Monday, May 5, 2008

မြန်မာပြည်မှ ပုံများနဲ့ နောက်ဆုံးသတင်း

(မေလ ၃ ရက်နှင့် ၄ ရက် ဒီဗွီဘီ ရုပ်မြင်သံကြားသတင်း)

မြန်မာပြည်အခြေအနေ ပုံအမြောက်အများကို ဒီနေရာမှာ ကြည့်ပါ ။

မြန်မာအစိုးရမှ ကုလသမဂ္ဂရဲ့ အကူအညီကမ်းလှမ်းမှုကို ငြင်းဆိုလိုက်ကြောင်းကို Channel 5 မှ သတင်းထုတ်လွှင့် သွားပါတယ်။ လူ ၁ သိန်းနီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြောင်း ကိုတော့ Singapore အခြေစိုက် CNA သတင်းဌာနမှ ကြေငြာသွားပါတယ်။

နောက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ လူထုဆန္ဒခံယူပွဲကို နောက်ဆုတ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူကတော့ Comment ပေးဖို့ ငြင်းဆိုပါတယ်။ တော်တော်ဆိုးတဲ့ အခြေအနေတွေထဲမှာ... သောက်ဖို့ရေသန့် ခက်ခဲနေတာ အဓိက ပြဿနာ ဖြစ်နေပါတယ်။ဒီလောက် အတ္တနဲ့ တလွဲမာနကြီး အနိုင်ကျင့်ယုတ်မာ နေတဲ့ နအဖ ဟာ သူတို့ကိုယ်တိုင် က ထိရောက် နွေးထွေးတဲ့ အကူအညီတွေ ကယ်တင် ဖြည့်ဆည်းမှုတွေ ပြည်သူကို လုပ်ပေးမလားဆိုတော့လဲ သူတို့ တွေ လုပ်မယ့် စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရေး အခြေခံဥပဒေ ဆိုတဲ့ မဲပေးပွဲမှာ မဲ ရရေးအတွက်သာမ၀ရေစာ မလောက်မငှ သေနတ်ချိန် ပေးကမ်းပြီး တပြားပေးလို့ တဘ၀ယူ ဆိုတဲ့ လုပ်ရပ်ကို လုပ်မှာသာဖြစ်ပါတယ်။
(http://mgthantzin.blogspot.com/)

0 comments: