Sunday, November 18, 2007

ကမ္ဘာ့ဘလော့ဂ်ပြိုင်ပွဲတွင် အထူးဆုရသူ Mr.Jotman နှင့် မြန်မာနိုင်ငံမှ လွတ်မြောက်လာသော အသျှင်ကောဝိဒ

ဂျာမဏီနိုင်ငံဘာလင်မြို့မှာပြုလုပ်တဲ့ ကမ္ဘာ့ဘလော့ဂ်(Blog)ပြိုင်ပွဲကြီးကနေ မြန်မာနိုင်ငံမှာ စက်တင်င်္ဘာသံဃာတော်တွေရဲ့ ဆန္ဒပြမှုကို အထူးဖော်ပြခဲ့တဲ့ Mr.jotman( Jotman.blogspot.com)ကို နယ်ခြားမဲ့သတင်းထောက်အဖွဲ့ RFSကနေ အထူးဆုအဖြစ် ရွေးချယ်ပေးလိုက်ပါတယ်၊Jotman.blogspot.com ကို ဖန်တီးသူကတော့ အခု အာရှနိုင်ငံမှာ ရောက်နေပေမဲ့ သူ့ရဲ့အမှန်နံမည် နဲ့ သူဘယ်နိုင်ငံကလဲဆိုတာကို မပြောလိုပါဘူးတဲ့၊
သူ့ရဲ့ blogမှာ ဘာ့ကြောင့်မြန်မာနိုင်ငံမှာရှိတဲ့ စက်တင်င်္ဘာအရေးအခင်း သံဃာလှုပ်ရှားမှုတွေကို ဖော်ပြရတယ်ဆိုတာ အခုလိုရှင်းပြပါတယ်၊
“ကျနော့်ရည်ရွယ်ချက်ကတော့ဗုဒ္ဓဘာသာနဲ့ပတ်သတ်တာထက်မြန်မာလူမျိုးတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာကို ဖော်ပြချင်တာပါ။ ဘာသာရေးနဲ့မပတ်သတ်ပါဘူး၊ မြန်မာနိုင်ငံနဲ့ဆက်စပ်မိတာကတော့ မြန်မာဘုန်းတော်ကြီးများထံကနေ ၀ိပဿနာကျင့်နည်းကို လေ့လာပြီး မြန်မာဗုဒ္ဒဘာသာကို သင်ယူခဲ့တာပါ။” ဟုပြောခဲ့ပါသည်၊

0 comments: