြန်မာနိုင်ငံ မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များအတွက် ထောက်ပံ့ ပစ္စည်းများ တင်ဆောင်သွားသော C-130 အမေရိကန် စစ်လေယာဉ်သည် ယနေ့ ၁၂း၄၀ မိနစ်အချိန်တွင် မြန်မာနိုင်ငံသို့ ဦးတည် ထွက်ခွာသွားပြီ ဖြစ်သည်။
ထိုင်းနိုင်ငံ U-Tapao လေတပ်စခန်း၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေလွှင့်တင်ချိန်။ ။ မေလ ၁၂ ရက် ၂၀၀၈ ခုနှစ် ၉း၄၅ - မြန်မာစံတော်ချိန်U-Tapao။ ။ မြန်မာနိုင်ငံကို ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့မည့် အမေရိကန်လေယာဉ် မထွက်ခွာမီ ထိုင်းနိုင်ငံ U-Tapao လေတပ်စခန်း၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေသည်။ ခြင်ထောင်၊ စောင်၊ ရေ အစရှိသည့် ထောက်ပံ့ရေး ပစ္စည်းများ အပါအဝင် အလေးချိန် ပေါင် ၂၀၀၀၀ ခန့် ရှိသည့် ကယ်ဆယ်ရေး ပစ္စည်းများကို မကြာမီ အချိန်အတွင်း မြန်မာနိုင်ငံသို့ တင်ပို့မည် ဖြစ်သည်။

ထောက်ပံ့ရေးပစ္စည်း ပို့ဆောင်မည့် အမေရိကန် C-130 စစ်လေယာဉ်သည် ကမ္ဘာ့အဆိုးရွားဆုံး မုန်တိုင်းဒါဏ် ခံနေရသည့် မြန်မာနိုင်ငံသို့ ပထမဆုံး ဆင်းသက်မည့် အမေရိကန် စစ်လေယာဉ်ဖြစ်ပြီး မြန်မာအာဏာပိုင်များ အနေဖြင့် ထောက်ပံ့ရေးပစ္စည်းများကို လက်ခံသွားမည်ဟု ယုံကြည်ကြောင်း ဒု-ဗိုလ်မှူးကြီး ဒေါက်ကလပ် ပေါလ်ဝဲ က သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။ထောက်ပံ့ရေးပစ္စည်းများသည် USAID မှဖြစ်ပြီး မုန်တိုင်းဒါဏ် ခံနေရသည့် မြန်မာပြည်သူများ အတွက် ထောက်ပံ့ကူညီရေး သက်သက်သာ ရည်ရွယ်သည်ဟု ပြောဆိုသွားသည်။ အဆိုပါ လေတပ်စခန်းတွင် အမေရိကန် မရိန်းတပ်ဖွဲ့မှ ဝေဟင်ပေါ်တွင် ဆီဖြည့်ပေးနိုင်စွမ်းသည့် ရဟတ်ယာဉ်တစီး အဆင်သင့် ရှိနေပြီး ထောက်ပံ့ရေး ပို့ဆောင်မည့် အစီအစဉ်များကို စွမ်းအားမြင့် လုပ်ဆောင်သွားနိုင်သည်ဟု ပေါလ်ဝဲက ဆိုသည်။ ထို့အပြင် ထိုင်းလေတပ်နှင့် Cobra Gold စစ်ဆင်ရေး လေ့ကျင့်စဉ်တွင် အသုံးပြုခဲ့သည့် ထောက်ပံ့ရေးပစ္စည်း ပေါင်ချိန် ၁၅၀၀၀ မှ ၂၀၀၀၀ အထိ တင်ဆောင်နိုင်သော အခြား စစ်လေယာဉ် ၂ စီး အဆင်သင့် ရှိနေပြီး မြန်မာအာဏာပိုင်များ၏ ခွင့်ပြုချက် ရရှိပါက အမြန်ဆုံး ပို့ဆောင်ပေးနိုင်ကြောင်း သိရသည်။ ထို့အပြင် မြန်မာ့ရေပိုင်နက် အနီးတွင် အမေရိကန် စစ်သင်္ဘော ၄ စီး အဆင်သင့် အနေအထားဖြင့် ဝင်ရောက်ရန် အမိန့် စောင့်ဆိုင်းနေပြီး ခွင့်ပြုချက်ရရှိပါက ထောက်ပံ့ရေး ပစ္စည်းများကို အဆိုပါ စစ်သင်္ဘောများဖြင့် အမြန်ဆုံး ပို့ဆောင်ပေးမည် ဖြစ်ကြောင်း သိရသည်။

0 comments: