Saturday, November 10, 2007

သာသနာ့ဥသျှောင်ဆရာတော်ကြီးများ၏ အိမ်ဖြူတော်သို့ခရီးစဉ်

အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ရေးအတွက် ရည်ရွယ်၍ ဖွဲ့စည်းတည်ထောင်ခဲ့သော သာသနာ့ဥသျှောင်အဖွဲ့ကြီးမှ ဦးဆောင်ဆရာ တော်များသည် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှန်များကို သုံးသပ်တင်ပြပြီး လိုအပ်သလို အရေးယူဆောင်ရွက်မှုများကို အမြန်ဆုံးနှင့် အထိရောက်ဆုံး ပြုလုပ်စေနိုင်ရန် အမေရိကန် သမ္မတအကြံပေးအရာရှိနှင့် တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်သည်။

လာမည့်နိုဝင်ဘာ (၉) ရက်နေ့ နေ့လည် (၂) နာရီမှ (၄) နာရီအထိ တွေ့ ဆုံဆွေးနွေးရန် ချိန်းဆိုထားကြောင်း သာသနာ့ဥသျှောင်ပြောခွင့်ရဆရာတော် ဦးပညာနန္ဒမှ ပြောကြားလိုက်သည်။ လိုအပ်ပါက အမေရိကန်သမ္မတ ဂျော့ဒဗလျူဘွတ်ရှ် နှင့်တွေ့ဆုံရန်လည်း စီစဉ်မည်ဖြစ်ကြောင်း ဆရာတော်မှ ဆက်လက်ပြောကြားခဲ့သည်။

အမေရိကန်သမ္မတဘွတ်ရှ်၊ သမ္မတကတော် လော်ရာဘွတ်ရှ်နှင့် ပြည် ထောင်စုအတွင်းရေးမှူး ကွန်ဒိုလီဇာရိုက် တို့သည် မြန်မာ့အရေးကို မျက်ခြေမပြတ် အထူးစောင့်ကြပ် ကြည့်ရှုနေကြသည်။ လွန်ခဲ့သောလကလည်း နအဖစစ်အစိုးရထိပ်ပိုင်းဆိုင်ရာများသို့ တိုက်ရိုက်ထိခိုက်စေနိုင်သော ကန့်သတ်ပိတ်ဆို့မှုများကို စနစ်တကျ ပြုလုပ်ခဲ့သည်။

ယနေ့သတင်းများအရ ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာဂန်ဘာရီ၏ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး အဆိုပြုမှုကို နအဖစစ်အစိုးရဘက်မှ ပြောင်ပြောင်တင်းတင်းငြင်းဆိုခဲ့ပြီး စိတ်မ ရှည်နိုင်တော့သော ကမ္ဘာ့အသိုင်းအ၀ိုင်းနှင့် အမေရိကန်သမ္မတတို့၏ သေချာပေါက်ထပ်မံပေါ်ပေါက်လာတော့ မည့် စစ်အစိုးရအပေါ် အရေးယူဆောင် ရွက်မှုအသစ်များကို မြန်မာပြည်သူများက စိတ်အားထက်သန်စွာ စောင့် ကြည့်နေကြကြောင်း။

0 comments: