Friday, January 4, 2008

Person Of The Year 2007 Is U Gambira

ဦးဂမ္ဘီရ၏ ငယ်အမည်မှာ လှိုင်ဘွား(ခ) ညီညီလွင်ဖြစ်ပြီး ငယ်စဉ်ကပင် သာသနာ့ဘောင်ဝင်ခဲ့သည်၊
ရဟန်းမဖြစ်မီ ကိုရင်ဘ၀ (၁၉၉၀)တွင် သံဃာများသပိတ်ကံဆောင်ရာတွင်ပါဝင်သဖြင့် ထောင်ကျခဲ့သည်။ ၂၀၀၇ဇွန်လတွင် ဖွဲ့စည်းခဲ့သော ရဟန်းပျိုများသမဂ္ဂအဖွဲ့ချုပ်တွင် ပဏ္ဍိတရာမကျောင်းတိုက် (မန္တလေး) ကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့သည်။ ဦးဂမ္ဘီရ၏ အခြားဘွဲ့အမည်မှာ ဦးစန္ဒောဘာသ ဖြစ်ပြီး သံဃာလှုပ်ရှားမှုများတွင် အထက်မြန်မာပြည်မှ သံဃာများပါဝင်ရန် စည်းရုံးခဲ့သည်။

တိမ်းရှောင်နေရာမှ ၂၀၀၇ နိုဝင်ဘာလဆန်းတွင် မြန်မာအာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံရပြီး ယခုတိုင်အောင် ထောင်ကျနေဆဲဖြစ်ပါသည်။ သက်တော်မှာ ၃၂ ဖြစ်ကြောင်းသိရှိရသည်။ ကမ္ဘာ့အသိအမှတ်ပြုခံရသော၊ ကမ္ဘာ့သမိုင်းတွင် မော်ကွန်းကြွင်းကျန်ရစ်သော၊ အခြား (Colour Revolution)များကဲ့သို့ မဟုတ်ပဲ ဘာသာရေးအငွေ့အသက်ပါသော (Saffon Revolution) သင်္ကန်းရောင်တော်လှန်ရေးကြီး၏ အမည်နာမနှင့် ဗုဒ္ဓ၏ သားတော်များမှ ငြိမ်းချမ်းတည်ငြိမ်စွာ စွမ်းဆောင်နိုင်ခဲ့သော မြန်မာ့ဂုဏ်အတွက် ဦးစွန်းဦးရွတ် ခေါင်းဆောင်နေရာမှ ပါဝင်ခဲ့သူ ဦးဂမ္ဘီရ (ဆရာတော် စန္ဒောဘာသ)အား ဂုဏ်ပြု မှတ်တမ်းတင်လိုက်ပါသည်။
အထက်ဖော်ပြပါ ပုံများမှာ စက်တင်ဘာ ၁၈ ရက်နေ့က ရန်ကုန်တွင် ရိုက်ယူထားသောပုံများဖြစ်ပြီး ဦးဂမ္ဘီရမှာ သာသနာ့အလံတော်ကိုင်ထားသော သံဃာတော်ဖြစ်သည်ဟု ရန်ကုန်ရှိသတင်းထောက်မှ အတည်ပြုပါကြောင်း.......



0 comments: