Tuesday, March 11, 2008

တနေ့

တကြိမ်တခါ တနေရာမှာ
ငါကမင်းအကြောင်း အကောင်းမပြော
မကောင်းပြောလည်း အကြောင်းမဟုတ်ပါ။

တကြိမ်တခါ တနေရာမှာ
မင်းကငါ့အကြောင်း အကောင်းမပြော
မကောင်းပြောလည်း အကြောင်းမဟုတ်ပါ။

တကြိမ်တခါ တနေရာမှာ
ငါကမင်းအကြောင်း မကောင်းမပြော
အကောင်းပြောလည်း အကြောင်းမဟုတ်ပါ။

တကြိမ်တခါ တနေရာမှာ
မင်းကငါ့အကြောင်း မကောင်းမပြော
အကောင်းပြောလည်း အကြောင်းမဟုတ်ပါ။

ဒါလီရဲ့(dali)နာရီ လည်ပတ်ရတာများ
လက်တံတွေအရည်ပျော်သွား
ရေတွေက ကမ်းးပါးကိုတိုက်စား
ကမ်းပါးတွေ ပြိုသွား….
အချိန်တွေ က လူကိုဝါးမျိုသွား
လူတွေအိုမင်းသွား…
အဲ့ဒီအခါ
ပြီးတော့လည်း ပြီးသွားမှာပါ
မင်းနဲ့ငါ့ 
(မောင်စင်ကြယ်)
မှတ်ချက်။ ပန်းချီဆရာကြီး ဒါလီ(Salvadoi Dali-၁၉၀၄-၁၉၈၉)

0 comments: