Wednesday, March 12, 2008

မြန်မာပြည်မှတ်တမ်းရုပ်ရှင် ဂျပန်တွင်ပြသမည်


In The Shawdow of The Pagodas, The Other Burmaလို့အမည်ပေးထားတဲ့ မြန်မာပြည်အကြောင်းရိုက်ကူးထားသော မှတ်တမ်းရုပ်ရှင်ကို ဂျပန်နိုင်ငံတိုကျိုမြို့ရှိ ရုပ်ရှင်ရုံများတွင် မတ်လ ၁၅ ရက်(စနေနေ့)မှစတင်၍ ရုံတင်ပြသတော့မယ်လို့ သိရပါတယ်။

ပြသရခြင်းရည်ရွယ်ချက်မှာ မြန်မာပြည်အကြောင်း ဂျပန်လူမျိုးများ ပိုမိုအာရုံစိုက်စေဖို့နှင့် ဂျပန်အစိုးရအနေဖြင့်လည်း ထိရောက်သောနည်းလမ်းများကျင့်သုံး၍ မြန်မာပြည်ဒီမိုကရေစီအရေးအတွက် အလေးပေးလုပ်ဆောင်စေဖို့အတွက်လို့လည်း သိရပါတယ်။

အဆိုပါရုပ်ရှင်မှတ်တမ်းဇာတ်ကားထဲတွင် ဗုဒ္ဓဘာသာထွန်းကားရာ အမိမြန်မာပြည်ထဲ၌ ဘုရားမသိ၊ တရားမရှိ၊ သံဃာကိုသတ်နေသည့် နအဖစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသော မြန်မာလူမျိုးများအကြောင်း၊ ဒုက္ခအခက်အခဲများကြားမှ ယုံကြည်ချက်အတွက် စွန့်လွှတ်အနစ်နာခံတိုက်ပွဲဝင်နေသူများအကြောင်း၊ လူမျိုးပြုတ်မီးရှို့သတ်ဖြတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော တိုင်းရင်းသားများအကြောင်း အစရှိသည်တို့ကို ဒါရိုက်တာ အိုင်းရစ်မာတီရိုက်က သက်စွန့်ဆံဖြားရိုက်ကူးပြထားပါတယ်။

ပြသချိန် ၇၄ မိနစ်ကြာမြင့်မှာဖြစ်ပြီး ရှစ်လေးလုံးအရေးတော်ပုံကာလမှသည် ယနေ့အချိန်အထိ(၂၀၀၇ ခုနှစ် စက်တင်ဘာသံဃာသပိတ်ကံဆောင်မှု)ဖြစ်ပျက်နေသည့် မြန်မာပြည်အကြောင်းကို အင်္ဂလိပ်-ဂျပန် နှစ်ဘာသာဖြင့် စာတမ်းထိုးပြမှာဖြစ်ပါတယ်။
ပြသရခြင်းရည်ရွယ်ချက်မှာ မြန်မာပြည်အကြောင်း ဂျပန်လူမျိုးများ ပိုမိုအာရုံစိုက်စေဖို့နှင့် ဂျပန်အစိုးရအနေဖြင့်လည်း ထိရောက်သောနည်းလမ်းများကျင့်သုံး၍ မြန်မာပြည်ဒီမိုကရေစီအရေးအတွက် အလေးပေးလုပ်ဆောင်စေဖို့အတွက်လို့လည်း သိရပါတယ်။

အဆိုပါရုပ်ရှင်မှတ်တမ်းဇာတ်ကားသည် ဂျပန်နိုင်ငံတွင် ပထမဦးဆုံးရုံတင်ပြသခြင်းဖြစ်ပြီး မကြာမှီလများတွင် မြန်မာပြည်ကိုကယ်တင်မည့် ရမ်ဘိုဇတ်ကား ရုံတင်ပြသတော့မှာဖြစ်ပါတယ်။
မတ်လ ၁၅ ရက်နေ့(စနေနေ့)တွင် တိုကျိုရှိ ရုပ်ရှင်ရုံများတွင် တပြိုင်နက်ပြသမှာဖြစ်ပြီး ၀င်ကြေးမှာ ယန်း ၁,၃၀၀ အဖြစ်သတ်မှတ်ထားပါတယ်။ ရရှိသော အမြတ်အစွန်းများကို နယ်စပ်ရှိမြန်မာဒုက္ခသည်စခန်းများကိုထောက်ပံ့ပေးသွားမယ်လို့သိရပါတယ်။

0 comments: