Tuesday, January 8, 2008

ဂြိုဟ်တုစလောင်းအခွန် ကျပ် ၅ သောင်းသို့ ပြန်လည်လျော့ကျ


ဂြိုဟ်တုစလောင်း တပ်ဆင်ခကို ယခုနှစ်ဆန်းပိုင်းတွင် နအဖ စစ်အစိုးရက ကျပ် ၁ဝ သိန်း တိုးမြှင့်ခဲ့ရာမှ ယခုအခါ ကျပ် ၅ သောင်းသို့ ပြန်လည်လျှော့ချမည် ဟူသော သတင်းများ ရန်ကုန်မြို့ခံများအကြား ပျံနှံ့နေသည်။
ယမန်နှစ်က ဂြိုဟ်တုစလောင်း အသုံးပြုသူများ အနေဖြင့် စစ်အစိုးရသို့ တနှစ်လျှင် ၆ ထောင်ကျပ်သာ အခွန် ပေးဆောင်ခဲ့ရသော်လည်း ယခုနှစ်ဆန်းပိုင်းတွင် အဆပေါင်း ၁၆၆ မြင့်တက်လာကာ ကျပ် ၁ဝ သိန်းသို့ တိုးမြှင့်လိုက်သဖြင့် အခွန်ငွေ ပေးသွင်းနိုင်သူ မရှိသလောက်ဖြစ်ရာမှ ပြီးခဲ့သည့် ၄ ရက်နေ့က ကျပ် ၅ သောင်းသို့ ပြန်လည် လျှော့ချလိုက်သည့် သတင်းများ ရန်ကုန်မြို့နယ် အချို့တွင် ထွက်ပေါ်နေခြင်း ဖြစ်သည်။ စလောင်းလိုင်စင်ကြေး အဆမတန် တိုးမြှင့်လိုက်သည့် ကိစ္စများသည် မြန်မာပြည်သူလူထု၏ သည်းခံနိုင်စွမ်းအပေါ် စစ်အစိုးရက သွေးတိုးစမ်းနေခြင်း ဖြစ်ပုံရကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်ပြောဆိုသည်။

0 comments: