Saturday, September 1, 2007

စွန့်စားမှုနည်းပါးစွာဖြင့် ဆောင်ရွက်သော အပြုအမူများ (Very Low Risk Actions)
ကိုကျော်ထင်

၁။ ၁၉၉၀ မေ ရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထိမ်းအမှတ် ဖြစ်သည့် ခမောက် များကို ဆောင်းခြင်း၊ ခမောက်ပုံများ ရေးဆွဲခြင်း။ မိုးဦးရာသီတွင် ဈေး၌ ရောင်းသည့်ပုံစံမျိုး ဟန်လုပ်၍ ခမောက်များအား ဝေငှခြင်း။ (မေ ၂၇ ရွေးကောက်ပွဲ အထိမ်းအမှတ် ပြုလုပ်နိုင်သည်။)

၂။ ရှစ်လေးလုံးအရေးတော်ပုံတွင် တပ်ဦးမှာ ပါဝင်ခဲ့သော ကျောင်းသားထု၏ အထိမ်းအမှတ် သင်္ကေတ ခွပ်ဒေါင်းပုံကို အကြမ်း (sketch) ရေးဆွဲခြင်း။ ပန်းချီဆရာများ သာမက တော်ရုံအရုပ်ဆွဲတတ်သူများပင် ရေးဆွဲတတ်သော ပုံမျိုး ရေးဆွဲရန်ဖြစ်သည်။ လူအများအပြားမှ အကျယ်အပြန့် အများအပြား ရေးဆွဲလာစေရန် ဖြစ်သည်။

၃။ ဆုတောင်းခြင်း။ ဥပမာ- ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ နိုင်ငံရေး အကျဉ်းသားများ အားလုံးလွတ်မြောက်နိုင်ပါစေဟု ဆုတောင်းခြင်း။ (မိမိတဦးတည်း ဆုတောင်းခြင်း၊ အခြေအနေပေးလျှင် အဖွဲ့နှင့် ဆုတောင်းခြင်း။ ) ထို့အပြင် ဆန္ဒပြင်းပြမှုကို ပို၍ ဖေါ်ပြသည့်အနေဖြင့် မနက်အစောကြီး အစာလုံးဝမစားမီ ဆုတောင်းခြင်း၊ ယင်းကဲ့ သို့ဆုတောင်းခြင်းမျိုးကို နေ့တိုင်းမပြုလုပ်နိုင်ပါကလည်း တပတ်တရက် မိမိမွေးနေ့၌ လည်းကောင်း၊ တခါတရံ ရှစ်လေးလုံးကဲ့သို့ အထိမ်းအမှတ် နှစ်ပတ်လည်နေ့များ၌ လည်းကောင်း ပြုလုပ်သင့်ပါသည်။ လူတဦးချင်းစီ၏ အတွင်း စိတ်ဆန္ဒပြင်းပြလာမှုကို ဖြစ်ပေါ်စေနိုင်ပြီး ထိုဆန္ဒပြင်းပြမှုသည် ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေသည့် အခြေအနေများကို ကျော်လွှားနိုင်စေပေလိမ့်မည်။

၎။ မတရား မမျှတမှုများကို ဆန့်ကျင်တော်လှန်သော ပုံပြင်များပြောခြင်း။ ( ဥပမာ- ပညာရှိမျောက်ပုံပြင်။ ဘီလုံးငှက်မ ပုံပြင်)

၅။ တော်လှန်ရေးတေးသီချင်းများနှင့် သံစဉ်တူသောသီချင်းများကို လူထုကြား စတိတ်ရှိုးများ၌ သီဆိုခြင်း။ (ဥပမာ- ကမ္ဘာမကြေဘူး တေးသီချင်းနှင့် သံစဉ်တူသည့် မူရင်းသီချင်း Dust in the Wind နှင့် ရင်ဂို ၏ “တမ်းတမိတယ်” ၊ ငြိမ်းချမ်းရေးတိုက်ပွဲသီချင်းနှင့် သံစဉ်တူသည့် ခင်မောင်တိုး၏ “လွန်ခဲ့သောနေ့” အစရှိသဖြင့် သီချင်းများ။ တော်လှန်ရေး နိမိတ်ပုံသီချင်းများ ဥပမာ ဘီးနံပါတ် OK 0122 L ဤသီချင်းသည် LOOK 0122 ဖေဖေါ်ဝါရီ (၂ လပိုင်း) ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ကို ကြည့်ပါ။ ဟုအဓိပ္ပါယ်ရသည်ဟု ဆိုကြပါသည်။ နအဖ ၏ မှားယွင်းမှုများကို ထောက်ပြထားသည့် ဟစ်ဟော့ပ်သီချင်းများ)

၆။ ရပ်ကွက်ကြော်ငြာသင်ပုန်းများတွင်ကပ်ထားသော ကြော်ငြာချက်များအား အခွင့်အရေးရချိန်တွင် မှင်နီဖြင့် ကန့်လန့် ဖြတ်ရေးခြစ်ချခဲ့ခြင်း။ (ထိုကြော်ငြာချက်များ၏ ဆက်လက်တရားဝင်မှု အတည်ဖြစ်မှုကို ဖတ်ရှုသူ ပြည်သူများက ဇဝေဇ၀ါ ဖြစ်သွားကြမည်ဖြစ်ပြီး၊ ရုံးဝန်ထမ်းများက ဤကြော်ငြာချက်အား ဆက်ထားရမည်လား၊ အသစ်ပြန်လဲရမည်လား စဉ်းစား ကြရမည်၊ အသစ်ပြန်လဲရင်လည်း အလုပ်ရှုပ်မည်၊ မလဲဘဲ ထားလျှင်လည်း ပြည်သူတို့ရှုတ်ထွေးမည် ဖြစ်ပါသည်။ ထိုကြောင့် ထိုရုံးများ၏ စီမံခန့်ခွဲမှုကို ထိခိုက်စေနိုင်ပါသည်။

၇။ နအဖ ဆန့်ကျင်ရေး ဆောင်ပုဒ်များပါသော တံဆိပ်တုံးများကို ထုရိုက်ခြင်း။ ရာဘာဖိနပ် အသစ်တရံဖြင့်လည်း လက်ဖြင့် မိမိလိုချင်သည့် စာသားများကို ထွင်း၍ တံဆိပ်တုံး ပြုလုပ်နိုင်ပါသည်။

၈။ နအဖ ဆောင်ပုဒ်များအား အနည်းငယ်ပြင်ခြင်း၊ ဖြည့်စွက်ခြင်းဖြင့် အဓိပ္ပါယ်ပြောင်းပြန်ထွက်အောင် သို့မဟုတ် တလွဲတချော် ထွက်အောင်ပြုလုပ်နိုင်ပါသည်။ ဥပမာ- “တပ်မတော် ဖြိုခွဲမည့်အကြံ ဒို့လက်မခံ”မှ “မ” ကိုဖျက်ခြင်းဖြင့် “တပ်မတော်ဖြိုခွဲမည့်အကြံ ဒို့လက်ခံ” သို့ လည်းကောင်း၊“ကားမရပ်ရ” ဟူသော ဆိုင်းဘုတ်ရှေ့တွင် “စစ်” ထည့်ခြင်းဖြင့် “စစ်ကား မရပ်ရ” ဟူသို့လည်းကောင်း၊“မင်းဓမ္မ ကုန်းတော်” မှ “မင်းအဓမ္မ ကုန်းတော်” သို့လည်းကောင်း၊“တရားသူကြီး” မှ “မတရားသူကြီး” သို့လည်းကောင်း အသီးသီး ပြောင်းလဲနိုင်ပါသည်။

၉။ အကျင့်ပျက်ခြစားသော နအဖ အရာရှိများကို လည်းကောင်းတို့ ကျူးလွန်သော အမှုကိစ္စအကြောင်းအရာ များကို မိမိတို့သိရှိကြောင်း၊ ယင်းကဲ့သို့သိရှိကြောင်းပေါ်လွင်စေရန် အကြောင်းအရာများ၏ အချို့အစိတ်အပိုင်းများကို အမြွက်မျှဖေါ်ပြပြီး ယင်းကိစ္စကို ၎င်းတို့၏ အထက်အရာရှိများအားလည်းကောင်း၊ နိုင်ငံတကာ အစိုးရမဟုတ်သော အသင်းအဖွဲ့များ (NGO) အား တိုင်ကြားမည်ဟု ခြိမ်းခြောက်စာရေးခြင်း၊ (မှတ်ချက်- စာရေးသူမိမိ၏ အမည်အားမဖေါ်ပြ ရန်)

၁၀။ အတင်းအဓမ္မ လုပ်အားပေးစေခိုင်းခံရမှုများကို နီးစပ်ရာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) ရုံးများသို့ တိုင်ကြားခြင်း။

၁၁။ ၀ါယာကြိုးများဖြင့် ဆက်ထားသော နို့ဆီဗူးများကို ပေါက်ကွဲစေတတ်သည့် ပစ္စည်းဟန်ဆောင်၍ နအဖ ရုံးအမျိုးမျိုး အနီးပတ်ဝန်းကျင်၌ ချထားခြင်း။

၁၂။ လယ်သမားများက လယ်ကွင်းအနီးတွင် စိုက်ထူထားသော နအဖ ၏ လယ်ယာလုပ်ငန်းနှင့် ပတ်သက်သည့် ဆိုင်းဘုတ် အမျိုးမျိုးကို နွားချေးများ၊ ရွှံ့ဗွက်များဖြင့် ပစ်ပေါက်ပေရေစေခြင်း။ နအဖ ၏ လယ်ယာလုပ်ငန်းနှင့် ပတ်သက်သော ၀ါဒဖြန့်ချိရေး ဆိုင်းဘုတ်အမျိုးမျိုးတွင် နွေစပါးစိုက်ပျိုးခြင်း၊ ရေနက်ကွင်း စိုက်ပျိုးခြင်း စသည်တို့နှင့် သက်ဆိုင်သည့် ဆောင်ပုဒ်များလည်း ပါရှိနိုင်ပါသည်။ )

၁၃။ နအဖ အရာရှိများ၏ ကားတံခါးသော့ပေါက်များ၊ ရုံးများ၏ တံခါးသော့ပေါက်များအနီး၌ Post it (စာရေးပြီး ကပ်၍ ရသည့် စာရွက်တိုပေးစာများ) ပေါ်၌ “အိမ်ပြန်” “ဘားတိုက်ပြန်” ဟု ရေး၍ကပ်ခြင်း။

၁၄။ အထက်ပါ နေရာများ၊ အုတ်နံရံများ၌ “အိမ်ပြန်”၊ “ဘားတိုက်ပြန်” ဟုရေးသားထားသော အောက်ပါတင့်ကားပုံအား ကလေးများအား ရေးခိုင်းခြင်း။(တင့်ကားပုံအား အသုံးပြုခြင်းမှာ နအဖ အားအင်အားကြီးသည့် သဘောကို ဖေါ်ဆောင်ရန်ရည်ရွယ်သည် မဟုတ်ပဲ နအဖ သည် စစ်တပ်တတပ်ဖြစ်သည့်အတွက်၊ တင့်ကားများရှိမည်။ ထိုတင့်ကားများကို စစ်အာဏာရှင် များသည် အာဏာသိမ်း ရန်တွင်လည်းကောင်း၊ လူထုလှုပ်ရှားမှုများပေါ်ပေါက်လာလျှင်လည်းကောင်း တင့်ကား များဖြင့် အင်အားပြ၍ လူထု လှုပ်ရှားမှုများကို ခြိမ်းခြောက်တတ်ကြသောကြောင့်၊ ထိုတင့်ကားများကို နိမိတ်ပုံပြု၍ နိုင်ငံရေးတွင် ၀င်ရှုတ်နေသော စစ်တပ်အား မိမိနေရာတွင် မိမိနေရန် နိုင်ငံရေးအာဏာကို စွန့်လွှတ်ရန် သတင်းပေးခြင်း၊ ပညာပေးခြင်းဖြစ်ပါသည်။)

၁၅။ မှုတ်ဆေးများဖြင့် ဆိုင်းဘုတ်များကို မှုတ်ဖျက်ခြင်း၊ အုတ်နံရံများ၌ မိမိလိုချင်သော စာသားများကို မှုတ်ဆေးများဖြင့် ရေးခြင်း။ ဥပမာ- ..... ..... .....

၁၆။ နအဖ အလံများအား ကပ်ကြေးဖြင့် ညှပ်ထား၍ ညဘက်လူခြေတိတ်ချိန်တွင် မနက်ဖက်တွင် လူမြင်ကွင်းများ ဖြစ်မည့်နေရာများ၌ ပစ်ထားခြင်း။ ဥပမာ ဈေးအနီး အမှိုက်ပုံ၌လည်းကောင်း၊ ဆိုင်းဘုတ်များ အနီး၌လည်းကောင်း ပစ်ထား နိုင်ပါသည်။

၁၇။ မဂ္ဂဇင်းများ စာစောင်များ ၏ ပထမ ဆုံးစာမျက်နှာများတွင်ပါသော နအဖ ဆောင်ပုဒ်များပါ စာမျက်နှာအား ဆုတ်ဖြဲပစ် ခြင်း၊ (ကိုယ်ပိုင်စားအုပ်များတွင် အလွယ်တကူပြုလုပ်နိုင်ပါသည်၊) သို့မဟုတ် မှင်နီ များဖြင့် ခြစ်ခြင်း။

၁၈။ ရှစ်လေးလုံး လူထုအုံကြွမှု နှစ်ပတ်လည်နေ့များ အစသဖြင့် လှုပ်ရှားမှုများတွင် အ၀ါရောင် လှုပ်ရှားမှု (Yellow Campaign) အား အသုံးပြုသည့် ပစ္စည်းအမျိုးမျိုးတွင် အ၀ါရောင်ပစ္စည်းများ အသုံးပြုခြင်းဖြင့် ပြုလုပ်ပါဝင်ခြင်း။ အ၀တ်အစား၊ ပုဝါ၊ ဦးထုပ် အစသဖြင့်။

၁၉။ ဆေးလိပ်မသောက်ရ Campaign ပိုစတာများ၏ ဆေးလိပ်များတွင် နအဖ ဗိုလ်ချုပ်များ၏ ရှယ်ယာအတော်များများ ပါဝင်နေသော လန်ဒန် ဆေးလိပ်အမည် သို့မဟုတ် နအဖ ထုတ်ဆေးလိပ်များဖြစ်သည့် ဒူးယား ခပေါင်းစသည့် ဆေးလိပ် အမည်တမျိုးမျိုးအား ထည့်ရေးခြင်း။ ထိုသင်္ကေတများသည် နအဖ ထုတ် ပစ္စည်းများကို ဆေးလိပ်တမျိုးတည်းသာမက ပြည်သူတို့ အနေဖြင့် အသုံးမပြုဘဲ နေနိုင်သော ပစ္စည်းမှန်သမျ အသုံးမပြုကြရန် စားသုံးသူသပိတ် (Consumer Boycott) ပြုလုပ်ကြရန်လည်း လှုံ့ဆော်သည့် သင်္ကေတ တခုဖြစ်ပါသည်။

၂၀။ အလားတူ အရက်သောက်ခြင်းကို အားမပေး ဆန့်ကျင်သည့် အောက်ပါပိုစတာကို ရေးဆွဲခြင်းသည်လည်း နိုင်ငံရေး တွင် ၀င်စွက်ဖက်နေသော စစ်တပ်ကိုဆန့်ကျင်သည့် သာမက စားသုံးသူသပိတ်ကို ကိုယ်စားပြုသည့် သင်္ကေတ တခု လည်းဖြစ်ပါသည်။

၂၁။ ယခုအခါ၌ မြန်မာပြည်တွင်း၌ နအဖဥက္ကဌ ဗိုလ်ချုပ်သန်းရွှေ၏သား နှင့် ဆွေမျိုးအုပ်စုပိုင် “ဂျေဒိုးနတ်” မုန့်အား “လုံးဝ(လုံးဝ)၀ယ်ယူအားပေးခြင်းမပြုဘဲ” တခြား သာမန်အရပ်သားပုဂ္ဂလိက ပိုင်ကုမ္ပဏီများမှ ရောင်းချသော မုန့်များကို သာ အစားထိုးရွေးချယ်စားသုံးခြင်း။ အောက်ပါလုပ်ငန်းများကိုမူ ခေါင်းမာလွန်းသော နအဖ များအတွက်သာ ပစ်မှတ်ထား ရွေးချယ်အသုံးပြု ဆန့်ကျင် တိုက်ပွဲ ၀င်နိုင်ရန် တင်ပြလိုက်ပါသည်။

၂၂။ ထိုသူများ အသုံးပြုသည့် ကားများ၊ မော်တော်ဆိုက်ကယ်များ၏ အင်ဂျင်များ၊ ၎င်းတို့အသုံးပြုသည့် စက်ကိရိယာ ပစ္စည်းများ၏ အင်ဂျင်အမျိုးမျိုးများထဲသို့ ဆား၊ သကြား၊ သဲ တခုခုထည့်ခြင်း။

၂၃။ စက်ကိရိယာပစ္စည်းများကို ဂွများ၊ ၀က်အူလှည့်များ စသည်တခုခုဖြင့် လှည့်၍ ချောင်အောင်ပြုလုပ်ခြင်းဖြင့် ကုန်ထုတ် လုပ်ငန်းကျဆင်းအောင်သော်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုစီစဉ်ဆောင်ရွက်မှု နှေးကွေးအောင်သော် လည်းကောင်း ပြုလုပ်ခြင်း။

၂၄။ ပစ်မှတ်တည်ရှိရာ ရုံးအမျိုးမျိုးအနီးနီး၌လည်းကောင်း၊ပတ်ဝန်းကျင်၌လည်းကော်း ဆိုဒါပုလင်းများအား အုတ်နံရံများ၌ ပစ်ပေါက်၍ပေါက်ကွဲစေတတ်သည့် အသံပြုလုပ်ခြင်း။

၂၅။ လူငယ် ၃၊ ၄ ယောက်ခန့်က အလတ်စား အရွယ်ရှိသည့် ပလပ်စတစ်အိတ် ၃၊ ၄ လုံးကို လေမှုတ်၍ နံပါတ် ၂၄ ပါ နေရာများ၌ တပြိုင်နက် ရိုက်ဖေါက်ခွဲခြင်း။

၂၆။ ပစ်မှတ်တည်ရှိရာ ရုံးများ၏ သော့ပေါက်များ၊ ပစ်မှတ်များ၏ ကားတံခါးသော့ပေါက်များ ကို ပီကေများ ၀ါး၍ ပိတ်ခြင်း။ ( စူပါဂလူးဖြင့်လည်း ပြုလုပ်နိုင်ပါသည်။ )

၂၇။ ဘက်ထရီအိုးများမှ ရသော သို့မဟုတ် တခြားတနည်းနည်းဖြင့်ရသော အက်ဆစ်များ၊ အင်ဂျင်ဝိုင်အကျများ ဖြင့် ဆိုင်းဘုတ်များကို ပက်ဖြန်း၍ ဆေးတဖြည်းဖြည်းကွာကျပျက်စီးစေခြင်း။

၂၈။ ပစ်မှတ် ရုံးများ၏ ဖိုင်များထဲ၌ ခြများကို ထည့်ခြင်း။
၂၉။ နအဖ အရာရှိကားများ မော်တော်ဆိုက်ကယ်များ၏ ဘီးတာယာများကို လေလျှော့ခြင်း။ ဘီးများ၏ အောက်၌ သံချွန်များထား၍ ဘီးများကို ပေါက်စေခြင်း။

၃၀။ သံချွန်များဖြင့် ပစ်မှတ်ကားများကို အလစ်အငိုက်၌ အမှတ်မထင်ခြစ်ခြင်း။


0 comments: