Tuesday, November 6, 2007

ကုလသမဂ္ဂ အထူးသံတမန်နှင့် တွေ့ဆုံမည့်အရေးနအဖ စစ်ခေါင်းဆောင် အေးတိအေးစက် လုပ်နေ.

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီး ကင်းစောင်နေသည့် စစ်သားတဦးရန်ကုန် (အေပီ၊ နိုဝင်ဘာ ၅) -
မြန်မာစစ်အစိုးရသည် ကုလသမဂ္ဂ အထူးသံတမန်နှင့် တွေ့ဆုံ နိုင်ဖွယ် ရှိသည့် ဆွေးနွေးပွဲ မတိုင်မီ အထိန်းသိမ်းခံ အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြင်ပတွင် လုံခြုံရေးကို သိသိသာသာ လျှော့ချခဲ့ကြောင်း တနင်္လာနေ့တွင် သံတမန်များက ပြောကြားသည်။

မြန်မာစစ်အစိုးရအား နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရန်အတွက် တိုက်တွန်း ပြောဆိုရန် ရောက်ရှိနေသည့် ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ် တတိယနေ့အဖြစ် ကုလသဂ္ဂ အထူးသံတမန် မစ္စတာ အီဘရာဟင် ဂမ်ဘာရီသည် အသစ်ပြောင်းရွှေ့ခဲ့သည့် ရန်ကုန်မြို့ မြောက်ဖက်ရှိ နေပြည်တော်တွင် ရောက်ရှိနေသည်။

စက်တင်ဘာလအတွင်း သံဃာတော်များ ဦးဆောင်သည့် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို စစ်အုပ်က အပြင်းအထန် နှိမ်နင်းခဲ့ပြီးနောက် မစ္စတာ ဂမ်ဘာရီသည် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် ရောက်ရှိခဲ့သည်။

စစ်အုပ်စုသည် ဂမ်ဘာရီ၏ ခရီးစဉ် အသေးစိတ်ကို ထုတ်ဖော် ပြောကြားခြင်းမရှိဟု သံတမန်များက ပြောကြားသည်။ စစ်အစိုးရ ထိန်းချုပ်ထားသည် မီဒီယာများတွင်လည်း ဂမ်ဘာရီ၏ ခရီးစဉ်ကို ဖော်ပြခြင်း မရှိချေ။

ဂမ်ဘာရီသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဖြစ်နိုင်ဖွယ်ရာ တွေ့ဆုံဆွေးနွေးမှုအတွက် မြန်မာနိုင်ငံ၏ အကြီးဆုံး မြို့တော်ဖြစ်သည့် ရန်ကုန်မြို့သို့ လာရောက်ရန် မျှော်လင့်နေသည်ဟု သံတမန်များက ပြောဆိုသည်။

စစ်အုပ်စုက ဒီမိုကရေစီ လိုလားသူများကို အပြင်းထန်ဆုံး နှိပ်ကွပ်နေချိန်တွင် ရာနှင့်ချီသည့် အဓိကရုဏ်း နှိမ်နင်းရေး ရဲများကို ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြင်ပ ပတ်ပတ်လည်တွင် စောင့်ကြပ်ချထားခဲ့သည်။ မကြာသေးမီ သီတင်းပတ်များအတွင်းက လုံခြုံရေးချထားမှုကို လက်နက် အပြည့်အစုံ တပ်ဆင်ထားသည့် ရဲနှစ်ဒါဇင်သို့ လျှော့ချခဲ့သည်။

ယနေ့ တနင်္လာနေ့တွင် ရဲဒါဇင်ဝက် လောက်ကိုသာ ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ပြင်ပတွင် တွေ့ရပြီး လွန်ခဲ့တဲ့ သီတင်းပတ်တွေက အင်လျားကန်အတွင်း လှည့်လည် စောင့်ကြပ်နေသည့် ရေတပ်ကင်းလှေကို ဖယ်ရှားခဲ့သည်ဟု သံတမန်များက ပြောဆိုသည်။ သဲအိတ်တွေ ကာထားသည့် ကတုတ်ကျင်းပုံစံ စစ်ဆေးရေးဂိတ်ကိုလည်း ဖယ်ရှားခဲ့သည်။

ဂမ်ဘာရီသည် တနင်္ဂနွေနေ့က အစိုးရအဖွဲ့ဝင် ၀န်ကြီးနှစ်ဦးနှင့် တွေ့ဆုံခဲ့ပြီး လွန်ခဲ့သည့် ၁၈နှစ်အတွင်း ၁၂နှစ် ခန့် နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည် အကြောင်း အကျယ်တ၀င့် အသေးစိတ် ပြောဆိုဆွေးနွေးခဲ့ကြသည်ဟု ကုလသမဂ္ဂ ထုတ်ပြန်ကြေညာချက်တစောင်တွင် ဖော်ပြခဲ့သည်။

စစ်ဗိုလ်ချုပ်များနှင့် အတိုက်အခံအုပ်စုများအကြား ဆွေးနွေးပွဲဖြစ်မြောက်အောင် အားထုတ်မှု တစိတ်တဒေသအဖြစ် ဂမ်ဘာရီအနေနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့် ရမည် မရမည်မှာ ယခုအချိန်အထိ မရေမရာ ရှိနေဆဲဖြစ်သည်။

0 comments: