စက်တင်င်္ဘာလ၂၇ရက်နေ့ကမြန်မာနိုင်ငံတွင် စစ်အစိုးရ၏ စစ်သားမှအနီးကပ် ရက်စက်စွာပစ်သတ်ခြင်းခံခဲ့ရသော Journalist Mr.NAGAI KENJI၏ ဈာပနာအခမ်းအနားကို ယနေ့ နေ့လည် ၁၁နာရီမှ ၁နာရီခွဲအထိ တိုကျိုမြို့ AOYAMAမြို့ရှိခန်းမမှာ ပြုလုပ်ခဲ့ပါသည်၊
ဈာပနာပြူလုပ်စဉ်မိုးများရွာသွန်းနေပြီးဂျပန်နိုင်ငံရှိ မြန်မာသံဃာတော်များ။မြန်မာလူမျိုးများရာပေါင်းများစွာပါဝင်ခဲ့ကြောင်း ဂျပန်မီဒီယာသတင်းဌာနက ကြေငြာခဲ့ပါသည်၊ Mr.NAGAI KENJI၏ အလောင်း ဂျပန်နိုင်ငံသို့ပြန်သယ်လာစဉ် ၎င်းနှင့်အတူပါရှိသော ဒိုင်ယာယီစာအုပ်။ သေဆုံးချိန်က လက်ထဲတွင် မြဲမြဲကိုင်ထားသော ဒီဂျစ်တယ်လ် ကင်မရာလည်း မြန်မာနိုင်ငံရှိ သက်ဆိုင်ရာမှ ပြန်မပေးကြောင်းလည်း ဂျပန်သတင်းမီဒီယာက ပြောကြားခဲ့ပါသည်၊
ထို့အခမ်းအနားတွင် ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံသားတဦးက အခုလိုပြောကြားခဲ့ပါသည်၊ စစ်အစိုးရ၏ ရက်စက်ကြမ်းကြုတ်မှုများအား မီဒီယာမှတဆင့် ကမ္ဘာနိုင်ငံရှိ ပြည်သူများသိရှိအောင်ပြုလုပ်ပေးသော Mr.NAGAI KENJIအား လေးစားဂုဏ်ပြု ၍ အထူးကျေးဇူးတင်ကြောင်း။ မြန်မာလူမျိုးတဦးအနေနှင့် စစ်အစိုးရ၏ ရက်စက်ကြမ်းကြုတ်မှုများအား ရှက်မိကြောင်း ပြောဆိုသွားခဲ့ပါသည်၊
(မှတ်ချတ်၊ ဗီဒီယိုမှ အတိုင်း ဘာသာပြန်ခြင်းဖြစ်ပါသည်၊)
Monday, October 8, 2007
သူရဲကောင်း Mr.NAGAI KENJI ကို ဦးညွတ်ပါသည်၊
သတင်းတင်သူ... thanhtut at 6:47 PM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment