Saturday, May 31, 2008

အမှန်တရားအတွက်မျိုးဆက်သစ်လှုပ်ရှားမှု

NEW GENERATION MOVEMENT FOR JUSTICE
ရက်စွဲ။ ။ မေလ၊ (၃၁) ရက်၊ ၂၀၀၈
စာအမှတ်။ ၁/၂၀၀၈

မြန်မာစစ်အာဏာရှင် (န.အ.ဖ) သည် ၄င်းတို့ အာဏာတည်မြဲရေးအတွက် ကျောင်းသားပြည်သူများနှင့်
တကွ မြန်မာနိုင်ငံ၏ မိရိုးဖလာကိုးကွယ်ဆည်းကပ်သော ဗုဒ္ဓသားတော်ရဟန်းရှင်တော်များကိုပါ ရက်စက် ယုတ်မာစွာ သတ်ဖြတ်နှိမ်နှင်းခဲ့သည့် ရွှေဝါရောင်တော်လှန်ရေးကို ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရသည့် မြန်မာ နိုင်ငံသားများနှင့်တကွ ကမ္ဘာပြည်သူအပေါင်းတို့၏ ရင်မှာလည်း ၀မ်းနည်းကြေကွဲကာ ဖျောက်ဖျက်၍မရနိုင် သော သမိုင်းဝင် အရေးတော်ပုံကြီးတစ်ခုအဖြစ် ရင်ထဲတွင် မှတ်တမ်းတင် ကျန်ရစ်ခဲ့ပြီဖြစ်ပါသည်။
ယခုတဖန် မုန်တိုင်းဒဏ်ကြောင့် အတိဒုက္ခရောက်နေသောပြည်သူများကို လှစ်လျှူရှုကာ

(၁) ဖွဲ့စည်းပုံအခြေခံဥပဒေ ထောက်ခံပွဲကို အတင်းအကျပ်ပြုလုပ်ခြင်း

(၂) နိုင်ငံတကာအသိုင်းအ၀ိုင်း၏ ကူညီထောက်ပံ့မှုများကို အကန့်အသတ်ချုပ်ချယ်မှုများစွာဖြင့် တားဆီးပိတ်ပင်ခြင်း

(၃) ကယ်ဆယ်ရေးလုပ်ငန်းများကို ပြီးစီးအောင်ဆောင်ရွက်ခြင်းမရှိဘဲ ဒုက္ခသည်များကို ဘုန်းကြီးကျောင်း များနှင့် စာသင်ကျောင်းများမှ အတင်းအကျပ်မောင်းထုတ်ခြင်း

(၄) ဧရာဝတီတိုင်း အချို့နေရာများတွင် ယခုထိုကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်သေးခြင်း မရှိဘဲ ပြည်သူလူထုနှင့် ကမ္ဘာနိုင်ငံအသီးသီးကို ကယ်ဆယ်ရေးလုပ်ငန်းများပြီးဆုံးပြီဟု အရှက်မရှိ လိမ်လည်လှည့်ဖျားပြောဆိုခြင်း

(၅) တပ်မတော်သာအမိ တပ်မတော်သာအဖ ဟု အမြဲကြွေးကြော်နေသော (န.အ.ဖ) သည် ယခုအချိန်တွင်
၎င်းတို့၏ ဇာတိရုပ်လုံးကို ဖုံးဖိမရဘဲ ဒုက္ခရောက်ပြည်သူတွေအပေါ် တာဝန်မဲ့စွာ ပြုမူဆောင်ရွက်ခဲ့ပါသည်။
ထိုကဲ့သို့ (န.အ.ဖ) ၏ လူမဆန်စွာ တာဝန်မဲ့ ပြုမူဆောင်ရွက်မှုများကြောင့် လေဘေးသင့်ပြည်သူများမှာ
မုန်တိုင်းပြီးဆုံးချိန်မှ ယခုအချိန်ထိ ကူးဆက်ရောဂါများဖြင့်သေဆုံးခြင်း ငတ်မွတ်ခေါင်းပါးပြီးသေဆုံးခြင်း
သောက်သုံးရေမရဘဲ သေဆုံးခြင်းများဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ပါသည်။

ထို့အတွက်ကြောင့် သေဆုံးခဲ့သူများနှင့် ဆက်လက်သေဆုံးမှုများရပ်တန့်စေရန်အတွက် (နာဂစ်) မုန်တိုင်း
(၁) လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် မြန်မာပြည်တ၀ှမ်းလုံးရှိ ဘုရားစေတီများ၊ ၀တ်ကျောင်းတော်များ၊ ဗလီများတွင် မိမိတို့သက်ဆိုင်ရာ ဘာသာအလိုက် ၀တ်ပြုဆုတောင်ပွဲများအား စုပေါင်း ပြုလုပ်ပေးကြပါရန် ရဟန်းရှင်လူ ကျောင်းသားပြည်သူများအား တိုက်တွန်းနိုးဆော်အပ်ပါသည်။
ဆုတောင်းပွဲပြုလုပ်မည့် နေ့ရက်။ ၃.၆.၂၀၀၈
ဆုတောင်းပွဲပြုလုပ်မည့် အချိန်။ ညနေ (၄) နာရီ


ခိုင်ခန့်
သတင်းနှင့်ပြန်ကြားရေး
Email: movementforjustice@gmail.com
NEW GENERATION MOVEMENT FOR JUSTICE

ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှု ၅ နှစ်ပြည့် ၀မ်းနည်းခြင်းအခမ်းအနားပြုလုပ်သည့် မှတ်တမ်းဓါတ်ပုံများ(မင်းညိုဝမ်း-မိုးသောက်ကြယ်)



မှတ်တမ်းဓါတ်များအချို့ကို ဆက်လက်ကြည့်ရှုလိုပါက “အပြည့်အစုံသို့” ဆိုတဲ့စာသားလေးကို ကလစ်နှိပ်လိုက်ပါ...






မြန်မာပြည်ကိုကယ်တင်မည့် ရမ်ဘိုကား ဂျပန်မှာလည်းရုံတင်ပြီ

ကမ္ဘာကျော်ဟောလီးဝုဒ်စူပါးစတား ရုပ်ရှင်မင်းသား Silvester Stalloneကိုယ်တိုင်ရိုက်ကူး၊ ထုတ်လုပ်၊ သရုပ် ဆောင်ထားတဲ့ RAMBO 4 ဇတ်ကား ကို ဂျပန်နိုင်ငံတဝှမ်းလုံးတွင် မေလ ၂၄ ရက်နေ့ကစပြီး ရုံတင်ပြသနေပါပြီ။
ဇာတ်လမ်းအကျဉ်းကတော့ မင်း သားစတားလုံးဟာ ထိုင်းနိုင်ငံတောနက် တွေထဲမှာ မြွေဖမ်းသူတဦးအဖြစ် အလုပ် လုပ်နေစဉ် ခရစ်ယာန်သာသနာပြုအဖွဲ့ကို ကာကွယ်စောင့်ရှောက်ဖို့ငှားရမ်းခံရ ပါတယ်။

အဆိုပါသာသနာပြုအဖွဲ့ဟာ နအဖ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်စွာထိုး စစ်ဆင်သတ်ဖြတ်မှုတွေကြောင့် တောနက်ထဲထွက်ပြေးပုန်းရှောင်နေတဲ့ ကရင် ဒုက္ခသည်တွေကို ဆေးဝါးနဲ့အစားအစာ တွေ ကူညီပေးနေတာဖြစ်ပါတယ်။
ဒါပေမဲ့ သူတို့အဖွဲ့ကိုပါ နအဖစစ် တပ်က ဖမ်းဆီးသတ်ဖြတ်တာတွေလုပ် နေတဲ့အတွက် မင်းသားစတားလုံးက သူ ကိုယ်တိုင်ကယ်ဆယ်ပေးပြီး နအဖစစ် တပ်ကိုခြေမှုန်းသုတ်သင်ထားတဲ့ဇာတ် လမ်းဖြစ်ပါတယ်။

အသက် ၆ဝ ပြည်ပြီဖြစ်တဲ့ ဟောလီး ဝုဒ်စူပါးစတားမင်းသားစတားလုံးဟာ အဆိုပါ RAMBO 4ရိုက်ကူးဖို့အတွက် Soldier of Fortuneမဂ္ဂဇင်းဌာနသို့ ဖုန်းဆက်ပြီး “အခုအချိန် ဒီကမ္ဘာပေါ်မှာ လူလူချင်းအပေါ် လူမဆန်တဲ့အလုပ်ကို အဆိုးဝါးဆုံးဘယ်မှာလုပ်နေသလဲ…?” ဟု မေးမြန်းခဲ့ရာ ‘မြန်မာနိုင်ငံ’ဟုပြန် ဖြေကြောင်း၊ အဲဒီအတွက် သဘာဝလွန် အက်ရှင်ဇာတ်ကားတွေအစား တကယ့် အဖြစ်အပျက်အမှန်ကို ကမ္ဘာသူ/သား များကိုတင်ပြဖို့အတွက် အပင်ပန်းခံရိုက် ကူးခဲ့ခြင်းဖြစ်ကြောင်း၊ မေလ ၈ ရက်နေ့ က တိုကျိုတွင် RAMBO 4 ဇာတ်ကား Press Show ပြုလုပ်စဉ် သတင်းထောက်များ၏မေးမြန်းခဲ့မှုများကို အခုလိုရှင်းလင်းပြောကြားခဲ့ပါတယ်။

RAMBO 4ကိုကြည့်ရှုခဲ့တဲ့ ဂျပန်ကျောင်းသားတဦးက “မြန်မာနိုင်ငံက နအဖ စစ်ဗိုလ်ချုပ်တွေ မကောင်းဘူး ဆိုတာ ကြားပဲကြားဖူးခဲ့တာ။ အခု ဒီကားကိုကြည့်ပြီးတော့မှ တော်တော် ကို လူသားမဆန်တဲ့လုပ်ရပ်တွေကျူးလွန်နေတာကို မြင်တွေ့ခဲ့ရတယ်။ ကြောက်စရာကောင်းလှတယ်…”ဟု ပြောဆိုပါတယ်။

အဆိုပါဇာတ်ကားကို ထိုင်းနိုင်ငံ၊ ချင်းမိုင် မြို့မြောက်ပိုင်းမှ ကီလိုမီတာ ၃ဝ ခန့်အကွာရှိ မဲ့တင်မြို့နယ်၊ ကစ်ချန်းရွာတွင် အမေရိကန်ဒေါ်လာ သန်း ၆ဝ ခန့်ကုန် ကျခံကာ ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး၊ ရှမ်းပြည် တပ်မတော်(SSA-တောင်ပိုင်း) တပ် မဟာ ၂၄၁ မှာ အရာရှိတဦးအဖြစ် တာ ဝန်ထမ်းဆောင်ခဲ့သည့် ဟန်ရွှေမိန်း(ခ) စိုင်းမန်းအပါအဝင် ရှမ်းအလုပ်သမား ၁ဝဝ ကျော်ခန့်နှင့် မြန်မာ့ဒီမိုကရေစီ ရေးလုပ်ဆောင်နေသူများ ပါဝင်ကူညီ သရုပ်ဆောင်ထားကြပါတယ်၊

မုန်တိုင်းရဲ့တတိယခြေရာ

Read this doc on Scribd: BEYOUND%20NAGIS%20220508[1]

ကိုမျိုးချစ်ရေးစပ်သီဆိုထားသော ဘ၀ရဲ.မုန်တိုင်း သီချင်းတစ်ပုဒ်

သီးချင်းစာသားဖတ်ရှုရန် အပြည့်အစုံသို့ ကိုနှိပ်ပါ။

ရေးသားတီးခတ်သီဆိုသူ - မျိုးချစ်မြန်မာ

ငြိမ်းချမ်းလှပခဲ့ မြစ်ဝကျွန်းပေါ်ရွာလေးရယ် မှေးမှိန်ငြိမ်သက်ဆဲ
ဆင်းရဲခြင်းများနဲ့ ခါးစည်းနေ့တွေဖြတ်သန်းခဲ့ လောကဓံဒီဘဝထဲ
မှားယွင်းမွေးဖွားခဲ့ နှုတ်ဆက်ရက်ကို ကြိုနှင့်လို့ ဖြစ်တည်နေထိုင်ခဲ့
လောကရဲ့လှည့်ကွက် ရက်စက်လွန်းစွာ ဝင်ရောက်ခဲ့ ခုခံနိုင်စရာမဲ့

ကြည့်လိုက်ပါမိတ်ဆွေတို့…
မြစ်ကမ်းပါးကရွာငယ်များထဲ လှိုင်းတွေတောင်လိုမြင့်ခဲ့တယ်
ကြည့်လိုက်ပါမိတ်ဆွေတို့…
ရေလှိုင်းများအောက်ကိုဝပ်စင်းလို့ မြို့တွေပင်လယ်ဖြစ်ခဲ့တယ်

လူးလွန့်လှုပ်ခတ်ဖို့ မရတော့တဲ့ဒီအချိန်လေးရယ် ဟစ်အော်သံတွေနဲ့
ဖုံးလွမ်းသွားခဲ့တဲ့ ရေလှိုင်းရဲ့အောက်မှာ ကျန်ခဲ့တဲ့ ကလေးတွေငိုနေဆဲ
လှိုင်းများရဲ့အောက်က ရက်စက်တဲ့ ဒီရေလှိုင်းရဲ့ ဆွဲငင်နေမှုထဲ
ကြိုးစားရုန်းထွက်ရင်း ရှုံးနိမ့်ခဲ့ဒီလူသားရဲ့ အားအင်တွေပြိုလဲ

ကြည့်လိုက်ပါမိတ်ဆွေတို့…
သိပ်ကြမ်းတမ်းတဲ့လေမုန်တိုင်းထဲ ဝိဥာဉ်တွေကြွေလွင့်ခဲ့တယ်
ကြည့်လိုက်ပါမိတ်ဆွေတို့…
အသက်မဲ့တဲ့ခန္တာများလဲ အမှိုက်လိုရေမှာမြောခဲ့တယ်

သွေးပျက်ကြောက်လန့်လို့ နိုးထခဲ့အိပ်မက်ဆိုးရယ် အကျည်းတန်နာကျင်ဆဲ
လှိုင်းများဖုံးလွမ်းခဲ့ သောကဝိဥာဉ်မြို့များရယ် ဟစ်အော်ဆူညံဆဲ
မွန်းနစ်ကူးခတ်ရင်း သမီးလေးလက်ကိုကိုင်ဆုတ်လို့ လှိုင်းကိုအံတုဆဲ
ရုတ်တရက်နိုးလာခဲ့ သူ့လက်ထဲမှာ သစ်ကိုင်းတစ်ခု သမီးငယ်ဘယ်မှာလဲ

ကြည့်လိုက်ပါမိတ်ဆွေတို့…
သူကြိုးစားခဲ့တာ အကုန်လုံးလဲ ကောင်းကင်လိုကြေကွဲခဲ့တယ်
ကြည့်လိုက်ပါမိတ်ဆွေတို့…
သူရင်းနှီးခဲ့တာတွေအားလုံး မျက်ရေမှာနစ်မျောခဲ့တယ်

SOLO

လှိုင်းများရဲ့အောက်က ရက်စက်တဲ့ ဒီရေလှိုင်းရဲ့ ဆွဲငင်နေမှုထဲ
ကြိုးစားရုန်းထွက်ရင်း ရှုံးနိမ့်ခဲ့ဒီလူသားရဲ့ အားအင်တွေပြိုလဲ
မွန်းနစ်ကူးခတ်ရင်း သမီးလေးလက်ကိုကိုင်ဆုတ်လို့ လှိုင်းကိုအံတုဆဲ
ရုတ်တရက်နိုးလာခဲ့ သူ့လက်ထဲမှာ သစ်ကိုင်းတစ်ခု သမီးငယ်ဘယ်မှာလဲ

ကြည့်လိုက်ပါမိတ်ဆွေတို့…
မြစ်ကမ်းပါးကရွာငယ်များထဲ လှိုင်းတွေတောင်လိုမြင့်ခဲ့တယ်
ကြည့်လိုက်ပါမိတ်ဆွေတို့…
ရေလှိုင်းများအောက်ကိုဝပ်စင်းလို့ မြို့တွေပင်လယ်ဖြစ်ခဲ့တယ်
ကြည့်လိုက်ပါမိတ်ဆွေတို့…
သိပ်ကြမ်းတမ်းတဲ့လေမုန်တိုင်းထဲ ဝိဥာဉ်တွေကြွေခဲ့ရတယ်
ကြည့်လိုက်ပါမိတ်ဆွေတို့…
အသက်မဲ့တဲ့ခန္တာများလဲ အမှိုက်လိုရေမှာမြောခဲ့တယ်
ငြိမ်းချမ်းလှပခဲ့ မြစ်ဝကျွန်းပေါ်ရွာလေးရယ် မှေးမှိန်ငြိမ်သက်ဆဲ…..

မျိုးချစ်မြန်မာ Studio တွင်ဖန်တီးသည်
Timberland ၏ Apologize မှ Body Frame ကို အနည်းငယ်အခြေခံထားပါသည်


ကယ်ဆယ်ရေးသင်္ဘောဆိုင်ရာ အမေရိကန်စစ်ဌာနချုပ်မှ သတင်းထုတ်ပြန်ချက်


အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်မှ မြန်မာနိုင်ငံလေဘေးဒုက္ခသည် ကယ်ဆယ်ရေးဆိုင်ရာ သတင်းထုတ်ပြန်ချက်

ရဲနှင့် ကြံ့ဖွံ့မိသားစုများ လေဘေး ဒုက္ခသည် အယောင်ဆောင်

ခွန်အောင်မြတ်။
မေလ ၃၀ ရက်၊ ၂၀၀၈ ခုနှစ်။


ပြည်ပ အလှူရှင်များ၊ ကယ်ဆယ်ရေး အဖွဲ့များလာရောက်ချိန်တွင် နာဂစ်မုန်တိုင်းကြောင့် ဘုန်းကြီးကျောင်းများ တွင် ခိုလှုံနေသည့် ဒုက္ခသည်များအား နေရပ်သို့ ပြန်လွှတ်ပြီး ရဲနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင် မိသားစုများက ဒုက္ခသည်ယောင်ဆောင်၍ အကူအညီများ လက်ခံရယူနေကြသည်ဟု ကွမ်းခြံကုန်းသို့ ရောက်ခဲ့သော ပုဂ္ဂလိက အလှူရှင်တဦးက ပြောသည်။

“ကယ်ဆယ်ရေးသမားတွေလာရင် ခဏရပ်ခိုင်းထားပြီး သူတို့လုပ်စရာရှိတာကို အရင်လုပ်ကြတယ်။ လာမယ်ဆိုမှ အလောတကြီး စီစဉ်တဲ့သဘောပဲ။ မဟုတ်တာတွေကို လုပ်နေတဲ့ သဘောဗျ။ ဒုက္ခသည် တွေကို ကိုယ့်အိမ်ကို ပြန်ခိုင်းကြတယ်လေ။ သူတို့ အစားထိုးပြီး ဒုက္ခသည်ယောင်ဆောင်ခိုင်းတာ။ ကွမ်းခြံကုန်းကျောင်း ထဲမှာလည်း အစိုးရဘက်က ပေးတာတွေကတော့ ဘာတစ်ခုမှ မတွေဘူး။”
ယခုအခါ ရန်ကုန်မှ ကွမ်းခြံကုန်းသို့ သွားရာကားလမ်းဘေးတလျှောက်တွင် အလှူရှင်များ ကို စောင့်နေသည့် လေဘေးဒုက္ခသည်များ မတွေ့ရပဲ ရဲနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းဝင် များသာ တွေ့ရှိသည်ဟု ယမန်နေ့က သွားရောက်ခဲ့သည့် အလှူရှင် တဦးကပြောသည်။

“ကျနော်ကွမ်းခြံကုန်းဘက်ကို ရောက်သွားတယ်။ အရင်ဒုက္ခသည်တွေ လမ်းဘေးမှာ မရှိတော့ဘူး။ အဲလူတွေ အစား ဘယ်သူတွေရောက်လဲဆိုတော့ ရဲတွေကို ထားထားတယ်။ ရဲတွေက လမ်းမှာ မနေပဲ နဲ့ လာတဲ့သူတွေကို ဟိုဟာလုပ်မယ် ဒီဟာလုပ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်။ ”

တရုတ်နှင့် အခြားနိုင်ငံခြားသား ကယ်ဆယ်ရေးသမားများ ရောက်လာမည်ဖြစ်သဖြင့် တောင်းရမ်းနေသော ဒုက္ခ သည်များကို မမြင်စေချင်သည့် အနေဖြင့် စောင့်ကြပ်ထားခြင်း ဖြစ်သည်ဟု ၄င်းက ပြောသည်။

“ပြီးတော့ တရုတ်တွေ ရောက်နေတော့ သူတို့တွေက သူတို့ရဲ့ လုပ်ရပ်တွေကို မမြင်စေချင်တဲ့အတွက် ဒုက္ခသည် အတုတွေကို အယောင်ဆောင်ခိုင်းတယ်ဗျာ။ အားလုံး ပြီးသွားလို့ ကျန်တာတွေကို သူတို့ က ဘယ်အတွက် ကျန်သေးတယ်။ ဘယ်သူတွေကို ပေးရအုံးမယ်ဆိုပြီး ပြန်သိမ်းထားတယ်။ တကယ် ဒုက္ခရောက်နေတဲ့သူတွေက ဘာမှမရကြ ဘူးဗျ။”

မြန်မာစစ်အစိုးရက မည်သူမဆို လွတ်လွတ်လပ်လပ် ဒုက္ခသည်များထံ ကူညီလှူဒါန်းနိုင် ကြောင်း ကြေညာချက် ထုတ်ပြန်ထားသော်လည်း အမှန်တကယ် ဒုက္ခသည်များကို အလှူရှင်များနှင့် မတွေ့ရန်စီမံထားခြင်းဖြစ်သည်ဟု ယင်းဒေသရောက်ခဲ့သည့် အလှူရှင် များက ပြောသည်။

source// သတင်းနှင့်မီဒီယာကွန်ယက်

Thursday, May 29, 2008

ဘိုကလေးမြို့ မှ ဖြစ်ပျက်နေသော အဖြစ်အပျက်များ။

Read this doc on Scribd: nld statements

ရန်ကုန်မြို့တွင် မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wave) မှ ကြေညာချက်များ လိုက်လံဖြန့် ဝေ။





ပြင်သစ်သဘောင်္ ပြည်တော်ပြန်ပြီ

မုန်တိုင်းဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ဖို့ စားနပ်ရိက္ခာနှင့်ဆေးဝါး စုစုပေါင်း တန်ချိန် ၁၅၀၀ ကျော် တင်ဆောင်ထားတဲ့ ပြင်သစ်သဘောင်္ဟာ ၀င်ခွင့်မရတဲ့အတွက် ထိုင်းနိုင်ငံမှာပဲ ကုန်ပစ္စည်းတွေကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ ဆီ လွှဲပြောင်းပေးလိုက်ပါပြီ။ဒီပစ္စည်းတွေဟာ ဘယ်လောက်များ ပြည်သူတွေဆီကို တိုက်ရိုက်ရောက်မလဲ၊ ကံမကောင်းလှတဲ့ ပြည်သူများကတော့ စားနပ်ရိက္ခာတွေ၊ ဆေးကုသမှုတွေ၊ နေရာထိုင်ခင်းတွေနဲ့ ဝေးနေတုန်းပါပဲ။

Wednesday, May 28, 2008

ဒေါ်စုလွတ်မြောက်ရေး အဖွဲ့ချုပ်လူငယ်များ ဆန္ဒပြ


ကိုစိုး မေ ၂၇၊ ၂၀၀၈
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) လူငယ်အဖွဲ့က ဦးဆောင်ပြီး ယနေ့ နေ့လယ်ပိုင်းတွင် လူ ၅၀ ခန့် လမ်းလျှောက်ချီတက် ဆန္ဒပြကြရာ အာဏာပိုင်များက ဖြိုခွဲ ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် အန်အယ်လ်ဒီ ရုံးချုပ်ရှေ့မှ ဒေါ်အောင်ဆန်းစုကြည် နေအိမ် ရှေ့အထိ ဦးတည်၍ နေ့လယ် ၁ နာရီခန့်က စတင်လမ်းလျှောက်ချီတက် ဆန္ဒပြသူများမှာ မြရိပ်ညို ဟိုတယ် နှင့် ဟာမစ်တစ် ကားမှတ် တိုင်အနီး ကမ္ဘာအေး ဘုရားလမ်းမပေါ်၌ ဖမ်းဆီးခံလိုက်ရကြောင်း မျက်မြင် သက်သေတဦးက ပြောသည်။


“လုံထိန်းတွေနဲ့ ကြံ့ဖွံ့လို စွမ်းအားရှင်လို အဖွဲ့တွေက ဖမ်းတာ၊ တုတ်တွေ ဒိုင်းတွေနဲ့ ရိုက်ရိုက်လို့လည်း ပြောတယ်၊ ရဲ ကား ၂ စီးပေါ်ခေါ်တင်သွားတယ်၊ ၁၅ ယောက် ၁၆ ယောက်လောက် ပါသွားတယ်၊ အဖမ်းခံရတဲ့ အထဲမှာ တောင်ဒဂုန်က မထက်ထက် ဦးဝေလည်း ပါတယ်၊ တချို့ လည်း ထွက်ပြေးကြတယ်၊ ဖမ်းတဲ့လုံထိန်းတွေက ရဲ တပ်ရင်း (၈) ကလို့ ကြားတယ်”ဟု ၎င်းက ပြောပြသည်။

အဖမ်းခံရသူများတွင် မထက်ထက်ဦးဝေအပြင် ကိုရန်နိုင်ထွန်း၊ မပြည့်ပြည့်၊ ကိုထွန်းထွန်းဝင်းနှင့် ဆရာကိုအောင်ဖေ စသူတို့လည်း ပါဝင်ကြောင်း သိရသည်။

ဆန္ဒပြသူများက အန်အယ်လ်ဒီ တူညီဝတ်စုံများ ဝတ်ဆင်ထားပြီး ခမောက်များကိုလည်း ဆောင်းထားကြောင်း၊ “ဒုက္ခသည် များကို ကယ်တင်ကြ” “ဒေါ်အောင်ဆန်းစုကြည် ချက်ချင်းလွှတ်” စသည်ဖြင့် ကြွေးကြော်ကြကြောင်း၊ ပိတ်စ အဖြူပေါ်တွင် အနီရောင်နှင့် ဒေါ်အောင်ဆန်းစုကြည် ကို ချက်ချင်းလွှတ်ပေး ဟူသော စာများရေးထား သည့် ဆိုင်းဘုတ်တခုကိုလည်း ကိုင်ဆောင်ထားကြောင်း အန်အယ်လ်ဒီ အဖွဲ့ဝင် လူငယ် တဦးကပြောဆိုသည်။

ထို့သို့ ဆန္ဒပြသူများ လမ်းလျှောက်ဆန္ဒပြသည့် ရွှေဂုံတိုင်နှင့် ဟာမစ်တစ်တကြော ကမ္ဘာအေးဘုရား လမ်းပေါ်တွင် လုံထိန်း ရဲ ကားများ၊ မီးသတ်ကားများဖြင့် အာဏာပိုင်များက လုံခြုံရေးထူထပ်စွာချထားသည်ဟုလည်း မျက်မြင် သက်သေများက ပြောသည်။

“ရွှေဂုံတိုင်နဲ့ ဟာမစ်တစ် တကြောလုံးမှာ လုံခြုံရေးက မီးသတ်ကားတွေရှိတယ်၊ လုံထိန်းတွေက တရုတ်က ထုတ်တဲ့ကား တွေနဲ့ ရွှေဂုံတိုင်မှာပဲ ၁၂ စီးတွေ့တယ်၊ စစ်ကားတော့ လုံးဝမတွေ့ရဘူး”ဟု မြင်တွေ့ခဲ့ရသူ တဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့တွင်လည်း ရဲကား ၊ မီးသတ်ကား၊ အချုပ်ကားများဖြင့် လုံခြုံရေး ထူထပ်စွာချထား သည်ကို တွေ့မြင်ခဲ့ရသည်ဟု ၎င်းက ဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှုအပြီးမှ စတင်၍ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသည်မှာ ၅ နှစ် ရှိပြီဖြစ်သည်။ ၁၉၈၉ ခုနှစ်မှစ၍ နေအိမ် အကျယ်ချုပ် ဘဝဖြင့် နေရချိန် စုစုပေါင်းမှာ ၁၂ နှစ်ကျော်ပြီဖြစ်သည်။

စစ်အစိုးရက သတ်မှတ်ထားသည့် ထိန်းသိမ်း ချုပ်နှောင်ကာလသည် မေလ ၂၄ ရက်နေ့တွင် ၅ နှစ် တိတိ ပြည့်မြောက် ခဲ့ပြီဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းပြန်လွှတ်ရန် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က မေလ ၂၄ ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်၍ တောင်းဆိုထားသည်။

အမေရိကန် နိုင်ငံ လူ့အခွင့်အရေးအဖွဲ့တခုဖြစ်သော (Freedom Now) အဖွဲ့မှ ဥပဒေပညာရှင် ရှေ့နေ ဂျာရက်ဒ် ဂန်ဆာနှင့် မဂ္ဂန် ဘာရွန် တို့ကလည်း မြန်မာနိုင်ငံ ဥပဒေကြောင်းအရ မေလ ၂၄ ရက်နေ့ ည သန်းခေါင်ယံတွင် ချုပ်နှောင်ကာလ ပြီးဆုံး ပြီဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်အား ပြန်လည်လွှတ်ပေးရန် လွန်ခဲ့သည့် သောကြာနေ့က ကြေညာချက်တစောင် ထုတ်ပြန်၍ စစ်အစိုးရသို့ တောင်းဆိုလိုက်သည်။

ယခု ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးအရေးယူထားသည့် ဥပဒေ ပုဒ်မ ၁၀ (ခ) အရ ဆက်လက်ဖမ်းဆီး ချုပ်နှောင် ရန်ဖြစ်စေ၊ ဆက်လက်တားဆီးမှုများ ပြုလုပ်ရန်ဖြစ်စေ တကြိမ်တွင် တနှစ်ထက်မပိုစေဘဲ စုစုပေါင်း (၅)နှစ် အထိသာ အရေး ယူနိုင်ကြောင်း သိရသည်။

ခေတ်ပြိုင်မှ ကူးယူဖော်ပြပါသည်။

တောင်ကုတ်မြို့တွင် ဆန္ဒခံယူပွဲ ရလဒ်အပေါ် ဆန့်ကျင်ကန့်ကွက် ဆန္ဒပြ


From http://www.narinjara.com/Taungup.asp)

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် မေလ ၁၉ ရက်နေ့က ဆန္ဒခံယူပွဲ ရလဒ်အား ဆန့်ကျင်ကန့်ကွက်သော ဆန္ဒပြ ပွဲတရပ် ပေါ်ပေါက်ခဲ့သည်။
ဆန္ဒပြပွဲအား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်များနှင့် အမျိုးသမီး အဇွဲ့ဝင်များက စီစဉ်ပြုလုပ်ခြင်း ဖြစ်ပြီး အင်အား ၂၀၀ ခန့် ပါဝင်ချီတက် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ဆန္ဒပြသူများသည် “နိုး” အမှတ်တံဆိပ်ပါ ဆန္ဒခံယူပွဲအား ဆန့်ကျင်သည့် တီရှပ်များအား ၀တ်ဆင်ပြီး ဦးဥတ္တမ လမ်းမှ ကိုင်းရှည် ဘုန်းတော်ကြီးကျောင်းထိ ရေချမ်းအိုးများကို ကိုယ်စီရွက်ပီး ချီတက်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
တောင်ကုတ်မြို့နယ်တွင် ပြည်သူ အများစုက ဆန့်ကျင်ကန့်ကွက်မဲပေးခဲ့ကြသော်လည်း သက်ဆိုင်ရာ အာဏာပိုင်များက ကန့်ကွက်မဲများအား ထောက်ခံမဲများ အဖြစ် ပြုလုပ်သည့် သာမက မဲရလဒ်အားလည်း လိမ်လည်ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။


ထိုကဲ့သို့ လိမ်ညာထုတ်ပြန်ခြင်းကို မကျေနပ်သဖြင့် ယခုကဲ့သို့ မြို့သူ မြို့သား များနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များက ဆန့်ကျင်ကန့်ကွက်သဖြင့် ဆန္ဒပြခြင်း ဖြစ်ကြောင်း တောင်ကုတ်မြို့ခံ တဦးက ပြောသည်။

ဆန္ဒပြပွဲအား တောင်ကုတ်မြို့နယ် ရဲစခန်းမှူး ၀င်အောင်နီ ဦးဆောင်သော ရဲသား ၄၀ ခန့်မှ လာရောက်ဟန့်တားခဲ့သော်လည်း နောက်မဆုတ်ဘဲ ဆန္ဒပြသူများမှ ဘုန်းတော်ကြီးကျောင်း အရောက် ချိတက်ပြီး အစီအစဉ်အား အောင်မြင်စွာ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

ဘုန်းတော်ကြီးကျောင်းတွင် ပါလာသော ရေချမ်းအိုးများဖြင့် ဘုရားများအား ရေသပ္ပာယ်ခဲ့ကြကြောင်း သတင်းရရှိသည်။

Tuesday, May 27, 2008

ဒုက္ခသည်အလှုရှင်များ

-
Read this doc on Scribd: kuanchangone

ဘန်ကောက်ရှိ နအဖသံရုံးမီးလောင်။






ဘန်ကောက်က နအဖသံရုံးး မီးလောင်ပါတယ်။ မီးသတ်ကား လေးစီး သံရုံးထဲကို ၀င်သွားပါတယ်။ ထိခိုက်ဒဏ်ရာရသူ မရှိပါ။ မီးလောင်ရတဲ့အကြောင်းရင်း မသိရပါ။ မီးလောင်မှုကြောင့် ပြည်ဝင်ခွင့်ဗီဇာပေးတဲ့ကောင်တာပိတ်လိုက်တဲ့အတွက် မြန်မာနိုင်ငံထဲဝင်ရောက်ပြီး လေဘေးဒုက္ခသည်တွေကို ကူညီနိုင်ဖို့ ဗီဇာစောငိ့နေတဲ့ နိုင်ငံတကာကယ်ဆယ်ရေးနဲ့ ကူညီရေးကျွမ်းကျင်သူတွေ စိုးရိမ်မှုဖြစ်ပေါ်ခဲ့ပါတယ်။ သံရုံးအထပ်တစ်ထပ်ပျက်စီးသွားတယ်လို့  ကြားရပါတယ်။ သံရုံးအဆာက်အဦး ဒုတိကအထပ်ကနေ စတင်မီးလောင်တာလို့  သိရပါတယ်။ နအဖသံရုံးက အမည်မဖေါ်လိုသူတစ်ဦးပြောတာကတော့ လျှပ်စစ်ဝါယာကြိုးက စလောင်တာလို့ ပြောပါတယ်။ သူရဲ့ ပြောဆိုမှု မှန်ကန်ကြောင်း အတည်မပြုနိုင်သေးပါ။ နအဖသံရုံးမီးလောင်မှုဟာ နအဖရဲ့ မရိုးသားမှုတွေရှိနေနိုင်တယ်၊ နအဖရဲ့  လုပ်ကြံမီး ဖြစ်နိုင်တယ်လို့ လည်း ပြောဆိုနေကြပါတယ်။ မွန်းလွဲပိုင်းမှာ ဗီဇာကောင်တာပြန်ဖွင့်တယ်လို့ APသတင်းဌာနမှာဖော်ပြပါတယ်၊

USS Essex recieves supplies at Sea





Monday, May 26, 2008

မျက်စိနဲ့ ကြားခဲ့တဲ့အသံများ







မျိုးချစ်မြန်မာ

လူသားချင်းစာနာသည့် နိုင်ငံတကာ အစည်းအဝေး ရန်ကုန်မှာ ကျင်းပနေပြီ




နေသွင်
ချင်းမိုင်။ ။ လူသားချင်းစာနာသည့် အကူအညီနှင့် ပတ်သက်သော နိုင်ငံတကာ ဆွေးနွေးပွဲ တရပ်ကို ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ယနေ့နံနက် ၁၁ နာရီမှစတင်ကာ ကျင်းပနေပြီ ဖြစ်သည်။

ကုလအဖွဲ့ဝင် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၅ဝ နီးပါး တက်ရောက်ကြမည်ဟု ရန်ကုန် ကုလသမဂ္ဂ ဌာနေရုံးက သတင်းထုတ်ပြန်သည်။

အစည်းအဝေးသို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းလည်း တက်ရောက်နေသည်။

ကုလသမဂ္ဂ အေဂျင်စီများ၊ ကြက်ခြေနီအဖွဲ့များနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများလည်း အစည်းအဝေးသို့ တက်ရောက်ရန် ရှိနေသည်။

အမေရိကန်နှင့် ဗြိတိန် စသည့် နိုင်ငံများမှ သံတမန်များလည်း တက်ရောက်ဖွယ် ရှိသည်ဟု အစည်းအဝေး မကျင်းပခင် ကုလ သတင်းရပ်ကွက်က မဇ္ဈိမကို ပြောသည်။

မုန်တိုင်းကျအပြီး ၃ ပတ်အကြာတွင် ကုလသမဂ္ဂနှင့် အာဆီယံက ကြီးမှူးကျင်းပသော အဆိုပါ အစည်းအဝေးတွင် ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာဌာနမှ အကြီးအကဲ ဂျွန်ဟုမ်း (John Holmes) က ကပ်ဘေးအပေါ် နိုင်ငံတကာ၏ တုံ့ပြန်မှုများနှင့် ပတ်သက်၍ အကျဉ်းချုံး တင်ပြမည် ဖြစ်သလို မြန်မာဘက်ကလည်း လက်ရှိ ကယ်ဆယ်ရေး လုပ်ငန်းများ အခြေအနေကို တင်ပြမည်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အထွေထွေ အတွင်ရေးမှူး ဆူရင်း ပစ်ဆူဝမ်း (Surin Pitsuwan) ကလည်း အာဆီယံ၊ မြန်မာနှင့် ကုလသမဂ္ဂတို့ ပါဝင်မည့် သုံးပွင့်ဆိုင် စီမံခန့်ခွဲမှု ယန္တရားနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားမည်။

ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာဌာနမှ အကြီးအကဲ ဂျွန်ဟုမ်း (John Holmes) က “ဒီအစည်းအဝေးရဲ့ ရည်ရွယ်ချက်က ဆိုင်ကလုန်း ဒဏ်ခံတဲ့ မြန်မာနိုင်ငံသားတွေကို အထောက်အပံ့တွေ ပေးဖို့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက စည်းလုံးညီညွတ်မှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုကို ပြသဖို့ ဖြစ်ပါတယ်” ဟု ပြောသည်။

အစည်းအဝေး၏ သဘာပတိများအဖြစ် စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန်နှင့် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဂျော့ရိုး (George Yeo) တို့က ဆောင်ရွက်ကြမည်။

ကုလသမဂ္ဂက အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများအတွက် နိုင်ငံတကာမှ အမေရိကန်ဒေါ်လာ သန်း ၂ဝဝ တောင်းခံထားပြီး ယခုအချိန်အထိ လက်ခံ ရရှိထားသော ငွေကြေးပမာဏမှာ သန်း ၅ဝ ရှိပြီး နောက်ထပ် ၄၂ ဒဿမ ၅ သန်းအတွက်လည်း ကတိရရှိထားပြီ ဖြစ်သည်။

စစ်အစိုးရက မုန်တိုင်းကြောင့် ဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ရှိသည်ဟု ပြောသည်။
မဇ္ဈိမ

Sunday, May 25, 2008

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာများ လေဘေးရန်ပုံငွေ ကောက်ခံနေခြင်း


Nadisဆိုင်ကလုန်းကြောင့်ဒုက္ခရောက်နေကြသောမြန်မာနိုင်ငံရှိ လေဘေးဒုက္ခသည်များအတွက် ဂျပန်နိုင်ငံတွင်ရောက်ရှိနေကြသော မြန်မာလူမျိုး (၃၀)ကျော်ခန့် တိုကျိုမြို့၊ roppoki ၊ikebukuroအရပ်ရှိ လမ်းမများပေါ်တွင် စုပေါင်း၍ လေဘေးရံပုံငွေကောက်ခံလျှက်ရှိကြောင်းသိရှိရပါသည်။
-
ရံပုံငွေကောက်ခံနေသူတဦးက အခုလိုပြောပြပါသည်။ “ ယခုအချိန်အထိ လေဘေးဒုက္ခသည်များအတွက်ကယ်ဆယ်ရေးပစ္စည်း၊ စားနပ်ရိက္ခာ၊သောက်ရေ၊ဆေးဝါးများ လုံလောက်စွာဘာမှမရောက်ရှိ၍ လေဘေးဒုက္ခသည်များ အသက်ရှင်သန်နိုင်ရေးအတွက် ဒုက္ခကြီးမားစွာရောက်နေကြာင်း၊ အလှူစေတနာရှင်များလည်းမိမိတို့တတ်နိုင်သ၍ ပါဝင်လှူဒါန်းနိုင်ရန် အလှူငွေကောက်ခံနေကြောင်းပြောပြပါသည်။
ဂျပန်သတင်းဌာနမှ ရယူပါသည်။
- .

မာရာဒိုနာက ဒေါ်စု လွတ်မြောက်ရေးအတွက် တောင်းဆို

ဧရာဝတီ မေ ၂၂၊ ၂၀၀၈

ကမ္ဘာကျော် ဘောလုံးသမားဟောင်း မာရာဒိုနာက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် ရေးအတွက် အမေရိကန် အခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူများ အဖွဲ့ (USCB) မှတဆင့် တောင်းဆိုလိုက်သည်။ ၎င်း၏ တောင်းဆိုချက်ကို USCB က လွှင့်တင်ထားသော ရက် ၃၀ လှုပ်ရှားမှု ဝက်ဘ်ဆိုက်တွင် လည်းကောင်း You Tube ဝက်ဘ်ဆိုက်တွင် လည်းကောင်း ကြည့်ရှုနိုင်ပါသည်။ မာရာဒိုနာ၏ တောင်းဆိုချက်ကို ကြည့်ရှုနားဆင်လိုလျင် ဤနေရာ ကိုနှိပ်ပါ။

Saturday, May 24, 2008

သီတဂူဆရာတော် အရှင်ဥာဏိဿရ နာဂစ်မုန်တိုင်းကယ်ဆယ်ရေး တရားပွဲ

ဂျေမိုး၊ ၂၄မေလ ၂၀၀၈။
စင်္ကာပူ။ ။ သီတဂူဆရာတော်ဘုရားကြီး အရှင်ဥာဏိဿရသည် စင်္ကာပူနိုင်ငံ Eunos MRT အနီးရှိ မင်္ဂလာဝိဟာရကျောင်းတိုက်၌ (၂၅)ရက်နေ့ ညနေ (၈)နာရီတွင် ဓမ္မတရားတော်ဟောကြားမည်ဖြစ်သည်။

သီတဂူဆရာတော်ဘုရားကြီးသည် ထိုင်းနိုင်ငံသံဃာ့ရာဇာမှ လေမုန်တိုင်းဒဏ်ခံပြည်သူတွေအတွက် အလှုငွေလက်ခံပေးဖို့ရာ ဖိတ်ကြားခြင်းကြောင့် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ကိုရောက်ရှိလျှက်ရှိနေပြီး စင်္ကာပူနိုင်ငံသို့ ဆက်လက်ကြွချီလာမည်ဟုသိရသည်။ နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသောဒေသရှိ ပြည်သူများအတွက် လိုအပ်နေသော ဆေးဝါးနှင့် ကူညီထောက်ပံ့ရေး ပစ္စည်းများကို စင်္ကာပူနိုင်ငံမှာ ဝယ်ယူမည်ဟုသိရှိရသည်။

နာဂစ်မုန်တိုင်းတိုက်ခိုက်အပြီး ရက်ပိုင်းအတွင်းမှာပင် ဆရာတော်အရှင်ဥာဏိဿရ ကိုယ်တော်တိုင် လေမုန်တိုင်းဒဏ်ခံရသော ဒေသများသို့သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့သည်။

လေမုန်တိုင်းတိုက်ခိုက်ခံရသောဒေသ နောက်ဆုံးအခြေအနေနှင့်ပတ်သက်၍ ဆရာတော်ဘုရားကြီးနှင့် ဘီဘီစီမြန်မာပိုင်း ရေဒီယိုမေးမြန်းခန်းတွင် "ဘုန်းကြီးရောက်တဲ့နယ်မြေတခွင်မှာ လူတွေဒုက္ခဖြစ်ပြီးတော့ မသေပဲနဲ့ကျန်နေတဲ့သူတွေက ရာခိုင်နှုန်း ၈၀-၉၀ လောက်အားလုံး ဘုန်းကြီးကျောင်းတွေမှာ မှီခိုနေကြတာတွေ့ရတယ် ဘုန်းကြီးကျောင်းတွေကလဲပဲ အမိုးတွေမရှိတာကများတော့ စိုစိုစွတ်စွတ်နဲ့နေကြရတာကို တွေ့ရတယ် ပျက်သွားတဲ့ရွာတွေကို ပြန်ဆောက်ဖို့အနေအထားကတော့ ဒကာကြီး အတော်ကိုမျှော်လင့်ချက်ဝေးတဲ့အနေအထားရှိတယ်" "ရွာတွေကဆောက်တုန်းကလဲပဲ ဓနိလေးတွေ လမုပင်လေးတွေ၊ ဝါးလုံးလေးတွေ နဲ့ဆောက်တော့ ဒီလောက်ပြင်းထန်တဲ့လေကြားမှာ ဒီသစ်တိုသစ်စတွေဟာ အကုန်တစမကျန် ဝါးလေးတွေ၊ဓနိတွေ၊လမုပင်လေးတွေ အကုန်လွင့်ကုန်တာ မြင်ကွင်းက… တခါတည်း ငုပ်တုတ်ငုပ်တုတ်နဲ့ တိုင်ငုပ်တိုလေးတွေပဲကျန်တော့ ဒီနေရာမှာ ဒီလူတွေဟိာမ်ပြန်ဆောက်နိုင်ဖို့ တော်တော်ခက်မယ်ဒကာကြီး" "ပြီးတော့လယ်ကွင်းတွေကလဲ အကုန်လုံး ဆားငံရေတွေဝင်သွားတော့ လယ်ပြန်လုပ်နိုင်ဖို့လဲပဲ တော်တော်ခက်မယ်။ နွားတွေကျွဲတွေကလဲပဲ မကျန်သလောက်ဖြစ်နေတယ် အကုန်လုံး လေထဲလွင့် ရေမြုပ်ပြီးတော့ သေကုန်ကျတော့ ကျွဲနွားမရှိတဲ့ခမျာမှာလဲပဲ လယ်ထွန်ဖို့ခက်မယ် မျိုး-တွေလဲရဖို့မလွယ်ဘူး အဲဒီတော့ အခက်အခဲတွေကြားထဲက ပြည်လည်ထူထောင်ဖို့ဆိုတာ အများကြီး အများကြီး လိုသေးတယ်။ အကူအညီအထောက်အပံ့တွေလိုမှာပါ"

"နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များ ဝင်ခွင့်ပေးလိုက်တဲ့ကိစ္စနှင့်ပတ်သက်ပြီးမိန့်ကြားရာမှာ "ဘုန်းကြီးကတော့ အ ကောင်း မြင်တဲ့ဘက်ကနေကြည့်ပြီး ဒါဟာ အလွန်အလားအလာ ကောင်းတဲ့ လက္ခဏာပဲလို့ ဘုန်းကြီး က တော့ ဒီလိုတွက်ပါတယ် သို့သော်လည်းပဲ နိုင်ငံတကာဆိုတော့ နိုင်ငံပေါင်း ဘယ်လောက် များများက လာပြီးတော့ ဘယ်လိုပစ္စည်းမျိုးတွေစပေးမလဲဆိုတာ ရှေးဦးစွာ Survey လုပ်တဲ့အနေ နဲ့ ကွင်းဆင်းကြည့်ရှုဖို့ ကိစ္စမှာ Transport တွေဘာတွေတော်တော်များများလိုလိမ့်မယ် ဒကာကြီး ရေယာဉ်တွေလိုမယ် ကောင်း ကင်က ဖြတ်သွားကြည့်တာလောက်နဲ့ မလုံလောက်ဘူး အဲဒီအပျက်အစီးတွေကိုသွားကြည့်ဖို့ရာ လမ်းတွေ ဖေါက်ပေး ဖို့လိုလိမ့်မယ်….ဆိုတော့ ကြာမယ် ဒကာကြီး…. ကြာလိမ့်မယ်ထင်တယ်….ပြီးတော့ ဘယ်လောက်ပဲ နိုင်ငံတကာကပေးပေး ဒီဧရိယာကြီးအနေအထားကကို အလွန်ခက်ခဲတဲ့ အနေအထား ဖြစ်နေတယ် ထိထိ ရောက်ရောက် ရှိမှရှိပါ့မလားဆိုတာကို ဘုန်းကြီးလဲ စိတ်ထဲတွေးပြီးတော့ စိတ်ထဲသိပ်တော့မကောင်းဘူး စိတ်ပူတယ် ဒကာကြီး"။
အနာဂတ်မှာ လက်တွဲလုပ်ဆောင်ဖို့နဲ့ပတ်သက်ပြီး ဆရာတော်ကြီးမှာ "အကုန်လုံးက လက်တွဲဖို့တော့လိုနေပြီ ဒကာကြီး ဘာဖြစ်လို့လဲဆိုတော့ ဘာသာရေးနဲ့ကြည့်မယ်ဆိုရင်လဲ ခရစ်ယာန်ရွာတွေကော အစ္စလမ် ရွာတွေကော ဗုဒ္ဓဘာသာရွာတွေ ခံရတာပဲ။ နိုင်ငံရေးနဲ့ကြည့်ရင်လဲပဲ လက်ရှိနိုင်ငံတော်အစိုးရကို အားပေး ထောက်ခံတဲ့သူတွေကိုကော နိုင်ငံတော်အစိုးရကို ချချင်တဲ့သူတွေရောအကုန်လုံး ခံရတဲ့နေရာမှာ အတူတူ ပဲလေ၊ အရပ်သားလဲခံရသလို အဲဒီအရပ်မှာ စစ်သူစစ်သားတွေလဲ ခံကြရတာပဲ၊ ဘာသာရေး ကင်းမဲ့တဲ့သူတွေ ခံရသလို ဘာသာရေးခေါင်းဆောင်တွေလဲခံရတာပဲ ဒုက္ခဆိုလို့ရှိရင် ခံစားရတာအကုန်လုံး တူညီနေတဲ့ အတွက်မို့ ဒီအဖြေရှာတဲ့အခါမှာလဲ အကုန်လုံးတူဖို့လိုတယ် တူညီတဲ့ Common Platform တစ်ခုကို ဘုန်းကြီးတို့တည်ဆောက်ရမယ် ဘာသာရေးရှုဒေါင့် လူမှုရေးရှုဒေါင့် နိုင်ငံရေးရှုဒေါင့် အဲဒီရှုဒေါင့်တွေက ကြည့်တာတွေကို ခဏရပ်တန့်ပြီးတော့ အကုန်လုံးတစ်ခါတည်း ဂရုဏာစိတ်ဓါတ်နဲ့ "ဂရုဏာစိတ်ဓါတ် common Platform ပေါ့ဗျာ" အဲဒါလေးအပေါ်မှာ အတူတကွ လက်တွဲလျှောက်လှမ်း သွားရင်တော့ အနာဂတ် မှာ အတော်ကောင်းတဲ့အလားအလာရှိတယ်လို့ ဘုန်းကြီးတော့ ဒီလိုပဲထင်တာပါပဲ" ဟုမိန့်ကြားသွားပါတယ်။
စင်္ကာပူတရားပွဲ အပြီးတွင် ဆရာတော်ဘုရားကြီးဟာ မြန်မာပြည်ကိုပြန်လည်ကြွချီမည်လို့သိရသည်။

စစ်အစိုးရခေါင်းဆောင်တွေကို နိုင်ငံတကာ တရားရုံးမှာ တရားစွဲတော့မယ်

တကယ်လို့ မြန်မာစစ်အစိုးရဟာ ဆိုက်ကလုံးမုန်တိုင်းဒဏ်ခံဒေသတွေကို အကူအညီပေးတာတွေကို ပိတ်ပင်နေမယ်ဆိုရင် သည် ဟိတ် (The
Hauge) နိုင်ငံတကာ တရားရုံးမှာ မစစ်ဆေးမီ မြန်မာစစ်ခေါင်းဆောင်တွေကို ဖမ်းဆီးရလိမ့်မယ်လို့ ဥရောပ ပါလီမန်က ဒီကနေ့ မေ ၂၄
ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်း နယ်စပ်အနီးမှာ ရှိတဲ့ စထရတ်စ်ဘာ့ဂ် (Strasbourg) မြို့မှာ ပြုလုပ်တဲ့ ဥရောပပါလီမန် အမတ်များ
အစည်းအဝေးမှာ အဲဒီ ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၅၂၄ မဲ၊ ကန့်ကွက်မဲ ၃ မဲ၊ ကြားနေမဲ ၁၃ မဲနဲ့ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ သူတို့က
“တကယ်လို့ မြန်မာအာဏာပိုင်တွေဟာ အကူအညီပေးမှုတွေ မုန်တိုင်းသင့်ဒေသတွေဆီ မရောက်နိုင်အောင် ပိတ်ပင်နေမယ်ဆိုရင်
လူသားဖြစ်တည်မှုဆိုင်ရာ ရာဇ၀တ်မှု (Crimes against Humanity) ကျူးလွန်သူတွေ ဖြစ်လို့ နိုင်ငံတကာ ရာဇ၀တ်မှု တရားရုံး
(International Criminal Court) ကို တင်သွင်း တရားစွဲရမယ်။“ လို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဥရောပ ပါလီမန်အမတ်တွေအနေနဲ့ ဥရောပနိုင်ငံတွေကို တိုက်တွန်းပြီး ကုလ လုံခြုံရေးကောင်စီက စုံစမ်း စစ်ဆေးရေး၊ အရေးယူ
အပြစ်ပေးရေးတွေ လုပ်ဖို့ ဆက်လက် တင်ပြသွားမှာ ဖြစ်ပါတယ်။ ဥရောပ ပါလီမန် အမတ်တွေက “မြန်မာစစ်အစိုးရအနေနဲ့ လက်သင့်မခံ
နိုင်လောက်အောင် နှေးကွေးတဲ့ လုပ်ဆောင်ချက်တွေနဲ့ သုဿန်တစပြင်လို ဖြစ်နေတဲ့ လူသားဆိုင်ရာကပ်ဆိုးကြီးကို တုန့်ပြန်နေကြောင်း၊
အဲဒါဟာ သူတို့ရဲ့နိုင်ငံသားတွေ ဘေးဒုက္ခက လွတ်မြောက်လာမှာကို သူတို့အခွင့်အာဏာ တွေနဲ့ ပိတ်ပင်တားဆီးနေတာ ဖြစ်ကြောင်း“
မြန်မာစစ်အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန် ပြောကြားလိုက်ပါတယ်။
ဥရောပပါလီမန်ရဲ့ ပြောကြားချက်ဟာ ဆိုက်ကလုံးဘေးသင့် ဒေသတွေမှာ စစ်အစိုးရ ဆန္ဒခံယူပွဲ မပြုလုပ်ခင်တရက်အလို ထွက်ပေါ်လာတာ
ဖြစ်ပါတယ်။

ဆိုက်ကလုံးမုန်တိုင်းသင့် ပြည်သူ ၂ သန်းခွဲဟာ ငတ်မွတ် ခေါင်းပါးနေပြီး သီတင်းသုံးပတ်တိုင် ခိုကိုးရာမဲ့ ဖြစ်နေချိန်မှာ
မြန်မာစစ်အစိုးရဟာ သူတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြု ဆန္ဒခံယူပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း ဧရာဝတီတိုင်းက
ကျေးရွာမဲ့ စားစရာမဲ့ ၀တ်စရာမဲ့ ပြည်သူတွေ ဘယ်လို မဲပေးကြရမလဲဆိုတာကတော့ အခုထိ ရေရေရာရာ မသိရသေးပါဘူး။

အခုလို နိုင်ငံတကာက တွန်းအားတွေ ပေးနေပေမယ့် အင်မတန် ခေါင်းမာတဲ့ မြန်မာစစ်အစိုးရဟာ နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်ငန်း
တွေကို အကန့်အသတ်များစွာနဲ့ ထိမ်းချုပ်နေဆဲ ဖြစ်ပါတယ်။
မြန်မာ့ပင်လယ်ပြင်မှာ အမေရိကန်၊ ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံက သင်္ဘောတွေ ကယ်ဆယ်ရေးလုပ်ပေးဖို့ စောင့်နေပေမယ့် မြန်မာစစ်အစိုးရ
ကတော့ ကယ်ဆယ်ရေးလုပ်ကိုင်ဖို့ သဘောမတူသေးပါဘူး။ အခုတပတ်အတွင်း အာစီယံနိုင်ငံများက ဦးဆောင်ကာ ကယ်ဆယ်ရေး
လုပ်ငန်းတွေ လုပ်ကိုင်ဖို့ သဘောတူခဲ့ပေမယ့်လည်း လုပ်ငန်းတွေ အကောင်အထည် မပေါ်သေးပါဘူး။

ကုလအထွေထွေ အတွင်းရေးမှူးချုပ်
ဘန်ကီမွန်းဟာ မြန်မာနိုင်ငံကို မေ ၂၂ ရက်နေ့က ရောက်ခဲ့ပြီး ၂၃ ရက်နေ့မှာ ဗိုလ်သန်းရွှေနဲ့ တွေ့ခဲ့ပါတယ်။
မုန်တိုင်း ကယ်ဆယ်ရေးအထွက် မြန်မာစစ်အစိုးရက အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ တောင်းခံထားပြီး အလှူရှင်များရဲ့ အစည်းအဝေးကို
မေ ၂၅ ရက်နေ့ကျရင် ရန်ကုန်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ အဲဒီ အစည်းအဝေးကို ဘန်ကီမွန်းလည်း တက်ရောက်ပါလိမ့်မယ်။

မြန်မာစစ်အစိုးရအနေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အချိန်ဆွဲနေချိန် မြစ် ချောင်းများမှာ မျောပါနေတဲ့ ရုပ်အလောင်းတွေဟာ
တဖြည်းဖြည်း နံစော် ဆွေးမြေ့လာနေပြီ ဖြစ်ပါတယ်။ ဒုက္ခသည်တွေဟာ ကြုံတဲ့နေရာတွေမှာ ဖြစ်သလို နေထိုင်နေရပြီး အလှူရှင်တွေက
လာရောက် ပေးကမ်းမယ့် အစားအသောက်တွေကိုပဲ စောင့်မျှော်နေကြရပါတယ်။ မြန်မာစစ်အစိုးရကတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို
သူတို့ နိုင်နိုင်နင်းနင်း လုပ်နိုင်တယ်လို့ ပြောဆိုနေဆဲ ဖြစ်ပါတယ်။

မိမိနိုင်ငံသားတွေ အသက်ရှင်ကျန်နိုင်ရေးထက် အာဏာတည်မြဲရေးကို ဦးစားပေးတဲ့ မြန်မာအာဏာပိုင်တွေရဲ့ လူသားချင်းစာနာမှု ပြဿနာပေါ် ကိုင်တွယ်တုံ့ပြန်တာ နှေးကွေးတဲ့အတွက် လက်မခံနိုင်ဘူးလို့ဥရောပပါလီမန်အမတ်တွေက ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။

နာဂစ် ဆိုင်ကလုံး မုန်တိုင်း တိုက်ခတ်သွားပြီး သီတင်းသုံးပတ်အကြာထိ လူ နှစ်သန်း ငတ်မွတ်နေပြီး အိုးအိမ်မဲ့နေတာတောင် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ဒုက္ခရောက်နေတဲ့ ဒီလူတွေကို စစ်အစိုးရက အတည်ပြုခိုင်းမဲ့ စနေနေ့မတိုင်ခင် ခုလို ဆုံးဖြတ်ချက် ထွက်ပေါ်လာတာပါ။

အတုအယောင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပေးတဲ့ ဆန္ဒခံယူပွဲကို ရှေ့ဆက်ဆောင်ရွက်တဲ့ လွဲမှားတဲ့ စစ်အစိုးရရဲ့ ဦးစားပေးမှုကို ဥရောပပါလီမန်က ရှုတ်ချပါတယ်။ သဘာဝဘေးဒုက္ခ အန္တရာယ်ကနေ လူလုပ်တဲ့ ဘေးဒုက္ခ အန္တရာယ် အဖြစ်ပြောင်းသွားတဲ့ အခြေအနေမှာ လူသန်းနဲ့ချီ ဒုက္ခခံစားနေရတာကို မျက်ကွယ်ပြုပြီး လုပ်လို့ရရှိတဲ့ ကျိုးကြောင်းမဆီလျော်တဲ့ ဆန္ဒခံယူပွဲ ရလဒ်ကိုလည်း ဥရောပပါလီမန်က ပယ်ချလိုက်ပါတယ်။
ဘားမားတူဒေး

ဇာဂနာ၏ လေဘေးကူညီရေး အတွေ့အကြုံ

(Photo: AFP)ရုပ်ရှင်ဒါရိုက်တာနှင့် ဟာသသရုပ်ဆောင် ဇာဂနာ ခေါ် ကိုသူရ။
မြန်မာနိုင်ငံအတွင်း မုန်တိုင်းဒဏ်ခံဒေသတွေဆီကို သွားရောက်ပြီး ကယ်ဆယ်ထောက်ပံ့ရေး အကူအညီတွေကို ပေးလှူနေကြတဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတွေထဲက ရုပ်ရှင် အနုပညာသမား တယောက်ဖြစ်တဲ့ ဟာသ သရုပ်ဆောင် ဒါရိုက်တာ ကိုဇာဂနာ ခေါ် ကိုသူရကို ဆက်သွယ်မေးမြန်းပြီး သူ့ရဲ့ အတွေ့အကြုံတွေကို ဒေါ်မြင့်မြင့်သန်း (RFA)က တင်ပြထားပါတယ်။
ဒီမှာmg thu ya at MySpaceFileHosting.comနားဆင်နိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဖွဲ့စည်းပုံအတွက် ကြိုတင်ဆန္ဒမဲပေး





နေအိမ်အကျယ်ချုပ်ဆက်လက်ကျခံနေရသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သော (၂၃) ရက်နေ့က ပြည်သူ့ဆန္ဒခံယူပွဲအတွက် သူမ၏ နေအိမ်တွင် မဲပေးခဲ့ရကြောင်း သိရှိရပါသည်။

ဂျပန်သတင်းဌာန (JNN) ၏ သတင်းပေးပို့ချက်အရ (၂၃)ရက် နေ့ မနက်ပိုင်းတွင် စစ်အစိုးရမှ တာဝန်ခန့်အပ်ထားသော မဲရုံမှူးတာဝန်ခံက နေအိမ်သို့လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်မှ မဲထည့်ခဲ့ကြောင်းသိရှိရပါသည်။

လက်ရှိပြုလုပ်နေသော စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်သူ့ဆန္ဒခံယူပွဲမှာ ပြည်သူလူထုအတွက်ကောင်းကျိုးမပေးဘဲစစ်အာဏာရှင်သက်ဆိုးရှည်နိုင်စေရေးအတွက်သာဖြစ်၍ ဒေါ်အောင်ဆန်းစုကြည်သည် ကန့်ကွက်မဲ(x) ထည့်မည်မှာ အသေအချာဖြစ်ကြောင်း (JNN)မှ ပြောကြားပါသည်။

၁၉၉၀ ပါတီစုံအထွေထွေရွေးကောက်ပွဲတုံးက နေအိမ်အကျယ်ချုပ်ခံနေရသော ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရမှ မဲပေးခွင့်မပေးခဲ့ဘဲ ယခုအချိန်ကြမှ မဲပေးခွင့်ပေးခဲ့ကြောင်းသိရှိရပါသည်။
ဂျပန်သတင်းဌာနမှ သတင်းကို ဘာသာပြန်ထားခြင်းဖြစ်ပါသည်။

Friday, May 23, 2008

U.N. Chief Reaches Myanmar



U.N. Secretary-General Ban Ki-moon has arrived in Myanmar, where he will visit the region devastated by Cyclone Nargis. He also asked the ruling junta to let in more aid workers. Allen Pizzey reports

UN chief tours cyclone-hit Burma

On Line ရေဒီယို သီချင်းများနားထောင်ရန်ဒီနေရာကိုနှိပ်ပါ။







China Earth Quake Vs Myanmar Cyclone

Read this doc on Scribd: China Earth Quake Vs Myanmar Cyclone[1]

Thursday, May 22, 2008

တိုင်းရင်းသားလူငယ်များပူးပေါင်းဆောင်ရွက်ရေးအဖွဲ့  (မြန်မာပြည်) မှ ကြေညာချက်။

Read this doc on Scribd: EYNG%20%28Inside%29

Wednesday, May 21, 2008

မြန်မာမုန်တိုင်းဒုက္ခသည်များအတွက် ကမ္ဘာ့ဘဏ်က ငွေကြေးမကူညီနိုင်

NEJ/ ၂၀ မေ ၂၀၀၈
တရုတ်နိုင်ငံမှ ငလျင်ဒုက္ခသည်များကို ကူညီရန်အသင့်ရှိကြောင်း ကမ္ဘာ့ဘဏ်က ချက်ချင်း ကတိ ပြုသော်လည်း မုန်တိုင်းဒဏ် ခံရသည့် မြန်မာနိုင်ငံအတွက် ငွေကြေးအကူအညီပေးမည်မဟုတ် ကြောင်း ကမ္ဘာ့ဘဏ် အရာရှိတဦးက ပြောသည်။ ကြွေးကျန်သည့် နိုင်ငံများကို အကူအညီ မပေးရေးကိစ္စမှာ ကမ္ဘာ့ဘဏ်၏ ပေါ်လစီဖြစ်ပြီး မြန်မာနိုင်ငံသည် ၁၉၉၈ ခုမှစပြီး ကြွေးဆပ်ရန် ပျက်ကွက်ခဲ့သည်။ ထို့ကြောင့် မြန်မာမုန်တိုင်း ဒုက္ခသည်များအတွက် ကမ္ဘာ့ဘဏ်က ကူညီရန် မဖြစ်နိုင်ကြောင်း ကမ္ဘာ့ဘဏ် ဦးဆောင် ညွှန်ကြားရေးမှူး Juan Jose Daboub က ပြောသည်။ ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့် စာရင်းအရ မြန်မာနိုင်ငံ၏ စုစုပေါင်း ပြည်ပကြွေးမှာ ၂၀၀၆ ခုနှစ်တွင် ဒေါ်လာသန်းပေါင်း (၆,၈၀၀) ရှိပြီး စုစုပေါင်း ရေတိုပြည်ပကြွေးမှာ ဒေါ်လာသန်း (၁,၆၀၀) ရှိသည်။ ။

မျိုးဆက်သစ်ကျောင်းသားများ အစည်းအရုံး (Generation Wave) အထူးကြေညာချက်။

မျိုးဆက်သစ်ကျောင်းသားများ အစည်းအရုံး (Generation Wave) ၏ အထူးကြေညာချက် (အသံဖိုင်) အား ဒေါင်းလုပ်လုပ်ပြီး နားဆင်နိုင်ပါသည်။ လက်ဆင့်ကမ်း ဖြန့် ချီပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဖိုင် ဒေါင်းလုပ်လုပ်ရန်

Tuesday, May 20, 2008

ကမ္ဘာထိပ်တန်းခေါင်းဆောင်များ မြန်မာပြည်သို့ သွားရောက်မည်




မေ(၁၉)
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ခိုမူရာတို့ မြန်မာနိုင်ငံသို့သွားရောက်မည်ဖြစ်ကြောင်း ယနေ့သတင်းများအရ သိရသည်။

မစ္စတာဘန်ကီးမွန်သည် မြန်မာနိုင်ငံသို့ (၃)ရက်တာခရီးစဉ်အဖြစ် လာမည့် ဗုဒ္ဓဟူးနေ့တွင် သွားရောက်မည်ဖြစ်ပြီး ၄င်းခရီးစဉ်အတွင်း နအဖစစ်အစိုးရထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံနိုင်ရဖွယ်ရှိသည်ဟု သူ၏ပြောခွင့်ရပုဂ္ဂိုလ် Michele Montes မှ ယနေ့တွင်ကြေငြာကြောင်း သိရသည်။
ယမန်နေ့က ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသရှိ မုန်တိုင်းဒဏ်အဆိုးဆုံးခံရသည့်နေရာများသို့ မစ္စတာဘန်ကီးမွန်၏အထူးသံတမန် လူသားချင်းဆိုင်ရာ အရေးပေါ် ကယ်ဆယ်ရေးဌာန အကြီးအကဲ မစ္စတာ ဟိုးမာစ်သည် သွားရောက်ခဲ့ပြီး ယနေ့တွင် ရန်ကုန်ရှိကုလသမဂ္ဂနှင့် သံတမန်ဆိုင်ရာပုဂ္ဂိုလ်များနှင့် တွေ့ဆုံဖွယ်ရှိကြောင်း သတင်းများအရ သိရသည်။

မစ္စတာဘန်ကီမွန်၏ခရီးစဉ်နှင့်ပါတ်သတ်၍ ရလဒ်ကောင်းများရလာနိုင်ပြီး စစ်အစိုးရအနေနှင့် တစ်ကမ္ဘာလုံး၏ ဂရုစိုက်ခြင်းကို ခံရမှာဖြစ်၍ မလွှဲမရှောင်သာသောလိုက်လျောမှုများကို လိုက်လျော လာနိုင်ဖွယ်ရှိကြောင်း၊ ဒုက္ခရောက်နေသောပြည်သူများအတွက် အထိုက်အလျောက်အသက်ရူချောင် လာနိုင်ဖွယ်ရှိပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အရင်ကထက်ပိုမိုတိုး၍ လုပ်ဆောင်ရနိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများ၏ အဆိုကို အင်တာနက်သတင်းများအရ သိရသည်။

ထိုနည်းတူစွာပင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း ယနေ့ဂျပန်နိုင်ငံထုတ် ယူမိအူရီသတင်းစာတွင် ဖေါ်ပြသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်သည် မြန်မာစစ်အစိုးရ၏ တရားဝင်ခွင့်ပြုဖိတ်ခေါ်ချက်ဖြင့် သွားရောက်လေ့လာခြင်းဖြစ်ပြီး ဝန်ကြီး၏ခရီးစဉ်အတွင်းမုန်တိုင်းကျရာ အဓိကနေရာများသို့သွားရောက်မည်ဖြစ်ပြီး သွားရောက်မည်အချိန်ကို တရားဝင်ကြေငြာထားခြင်းမရှိသေးကြောင်း သိရသည်။
Reported By : Thant Myo Htway (Moe Thauk Kye)

ဗြိတိသျှစစ်သင်္ဘော မြန်မာရေပိုင်နက်အနီး ရောက်ပြီ

NEJ/ ၁၉ မေ ၂၀၀၈
မြစ်ဝကျွန်းပေါ် မုန်တိုင်းဒုက္ခသည်များကို ကူညီနိုင်ရန်အတွက် ဗြိတိသျှစစ်သင်္ဘော HMS Westminster သည် မြန်မာကမ်းရိုးတန်းနှင့် (၁၂) မိုင်အကွာတွင် ရောက်ရှိနေပြီဖြစ်သည်။

မြန်မာဒုက္ခသည်များကို ကူညီခွင့် ရလိမ့်မည်ဟု မျှော်လင့်ကြောင်း ဗြိတိသျှစစ်သင်္ဘော HMS Westminster ရေတပ်ဒု-ဗိုလ်မှူးကြီး Ken Houlberg က ပြောသည်။ အမေရိကန်စစ်သင်္ဘောနှင့် ပြင်သစ်စစ်သင်္ဘောများ မြန်မာရေပိုင်နက်အနီး ရောက်ပြီးမကြာခင် ဗြိတိသျှစစ်သင်္ဘော HMS Westminster ကို မြန်မာနိုင်ငံသွားရန် ဗြိတိသျှဝန်ကြီးချုပ် Gordon Brown က အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ပြင်သစ်စစ်သင်္ဘော Le Mistral က မြန်မာကမ်းရိုးတန်းနှင့် (၁၃) မိုင်ဝေးသည့်နေရာ၌ ရှိနေပြီး USS Essex ခေါင်းဆောင်သည့် အမေရိကန်စစ်င်္ဘော (၃) စီးက မြန်မာကမ်းရိုးတန်းနှင့်
မိုင် (၆၀) အကွာတွင် ရောက်နေသည်။

ဗြိတိန်နိုင်ငံသည် မကြာခင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌရာထူးကို ရယူ တော့မည် ဖြစ်သည့်အလျောက် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌရာထူးကို အသုံးချပြီး မြန်မာစစ်အစိုးရကို နိုင်ငံတကာအကူအညီများ လက်ခံရန် ဖိအားပေးသွားမည်ဟု ဗြိတိသျှဝန်ကြီးချုပ်က ပြောသည်။

Monday, May 19, 2008

မုန်တိုင်းဒဏ်သင့်သည့်မြန်မာပြည်သူများအတွက် အလှူငွေကောက်ခံခြင်းနှင့် ဘာသာပေါင်းစုံဝတ်ပြုဆုတောင်းပွဲပြုလုပ်


တိုကျို၊ မေ(၁၈)
မေလ(၃)ရက်နေ့တွင်တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ကူညီထောက်ပံရန်အတွက် ဂျပန်ရောက် မြန်မာများမှ တိုကျိုမြို့လူစည်ကားရာနေရာဖြစ်သော ရှိဘူယအရပ်တွင်ကောက်ခံကြရာ မြောက်များစွာကောက်ခံရရှိခဲ့ကြပြီး ဂျပန်ရှိကုလသမဂ္ဂရုံးရှေ့တွင် ဆုတောင်းမေတ္တာပို့သပွဲကိုပါ ဆက်လက်ပြုလုပ်ခဲ့ကြသည်။


ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူများဖြစ်ကြသည့် အာဟာရစာစောင် စာပေအသိုင်းအဝိုင်းနှင့် မြန်မာနိုင်ငံသား ဒုက္ခသည်ကူညီစောင့်ရှောက်ရေးအသင်းတို့မှ ရှိဘူယလမ်းဆုံ၊ ရှိဘူယဘူတာအနီးတွင် ကောက်ခံကြခြင်းဖြစ်ပြီး ကောက်ခံရရှိငွေများကို ပြည်တွင်းရှိမုန်းတိုင်းဒဏ်သင့် အဓိကနေရာများသို့ ပေးပို့လှူဒါန်းသွားမည် ဖြစ်ကြောင်းသိရသည်။''ကျနော်တို့ယနေ့နေ့လယ်(၂)နာရီကနေစပြီးကောက်နေတာ ညနေ(၄)နာရီခွဲအထိကိုပေါ့။ စုစုပေါင်း ကျနော်တို့အနေနဲ့ ကောက်ခံရရှိငွေက ယန်း(၃)သိန်းခန့်ရှိနေပါပြီ။ အဲ့ဒီငွေကိုလည်း မုန်တိုင်းရဲ့ အဓိကဒဏ်ခံရရာ ဘိုကလေးမြို့ကို ပေးပို့လှူဒါန်းသွားမှာပါ…''ဟု ယနေ့အလှူငွေကောက်ခံခဲ့သော အာဟာရစာစောင်၏အဖွဲ့သားတဦးမှ ပြောပြသည်။


တဆက်တည်းမှာပင်မြန်မာနိုင်ငံသားဒုက္ခသည်များကူညီစောင့်ရှောက်ရေးအသင်း(ဂျပန်)မှလည်း လေဘေးဒုက္ခသည်များအတွက်ကောက်ခံရရှိငွေစုစုပေါင်းမှာ ယနေ့နှင့်ပါဆိုလျှင် ဂျပန်ယန်း(၆)သိန်းကျော်ခန့် ရှိပြီဖြစ်တယ်လို့ အဆိုပါအဖွဲ့မှ တာဝန်ခံတဦးကဆိုသည်။
ညနေ ၄ နာရီခွဲတွင် ဂျပန်နိုင်ငံရှိကုလသမဂ္ဂရုံးရှေ့၌ ဘာသာပေါင်းစုံမှ ဆုတောင်းမေတ္တာပို့သခြင်းများဆက်လက်ပြုလုပ်ခဲ့ကြရာ မြန်မာ့ဒီမိုကရေစီအရေးလုပ်ဆောင်နေကြသူ ၁၅၀ကျော်ခန့်နှင့် ဂျပန်နိုင်ငံရှိလူမှုရေးအဖွဲ့အစည်းများမှလည်း တက်ရောက်ပူးပေါင်းပါဝင်ခဲ့ကြသည်။ဦးစွာ ဗုဒ္ဓဘာသာအရ ဆရာတော်သံဃာတော်(၂)ပါးမှ ကြွရောက်လာသူများကို ငါးပါးသီလချီးမြှင့်ပြီး ပရိတ်တရားတော်များရွတ်ဖတ်ကာ မေတ္တာပို့ အမျှဝေခြင်းများပါ ပြုလုပ်ခဲ့ကြသည်။ဆက်လက်၍ ခရစ်ယန်ဘာသာမှ ဆရာမMဂျာနန်မှ သေဆုံးသွားသူများအတွက် ဆုတောင်းမေတ္တာပေးပို့၍ အားလုံး(၂)မိနစ်ခန့် ဖယောင်းတိုင်မျာထွန်းညှိကိုင်ဆောင်ကာ ငြိမ်သက်စွာဆုတောင်းမေတ္တာပို့သခဲ့ကြသည်။

မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း နိုင်ငံတကာနှင့် ပြည်ပရောက်မြန်မာများမှ အကူအညီနှင့် လှူဒါန်းမှုများစွာပေးနိုင်ရန်ကြိုးစားနေကြသော်လည်း နအဖစစ်အုပ်စုမှ မုန်တိုင်းဒဏ်ခံပြည်သူများအတွက် ထိရောက်သော ကူညီဆောင်ရွက်မှုမျိုးးကို ယနေ့အချိန်အထိ ပြုလုပ်နိုင်ခြင်းမရှိသေးကြောင်းနှင့် သေဆုံးသူနှင့်ပျောက်ဆုံးသူဦးရေ စုစုပေါင်းမှာ ၁၃၃,ဝဝဝ(တစ်သိန်းသုံးသောင်း)ကျော်ရှိသွားပြီဟု ပြည်တွင်းထုတ်သတင်းစာများတွင် ရေးသားဖော်ပြခဲ့သော်လည်း ယင်းထက် ပိုမိုများပြားဖွယ်သာရှိသည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းကြကြောင်း သတင်းရရှိသည်။

Sunday, May 18, 2008

နိုင်ငံတော်အကြီးအကဲရဲ့ စေတနာနဲ့ ဥာဏ်အမြော်အမြင်ဆိုတာ

ကယ်ဆယ်ရေးသင်္ဘောများ မြစ်ဝကျွန်းပေါ်အနီးကိုရောက်ရှိ


ပြင်သစ် ရေတပ် သင်္ဘောတစီးနဲ့ အမေရိကန် ရေတပ်သင်္ဘော သုံးစီးတို့ဟာ
မြန်မာ့ရေပိုင်နက်အနီး နိုင်ငံတကာရေပြင်မှာ ရောက်ရှိနေကာ မြန်မာနိုင်ငံ
အတွင်းကို ၀င်ရောက်ဖို့ စောင့်နေကြပါတယ်။ ပြင်သစ် ရေတပ်သင်္ဘောဟာ
အဲဒီဒေသကို မေလ ၁၇ ရက်နေ့က ရောက်ရှိလာတာဖြစ်ပြီး အမေရိကန်
သင်္ဘော သုံးစီးကတော့ မေလ ၁၂ ရက်နေ့ကတည်းက ထိုင်းနိုင်ငံမှ ထွက်လာ
ပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်အနီး နိုင်ငံတကာ ရေပိုင်နက်မှာ စခန်းချနေတာ
ဖြစ်ပါတယ်။

အဆိုပါ သင်္ဘောကို ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ ပြောဆိုစဉ်
မြန်မာစစ်အစိုးရ ကုလကိုယ်စားလှယ် ဦးကျော်တင့်ဆွေက ပြင်သစ်တို့ဟာ
စစ်သင်္ဘော စေလွှတ်တယ်လို့ စွတ်စွဲပြောဆိုတဲ့အတွက် ပြင်သစ်နိုင်ငံဆိုင်ရာ
ကုလကိုယ်စားလှယ် Jean-Maurice Ripert (ဂျဲင်း မာရီစ် ရီပါ့ဒ်) က “အခုလို
ပြောတာဟာ မမှန်ကန်ကြောင်း ကျွန်တော် စကားဖြတ်ပြောပြီး ရှင်းပြပါ့မယ်ဆိုပြီး ဒီ သင်္ဘောဟာ စစ်သင်္ဘောမဟုတ်ကြောင်း၊ အစား
အသောက်၊ ဆေးဝါးတွေ တန် ၁၅၀၀ ပါဝင်တဲ့ ကယ်ဆယ်ရေးသင်္ဘော ဖြစ်ကြောင်း၊ အဲဒီသင်္ဘောမှာ မြစ်ဝကျွန်းပေါ်ဒေသကို သွားရောက်
နိုင်တဲ့ လှေငယ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ ဆရာဝန်တွေ ပါဝင်ကြောင်း“ ပြောဆိုခဲ့ပါတယ်။

ပြင်သစ် ရေတပ်သင်္ဘော Le Mistral ဟာ
မြန်မာရေပိုင်နက်နဲ့ ၁၃ မိုင် ကွာဝေးတဲ့ နိုင်ငံတကာရေပြင်မှာ အမေရိကန် ရေတပ်သင်္ဘော သုံးစီးနဲ့အတူ စခန်းချနေတာ ဖြစ်ပါတယ်။
အမေရိကန် ရေတပ်သင်္ဘော USS Essex မှာတော့ ရဟတ်ယာဉ်တွေ၊ ဆက်သွယ်ရေးခက်ခဲတဲ့နေရာတွေကို သွားလာနိုင်တဲ့ ယာဉ်တွေ
ပါဝင်ပြီး USS Essex သင်္ဘောဟာ တနေ့ကို ရေချို ဂါလံ ၅ သောင်း ထုတ်ပေးနိုင်သလို သူနဲ့အတူ ပါတဲ့ USS Harpers Ferry နဲ့ USS
Juneau တို့ဟာ တနေ့ကို ရေချို ဂါလံတသောင်း ထုတ်ပေးနိုင်ပါတယ်။ တကယ်လို့သာ အဲဒီ သင်္ဘောတွေ ဧရာဝတီမြစ်ဝကျွန်းပေါ်က
မြန်မာပြည်သူတွေကို ကူညီနိုင်မယ်ဆိုရင်တော့ ဒုက္ခသည်တွေရဲ့ အခြေအနေ် ချက်ခြင်း လက်ငင်း သိသာသွားနိုင်ပါတယ်။


အခုအခါမှာတော့ ဒုက္ခသည်အချို့ဟာ ရွှံ့ ဗွတ်တွေထဲမှာ မြန်မာစစ်အစိုးရ ဟန်ပြ ဆောက်လုပ်ပေးထားတဲ့ ယာယီတဲများအတွင်းမှာ နေထိုင်
နေရပြီး ဘယ်လို အိပ်စက်ကြမလဲဆိုတာတောင် စဉ်းစားမရနိုင်အောင် ဖြစ်နေပါတယ်။ ရန်ကုန်တိုင်းအတွင်း စာသင်ကျောင်းများမှာ ယာယီ
နေထိုင်နေတဲ့ ဒုက္ခသည်များကို မေ ၂၄ ရက်နေ့ ဆန္ဒခံယူပွဲ ပြုလုပ်ရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်အစိုးရအာဏာပိုင်တွေက နှင်ထုတ်
လိုက်တဲ့အတွက် အဲဒီ ဒုက္ခသည်များဟာ ဘုန်းတော်ကြီးကျောင်းများမှာ ခိုလှုံနေကြရပါတယ်။
ဒုက္ခသည်များ နေထိုင်နေတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ အ၀င်အထွက်ကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေပြီး မိသားစုပုံစံ ၀င်ထွက်
သွားလာတာမျိုးမှအပ သွားလာဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။ အကူအညီပေးမှုတွေကို အစိုးရက ချုပ်ကိုင်ထားတဲ့သဘောမျိုးရှိနေပြီး
သီတဂူဆရာတော်ကြီး လုပ်ဆောင်နေတဲ့ ကယ်ဆယ်ရေးလုပ်ငန်းနဲ့ နာရေး ကူညီမှုအသင်းက လုပ်ကိုင်နေတဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ
ကတော့ လုပ်ကိုင်နိုင်ကြတယ်လို့ သိရပါတယ်။

မြန်မာစစ်အစိုးရဟာ လွန်ခဲ့တဲ့ ကြာသပတေးနေ့ (မေ ၁၅ ရက်နေ့) က နိုင်ငံတကာ
ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ခွင့် ပေးလိုက်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ သွားလာမှုကိုတော့ တင်းတင်းကြပ်ကြပ် စောင့်ကြည့်
နေတယ်လို့ သိရပါတယ်။
မြန်မာစစ်အစိုးရသတင်းစာနဲ့ ရုပ်သံလွှင့် အစီအစဉ်များဟာ မြန်မာ စစ်ဗိုလ်ချုပ်ကြီးများ မုန်တိုင်းဘေး ကာကွယ်ရေးလုပ်ငန်းများ
လုပ်ကိုင်နေပုံများ၊ ကယ်ဆယ်ရေးပစ္စည်းများ တင်ပို့ သယ်ဆောင်နေပုံများကို တွေ့ရပေမယ့် ကယ်ဆယ်ရေးစခန်း အတော်များများမှာ

ဒေသခံများက ကျွေးမွေးနေကြရတယ်လို့ ရန်ကုန်မြို့ခံတဦးက မေလ ၁၇ ရက်နေ့မှာ ပြောပြပါတယ်။ သူကပဲ “စစ်အစိုးရကတော့
ဒုက္ခသည်တွေအတွက် လုပ်မပေးနိုင်သေးဘူး။ ကယ်ဆယ်ရေးပစ္စည်းတွေ ဝေစုခွဲနေတာနဲ့ အလုပ်ရှုပ်နေတယ်။“လို့ ရင်ဖွင့်ပါတယ်။
ရန်ကုန် ဆင်ခြေဖုံးရပ်ကွက်မှာ နေထိုင်တဲ့ စစ်မှုထမ်းဟောင်းတဦးကတော့ “စစ်မှုထမ်းဟောင်းတွေကို သွပ် ရောင်း ပေးတယ်ဆိုလို့ သွားတာ
ဟိုရောက်တော့ သူတို့လူတွေ အချင်းချင်း ရောင်းတာနဲ့ ကုန်နေပြီ။“ လို့ ပြောပြပါတယ်။

ရန်ကုန်မှာ အခုရက်ပိုင်းအတွင်း
ဆန်ဈေးတက်သွားပြီး ကျန် စားသောက်ကုန်ဈေးတွေလည်း တက်နေကြောင်း သိရပါတယ်။ ဒါပေမယ့် ငါးဈေးကတော့ ကျနေတယ်လို့
အိမ်ရှင်မတဦးက ပြောပါတယ်။ ငါးဈေး ကျရခြင်း အကြောင်းကို မေးတဲ့အခါမှတော့ “ငါးထဲက လူ လက်ချောင်းတွေ့တဲ့သတင်း ပြန့်သွားပြီး
ကတည်းက ငါးဈေးတွေ ကျသွားတာ။“ လို့ ပြန် ပြောပြပါတယ်။ ဒါတွေကတော့ ဆင်ခြေဖုံးရပ်ကွက်များက ကြားရတဲ့ သတင်းများ
ဖြစ်ပါတယ်။
အငှားကား မောင်းသူတဦးက “မနှစ်က စက်တင်ဘာ အရေးအခင်းဖြစ်ပြီးတော့ စီးပွားရေးက ပျက်သွားတော့ အလုပ်အကိုင် မကောင်း
တော့ဘူး။ အခု နည်းနည်း ပြန်ကောင်းမယ်ရှိသေးတယ်၊ မုန်တိုင်းကိစ္စ ဖြစ်တော့ တော်ရုံတန်ရုံလူက အငှားကား မစီးတော့ဘူး။ ကားစီးနိုင်တဲ့
လူတန်းစားကတော့ သုံးနိုင် ဖြုံးနေနိုင်တုန်းပါပဲ။ အခုက လူလတ်တန်းစားနဲ့ အခြေခံလူတန်းစားကို သွားပြီးတော့ ထိခိုက်တာ။ ရုံးတွေ
အလုပ်တွေဆိုရင်လည်း အလုပ် ဖြစ်ရုံလေး လုပ်နေကြတာ။ လူတွေက ရှေ့ဆက် ဘာဖြစ်လာမလဲဆိုတာကို ဘယ်သူမှ မတွေးရဲကြဘူး။
လက်ထဲမှာ ရှိတာလေးတွေ ကုန်သွားရင် ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မတွေးရဲကြဘူး။“ လို့ လက်ရှိအခြေအနေကို ရှင်းပြပါတယ်။


ရန်ကုန်မြို့က အချို့ရပ်ကွက်တွေမှာ ရေ မီး အဆင်ပြေနေပြီဖြစ်ကြောင်း သိရပါတယ်။
မြန်မာစစ်အစိုးရကတော့ သံတမန်တွေနဲ့ အကူအညီပေးရေးလုပ်သားများအား မုန်တိုင်းဒဏ်သင့်ဒေသများဆီကို အဖွဲ့ ၃ ဖွဲ့ခွဲပြီး စနေနေ့ (မေ
၁၇ ရက်နေ့) က လိုက်ပြပါတယ်။ အခု လိုက်လံပြသတဲ့နေရာများဟာ နိုင်ငံခြားသားများနဲ့ အကူအညီပေးရေးလုပ်သားများ သွားလာခွင့်
ကန့်သတ်ထားတဲ့ဒေသများ ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရ အခုလို လိုက်လံပြသတာနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်ရဲ့
မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ Chris Kaye (ခရစ်စ် ကေး) က “သူတို့ လိုက်ပြတဲ့နေရာတွေကတော့ ကြည့်ရတာ ကောင်းနေတာပဲ။ ဒါပေမယ့်
သူတို့က နေရာအကုန် အဖြစ်အပျက်အကုန်ကို လိုက်ပြတာ မဟုတ်ဘူး။“ လို့ မီဒီယာတွေကို ပြောပါတယ်။
အမေရိကန် သမတ ဂျော့ရှ်ဘုရှ်ကတော့ မြန်မာစစ်အစိုးရအား စီးပွားရေးပိတ်ဆို့မှုကို နောက်တနှစ် ထပ်မံ သက်တမ်းတိုးလိုက်ပါတယ်။
ဒါပေမယ့် အခုလို စီးပွားရေး ပိတ်ဆို့မှု သက်တမ်းတိုးခြင်းဟာ မုန်တိုင်းဘေးဒုက္ခနဲ့ ပတ်သက်ပြီး အကူအညီပေးနေတာတွေနဲ့ သက်ဆိုင်မှု
မရှိကြောင်း သိရပါတယ်။

အမေရိကန်တွေမှာ မကြာခင်ရက်များအတွင်းကပဲ မြန်မာနိုင်ငံကို ငွေ လွှဲပြောင်းပေးပို့တဲ့ ကိစ္စနဲ့ ပတ်သက်တဲ့
စည်းမျဉ်းအချို့ကို ပြောင်းလဲခဲ့ပါသေးတယ်။ သူတို့ ပြောင်းလဲလိုက်တဲ့ ဥပဒေအရ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး အကူအညီပေးငွေ
များကို မြန်မာနိုင်ငံဆီ လွှဲပြောင်းပေးနိုင်မှာ ဖြစ်ပါတယ်။ အဲဒီ အချက်ကို ပြောင်းလဲလိုက်ပေမယ့် စီးပွားရေးပိတ်ဆို့မှုနဲ့ တင်းကြပ်မှုတွေ
ကတော့ မူလအတိုင်းပဲ ရှိပါတယ်။
အမေရိကန် အောက်လွှတ်တော် အမတ် ၄၃ ဦးက သမတဘုရှ်ဆီကို စာရေးပြီး ပြင်သစ်၊ ဗြိတိန်၊ ဂျာမဏီ၊ ဒိန်းမတ်နဲ့ အခြားနိုင်ငံတွေရဲ့
ထောက်ခံမှုနဲ့အတူ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို ၀င်ရောက်ကာ အရေးတကြီးလိုအပ်နေတဲ့ လူ့အသက် ကယ်ဆယ်ရေး လူသားချင်း
စာနာမှုအကူညီကို ပြုလုပ်ရန် အထူး စဉ်းစားပေးစေလိုကြောင်း မေ ၁၆ ရက် (သောကြာနေ့) က တောင်းဆိုလိုက်ပါတယ်။


နိုဘယ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန် တူးတုးကလည်း အမေရိကန် သမတ ဘုရှ်၊ ပြင်သစ် သမတ နီကိုလတ်စ် ဆာကိုဇီ (Nicolsa
Sarkozy) နဲ့ ဗြိတိန် ၀န်ကြီးချုပ် ဂေါ်ဒန် ဘရောင်း (Gordon Brown) တို့ဆီ စာရေးပြီး မြန်မာစစ်အစိုးရ ကန့်ကွက်ပေမယ့် ကုလ လုံခြုံရေး
ကောင်စီရဲ့ အာဏာကို သုံးပြီး မြန်မာနိုင်ငံထဲ ၀င်ရောက်ကာ ချက်ချင်း အကူအညီပေးဖို့ တောင်းဆိုထားပါတယ်။
နိုင်ငံခြား ကယ်ဆယ်ရေးသင်္ဘောတွေ မြန်မာ့ပင်လယ်ပြင်အနီး ရောက်နေတာကို ပြည်တွင်းနေပြည်သူများက စိတ်ဝင်တစား စောင့်စားနေပြီး
ပြည်ပနေ မြန်မာပြည်သူများကတော့ စစ်အစိုးရ သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူများကို
နိုင်ငံတကာက အကူအညီ ပေးသင့်ကြောင်း ကျယ်ကျယ်လောင်လောင် ဝေဖန် ပြောဆိုနေကြပါတယ်။

သတင်း။ ။ ဘားမား တူဒေး

လေဘေးဒုက္ခသည်များ ဆန္ဒခံယူပွဲအတွက် နေရာဖယ်ပေးရ

နန်းဒေဝီ
ကြာသပတေးနေ့၊ မေလ 15 2008 18:05 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ ရန်ကုန်မြို့ဆင်ခြေဖုံးမှ ဆိုင်ကလုံးမုန်တိုင်း ဒုက္ခသည်များ သူတို့ခိုလှုံနေသော ယာယီစခန်းများမှ မေလ ၂၄ ရက်နေ့တွင် ကျင်းပမည့် ဆန္ဒခံယူပွဲအတွက် ဖယ်ရှားပေးရန် နှင်ထုတ်ခံနေရသည်။

မုန်တိုင်းကြောင့် သူတို့၏နေအိမ်များ ပျက်စီးသွားသဖြင့် ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် စံရိပ်ငြိမ်ရပ်ကွက် မှ လေဘေး ဒုက္ခသည် ၅၇ ဦးသည် ရပ်ကွက်တွင်းရှိ ဓမ္မာရုံတွင် ခိုလှုံနေထိုင်ကြရသည်။ ဤဓမ္မာရုံကိုသာမန်အားဖြင့် ဘာသာရေး အခမ်းအနားများနှင့် မင်္ဂလာဆောင်ကဲ့သို့သော လူမှုရေးအခမ်းအနားများအတွက် အသုံးပြုသည်။

ဆိုင်ကလုံမုန်တိုင်း တိုက်ခတ်ခဲ့၍ မုန်တိုင်းဒဏ်ခံခဲ့ရရာ ဒေသများတွင် ဖွဲ့စည်းပုံညီလာခံ အတည်ပြုရေး ဆန္ဒခံယူပွဲကို ရက်ရွှေ့ဆိုင်းထားခဲ့သည်။ ယခုအခါ အဆိုပါဆန္ဒခံယူပွဲမတိုင်ခင် ၄ ရက်အလိုတွင် အဆိုပါယာယီခိုလှုံရာနေရာများမှ ထွက်ခွါပေးရမည်ဟု လေဘေးဒုက္ခသည်များကို နှင်ထုတ်နေခြင်း ဖြစ်သည်။


"သူတို့ကဒုက္ခသည်တွေ ခုနေတဲ့နေရာကို မဲရုံအဖြစ်သုံးမှာဆိုတော့ ဖယ်ခိုင်းနေတာ၊ မေလ (၂ဝ) ရက်နောက်ဆုံးထားပြီး ထွက်ပေးရမယ်တဲ့" ဟု ဒုက္ခသည်များကို ကူညီစောင့်ရှောက်ပေးနေသည့် သူတဦးက ပြောပါသည်။

လွန်ခဲ့သော ၅ ရက်က ဒုက္ခသည်များထံ စေတနာရှင်များ လှူဒါန်းထားသောအစားအစာများ ယူလာရင်း ယခုကဲ့သို့ နေရာဖယ်ပေးရန် လေဘေးဒုက္ခသည် အိုးမဲ့အိမ်မဲ့များကိုပြောသွားခဲ့ခြင်း ဖြစ်သည်။ "ဒါပေမဲ့ သူတို့က ဘယ်နေရာကို ပြောင်းရမယ်လို့ ပြောမသွားဘူး။ ဆန္ဒခံယူပွဲလုပ်ဘို့ ရက်ကလိုသေးတော့ ကျနော်တို့လဲ နောက်ထပ်ရက်နည်းနည်းတော့ ဆက်စောင့်ရဦးမှာဘဲ" ဟု အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြောဆိုသွားပါသည်။

နာဂစ် ဆိုင်ကလုံးမုန်တိုင်းကြောင့် အပျက်အစီးများ နေရာအနှံ့ဖြစ်ပေါ်ခဲ့သော်လည်း မြို့နယ်နှင့်ရပ်ကွက် အာဏာပိုင်များ၊ စစ်အစိုးရ ကျောထောက်နောက်ခံ ပြုထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDA) တို့မှ အဖွဲ့ဝင်များသည် တောင်ဒဂုံမြို့နယ်အတွင်း နေထိုင်သူအချို့ထံမှ 'ကြိုတင်မဲ' များ လိုက်လံတောင်းခံလျက် ရှိသည်။ ထိုသို့ ကြိုတင်မဲတောင်းခံခြင်းကို မုန်တိုင်းဝင်အပြီး နောက်တရက်တွင် လိုက်လံကောက်ယူခဲ့ခြင်း ဖြစ်သည်။

ထိုသို့ အိမ်တိုင်ယာရောက် ကြိုတင်မဲကောက်ခံခြင်းကို မူလက သက်ကြီးရွယ်အိုများ၊ ဆန္ဒခံယူပွဲနေ့တွင် ခရီးထွက်ရန်ရှိသူများ အဆင်ပြေစေရန် အတွက်သာ ရည်ရွယ်ထားရှိခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုအခါ လူတိုင်းကို ဆန္ဒခံယူပွဲနေ့ မတိုင်ခင်ကတည်းက ထိုသို့ ဆန္ဒမဲများ ကြိုတင်ထည့်ခိုင်းနေခြင်းဖြစ်သည်ဟု ရပ်ကွက်သူရပ်ကွက်သားများက ပြောပြကြသည်။

မဲဆန္ဒပေးခွင့်ရှိသူများအနေဖြင့် ထောက်ခံ ကန့်ကွက် မိမိနှစ်သက်သလို ထည့်ခွင့်ရှိရမည် ဖြစ်သော်လည်း ယခုအခါ ရွေးချယ်ခွင့်မရှိတော့ဘဲ 'ထောက်ခံ' မဲသာ ထည့်ကြရသည်ဟု ဆိုသည်။ "ဆန္ဒမဲက လျှို့ဝှက် မဟုတ်တော့ဘူးဗျ။ အာဏာပိုင်တွေလက်ထဲကို တခါထဲပြောင်းထည့်လိုက်ရတာ" ဟု ဒဂုံမြို့နယ်ဒေသခံများက ဆိုကြပါသည်။

ကြံ့ဖွံ့ (USDA) အဖွဲ့ဝင်များ ဖြစ်ကြသော စောနိုင်၊ တင်မောင်သန်း၊ ညီကျော်၊ မြင့်သန်း နှင့် အောင်မြင့်ဌေး တို့က ထိုကဲ့သို့ ကြိုတင်ဆန္ဒမဲများ လိုက်လံကောက်ခံလျက်ရှိကြသည်ဟု ဒေသခံများက ဆိုကြပါသည်။

"အာဏာပိုင်တွေက သူတို့အာဏာမြဲဘို့ဘဲ စဉ်းစားနေတာ။ ဆိုင်ကလုံမုန်တိုင်းကြောင့် စိတ်ထောင်းကိုယ်ကြေ ဖြစ်နေတဲ့လူထုကိုကူဘို့ မစဉ်းစားဘူး" ဟု ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်မှ ဒေသခံတဦးက ပြောသွားပါသည်။

ရန်ကုန်မြို့ခံ အများအပြားသည် စစ်အစိုးရ၏ဦးစားပေး ဆောင်ရွက်မှုလုပ်ငန်းများနှင့် ပတ်သက်ပြီး မချင့်မရဲ မသက်မသာ ဖြစ်ကြရသည်။ "ကျနော်သူတို့ကို ထောက်ခံတဲ့မဲ မထည့်ဘူးဗျ။ ကိုယ့်အိမ်မှာ စားစရာမရှိတဲ့အချိန် သူတို့ကို မထောက်ခံနိုင်ပါဘူးဗျာ" ဟု အဆိုပါ စမ်းချောင်းဒေသခံတဦးက ပြောဆိုသွားပါသည်။

နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၃၄၂၇၃ သေ၍ ၁၄ဝ၃ ဒဏ်ရာရကာ ၂၇၈၃၈ ပျောက်ဆုံးနေကြောင်းဖြင့် စစ်အစိုးရပိုင် မြန်မာ့အလင်း သတင်းစာက ရေးသားဖေါ်ပြသည်။ သို့သော် အကူအညီပေးရေးလုပ်သားများနှင့် ကုလအေဂျင်စီများကမူ မေလ ၂ ရက်နှင့် ၃ ရက်နေ့တို့က တိုက်ခတ်ခဲ့သော ဆိုင်ကလုံးမုန်တိုင်းကြောင့် သေဆုံးသူ ၁ သိန်းကျော် ရှိနိုင်သည်ဟု ခန့်မှန်းပြောဆိုနေကြသည်။

စစ်အစိုးရကမူ မေလ (၁ဝ) ရက်နေ့တွင်ကျင်းပရန် စီစဉ်ထားခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေးဆိုင်ရာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို မူလအစီအစဉ်အတိုင်း ကျင်းပခဲ့သည်။ မုန်တိုင်းဒဏ် အဆိုးဝါးဆုံးခံခဲ့ရသည့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်တိုင်းအတွင်း ၄၇ မြို့နယ်တွင်သာ ဆန္ဒခံယူပွဲကို ရွှေ့ဆိုင်းပေးခဲ့သည်။

ဝေဖန်သူများက အဆိုပါဖွဲ့စည်းပုံသည် စစ်အစိုးရ သက်ဆိုးရှည်ရေးအတွက်သာ ဖြစ်သည်ဟု ပြောဆိုဝေဘန်နေကြ ပြီး၊ စစ်အစိုးရကမူ ဤဆန္ဒခံယူပွဲသည် 'စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်' သို့ ကူးပြောင်းရေးအတွက် အစိတ်အပိုင်းတရပ်ဖြစ်သည်ဟု ပြောဆိုနေသည်။

လေဘေးဒုက္ခသည်များ၏ ဖွင့်ဟပြောပြချက်များ

Saturday, May 17, 2008

ကြိမ်မီးအုံး ပြည်သူများနှင့် အသိဉာဏ် သေးနုတ်လွန်းသည့် စစ်ခေါင်းဆောင်များကြောင့် မြန်မာပြည်သူများ ထပ်မံနစ်နာကြရဦးမည်။



နာ ဂစ် ဆိုက်ကလုန်းမုန်တိုင်းအပြီးတွင်မှ စစ်အစိုးရ၏ ညံ့ဖျင်းချက်နှင့် သဘောထား သေးသိမ်မှု၊ အာဏာရူးမှုတို့ကို လူ အများ ပို၍ ထင်ထင်ရှားရှား သိလာကြရသည်။ မုန်တိုင်းတိုက်ခတ် ဖျက်ဆီးခံလိုက်ရပြီးနောက် ဖြစ်ပျက်နေသည့် အခြေ အနေ သတင်းများ ကို မြင်နေကြားနေရသည်မှာ ရင်နှင့်မမျှ၊ တခါတရံ မြန်မာပြည်သူတို့အဖို့ ကြေကွဲခံစားရဖန် များလွန်း၍ နောက်ထပ် ခံစားစရာ ရင်ပြင်၊ ကျစရာ မျက်ရည် ကျန်ပါဦးမည်လားဟုတောင် တွေးမိပါသည်။ ယခုအခြေအနေက ကြိမ်မီးအုံးဟု မြန်မာပြည်သူများ တင်စားပြောဆိုလေ့ရှိသည့် တမြေ့မြေ့ကြေကွဲစရာ အဖြစ်ဆိုးမျိုးဖြစ်သည်။ မုန်တိုင်း ဒဏ်ခံရသည့် ပြည်သူများကို စစ်အစိုးရက ဆက်၍ ဖိထောင်းနေသည်။ ဖြတ် ၄ ဖြတ်မဟုတ်။ ဖြတ် ၅ ဖြတ်ဟု ဆိုရတော့ မည် ထင်သည်။ မြန်မာစစ်အစိုးရက ပြည်သူတို့ကို ရန်သူသဖွယ် သဘောထားကာ ယခု နိုင်ငံတကာက အကူအညီပေး မည် ဆိုသည်ကိုပင် ဖြတ်တောက်နေသည်။

စစ်အစိုးရက ပေးမည့်အကူအညီများ၊ ငွေများသာ သူ့ထံအပ်ပါ။ သူ့တွင် လုပ်ဆောင်နိုင်သော ပညာရှင်၊ အင်အား အရင်း အမြစ် ရှိသည်ဟု ဆိုနေသည်။ နိုင်ငံတကာ အလှူရှင်များက ဆုပ်စူး၊ စားရူးအခြေအနေ။ စစ်အစိုးရက အေးဓါးပြတိုက်နေသည်။ ကပ်ဘေးဒဏ်သင့် ပြည်သူများကို အကြောင်းပြ၍ လှူဖွယ်ပစ္စည်းများကို လက်ဝါးကြီးအုပ် ထိန်းချုပ်ရန်၊ အာဏာ တည်ဆောက် ရန် ကြိုးပမ်းနေသေးသည်။ နိုင်ငံတကာရှိ လူသားချင်းစာနာထောက်ထားသည့် အကူအညီပေးအပ်သည့် အဖွဲ့အစည်းများက ဤသို့ ပေးလိုက်ရိုးထုံးစံ မရှိပါ။ သူတို့တွင် လိုက်နာစောင့်ထိန်းရမည့် စည်းမျဉ်းများ ရှိသလို၊ စစ်အစိုးရ ကဲ့သို့ မျက်နှာလွှဲ ခဲပစ် လုပ်တတ်သူများ မဟုတ်ကြပါ။ ထိုမျှမက မြန်မာစစ်အစိုးရက မစွမ်းဆောင်နိုင်သည့် ယာဉ်၊ ပစ္စည်း၊ ကရိယာ၊ ကျွမ်းကျင်မှု၊ အရင်းအမြစ်ပေါင်းစုံ နိုင်ငံတကာ မိသားစုများတွင် ရှိနေကြပါသည်။ ဤသို့သော အကူအညီများကို ပစ်ပယ်၍ ငါတကောကော နေသည်မှာ စက်ဆုပ်ဖွယ်ပင် ဖြစ်ပါတော့သည်။

နာဂစ်မုန်တိုင်းပြီးနောက်မှ မြန်မာ့ရုပ်မြင်သံကြား ထုတ်လွှင့်ချက်များကို စူးစိုက် ကြည့်ဖြစ်သည်။ အထူးသဖြင့် မုန်တိုင်းဒဏ် အခြေအနေနှင့် ပတ်သက်၍ သတင်းများ သိလိုသောကြောင့် ဖြစ်သည်။ သတင်းများကြည့်ဖြစ်လေ၊ ဒေါသ ဖြစ်လေဖြစ်နေ ရသည်။ စစ်အစိုးရ သတင်းမီဒီယာများ ထုတ်လွှင့်နေသည်က မိမိသိလိုသည့် အချက်များ တခုမျှ မပါဝင်ပါ။ လွန်ခဲ့သည့် ၂- ရက် ခန့်က အမျိုးသား သဘာဝဘေးကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ အစည်းအဝေးလုပ်သည်ကို ပြသည်။ ဤ ကော်မီတီ က ဖွဲ့ထားသည်မှာ ၂၀၀၅ ခုနှစ်ကတည်းက ဖြစ်သည်။ ၀န်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန်ကိုယ်တိုင် ဥက္ကဋ္ဌ လုပ်ပြီး၊ ကျန်ဝန်ကြီးများ၊ ရန်ကုန်၊ မန္တလေးမြို့တော်ဝန်များ အပါအ၀င် ကော်မတီဝင်ပေါင်း ၃၀ ခန့်ပါသည်။ စာရွက်ပေါ်တွင် ရပ်ကွက်/ ကျေးရွာများ အထိ ကော်မတီအဆင့်ဆင့် ရှိသည်ဟု ဆိုသည်။ သင်တန်းများလည်း အကြိမ်ကြိမ်၊ အဆင့်ဆင့် တွင် ပေးပြီးဟုဆိုသည်။ လက်တွေ့တွင် မည်မျှထိရောက်သည်ကို ပြည်သူများ အားလုံး အသိပင် ဖြစ်သည်။ လွန်ခဲ့သည့် ၂- ရက်ခန့်က ကျင်းပသည့် အစည်းအဝေးတွင်လည်း မိမိသိလိုသည့် သတင်းအချက်အလက်များကို သူတို့ မဖော်ပြခဲ့ကြ ပါ။ လူမည်မျှ သေဆုံး၊ ဒဏ်ရာရ၊ ပျောက်ဆုံးဟု ထပ်မံ အသစ်ခန့်မှန်းပါသနည်း။ မဖော်ပြခဲ့ပါ။ အိုးအိမ်မဲ့ ပျက်စီးဆုံးရှုံးရသူ များ မည်မျှ ရှိသနည်း။ ဤအချက်ကို လည်း သတင်းတွင် မထုတ်ပြန်ပါ။ ထို့အပြင် ယာယီဒုက္ခသည်စခန်း မည်မျှ ရှိသနည်း။ ထိုစခန်းများတွင် ခိုလှုံနေထိုင်ကြသူ မည်မျှ ရှိသနည်း။ ဤအချက်များကိုလည်း မတွေ့ခဲ့ရပါ။ တွေ့ရသည်က ရုပ်မြင်သံကြား အောက်ခြေတွင် ပြေးနေသည့် ကောလာဟလများကို မယုံကြည်ကြရန်၊ ယခု အစိုးရသတင်းထုတ်လွှင့်ချက်များကို ယုံကြည်ကြရန်ဟူသည့် စာတမ်း ဖြစ်သည်။

ထို့အပြင် မြင်ကြားနေရသည်က ၀န်ကြီးများ တန်းစီထွက်၍ ဟန်ရေးပြနေပုံ ဖြစ်သည်။ ဒုက္ခရောက်သူများကို ဆက်ဆံနေ သည် မှာ လည်း လူသားမဆန်လှပါ။ ဒုက္ခသည်ဆန် ရဖို့အရေး ပြန်ကြားရေးဝန်ကြီးဆိုသူ ကျော်ဆန်းက ဟန်ပါပါ မိန့်ခွန်း ပေးနေ သည်ကို နားထောင်နေကြရသည်။ ကြုံ့ကြုံ့လေးထိုင်ပြီး ကျေးဇူးတော် တင်ကြရသေးသည်။ ဤအရေးကို အမျိုး သားအရေး သဘောထားကူညီရန်နှင့် ကူညီလိုသူများက ဒေသအသီးသီးရှိ ကြံ့ဖွံ့ရုံးများသို့ လှူဒါန်းကြရန် ဆိုလာသည်။ အလှူခံပုံက သင်းသည်။ ဤအဖွဲ့ကို လူမုန်းနေသ၍ ဤနည်းဖြင့်ဆိုလျှင် အလှူငွေ မည်မျှ ထက်သန်စွာလှူကြမည်ကို တွက်ဆနိုင်ပါသည်။ ၀န်ကြီးချုပ်ဆိုသူ ဗိုလ်ချုပ်သိန်းစိန်ကလည်း အလုပ်မဟုတ်သည်များကို လုပ်သည်။ ရေဘေး၊ လေဘေးသင့် ပြည်သူများကို လှည့်လည် ကြည့်ရှုအားပေးသည်မှာ သင့်သောကိစ္စဖြစ်သည်။ ပုသိမ်ရှိ စစ်ဌာနချုပ်သို့ ကိုယ်တိုင် သွားထိုင်၍ အမျိုးသား သဘာဝဘေးကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ ကိုယ်စား ကြီးကြပ်နေသည်။ ထားပါတော့။ သို့သော်လည်း ရဟတ် ယာဉ်ပေါ် ပစ္စည်းထမ်းတင်သည့် အထိ လုပ်နေသည်ကို ရုပ်မြင်သံကြားတွင် ပြနေ သည်။ ဤသည်မှာ သူလုပ်ရမည့် အလုပ် မဟုတ်တော့ပါ။ ထို့အပြင် ခေါက်ဆွဲခြောက်၊ ရေဗူးအချို့၊ ငွေကြေးအချို့ ထောက်ပံ့ ပေးရုံဖြင့် ဖူလုံပြီဆိုသော ပြသမှုမျိုး လုပ်နေသည်မှာ ပို၍ မသိသား ဆိုးရွားနိုင်နေပါတော့သည်။ အမှန်တကယ်တွင် ရေရှည် တည်တံ့သည့် ပြန်လည်ထူထောင်ရေး (sustainable recovery) သဘောသဘာဝကိုလည်း မြန်မာစစ်ဗိုလ်ချုပ် များက သိရှိထားဟန် မတူပါ။

ဤအခြေအနေတွင် စစ်အစိုးရက လူသားချင်းစာနာမှု အကူအညီဆိုသော ကိစ္စနှင့် ပတ်သက်၍ နားလည်သဘောပေါက် ခြင်း မရှိပုံ၊ နိုင်ငံတကာ အကူအညီနှင့် ပတ်သက်၍ ပို၍ သဘောပေါက် နားလည်မှု မရှိပုံ ထင်ရှားလာပါတော့သည်။ ပညာရှင်များက ဖော်ပြထားကြရာတွင် သဘာဝကပ်ဘေးဒုက္ခဆိုသည်မှာ လူသားနှင့် သဘာဝပတ်ဝန်းကျင်အကြား ဆက်စပ်နေမှု၊ သဟဇာတ ဖြစ်မှု ကျိုးပျက်စီးသွားခြင်း ဖြစ်သည်။ သို့အတွက်ကြောင့်လည်း ဒေသခံပြည်သူများ ပြန်လည် ထူထောင်ရေးအတွက် ပိုမိုကြီး လေးသည့် ကူညီပံ့ပိုးမှုများ လိုအပ်လာပါသည်။ ဤအခြေအနေကို ယာယီ အရေးပေါ် အကူ အညီဖြင့် ဖြေရှင်းပေးရုံမျှဖြင့် မရ တော့ပါ။ ဒေသဆိုင်ရာရှိ လူထုများ၏ ရှင်သန်ရပ်တည်ရေး စွမ်းအင် (Local coping capacity) များလည်း ကျဆင်းသွားပြီ ဖြစ်ရာ၊ ပို၍ အားစိုက် ပံ့ပိုးရန် လိုနေပါတော့သည်။ ဆိုလိုသည်မှာ သဘာဝကပ်ဘေး များကြောင့် လူများသေဆုံးမှု များလာ သည်။ မိသားစုများ ပြိုကွဲကြရသည်။ အိုးအိမ်၊ ပိုင်ဆိုင်မှုများ ဆုံးရှုံးရသည်။ မြန်မာ ပြည်၏ စပါးကျီဟု ခေါ်ဆိုနေသော ဧရာဝတီတိုင်းတွင် ဆိုပါစို့။ ဤမုန်တိုင်း ပြီးပြီးချင်း လူအများသေဆုံးရပြီ ဖြစ်ရာ လုပ်အားရှင် အများအပြား ဆုံးရှုံးသွားပါသည်။ ထို့အပြင် ပြန်လည်ရှင်သန်ရန်အတွက် လယ်မြေများလည်း ဆားငံရေ၀င် ပျက်စီးရပြန်သည်။ နိုင်ငံတကာ ကျွမ်းကျင်သူများ ခန့်မှန်းချက်အရ နောက်ထပ် စိုက်ရာသီ ၂- ခု၊ ၃- ခုတိုင် ဤလယ်များ ပြန်စိုက်ရ ရဖွယ် မရှိပါ။ ကျွဲ-နွားများ ဆုံးရှုံးရသည်။ ၀မ်းစာစပါး၊ မျိုးစပါး များ ဆုံးရှုံးရသည်။ ထို့အပြင် သဘာဝပတ်ဝန်း ကျင် ပျက်စီးသွားမှုကို မူလအတိုင်း မည်သည့်အချိန်တွင် ပြန်ဖြစ်လာမည်ကို တွက်ဆ၍ပင် မရနိုင်တော့ပါ။ ဤအခြေအနေ တွင် ဤလူထုများအတွက် ပြန်လည်ထူထောင်ရေး ဆိုသည် မှာ ကြီးလေးသည့် ကိစ္စ ဖြစ်ပါသည်။ အရင်းအမြစ်၊ ကျွမ်းကျင် မှု များစွာ လိုပါသည်။

ထိုမျှမကပါ။ သဘာဝဘေးဒဏ် ခံလိုက်ရသည့် ဒေသများသည် ချက်ချင်း ဆင်းရဲသွားကြပါသည်။ လက်ငင်းတွင်ပင် လုယက်မှု များ၊ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်နိုင်ပါသေးသည်။ ရရှိသည့် အကူအညီများ ထိန်းချုပ်နိုင်ရေးအတွက်လည်း ပဋိပက္ခများ ပိုမို ပြင်းထန်လာတတ်ပါသည်။ ထို့အပြင် ဤပြည်သူများ၏ ၀ယ်နိုင်အား (Purchasing power) လည်း ကျဆင်းသွားသောကြောင့် ဈေးကွက်များလည်း ပျက်စီးရပါသည်။ ထိုမျှမက အခြား အချက်များလည်း လိုက်လာပါ လိမ့်ဦးမည်။ လူများက အလုပ်အကိုင် မရှိတော့သည့် နေရာ၊ အရပ်မှ ပြောင်းရွှေ့မှုများ ပိုမို များပြားလာမည်။ လူကုန်ကူး ရောင်းချမှုများ၊ လူသားချင်း ရောင်းစား၍ အမြတ်ထုတ်မှုများလည်း ဖြစ်ပေါ်လာနိုင်သေးသည်။ ဤအနေအထားမျိုးတွင် နစ်နာဖွယ် အရှိဆုံးသူများမှာ အမျိုးသမီးများနှင့် ကလေးများ ဖြစ်ပါသည်။ အမျိုးသမီးများမှာ အိမ်ထောင်ရပ်တည်ရေး အတွက် အဓိကရုန်းကန်ရသူများ ဖြစ်သောကြောင့် ကပ်ဘေးဒုက္ခနှင့် အမျိုးသမီး အခွင့်အရေးဆိုင်ရာ လေ့လာချက်၊ ဆွေးနွေးချက်များလည်း များစွာ ရှိနေပါသည်။ ဤအနေ အထားမျိုးတွင် အမျိုးသမီးများကို အခွင့်အရေးမြှင့်တင်ပေးရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ မဖြစ်ပေါ်ရ လေ အောင် စောင့်ရှောက်ကာကွယ်ပေးရမည့် ကိစ္စများလည်း ရှိနေပါ သေးသည်။

ဖြစ်တတ်သည့် အတွေ့အကြုံတခုမှာ လူအများ သဘာဝကပ်ဘေးကြီးများ သင့်ကြရပြီးနောက် စိတ်ကျန်းမာရေးနှင့် ကိုယ် ကျန်းမာရေး ပြဿနာများ ကြုံတွေ့ကြရခြင်းပင် ဖြစ်ပါသည်။ လေ့လာနေသူများအဆိုအရ ဆူနာမီ လှိုင်းကြီး ဤသို့ ကပ်ဘေးဒုက္ခကြီးများ ကြုံခဲ့ရ၊ မိသားစုဝင်များ သေကွဲ၊ ရှင်ကွဲ ကွဲကြရသူများအဖို့ စိတ်ဒဏ်ရာများ ရရှိနိုင်ပြီး၊ နှစ်သိမ့်ဆွေးနွေး အကြံပေးမှုများ (counselling) လိုအပ်လာ ခြင်း ဖြစ်သည်။ ထို့အပြင် အခြားလူထုကျန်းမာရေး ပြဿနာများ ရှိပါသေးသည်။ စစ်အစိုးရက ဤမျှ စဉ်းစားထားပုံ မပေါ်ပါ။ ရိုက်ခတ်ခံရ ပြီးနောက် ၎င်းဒေသများတွင် စိတ်ပိုင်းဆိုင်ရာအရ အနည်းနှင့် အများဆိုသလို အနာတရ၊ စိတ်ဒဏ်ရာရ ခဲ့ကြပါသည်။ ဤ စိတ်ဒဏ်ရာများ၏ မျိုးဆက်အလိုက် ကူးစက်၍ ရေရှည်သက်ရောက်နိုင်ပုံများကိုပင် လေ့လာဆန်းစစ်နေကြပါသည်။ အဖြေ အတိအကျ မရှိကြသေးပါ။ သို့သော်လည်း သေချာသည်ကတော့

ဤသို့သော ဖက်စုံအရေးများကို ဆောင်ရွက်ရန် ရန်ပုံငွေ အများအပြားလိုပါသည်။ ၀င်ရောက်ကူညီဆောင်ရွက်ပေးမှုနှင့် သင့်လျော်သော ဆုံးဖြတ်ချက်များ ပြုနိုင်ရန် အချက်အလက်များ၊ ဒေတာများ လိုပါသည်။ ထို့နောက်တွင်မှ လက်ငင်းအကူ အညီများနှင့် ရေရှည် အကူအညီများကို တွက်ချက်နိုင်ကြမည် ဖြစ်သည်။ (immediate and long-term effective aid) ဤသို့သောလုပ်ငန်းများ အားလုံးကို အစိုးရကသာ ဦးဆောင်၍ အကုန်လုံး ဆောင်ရွက်နိုင်မည် မဟုတ်သည်မှာ သေချာ ပါသည်။ လိုအပ်နေသည့် အရင်းအမြစ်များ မရှိသလို၊ လူသား အရင်းအမြစ်၊ ကျွမ်းကျင်မှုများလည်း ရှိမနေပါ။

စစ်အစိုးရက အိမ်နီးချင်းနိုင်ငံများမှ လေယာဉ် ၄-၅ စီးမျှနှင့် အကူအညီများ ရောက်လာသည်ကို ဂုဏ်ယူဖော်ပြနေသည်။ သူတို့ မိတ်ဆွေကောင်းရထားဟန် ပြုနေသည်။ ထိုပစ္စည်းများကို ထိထိရောက်ရောက်ဖြန့်ပေးမည် ဆိုသော်လည်း၊ မိမိ တွေ့ရ သလောက် ရဟတ်ယာဉ် ၇ စီးခန့်သာ ပျံဝဲ ပစ္စည်း သယ်ပို့နေကြသည်။ ၀န်ကြီးချုပ်ဆိုသူ ဗိုလ်ချုပ်သိန်းစိန် ကိုယ် တိုင်က သူ့အလုပ်မဟုတ်။ ရဟတ်ယာဉ်အပေါ် ပစ္စည်း ထမ်းတင်နေပြန်သည်။ မြန်မာစစ်အစိုးရ အမြင်တိုပုံကို ကြည့်၍ မိမိ ဒေါသ ဖြစ်နေရသည်။

ယခုအချိန်တိုင် မြန်မာနိုင်ငံအတွက် အကူအညီပေးမည်ဟု ကတိပြုထားကြသည်မှာ အမေရိကန်ဒေါ်လာ သန်း ၄၀ မျှသာ ရှိပါသေးသည်။ သို့သော် ဤအကူအညီ အများစုကိုသော်မှ စစ်အစိုးရ ပိတ်ဆို့ဟန့်တားထားမှုများကြောင့် လက်ခံမရနိုင် ဖြစ်နေကြပါသေးသည်။ ၂၀၀၄ ခုနှစ် ဆူနာမီအပြီးတွင် နိုင်ငံပေါင်း ၁၁-ခု ကပ်ဘေးဒဏ် ခံစားလိုက်ရ၍ လူပေါင်း ၂၂၀, ၀၀၀ ခန့် သေကြေခဲ့ရပါသည်။ သို့သော်လည်း ဆူနာမီဖြစ်ပြီး ၁၂ ရက်အတွင်းမှာပင် နိုင်ငံတကာအကူအညီပေးရေး ညီလာခံကို ခေါ်ယူနိုင်ခဲ့ပြီး၊ နိုင်ငံ ၁၉ ခုက ဒေါ်လာ သန်း ၄, ၀၀၀ လှူဒါန်းမည်ဟု ကတိပြုခဲ့ကြပါသည်။ ဆူနာမီကပ်ဘေး ဒဏ်သင့်ခံရသူ လူတဦးချင်းက ပျမ်းမျှအားဖြင့် အကူအညီ ဒေါ်လာ ၅,၀၀၀ မှ ၆,၀၀၀ ကြား ရရှိခဲ့ကြပါသည်။

အခြားနိုင်ငံများတွင်လည်း အကူအညီရရှိရေးအတွက် လုံးပမ်းခဲ့ကြပြီး၊ နိုင်ငံတကာက ရက်ရောထက်သန်စွာ လှူဒါန်းခဲ့ကြပါ သည်။ အီရန်နိုင်ငံတွင် ၂၀၀၃ ခုနှစ်က လှုပ်ခဲ့သည့် ဘမ် ငလျှင်ကြီး (Bam earthquake) တွင် နိုင်ငံတကာက ဒေါ်လာ သန်း ၁,၅၀၀ လှူဒါန်းခဲ့ကြသည်။ (ဤငလျှင်တွင် လူ ၂၆,၀၀၀ သေဆုံးပါသည်။) ၁၉၉၉ ခုနှစ်က ဟွန်ဒူးရပ်စ် နိုင်ငံတွင် မစ်ခ်ျ ဟာရီကိန်း မုန်တိုင်းကြုံခဲ့ရာ နိုင်ငံတကာက ဒေါ်လာ သန်း ၃, ၀၀၀ အကူအညီပေးခဲ့ပါသည်။ (ဤဖြစ်ရပ်တွင် လူ ၁၀,၀၀၀ သေဆုံးပါသည်။) ၁၉၉၈ ခုနှစ် ဘင်္ဂလားဒေ့ရှ် ရေဘေးတွင်လည်း နိုင်ငံတကာက အကူအညီအဖြစ် ဒေါ်လာ သန်း ၉၀၀ ပေးအပ်ခဲ့ပါသည်။ (ဤရေကြီးမှုတွင် လူ ၁,၀၀၀ သေဆုံးပါသည်။) ဤကိစ္စများနှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံ ရရှိသည့် အကူအညီ ကတိပြုထားငွေ ဒေါ်လာ သန်း ၄၀ ဆိုသည်မှာ နည်းလွန်းလှပါသည်။ (ယခုမုန်တိုင်းဒဏ်တွင် သေဆုံးရသူ အစိုးရ စာရင်းအရ ၂၂,၀၀၀ နှင့် ပြင်ပခန့်မှန်းချက်များအရ ၁၁၀,၀၀၀ သေဆုံးရသည်ဟု ဆိုနေပါသည်။)

ဝန်ကြီးချုပ်ဆိုသူ ဗိုလ်ချုပ်ကြီးသိန်းစိန် ဆောင်ရွက်ရန်မှာ နိုင်ငံတကာ အကူအညီများ ပိုမို များပြားစွာ ရရှိရေးပင် ဖြစ်ပါ သည်။ ရဟတ်ယာဉ်ပေါ် ခေါက်ဆွဲခြောက်ထုတ် ထမ်းတင်နေရန် မဟုတ်ပါ။ မြန်မာပြည်သူများ ကပ်ဘေးဒဏ်သင့်ခံရသည့် အတွက် နိုင်ငံတကာ အကူအညီရရှိရေးအတွက် နိုင်ငံတကာ ညီလာခံတရပ် စည်းရုံးခေါ်ဆိုနိုင်ရန်ပင် ဖြစ်ပါသည်။ ဤ နိုင်ငံတကာ ညီလာခံအောင်မြင်စေရန်လည်း မြန်မာစစ်အစိုးရဖက်က လိုက်လျော အပေးအယူလုပ်ရမှုများလည်း ရှိနိုင် သည်။ အထူးသဖြင့် နိုင်ငံတကာက ပြစ်တင်ဝေဖန်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှု ကိစ္စများနှင့် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ကိစ္စများ ဖြစ်သည်။ မြန်မာပြည်သူများကောင်းစားရေးအတွက် မျှတသော တောင်းဆိုမှုများလည်း ဖြစ်သည်။ စစ်အစိုးရ ကိုယ်၌က ဒီမိုကရေစီစနစ်ကို သွားတော့မည်ဟု ပြောဆိုနေချိန်တွင် ဤအချက်က ပြဿနာ မဟုတ်တော့ပါ။

ထို့အပြင် နိုင်ငံတကာက သဒ္ဒါစိတ် ယိုဖိတ်လာစေရေးအတွက် ဆောင်ရွက်ရန် လိုအပ်ပါသည်။ အထူးသဖြင့် နိုင်ငံတကာ သတင်းမီဒီယာများတွင် အချိန်ပြည့် မြင်တွေ့နေရခြင်း (widespread real-time coverage) ဖြင့် အလှူရှင်အများကို ပို၍ တိုက်တွန်းနိုင်လိမ့်မည် ဖြစ်သည်။ ဤသို့ ဖြစ်စေရန်မှာ သတင်းမီဒီယာဌာနများကို လွတ်လပ်စွာ သွားရောက်ထိတွေ့ခွင့် ပေးရန်လည်း လိုအပ်နေပါသည်။

ထို့အပြင် စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရေးအတွက် ငွေချေးယူရနိုင်သည့် နေရာများလည်း ရှိနေပါသေး သည်။ မကြာသေးမီကပင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကို အစားအစာဈေးနှုန်းများ ကမ္ဘာတခုလုံး တွင် မြင့်တက်လာမှုကြောင့် အထူးထိခိုက်နစ်နာဖွယ်ရှိနေသည့် အာရှနိုင်ငံများကို ကူညီပေးမည့် အစီအစဉ် ရှိနေပါသည်။ နောက်ပိုင်းတွင် အမေရိကန်ဒေါ်လာ သန်း ၃, ၀၀၀ အထိ တိုးမြှင့်ခဲ့ပါသည်။ အဓိကအားဖြင့် ချေးငွေပုံစံဖြင့် လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းများကို တိုးတက်စေရန်၊ ချဲ့ထွင်နိုင်ရန် ကူညီပံ့ပိုးမည် ဖြစ်ပါသည်။ သို့သော်လည်း ဤချေးငွေ ရနိုင်ရေးမှာ မြန်မာ စစ်အစိုးရတွင် ပြဿနာရှိနေပါသေးသည်။ ယခင်မဆပ်ဘဲ ကျန်နေသော ကြွေးဆိုးများပြဿနာပင် ဖြစ်သည်။

ဤမျှသာမကပါ။ မြန်မာ အစိုးရတွင် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် (good governance) ဖြစ်စေရန်နှင့် နိုင်ငံရေးအရ အလိုဆန္ဒ ရှိရန်လည်း လိုအပ်နေပါသေးသည်။ အိမ်နီးချင်း နိုင်ငံများ၏ အကူအညီမျှသာ မဟုတ်ပါ။ ကုလသမဂ္ဂနှင့် အင်အား ကြီးနိုင်ငံများ ၏ နိုင်ငံအရ လိုလားထောက်ပံ့ပေးလိုမှု ဆန္ဒရရှိအောင် ဆွဲဆောင်စည်းရုံးရန်လည်း လိုအပ်နေပါ သေးသည်။ ယခု အမေရိကန်ပြည်ထောင်စုက ကူညီမည်ဆိုသည်ကိုပင် ပိတ်ပင်ငြင်းပယ်မှုများ ပြုနေပြန်သည်။ ၀န်ကြီး ချုပ်လုပ်နေသူ ဗိုလ်ချုပ်သိန်းစိန် ယခုကာလတွင် အခြေပြုရမည့် နေရာက ပုသိမ်မဟုတ်ပါ။ နိုင်ငံတကာနှင့် ကုလသမဂ္ဂ စင်မြင့်များတွင်သာ ဖြစ်ရပါမည်။ မြန်မာပြည်သူများအတွက် အကူအညီရရှိရေး ဆွေးနွေးပွဲ၊ ကွန်ဖရင့် စားပွဲဝိုင်းများ၌သာ ဖြစ်ရပါလိမ့်မည်။ ယခုတော့ ဤသို့ မဟုတ်ပါ။ မြန်မာစစ်အစိုးရ၏ ညံ့ဖျင်းပုံ၊ အမြင်တိုပုံဖြင့် မြန်မာပြည်သူများအဖို့ ခံရဖို့ ချည်းသာ ဖြစ်နေပါ တော့သည်။

အောင်သူငြိမ်း

US NAVY ၏ လတ်တလောလှုပ်ရှားမှုများ

နိုင်ငံခြားတပ်တွေ ဝင်လာရင် မြန်မာစစ်တပ် ဘာဖြစ်မလဲ

အေးချမ်းမြေ့ မေ ၁၆၊ ၂၀၀၈
၁၉၉၀ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံကို စစ်အာဏာ သိမ်းပြီးနောက်ပိုင်းမှာ မြန်မာ ပြည်သူလူထုအနေနဲ့ နိုင်ငံခြားတပ်တွေ ကို မျှော်တတ်လာတာ တွေ့ရပါတယ်။

စစ်အစိုးရကြောင့် ဒုက္ခဆင်းရဲတွင်း နက်လာလေလေ အမေရိကန်တပ်တွေက စစ်အစိုးရကို ဘယ်လိုဝင် တိုက်မှာ၊ ဘယ်ပုံဝင် တိုက်တော့မှာနဲ့ မျှော်လင့်ချက်တွေ ပြင်းပြလာတာ တွေ့ရလေပါပဲ။ တချို့ဆို စိတ်ကူး တွေယဉ်ပြီး တကယ်ပဲ အမေရိကန် တပ်ကြီးကို သူပဲ မြင်လိုက်သလိုလို သူ့ဆီကိုပဲ အမေရိကန် သမ္မတက စာပို့လိုက်သလိုလိုနဲ့ လျှောက်ပြောတတ်ပါသေးတယ်။

ဒါလည်း လူတွေရဲ့မျှော်လင့်ချက် တရပ်မို့လို့ အပြစ်မဆိုသာပါဘူး။ လူတွေက စစ်အစိုးရရဲ့ လက်အောက်မှာ ဒုက္ခဆင်းရဲတွေ ခါးစည်းခံလာရတာ ကြာလာတော့ မျှော်မိမျှော်ရာ၊ တောင့်တမိတောင့်တရာ ကောက်ရိုး တမျှင်များ ဖြစ်လေမလားလို့ တွေးမိ လာကြတာ ဖြစ်မှာပါ။ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်းမှာတော့ လူတွေရဲ့ မျှော်လင့်ချက် စိတ်ကူးယဉ်မှု တွေက ပိုကြီးထွား လာပါတယ်။

ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီ မြန်မာပြည်လာမယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မယ် ဆိုတာ နဲ့တင် လူတွေက မြန်မာစစ်အစိုးရကိုတော့ ကုလသမဂ္ဂက အပြစ်ပေးတော့မယ်ဆိုပြီး လက်ခုပ်လက်ဝါးတီးဖို့ စောင့်နေကြ တာပါ။ နောက် ထင်သလိုဖြစ်မလာ၊ ဂမ်ဘာရီကိုလည်း အားကိုး မရတော့ဘူး ဆိုတာသိလိုက်တဲ့နောက်ပိုင်းမှာ အမေရိကန် တပ်တွေ ပင်လယ်ဝရောက်နေပြီ၊ မြန်မာစစ်အစိုးရကို ဝင်တိုက်တော့မယ် ဆိုတာမျိုးတွေ ပြောကြပါတယ်။

တကယ်လည်း တတ်နိုင်တဲ့ တစုံတရာက မြန်မာစစ်အစိုးရကို ပြင်းပြင်းထန်ထန် အပြစ်ပေးတာမျိုး မြန်မာ လူထုက မြင်ချင် နေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ သူတို့ မျှော်လင့်သလို ဖြစ်မလာဘဲ ဇာတ်မျောကြီး ဖြစ်လို့။ မြန်မာ လူထုကလည်း ငါတို့ကံကိုက ဆိုးပါတယ်ဆိုပြီး ကိုယ့်ထိုက်နဲ့ ကိုယ့်ကံ သဘောထားလို့ ကံကိုပဲ ယိုးမယ်ဖွဲ့နေချိန် မမျှော်လင့်ဘဲ နာဂစ်ဆိုတဲ့ မုန်တိုင်းကြီးက ဝင်မွှေလိုက်ပါတော့တယ်။

နာဂစ်က မြန်မာပြည်သူလူထု အတွက်ကော မြန်မာစစ်အစိုးရ အတွက်ပါ အလှည့်အပြောင်း တစုံတရာ ဖန်တီးလိုက်တာလေ လားလို့ ဆိုရလောက်အောင်ပါပဲ။ နဂို စစ်အစိုးရကို မုန်းတီးနေတဲ့ ပြည်သူတွေဟာ ပိုပြီး မုန်းတီးလာပြီး အမေရိကန်တပ် တွေကို ပိုမျှော်လင့်လာကြပါတော့တယ်။

စစ်အစိုးရကလည်း သူတို့ရဲ့ အာဏာနဲ့ ဂုဏ်သိက္ခာအတွက် ၁ သန်းကျော် ရှိတဲ့ လေဘေး ဒုက္ခသည်တွေရဲ့ ဒုက္ခဆင်းရဲ၊ ဝေဒနာနဲ့ ငတ်မွတ်မှုကိုတောင် မငဲ့ကွက်ဘဲ တင်းခံနေပါတယ်။ အဲဒီလို တင်းခံနေလေ ပြည်သူ တွေရဲ့ အမုန်းအင်အားက ကြီးမားလေ ဖြစ်နေပါတယ်။

ခုချိန်မှာတော့ ပြည်သူတွေ မျှော်လင့်ခဲ့သလို ဖြစ်လာပြီလားလို့ မေးရမလိုဖြစ်နေပါပြီ။ မြန်မာ့ရေပိုင်နက် အဝမှာ အင်္ဂလန်၊ ပြင်သစ်နဲ့ အမေရိကန် စစ်သင်္ဘောတွေဟာ ရိက္ခာတွေ၊ စစ်အင်အားတွေ အပြည့်အစုံနဲ့ ရောက်နေပြီ။ နိုင်ငံတကာကို ရောက်နေတဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေ အပါအဝင် အဖွဲ့အစည်းတွေနဲ့ တခြားသော အနောက် နိုင်ငံတွေကလည်း မြန်မာပြည်ထဲကို ကယ်ဆယ်ရေးတပ်တွေ ဝင်ဖို့ ဝိုင်းဝန်း တောင်းဆိုနေပါပြီ။

မေးစရာတခုကတော့ အဲဒီလို အမေရိကန်အပါအဝင် ကယ်ဆယ်ရေးတပ်တွေ မြန်မာ့မြေပေါ် ခြေချပြီး ဒုက္ခသည်တွေကို အတင်းဝင်ရောက် ကယ်ဆယ်ရေးတွေ လုပ်လိုက်ရင် မြန်မာ့ တပ်မတော်ကြီးအနေနဲ့ ဘာတွေဖြစ်မလဲ ဆိုတာပါပဲ။

ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး ဘားနတ် ကော့ချနာကဆိုရင် “ပြင်သစ် သင်္ဘောတွေ၊ ဟယ်လီကော်ပတာ တွေ အနေနဲ့ ဒုက္ခသည်တွေဆီ ရောက်ဖို့ နာရီဝက်လောက်ပဲ ကြာမှာပါ။ ကျနော်တို့ရဲ့ မဟာမိတ် ဗြိတိသျှ ကယ်ဆယ်ရေး ယာဉ်တွေ ဆိုရင်လည်း အတူတူပါပဲ” လို့ ပြောနေပါပြီ။ သူပြောမယ် ဆိုလည်း ပြောစရာပါ။ ပြင်သစ်က လေယာဉ်တင် သင်္ဘော အရွယ်အစားရှိတဲ့ တန်ချိန် ၂၂၀၀၀ စစ်သင်္ဘောကြီးရယ်၊ အမေရိကန် စစ်သား ၁၁၀၀၀ ကျော်ပါတဲ့ အမှတ် (၇) ရေတပ် စခန်းက စစ်သင်္ဘော အုပ်စုရယ် နောက်တော့ ဗြိတိန်က ဖရီးဂိတ် စစ်သင်္ဘောတစီးရယ်က အဆင်သင့်အနေအထား ရှိနေတာလေ။

“ကျနော်တို့ အနေနဲ့ မြန်မာစစ်အစိုးရကို ဆက်တိုက်လို ဖိအားပေး တောင်းဆိုနေကြပါတယ်။ ဒါပေမယ့် ခုထိ ဘာမှ မပြန်ကြားသေးလို့ ဘာမှဆက်လုပ်လို့ မရပါဘူး” လို့ အဲဒီ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးက ဆိုနေပါပြီ။

တကယ့်တကယ် နိုင်ငံတကာက လူသားချင်းစာနာထောက်ထားတဲ့ ကယ်ဆယ်ရေး တပ်တွေသာ ဝင်ရောက်စွက်ဖက် လာမယ် ဆိုရင် မြန်မာ့တပ်မတော်ရဲ့ အနေအထားအရ ခုခံကာကွယ် တိုက်ခိုက်မှာ မဟုတ်ဘူးလို့ လူလတ်ပိုင်းအရွယ် ဗိုလ်မှူးဟောင်းတဦးက ဧရာဝတီကို ပြောပါတယ်။

သူ့အနေနဲ့ တပ်မတော်မှာ တာဝန်ထမ်းဆောင်စဉ်က အရည်အချင်းလည်း ရှိခဲ့တယ်၊ ခုချိန်မှာ ငယ်ရွယ်ဆဲလည်း ဖြစ်နေတဲ့ အတွက် အရပ်ဝတ်တဦး ဖြစ်နေပေမယ့် အချိန်မရွေး မြန်မာစစ်အစိုးရရဲ့ ခေါ်သုံးခြင်းခံရနိုင်တယ်လို့ ဆက်ပြောပါတယ်။

“ခိုင်းစရာရှိရင်တော့ ခေါ်မှာသေချာတယ်။ ဒါပေမယ့် ကျနော်တို့ကတော့ မသွားပါဘူး။ တခြား ကျနော့်လို့ လူတွေလည်း သွားမှာမဟုတ်ဘူး။ အားလုံးက စစ်တပ်ကို တော်တော်လေး စိတ်နာနေပြီ။ ကျနော်က အသိဆုံးပဲ” လို့ သူက ပြောပြပါတယ်။

စစ်သားတွေနဲ့ သူတို့မိသားစုတွေကို တကယ့်တကယ်မှာ စစ်အစိုးရက ကာကွယ်မှု လုံလုံခြုံခြုံ မပေးနိုင်ဘူးလို့ သူက ဆက်ပြောတယ်။ စစ်သားတွေက စစ်ဗိုလ်ချုပ်တွေရဲ့ အမိန့်ကို နာခံတယ်ဆိုတာလည်း သူတို့ကို သစ္စာရှိလို့ ချစ်လို့ မဟုတ်ဘဲ ကြောက်လို့သာ ဖြစ်တယ်လို့ ဆိုပါတယ်။

“နိုင်ငံတကာ ကယ်ဆယ်ရေးတပ်တွေ ဝင်လာရင် ဘယ်စစ်သားမှ အသေခံ ခုခံတိုက်ခိုက်မှာ မဟုတ်ဘူး။ အဲဒါတော့ ပြောရဲတယ်” လို့ သူက သုံးသပ်ပါတယ်။

လေ့လာသူတချို့ကတော့ မြန်မာ့တပ်မတော်ရဲ့ မျိုးချစ်စိတ်တို့..၊ အမျိုးသားရေးဝါဒတို့က အတိတ်မှာ ကျန်ခဲ့ပြီလို့ ဆိုပါတယ်။ အဲဒါတွေက ၁၉၄၀ ပြည့်နှစ်ဝန်းကျင်နဲ့ ၁၉၅၀ ပြည့်နှစ်ဝန်းကျင် လွတ်လပ်ရေးမရမီနဲ့ လွတ်လပ်ရေးရပြီးခါစ ကာလတွေက စိတ်ဓာတ်တွေ ဝါဒတွေပါလို့ ပြောကြပါတယ်။ အခု အခြေအနေနဲ့တော့ တော်တော်လေး ကွာခြားနေပါပြီ။ မြန်မာ့တပ်မတော်ရဲ့ ဂုဏ်သိက္ခာဟာလည်း အရှေ့တောင်အာရှ နိုင်ငံတွေ ကြားမှာတောင် လုံးဝကျဆင်းနေပြီး ၄၆ နှစ် လောက် ခေတ်နောက်ပြန်ဆွဲနေတဲ့ စည်းကမ်းတွေနဲ့ ဟန်ပဲ ရှိတော့တာ ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက် အဖွဲ့ရဲ့ သုတေသန ပညာရှင်တဦးဖြစ်သူ ဦးဌေးအောင်ကတော့ တကယ်လို့သာ ကယ်ဆယ်ရေးတပ်တွေ မြန်မာနိုင်ငံတွင်း ဝင်ရောက်လာမယ် ဆိုရင် စစ်တပ်ရဲ့ အကြီးအကဲ တွေက သူတို့ရဲ့ တပ်တွေကို ခံချခိုင်းမှာပဲလို့ သုံးသပ်ပါတယ်။

“ဒါပေမယ့် ကြာကြာတော့ တောင့်ခံနိုင်မှာမဟုတ်ဘူး။ ဘာလို့လည်းဆိုတော့ မြန်မာစစ်သားတွေ အနေနဲ့ သူတို့ ခေါင်းဆောင် တွေကို ကြောက်လို့သာ ပြန်ချရမှာလေ” လို့ သူကဆက်ပြောပါတယ်။

မြန်မာ့တပ်မတော်ရဲ့ စွမ်းရည်ကတော့ နိုင်ငံတကာက တကယ့် အရည်အသွေးမြင့် တပ်သားတွေ၊ အဆင့်မြင့် နည်းပညာ တွေကို ဘယ်လိုမှ မကာကွယ်နိုင်မှာကို သံသယဖြစ်စရာမရှိဘူးလို့ ဦးဌေးအောင်က သုံးသပ်ပါ တယ်။

“၁၉၅၀ ပြည့်နှစ်တွေတုန်းကတော့ မြန်မာ့တပ်မတော်က ရှမ်းပြည်ကိုကျူးကျော်လာတဲ့ တရုတ်ကူမင်တန် တပ်တွေကို တိုက်ထုတ်နိုင်လောက်အောင် အင်အားတောင့်တင်းတာ မှန်ပါတယ်။ ဒါပေမယ့် ခု ကယ်ဆယ်ရေး တပ်တွေနဲ့တော့မတူ ဘူးလေ။ ကယ်ဆယ်ရေးတပ်တွေက ပြည်သူတွေကို ကယ်ဆယ်ဖို့ လာမှာမဟုတ်လား” လို့ သူက သူ့အမြင်ကို ပြောပြပါတယ်။

တရုတ် - မြန်မာ နယ်စပ်က မြန်မာ့တပ်မတော်နဲ့ ပတ်သက်လို့ သုတေသန ပြုနေတဲ့ ဦးအောင်ကျော်ဇောကတော့ မြန်မာ့ တပ်မတော်ဟာ အပြည်ပြည်ဆိုင်ရာက ပေးနေတဲ့ ဖိအားကို တွန်းလှန်မှာမဟုတ်ဘူးလို့ သုံးသပ် ပါတယ်။

သူက “ဒီနေ့တပ်မတော်က လွတ်လပ်ရေးခေတ်တုန်းက တပ်မတော်နဲ့ ဘာမှမဆိုင်ဘူး။ မြန်မာ တပ်မတော် အရာရှိတွေ အားလုံး ဒီနေ့ဒီအချိန်မှာ အကျင့်ပျက် ခြစားနေကြပြီ။ သူတို့ အကျိုးစီးပွားတခုပဲ ကြည့်ကြ တော့တယ်” လို့ ဆက်ပြောတယ်။

တကယ်လို့သာ တပ်မတော်က နိုင်ငံတကာက ဖိအားပေးတာကို ဆန့်ကျင်မယ် ဆိုရင်လည်း သိပ်ကြာကြာ တောင့်ခံနိုင်မှာ မဟုတ်ပါဘူးလို့ သူကသုံးသပ်ပါတယ်။

“ခုဟာက သီပေါမင်းပါတော်မူတဲ့ ၁၈၈၅ ခုနှစ်လည်းမဟုတ်ဘူး။ လွတ်လပ်ရေး အတွက်တိုက်ပွဲဝင်နေတဲ့ ၁၉၄၀ ပြည့်နှစ် လည်း မဟုတ်ဘူး” လို့ ဆက်ပြောပါတယ်။

ခုဆိုရင် မြန်မာပြည်သူတွေကလည်း လေဘေးဒုက္ခသည်တွေကို ကယ်တင်ချင်တဲ့ စိတ်တခုပဲ ရှိတော့တယ်။ တချို့ကဆို အမေရိကန်တပ်တွေ ဘယ်တော့ဝင်မှာလဲ။ ဝင်မှာဖြင့်လည်းမြန်မြန်ဝင်ပါတော့ ဆိုတာမျိုး ပြောနေကြပြီ။ ဝေဒနာ ခံစားနေ ရတဲ့ သူတို့လို ပြည်သူတွေရဲ့ ဒုက္ခကို မကြည့်ရက်ကြတော့ဘူး။

ရန်ကုန်မှာနေတဲ့ နောက်ဆုံးနှစ် ကျောင်းသူတဦးကဆို “ကိုလိုနီလက်အောက်ခံ ဖြစ်ရင်လည်း ဖြစ်ပါစေတော့။ စစ်အစိုးရ ထက်တော့ ပိုကောင်းမှာပဲ” လို့ကိုပြောပါတယ်။ စက်တင်ဘာတော်လှန်ရေး ပြီးခါစထက် အမှန်တရားနဲ့ ပိုနီးစပ်တယ်လို့ ပြောနိုင်တဲ့ အချက်ကတော့ မြန်မာ့ရေ ပိုင်နက် အဝမှာ နိုင်ငံတကာ စစ်သင်္ဘောတွေ တကယ်ရောက်နေတယ် ဆိုတဲ့ အချက်ပါပဲ။

မြန်မာ ပြည်သူလူထုရဲ့ မျှော်လင့်ချက်က ဘယ်လောက်ကြီးမားလဲဆိုရင် ဟုတ်တာမဟုတ်တာ အသာထား ဝက်ဘ်ဆိုက်တွေ ဘလော့တွေကနေ မြန်မာ့မြေပေါ် ကယ်ဆယ်ရေးတပ်တွေ ရောက်လာရင် ဘယ်လိုနေသင့်တယ် ဆိုတာကို အဲဒီစစ်သင်္ဘော တွေမှာ ရေးထားတယ်ဆိုတဲ့အကြောင်း ဖြန့်ဝေပြီးနေပြီ။ အီးမေးလ်တွေကတဆင့် အချင်းချင်း ဖြန့်ဖြူးလို့။ တချို့လည်း စိတ်ဓာတ်တက်ကြွ၊ တချို့လည်း ကြောက်လန့်နေကြတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မှာနေတဲ့ မြန်မာ့အရေး လေ့လာသူ ကိုဝင်းမင်းကတော့ တပ်မတော်အရာရှိ အများစုအနေ နဲ့ တိုင်းပြည်ရဲ့ အပြောင်းအလဲကိုလိုလားတဲ့အတွက် နိုင်ငံတကာရဲ့ ကယ်ဆယ်ရေးတပ် တွေကို ပြန်ခုခံမှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မြန်မာလူထုအတွက် ကယ်တင်ရှင်ကတော့ လိုနေပါတယ်။ အဲဒါလည်း ခုမှမဟုတ်ဘဲ စစ်အစိုးရလက်ထက် တလျှောက်လုံးလို့ ဆိုရမလိုပါ။ အဲဒီကယ်တင်ရှင်က အမေရိကန်လား၊ ပြင်သစ်လား၊ အင်္ဂလန်လား…။ ဘယ်သူပဲဖြစ်ဖြစ် စစ်အစိုးရထက်တော့ သာမှာပဲဆိုတဲ့စိတ်က သာမန်ပြည်သူတွေရဲ့ စိတ်ထဲ ကိန်းအောင်းနေတာတော့ အမှန်ပါပဲ။ ။