Sunday, March 30, 2008

အာဏာရှင်ကိုဖြိုလှဲခြင်း


မြန်မာစစ်အစိုးရ၏ ဖိနှိပ်ရက်စက်မှုများနှင့် ဆင်ဆင်တူသော၊ ဆားဗီးယားရှိ လွတ်မြောက်ရေးလှုပ်ရှားမှု အဖြစ်အပျက်များအား ကြည့်မြင်နိုင်ပါသည်။ ၂၀၀၀ခုနှစ်နွေဦးမှာ ဒေါသထွက်နေတဲ့ ဆားဗီးယားလူငယ်များဟာ သူတို့လူငယ်ဘ၀ (၁၀)စုနှစ်တခုလုံးကို အပိုင်ဆီးခဲ့သူတဦးအပေါ် အကြမ်းမဖက်လှုပ်ရှားမှုစတင်လိုက်ပါတယ်။ သူကတော့ သိမ်မွေ့သလိုနဲ့ကောက်ကျစ်စဉ်းလဲတတ်သူ၊ ဥရောပရဲ့ အရက်စက်ဆုံးအာဏာရှင်ဖြစ်သူ ၊ ဘော်လ်ကန်ဒေသ လူသတ်သမားဟု နံမည်ကြီးသူ ဆလိုဗိုလ်တန် မီလိုဆိုဗစ်ပါ။
မီလိုဆိုဗစ်ဟာ ခရိုအေးရှား၊ ဘော့စနီးယား။ဒေသတွေမှာ စစ်ပွဲတွေဖြစ်အောင်ဖန်တီးခဲ့သူပါ။ သူ့လက်ထက်မှာ လူမျိုးစုတွေ မျိုးတုန်းအောင်သတ်ဖြတ်တာတွေ၊ အကျဉ်းစခန်းတွေကို မတရားပို့ဆောင်နှိပ်စက်တာတွေလုပ်ခဲ့တယ်။

အလုပ်လက်မဲ့တွေ၊ ဆင်းရဲမှုတွေ။ လာဘ်ပေး လာဘ်ယူမှုတွေ၊ ဖိနှိပ်မှုတွေ၊ ကြောက်ရွံ့မှုတွေဖြစ်ပေါ်ခဲ့ပြီး လူတသန်းနီးပါး ဒုက္ခသည်အဖြစ်ရောက်ရှိခဲ့ပါတယ်။ ဆားဗီးယားပြည်သူပြည်သားများ အာဏာရှင်လက်အောက်မှလွတ်မြောက်ရန်၊ လွတ်လပ်ရေးအတွက် မည်သို့မည်ပုံ ကြိုးစားခဲ့ကြသည်ကို သိရှိနိုင်စေရန် တင်ပြလိုက်ပါသည်။

0 comments: