ကျောင်းသားကိုဖုန်းမော်ကျဆုံးခဲ့သည့် မတ်လ ၁၃ ရက်(မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့) နှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် လမ်းလျှောက်ချီတက်ဆန္ဒပြပွဲနှင့် ဓါတ်ပုံပိုစတာကိုင်ဆောင်ပွဲအခမ်းအနားတရပ်ကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ မြန်မာ့ဒီမိုကရေစီရေးလုပ်ဆောင်နေကြသူများမှ ဦးစီးပြုလုပ်ခဲ့ကြပြီး၊ န.အ.ဖ ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ကန့်ကွက်ပွဲကိုပါ စစ်အခွန်ရုံးရှေ့၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြကြောင်း ရှေ့ပြေးသတင်းများပေးပို့ချက်အရ သိရှိရပါတယ်။
နေ့လယ် ၁း၃၀ နာရီမှ စတင်ပြုလုပ်သော ဆန္ဒပြပွဲတွင် လူ ၃၀၀ ကျော် ပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။
အခွန်ရုံးရှေ့ဆန္ဒပြပွဲတွင် ဂျပန်ဌာနခွဲ အေအေပီပီ၏စီစဉ်မှုဖြင့် ကျဆုံးသွားကြသော နိုင်ငံရေးအကျဉ်းသားများ၏ ဓါတ်ပုံများကို အနက်ရောင်ဘောင်များကွက်၍ကိုင်ဆောင်ခဲ့ကြပြီး၊ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသားများ၏ဓါတ်ပုံများကို အနီရောင်ဘောင်များကွက်ကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြတယ်လို့လည်း သိရပါတယ်။
ယင်းနောက်မှာတော့ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးနှင့်၊ န.အ.ဖ၏ အတုအယောင်ဖွဲ့စည်းပုံအား ကန့်ကွက်ကြောင်းတို့ကို ကြွေးကြော်သံများနှင့်ဆန္ဒပြတောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။
သန့်မျိုးထွေး(MTK)၊ မင်းညိုဝမ်း(MTK)
Friday, March 14, 2008
မြန်မာ့နိုင်ငံလူ့အခွင့်အရေးနေ့အထိမ်းအမှတ် လှမ်းလျှောက်ချီတက်ဆန္ဒပြပွဲပြုလုပ်
သတင်းတင်သူ...
thanhtut
at
12:25 AM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment