ငါငယ်စဉ်က
ဗိုလ်တေဇ။ ဗိုလ်ဇေယျဗိုလ်လက်ျာ။
ဗိုလ်စကြာအာဇာနည်သူရဲကောင်း။
စစ်ဗိုလ်တွေအကြောင်းကို
ကြားရပေါင်းများပေမယ့်နားညောင်းတယ်မရှိ
ငါ့မိ ငါ့ဖ။ ငါ့ဦးလေးငါ့အဒေါ်။ ငါ့အဖေါ်။
ငါ့အမတွေကတဖွဖွနဲ့ ပြောကြဆိုကြ
ငါကြားးရတော့။
အားကျဂုဏ်ယူစစ်စိတ်တွေကတလူလူနဲ့ 
ဇာတိမာန်ထူခဲ့တယ်။ဇာတိသွေးဆူခဲ့တယ်၊
ဗိုလ်တေဇ။ ဗိုလ်ဇေယျတပ်မှာ
တပ်သားတွေဟာလည်း
ငါတို့ ဦးလေး။ ငါတို့ အစ်ကို။ လူညိုလူထွား
တောကြိုအုံကြားက။ ထန်းသမားသားလယ်သမားသား။
အလုပ်သမားတွေပြည်သူ့ ကြားက။
ပြည်သူ့သား ပြည်သူ့ သွေး
ပြည်သူကမွေးတဲ့ ပြည်သူ့ တပ်မတော်
“ရဲဘော်သည် ပြည်သူအတွက်။
ပြည်သူသည် ရဲဘော်အတွက်မဟုတ်”လို့ 
ထုတ်ပြန်ကြွေးကျော်။။
ဆန်းရဲ့ရဲဘော် ဆန်းနဲ့ 
တိုက်ဖေါ်မော်ကွန်းဝင်တွေ၊ ငါလည်း နောင်တခေတ်သူတို့ လိုဖြစ်ရမယ်လို့ ။
တထစ်ချဆုံးဖြတ်
စစ်တပ်ဆိုတာ။ ဒို့ အားထားရာ
စစ်သားဆိုတာ။ ဒို့မှီခိုရာဒို့ကြည်ညိုတဲ့။
ဒို့သမိုင်းမှာ“ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်”တဲ့
နိုင်ငံတလွှား အသဲကြားက
အများပြည်သူ။ ဂုဏ်ယူအားထား
“ယောက်ျားတံခွန်။ လူရည်ချွန်တွေပါတကား”လို့ ၊
ဒါပေမဲ့ ဒီသမိုင်းဟာမှိုင်းခဲ့ပါပြီ။ရိုင်းခဲ့ပါပြီ
ပြည်သူကိုကျောခိုင်း။
စစ်တပ်ရဲ့သမိုင်းမှာ
တိုင်းပြည်ရဲ့သယံဇာတ။ ရှိသမျှရောင်းစား
ကျောင်းသားကိုသတ်။ အလုပ်သမားကိုသတ်လယ်သမားကိုကွပ်ညှပ်။
သတ်စရာမကျန်တော့သံဃာကိုလည်းသတ်။သီလရှင်ကိုလည်းသတ်
ချွေးတပ်တွေဆွဲတောထဲတောင်ထဲမှာလည်း။
ကျွန်းပင်တွေခုတ်လှဲသလို
ရှမ်း။ ချင်း။ ကရင်။ မွန်မပျိုလေးတွေလည်းဆွဲ
ဝက်ဆွဲ ကြက်ဆွဲ။ သဘက်သရဲတွေဖြစ်
စစ်ဗိုလ် စစ်သား။ စစ်ထွက်များဆို
အနားတောင်မသီဝံ့။ ရွံ့ကြောက်စက်ဆုပ်
အသက်ဖက်နဲ့ထုပ်။ ပြည်သူတွေချောင်ကုပ်
ကလိယုဂ် အမှောင်ခေတ်ဟာ။ နှစ်ငါးဆယ်ကျော်ခဲ့ပါပြီ၊
၁၉၈၈-
စစ်ဗိုလ် စစ်သား။ စစ်အာဏာရှင်များ
မတရားအုပ်ချုပ်။ မင်းလုပ်တာကိုမုန်းလို့ 
` ရှစ်လေးလုံး အရေးတော်ပုံ
ရဟန်းရှင်လူ ပြည်သူပေါင်းစုံပေါင်းဆုံညီညွတ်
“စစ်အာဏာရှင်စနစ်။ တိုက်ဖျက်ပစ်”လို့ 
ဟစ်ကြွေးလိုက်တဲ့အခါ ...သူထွက်လာခဲ့ပါပြီ၊ ဘီလူးနဲ့ လူသား။
စည်းခြားတဲ့ပွဲမှာစစ်သားကြီးလူထွက်။
ပြည်သူ့ ဘက်ပြောင်းခဲ့ပြီ
သေနတ်ပြောင်းတွေ ချိန်ထားသေနတ်လှံစွပ်တွေ တလျားလျား ခုလိုခေတ်ပျက်မှာ။
ဗိုလ်ဖြစ်ခဲ့တာ သူရှက်လို့ 
ပြည်သူဘက်ဦးတည်။
ပြည်သူတို့ တပ်ဦးဆီမှာဦးလည်မသုန်။
ရင်မခုန်ဘဲရဲရင့်သူ။ ရင့်ကျက်သူတက်ကြွသူ။
တည်ငြိမ်သူဣနြေ္ဒရရနဲ့  နှိမ်ချသူမျှတသူ သည်းခံသူ။
ဖြောင့်မှန်တည်ကြည်စိတ်ရှည်တဲ့သူ ...။၊ ပြည်သူအပေါင်းက
သောင်းသောင်းဖျဖျကြိုဆိုလိုက်ကြတယ်၊
သူဟာ သူရတင်ဦးပါ
တခြား တင်ဦးတွေလို
ဘုရင်ရူးမဟုတ်။ ပလ္လင်ရူးမဟုတ်
(သဘင်ရူး။ ဆင်ရူးလည်းမဟုတ်)
ဦးရာကိုယူ။ ဦးရာလူကိုသတ်
် ဒီတပ်ထဲက ဒီပဲမျိုးလည်းမဟုတ်
ပြည်သူရဲ့ဗိုလ်ချုပ်ပါ၊
သူရတင်ဦးဟာ
တခါက
ဗမာကို ကျူးကျော်သူ
တရုတ်ဖြူကိုလည်း တိုက်ခဲ့ပြီ၊
ဖက်ဆစ်ဂျပန် တော်လှန်တဲ့ပွဲမှာလည်းနွဲခဲ့ဖူးပြီ ရဲခဲ့ဖူးပြီ သေနတ်ကိုင်စွဲတဲ့လက်ရုံးရည်တိုက်ပွဲမှာ
သတ်ရဲသူ။ သေရဲသူ တဦးဟာ
သေနတ်မပါ။ ဓားမပါ လှံမဆွဲ
နှလုံးရည်တိုက်ပွဲမှာလည်းတိုက်ရဲသူ။ ခိုက်ရဲသူ။
အောင်ပွဲယူရဲသူအဖြစ်ပြည်သူချစ်တဲ့ ဗိုလ်ချုပ်တဲ့၊
လူတကာစက်ဆုပ်။ အပုတ်နံ့တထောင်းထောင်း
ကြေးစားတပ် အဟောင်းကို။ ပြောင်းလဲသန့်စင်
“နှင်းဆီပင်အဟောင်းနုတ်။ နှင်းဆီပင်အသစ်ပျိုး”
ခေတ်ဆိုးတော်လှန်။ ခေတ်သစ်ပြောင်းမှာမို
့ဒို့ခေါင်းဆောင် ဒို့တပ်မှူးကိုဦးညွတ်ကာ
“အိုးဝေတေး”နဲ့ မွေးနေ့တွေ တရာတိုင်တိုင်။
ခန့် ကျန်းခိုင် ရွှင်လန်းရအောင်
်သပြေညိုရွှေဘိုပန်းတွေနဲ့ 
ရေချိုချို ရေညိုချမ်းတွေနဲ့ ညွန်းတဖွဖွ။
လွမ်းတသသသွန်းရပါကြောင်း။ ။

0 comments:
Post a Comment