Saturday, January 5, 2008

အင်းစိန်ထောင်တွင်း နိုင်ငံရေးအကျဉ်းသားများအခြေအနေဆိုး

အင်းစိန်ထောင်တွင်း၌ အထိန်းသိမ်းခံနေရသည့် နိုင်ငံရေးအကျဉ်းသားများ၏ အခြေအနေများ အထူးဆိုးရွားနေကြောင်း နိုင်ငံတကာမှ သိရှိစေရေးအတွက် အောက်ပါ သတင်းမှန်များကို မီဒီယာများမှ အမြန်ဆုံး ကူညီရေးသား ထုတ်လွှင့်ပေးကြပါရန် ပြည်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများ အခြေအနေ စောင့်ကြည့်လေ့လာသူများက မေတ္တာရပ်ခံခဲ့သည်။

အင်စိန်ထောင်မကြီး မှာ ကိုမင်းကိုနိုင် ကိုထားပါတယ်။ သူနဲ့ အတူ ကိုဂျင်မ၊ီ ကိုတင်ထူးအောင် ၊ ကိုဇင်လင်းအောင် ကိုမျိုးသန့် ၊ ကိုပတ်ခမ်းကွာ တို့ ရှိနေပါတယ်။ ဒါပေမဲ့ သူတို့ ကို ရာဇ၀တ်အကျဉ်းသားများနဲ့ ရောနှော ပြီး ထားတယ်လို့ သိရပါတယ်။ ဒါက နိင်ငံရေးအကျဉ်းသားတွေကို တဖက်လှည့် နဲ့  ထိုးနက် တာဖြစ်ပါတယ်။ ရာဇ၀တ်အကျဉ်းသားတွေနဲ့ အတူထားခြင်းဖြင့် နိင်ငံရေးအကျဉ်းသားတွေနဲ့ ပြသာနာတွေ တက်အောင်ရန်ဖြစ်အောင်နအဖကတမင်ဖန်တီးထားတာဖြစ်တယ်လို့နိင်ငံရေးအကျဉ်းသားဟောင်းတဦးကဆိုပါတယ်။ လူသတ်မှု နစ်ခါဖြစ်ဘူးထားတဲ့ ကျွဲ ကြီး ( ခ) ခင်မောင်သိုက်ကို မင်းကိုနိင်နေတဲ့အဆောင်မှာ အခန်းလူကြီး အဖြစ်လည်း ခန်ထားပါတယ်။ ကျွဲ ကြီး က မင်းကိုနိင်နှင့် အခြားရဲ ဘော်များကို ရန်စမှု များ စော်ကားမော်ကားမှု များ ပြုလုပ်လျက်ရှိပါတယ်။

တိုက်ကြီး ၂ မှာတော့ ကိုကိုကြီး ၊ ကိုမြအေး၊ ကိုမျိုးခင် ( ခ) ကိုမုန်းက်၊ ကိုကျော်ကျော်ထွေး တို့ ကိုထိမ်းသိမ်းထားပါတယ်။ သူတို့ နဲ့ အတူ နေရတဲ့ အကျဉ်းသားတွေကတော့ သေဒဏ်ပေးခံထားရတဲ့ ရာဇ၀တ်အကျဉ်းသားတွေဖြစ်ပါတယ်။ နေ့စဉ်စိတ်မချမ်းသာစရာဖြစ်ရပ်တွေကို သူတို့ ကြုံတွေ့ နေရတယ်လို့ သိရပါတယ်။ တိုက်ကြီး - ၃ မှာတော့ ကိုလင်းသိန်းဆွေ ( ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ) ရှိပါတယ်။

အဆောင် နံပတ် ၅ - တိုက်အမှတ် ၂မှာ ကိုဌေးကြွယ် နဲ့ နိင်ငံရေးအကျဉ်းသား ၃၀ ခန့် ရှိနေပါတယ်။ ကိုလှမျိုးနောင် နဲ့ ကိုထင်ကျော် ကတော့ ထောင်ဆေးရုံမှာရှိနေပါတယ်။ သူတို့ နဲ့ အတူ စိတ်ရောဂါကိုခံစားနေရတဲ့ ကိုလှဝင်းအောင် ( ဗိုလ်အဆင့်- စစ်ပြန် ) နဲ့  အမည်မသိ အကျဉ်းသားတဦးကို ရှိနေပါတယ်။ ဒီအကျဉ်းသားက စိတ်ရောဂါ ဆိုးဆိုးဝါးဝါး ခံစားနေရပါတယ်။ ကိုမျိုးခင်ကို ပုဒ်မ ၅၀၅ ၊ ပုဒ်မ ၁၄၃ တို့နဲ့တရားစွဲတယ်။ ကိုသိန်းဆွေကိုတော့ ပုဒ်မ ၆ ခု နဲ့  တရားစွဲဆိုထားပါတယ်။ ဘာပုဒ်မတွေလည်း စုံးစမ်းနေဆဲဖြစ်ပါတယ်။ကိုမင်းဇေယျာ၊ နဲ့  ကိုဇေယျ ( လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ) တို့ရဲ့သတင်းတွေကိုတော့စုံစမ်းလို့ မရသေးပါဘူး။

0 comments: