Thursday, May 8, 2008

အမေရိကန်က မြန်မာပြည်မုန်တိုင်းဘေးဒဏ်အတွက် ၀င်ကူညီဖို့  အဆင်သင့်စောင့်နေပြီ။

ထိုင်းရေပိုင်နက်နားမှာ ရောက်နေပြီး အဆင်သင့်စောင့်နေတဲ့ အမေရိကန်ရေတပ်စစ်သဘောင်္တစ်စီး။

မုန်တိုင်းဒဏ်ကြောင့် မြန်မာနိုင်ငံတွင်း အသက်ဆုံးရှုံးရသူများနှင့် ပျက်စီးဆုံးရှုံးခဲ့ရသူများကို ကူညီနိုင်ရေး၊ ပျောက်ဆုံးသူ များကို ရှာဖွေ နိုင်ရေးနှင့် လက်ရှိအခြေအနေတည်ငြိမ်ရေးတို့အတွက် ကူညီရန် အမေရိကန် ကယ်ဆယ်ရေး ရေတပ် လေယာဉ်တင်သင်္ဘော (USS Kitty Hawk) နှင့် (USS Nimitz) တို့ အပါအဝင် ထိုင်း ပင်လယ်ကွေ့တွင် နှစ်ပတ်လည် စစ်ရေးပြလေ့ကျင့်ရန်ထားရှိသော (USS Essex) (USS Juneau) (USS Harper’s Ferry) စသည့် လေယာဉ်တင်သဘောင်္ များကိုလည်း စေလွှတ်အသုံးပြုနိုင်သည်ဟု ဆိုသည်။
USS Essex သင်္ဘောသည် ကုန်း ရေ ၂မျိုး သုံးနိုင်သည့် ဟယ်လီကော်ပတာ ၂၃ စင်း တင်ဆောင်နိုင်ပြီး ကုန်တင် ယာဉ် ၁၉ စီးအပါအဝင် ကမ်းတက်တပ်သား ၁၈၀၀ တင်ဆောင် သယ်ယူနိုင်သည်ဟု ပင်တဂွန် စစ်ဌာနချုပ်ပြော ခွင့်ရ ဂျော့ဖ် မော်ရီးလ်က အေပီ သတင်း ဌာနသို့ ပြောသည်။
မြန်မာအစိုးရကသာ ခွင့်ပြုမည်ဆိုပါက အမေရိကန်နိုင်ငံမှ အထက်ပါအကူအညီများသည် မြန်မာနိုင်ငံသို့ အမြန်ဆုံး ပို့ဆောင် ရောက်ရှိရန် အဆင်သင့်ရှိနေသည်ဟုလည်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့် ရှိသူ ရှောင် မက္ကောမက်ကလည်း ပြောသည်။
အမေရိကန်နိုင်ငံ၏ လေဘေး ဒုက္ခသည်များ အကူအညီပေးရေး ကမ်းလှမ်းချက်ကို ယခုအချိန်အထိ စစ်အစိုးရက လက်ခံ ခွင့်ပြုခြင်း ရှိမရှိကိုမူ မသိရှိရသေးချေ။

0 comments: