Tuesday, September 30, 2008

အကျဉ်းသားများပြန်လွှတ်ပေးရာတွင် အကောက်ခွန်နှင့် ထောက်လှမ်းရေးအဖွဲ့များ အများဆုံးပါဝင်

ဖြိုးကြီး။ စက်တင်ဘာ ၂၉၊ ၂၀၀၈
ရိုးမ ၃ သတင်းဌာန

စစ်အစိုးရက အကျဉ်းသား ၉၀၀၀ ကျော် ပြန်လွှတ်ပေးရာတွင် အကောက်ခွန်ဝန်ထမ်းများနှင့် စစ်ထောက်လှမ်းရေးအဖွဲ့ဝင်များသာ အများဆုံးပါဝင်သည်ဟု ဆိုသည်။

ပြန်လည်လွတ်မြောက်လာသည့် အကျဉ်းသားများတွင် ဗိုလ်ချုပ်ကြီးခင်ညွန့်၏ စစ်ထောက်လှမ်း ရေးအဖွဲ့ဝင်များနှင့် မူဆယ် (၁၀၅) မိုင်ဂိတ်မှ အကောက်ခွန်ဝန်ထမ်း ၇၀၀ ကျော် ပါဝင်ကြောင်း စစ်ဘက်ဆိုင်ရာ အရာရှိတဦးက ပြောသည်။

“ကာစတန်နဲ့ စစ်ထောက်လှမ်းရေးက အဖွဲ့တွေလေ၊ အဲဒီမှာ အနှစ် (၃၀) လောက်ကျတဲ့ ဗိုလ်ကြီးအဆင့်တွေ တော်တော်များများပါတယ်၊ ကြီးကြီးပိုင်းတွေတော့ မလွတ်သေးဘူး”ဟု အဆိုပါအရာရှိက အတည်ပြုပြောသည်။

အမှတ် (၁) ထောက်လှမ်းရေးမှ ဗိုလ်မှူး သောင်းကျော်ရှင်း၊ အမှတ် (၇) ထောက်လှမ်းရေးမှ ဗိုလ်ကြီးသိန်းဝင်း၊ အမှတ် (၁၄) မှ ဗိုလ်ကြီး သန်းနိုင်နှင့် အရာခံဗိုလ် သက်ဇော်မှူးတို့ ပြန်လည် လွတ်မြောက်လာသည်ဟု ၎င်းက ဆက်ပြောသည်။

“သူတို့တွေက နှစ်ကြီးသမားတွေလေ၊ အနှစ် (၃၀) နဲ့ (၄၀) ကြားမှ ကျနေတဲ့သူတွေပဲ၊ အဲဒီ ထဲက အဖွဲ့တွေတော်တော်များများ ပါလာတယ်၊ အကောက်ခွန်အဖွဲ့တွေလဲ ပါတယ်”ဟု ပြောသည်။

အကောက်ခွန်ဝန်ထမ်းများကို ပြန်လွှတ်ပေးရာတွင် မူဆယ် (၁၀၅) မိုင်ဂိတ်မှ ဝန်ထမ်းများလည်း ပါဝင်ပြီး အချို့ကို ပြန်လည်စီစစ်မှုများပြုလုပ်နေသည့်ဟု အကောက်ခွန်စီမံရေးရာ တာဝန်ရှိသူ တဦးက ပြောသည်။

“မူဆယ်မှာ ဘယ်သူတွေ လွှတ်တယ်ဆိုတာတော့ မသိသေးဘူး၊ မူဆယ်က အကုန်လွှတ်ပေး တာတော့မဟုတ်ဘူး၊ အမှုဖိုင်ထဲမှာ ပြန်စီစစ်ရင်းနဲ့ အမှုနဲ့သိပ်မပက်သက်တဲ့ သူတွေကတော့ လွတ်တယ်”ဟု ပြောသည်။

စစ်အစိုးရက အကျဉ်းသား (၉၀၀၀) ကျော် ပြန်လွှတ်လိုက်သည်ဟုဆိုသော်လည်း စစ်ထောက် လှမ်းရေးအဖွဲ့များ၊ အကောက်ခွန်ဝန်ထမ်းများနှင့် အခြားရာဇဝတ်ပြစ်မှုဆိုင်ရာ အကျဉ်းသားများ အများဆုံးပါဝင်ပြီး နိုင်ငံရေးအကျဉ်းသား (၈) ဦးသာ ပါဝင်ကြောင်း နိုင်ငံရေးကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့(မြန်မာနိုင်ငံ) AAPP အတွင်းရေးမှူး ဦးတိတ်နိုင်က အတည်ပြုပြော ဆိုသည်။

Sunday, September 28, 2008

ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည်





ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာတုန်းက သိန်းနဲ့ချီတဲ့ လူအုပ်ကြီးချီတက်လာတော့ မေးစရာရှိတာက သူတို့တွေ ဘာကိုလိုချင်တာလဲ ဆိုတာထက် စစ်အစိုးရက ဘယ်တော့ နှိမ်နှင်းတော့မလဲ ဆိုတာပါပဲ။ အဖြေကတော့ သိပ်မကြာပါဘူး။ စက်တင်ဘာ ၂၆မှာ လက်နက်တွေနဲ့ စစ်သားတွေ၊ လုံထိန်းရဲ့တွေပါတဲ့ စစ်ကားတွေဟာ ရန်ကုန်မြို့ လမ်းမတွေအပေါ်မှာ အပြည့်၊ မျက်ရည်ယို ဗုံးတွေ ဖောက်ခွဲ၊ ဒီမိုကရေစီကိုလိုလားတဲ့ ပြည်သူတွေနဲ့ ငြိမ်းချမ်းစွာ ကံဆောင်နေတဲ့ သံဃာတော်တွေကို သေနတ်တွေနဲ့ ပစ်၊ ရိုက်နှက်ပြီး ချီတက်လာတဲ့ လူအုပ်ကြီးကို စစ်တပ်က အပီအပြင် ဖြိုခွင်းခဲ့ပါတယ်။ သုံးရက်တာပဲ ကြာခဲ့ရတဲ့ စက်တင်ဘာ ရွှေဝါရောင် လှုပ်ရှားမှုမှာ လူ ၃၁ယောက် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂက ခန့်မှန်းပါတယ်။

စစ်အစိုးရက လောင်စာဆီ ဈေးနှုန်း ရုတ်တရက် မြှင့်တင်တာကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက်ခဲ့ရတာက စပြီး မြန်မာပြည်သူတွေ စားဝတ်နေရေး ပိုပြီး ကျပ်တည်းလာရတဲ့ အဖြစ်ကို မြင်တွေ့နေရတဲ့ သံဃာတော်တွေက တိုင်းပြည်ကြီး အကျပ်အတည်းက လွတ်မြောက်ပြီး ငြိမ်းချမ်းပါစေဆိုပြီး လမ်းမပေါ်ထွက် ဆုတောင် မေတ္တာပို့ခဲ့တာကနေ ရွှေဝါရောင်တော်လှန်ရေး စတင်ခဲ့ရတာပါ။

၁နှစ်ကြာလာတဲ့ ဒီနေ့အချိန်မှာတော့ ရဟန်းသံဃာတော်တွေ ဦးဆောင်ခဲ့တဲ့ မြန်မာပြည်ရဲ့ ရွှေဝါရောင်တော်လှန်ရေးဟာ ခါးသီးဖွယ် အထိမ်းအမှတ်တခု ဖြစ်နေပါတယ်။

၁၉၉၈ခုနှစ်ကတည်းက နိုင်ငံရေး လှုပ်ရှားခဲ့ပြီး ၂၀၀၁ခုနှစ်မှာ စစ်အစိုးရက လိုက်လံ ဖမ်းဆီးမှုကြောင့် မြန်မာပြည်ကနေ ထွက်လာခဲ့ရတဲ့၊ “Burma Democratic Concern” အဖွဲ့ရဲ့ ဒါရိုက်တာ ကျော်လင်းဦးက သူ့ရဲ့ သူငယ်ချင်း ၄၅ယောက် အဖမ်းခံခဲ့ရတဲ့ အကြောင်းနဲ့ ရွှေဝါရောင်လှုပ်ရှားမှုအပြီး တိုင်းပြည် မတည်မငြိမ် ဖြစ်ခဲ့ရတဲ့ အကြောင်းကို ရှင်းပြပါတယ်။

“တနှစ်ပတ်လုံး ဖမ်းဆီးမှုတွေ၊ မိသားစုနဲ့ ကွဲကွာရတာတွေ၊ သတ်ဖြတ်တဲ့ မြင်ကွင်းတွေကို မြင်တွေ့နေ၊ ကြားနေကြရတဲ့အတွက် မြန်မာပြည်သူတွေက စစ်အစိုးရကို အတော်လေး ဒေါသထွက်နေကြပါတယ်။”

မြန်မာ့အရေး လေ့လာသုံးသပ်သူ လယ်ရီ ဂျေဂငက်က မြန်မာပြည်သူတွေဟာ ကိုယ့်ရဲ့ ဆန္ဒတွေကို လူထုကြားမှာ အရင်ကထက် ပိုပြီး ပြောရဲ ဆိုရဲ ရှိလာတယ်လို့ ဆိုပါတယ်။

“ပြည်သူတွေက အရင်ကထက် ဒေါသတွေ ပိုပြီး ထွက်လာနေကြပါတယ်။ တိုင်းပြည်မှာ ဘာတွေ ဖြစ်ပျက်နေသလဲဆိုတာ အများကို ပြောပြဖို့အတွက်လည်း အရင်ကထက် အကြောက်တရား နည်းပါလာတယ်လို့ သုံးသပ်မိပါတယ်။ မြန်မာပြည်သူတွေရဲ့ စိတ်ထဲ၊ နှလုံးသားတွေထဲမှာ ရွှေဝါရောင် လှုပ်ရှားမှုကို မမေ့သေးပါဘူး။ စစ်တပ်ရဲ့ ရက်ရက်စက်စက် နှိမ်နှင်းခဲ့တာကိုတော့ ပိုပြီးတော့ မေ့နိုင်မှာ မဟုတ်ပါဘူး။”

ထိုင်း၊ ဖိလစ်ပိုင်၊ သီရိလင်္ကာရောက် မြန်မာ့ဒီမိုကရေစီရေး ထောက်ခံလှုပ်ရှားသူတွေနဲ့ သံဃာတော်တွေကတော့ ရွှေဝါရောင် နှစ်ပတ်လည် အထိမ်းအမှတ် ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံက ကိုကျော်လင်းဦးက မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် ဆက်ပြီး လုပ်သွားမယ်လို့ ပြောပါတယ်။

“စစ်အစိုးရက ပြည်သူတွေ ကောင်းကျိုးအတွက် မလုပ်သေးသ၍ ကျွန်တော်တို့ ဆက်ပြီး လှုပ်ရှားသွားရမှာပါ။ စစ်အစိုးရကို ဖြုတ်ချဖို့အတွက် ကျွန်တော်တို့ ရှေ့မှာ ပိုပြီး စည်းလုံးညီညွတ်သွားမှာ ဖြစ်ပါတယ်။”

ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက မြန်မာပြည်မှာ နိုင်ငံရေး အကျဉ်းသား အရေအတွက်ဟာ ပြီးခဲ့တဲ့ နှစ်ကထက် ၂ဆတိုးခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီနှစ်တွင်းမှာ နောက်ထပ် ဥပဒေမဲ့ နေအိမ် အကျယ်ချုပ် သက်တမ်း ထပ်တိုးထားလိုက်တယ်လို့ သူ့ရဲ့ ရှေ့နေက ဆိုပါတယ်။

စစ်အစိုးရကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ကို ၂၀၀၈ခုနှစ် မေလမှာ ကန့်ကွက်သူတွေ ရှိတဲ့ ကြားကပဲ အတည်ပြုခဲ့ပြီး လာမယ့် ၂၀၁၀မှာ ရွေးကောက်ပွဲ နောက်တခု လုပ်ဖို့အတွက်လည်း ပြင်ဆင်နေပါပြီ။

ပြီးခဲ့တဲံ ရက်ပိုင်းတွေ အတွင်းက နိုင်ငံရေး အကျဉ်းသားတချို့ လွှတ်ပေးခဲ့တာ ရှိပေမယ့် တချို့ကို လွှတ်ပေးပြီး နာရီပိုင်းအတွင်းမှာ ပြန်လည် ထိန်းသိမ်းခဲ့တာတွေ ရှိပါတယ်။ ရန်ကုန်မြို့နဲ့ အချို့ နယ်မြို့တွေမှာလည်း လုံခြုံရေးအတွက် ဆိုပြီး လမ်းထောင့်တိုင်းမှာ စစ်ကားတွေနဲ့ လုံခြုံရေးတပ်တွေ အပြည်ချထားပါတယ်။
source။ ။ ဗီအိုအေ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနှစ်၂၀ပြည့်အခမ်းအနား



အဲန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခဲ့တဲ့ အနှစ် (၂၀) ပြည့် အထိမ်းအမှတ် အခမ်းအနားကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေ တင်းတင်းကြပ်ကြပ် ချထားတဲ့ကြားက အဲန်အယ်လ်ဒီအဖွဲ့ဝင်တွေ ကျင်းပခဲ့ကြပါတယ်။ အဲန်အယ်လ်ဒီအဖွဲ့ဝင် တချို့ လည်း ဖမ်းဆီးခံခဲ့ရပါတယ်။ အပြည့်အစုံကို ထိုင်း အခြေစိုက် သတင်းထောက် ဒေါ်အေးအေးမာက သတင်းပေးပို့ထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခဲ့တဲ့ နှစ် (၂၀) ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပတဲ့ နေရာမှာ အာဏာပိုင်တွေက လုံခြုံရေး တပ်ဖွဲ့ဝင် ၅၀၀ လောက် ချထားခဲ့ပြီး အဖွဲ့ဝင် ၉ ယောက်ကိုလည်း အခမ်းအနား အပြန်မှာ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တဲ့ အကြောင်း အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောပါတယ်။

“ဒီနေ့ အခမ်းအနားကျင်းပတာပေါ့။ အခမ်းအနားပြီးစီးသွားတယ်။ လုံခြုံရေးအခြေအနေ ပြောရင်တော့ အင်အားအတော်ကို များတယ်။ အဲန်ကယ်တို့ ရုံးဝန်းကျင်မှာ ဒိုင်နာကားနဲ့ အရပ်ဝတ်နဲ့ လာတာ လေး-ငါရာ ရှိတယ်။ ဘာတွေလဲတော့ မသိဘူး၊ တာဝန်ရှိတဲ့သူလား၊ တာဝန်မရှိဘဲနဲ့ လာတဲ့သူတွေလား၊ မသိဘူး။ အဲဒါ တချက်၊ ထက်ထက်ဦးဝေရယ် ဒေါ်ရှမ်းမရယ် ရွှေပြည်သာက၊ သူတို့နှစ်ယောက်နဲ့ အားလုံး ခြောက်ယောက်က မနက် အဖွဲ့ချုပ်ရုံးကိုအလာ ရုံးနားမှာအရောက် ကားဂိတ်နားမှာ အဖမ်းခံရတယ်လို့ ကြားတယ်။ နောက်ထပ် အခမ်းအနားအပြီး ပြန်တဲ့အထဲမှာ အမျိုးသမီးသုံးယောက်ကို ကားပေါ် စွဲတင်ပြီး ဖမ်းသွားတယ်လို့ သိရတယ်။ အဲဒါ စုစုပေါင်း မနက် ခြောက်ယောက်၊ ညနေ သုံးယောက်၊ ကိုးယောက်။ နာမည်ကတော့ အဲဒီ နှစ်ယောက်ပဲ သိရတယ်။ ကျန်တဲ့သူတွေနဲ့ ပတ်သက်လို့တော့ မသိရသေးဘူး။”

မကြာခင်က လွတ်မြောက်လာတဲ့ သတင်းစာဆရာကြီး ဦးဝင်းတင် အပါအ၀င် အဖွဲ့ချုပ်ဝင် သုံးယောက်ကို ဒီနေ့ အခမ်းအနားမှာ မူလ နေရာမှာ ပြန်လည် တာဝန်ယူပေးဖို့အတွက် အဖွဲ့ချုပ် ဥက္ကဋ္ဌက ကမ်းလှမ်းခဲ့ပြီး ဦးဝင်းတင် ကလည်း ပြန်လည် လက်ခံခဲ့တယ်လို့ ပြောပါတယ်။

“၂၃ ရက်နေ့က လွတ်မြောက်လာတဲ့ ဆရာဦးဝင်းတင်၊ ဦးခင်မောင်ဆွေ။ ဒေါက်တာ သန်းငြိမ်း သူတို့ သုံးယောက် ဒီနေ့ အခမ်းအနား တက်တယ်လေ၊ အဲတော့ သူတို့သုံးယောက်နဲ့ ပတ်သက်ပြီးတော့ သူတို့ ယခင် တာဝန်ယူခဲ့တဲ့ ဆရာဦးဝင်တင် ဆိုရင် စီအီးစီ အဖွဲ့ဝင်ပေါ့၊ ဆရာဦးခင်မောင်ဆွေလည်း စီအီးစီအဖွဲ့ဝင်ပဲ၊ ဒေါက်တာ သန်းငြိမ်းက ရန်ကုန်တိုင်း ဒု ဥက္ကဋ္ဌပေါ့၊ ဒီရာထူးတွေကို ပြန်ပြီး ထမ်းဆောင်ဖို့ ပြန်လည်ပြီးတော့ ပူးပေါင်းဆောင်ရွက်ကြဖို့ ဥက္ကဋ္ဌက ဖိတ်ခေါ်လိုက်တယ်။”

ပြန်လည်လွတ်မြောက်လာပြီးမှ ထပ်ပြီး အဖမ်းခံလိုက်ရတဲ့ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ရဲ့ အခြေအနေကို မေးကြည့်တဲ့အခါ -

“သူ ၁၇ နာရီနေရတယ်။ နောက်နေ့ သင်္ဘော စီးဖို့ စောင့်နေတာ။ သဘောင်္မစင်းခင်ဘဲ ကသာ ထောင်ထဲကို ပြန်ခေါ်သွားတယ်။ သူ့ရဲ့ မိသားစုကလည်း ကသာ လိုက်သွားတဲ့အခါ ကသာ ထောင်ထဲမှာ ရှိတဲ့ ထောင်ဝင်စာ တွေ့ခဲ့ရတယ်။ ကျနော်တို့ မေးတာက ဘာကြောင့် ဒီလိုဖြစ်တာလဲ။ အဲဒါနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေက အကျိုးအကြောင်း ဘာမှ မပြောပါဘူး။”

အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း ပြောသွားတာပါ။
သတင်း- VOA Burmese
ဓါတ်ပုံ- Mizzima News

Saturday, September 27, 2008

လွှတ်တော်ခေါ်ယူပေးရေးတောင်းဆိုမှု ပြန်ရုပ်သိမ်းရန် ရဲချုပ်ဖိအားပေးမှုကို အန်အယ်လ်ဒီငြင်းဆန်


ပီတာအောင်/ ၂၆ စက်တင်ဘာ ၂၀၀၈။ ။

ပြည်သူ့လွှတ်တော်ခေါ်ယူ၍ ၂၀၀၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြန်လည်သုံးသပ်ကြရန် ကမ်းလှမ်းထားသည့် ကြေညာ ချက်ကို ပြန်ရုပ်သိမ်းရန် ရဲချုပ်၏ တောင်းဆိုမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီက လက်မခံဘဲ ငြင်းဆန်လိုက်ကြောင်း ခေတ်ပြိုင်သို့ ပြောကြားသည်။

ယမန်နေ့ မွန်းလွဲ (၂) နာရီက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဋ္ဌ ဦးအောင်ရွှေအပါအ၀င် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် (၆) ဦးကို ပြည်ထဲရေးဝန်ကြီးဌာန၌ ခေါ်ယူတွေ့ဆုံ ကာ ခေါ်ယူသတိပေးသည့်အပေါ် အန်အယ်လ်ဒီက ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေလဆန္ဒခံယူပွဲ၌ အာဏာပိုင်များကိုယ်တိုင် မမှန်မကန် လုပ်ဆောင်ခဲ့သဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထုအများစုနှင့် အန်အယ်လ်ဒီက လက်မခံနိုင်ကြောင်း အန်အယ်လ်ဒီ၏ ကြေညာချက်၌ ဖော်ပြခြင်းသည် ပြည်သူလူထုကို လှုံ့ဆော်ရာရောက်သဖြင့် ရုပ်သိမ်းပေးရန် ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီက အန်အယ်လ်ဒီ ခေါင်းဆောင် များနှင့်တွေ့ဆုံရာ၌ သတိပေးပြောကြားခဲ့သည်ဟု အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကပြောသည်။

၎င်းက “မနေ့ကဆွေးနွေးတဲ့အထဲမှာ သုံးသပ်ရေးကော်မတီဖွဲ့ဖို့တို့ဘာတို့နဲ့ ပတ်သက်ပြီး တလုံးတပါဒမှမပြောပါဘူး။ No လည်းမပြောဘူး။ Yes လည်းမပြောဘူး။ ပြည်သူလူထုကို လှုံ့ဆော်တဲ့သဘောရှိတဲ့အတွက် ရုပ်သိမ်းပေးပါလို့ပဲ ပြော တယ်။ ကျနော်တို့ အဖွဲ့ချုပ်လူကြီးတွေကတော့ ဒီဥစ္စာတွေဟာ အကုန်လုံးအမှန်အကန်တွေ သက်သေ အထောက်အထား တွေလည်း အကုန်ရှိတယ်။ အဲတော့ ဒီဟာတွေနဲ့ပတ်သက်ပြီး ပြန်ပြီးရုပ်သိမ်းမပေးနိုင်ဘူးလို့ပဲ ဖြေကြားခဲ့ပါတယ်” ဟု ပြောကြားသည်။

ယခုကဲ့သို့ ကြေညာချက် ပြန်ရုပ်သိမ်းပေးရန် ခေါ်ယူသတိပေးမှုမျိုး ယခင်က မရှိခဲ့ဘူးကြောင်း၊ သတိပေးမှုကို ငြင်းဆန် လိုက်သဖြင့် နောင်အကျိုးဆက် မည်သို့ဖြစ်လာမည်ကို မပြောနိုင်သေးကြောင်းနှင့် အာဏာပိုင်တို့၏ ဆုံးဖြတ်ချက်အပေါ်၌ သာ မူတည်ကြောင်း အန်အယ်လ်ဒီက ပြောကြားသည်။

စက်တင်ဘာ (၂၂) ရက်က ထုတ်ပြန်သည့် အန်အယ်လ်ဒီ အထူးကြေညာချက်၌ ပြည်သူ့လွှတ်တော် အမြန်ဆုံး ခေါ်ယူ ဖွဲ့စည်းပေးရန်နှင့် ထိုလွှတ်တော်က တပ်မတော်၊ တိုင်းရင်းသားများနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များပါဝင်သည့် ဖွဲ့စည်းပုံ ပြန်လည်သုံးသပ်ရေးကော်မတီဖွဲ့စည်းကာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအား ပြန်လည်သုံးသပ်ကြရန် တောင်းဆိုထားသည်။

ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ရေးဆွဲခဲ့ခြင်းမဟုတ်ဘဲ အာဏာပိုင်တို့ စိတ်ကြိုက်ရွေးချယ်ထားသည့် ပုဂ္ဂိုလ်များဖြင့် တဖက်သတ် ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၀၈ မေလ ဆန္ဒခံယူပွဲ သည်လည်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကို ချိုးဖောက်၍ အကျပ်ကိုင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ လိမ်လည် လှည့်ဖြားခြင်း၊ မလျော်သြဇာသုံးခြင်းတို့ပြုလုပ်၍ အတင်းအဓမ္မ အတည်ပြုထားသဖြင့် ပြည်သူလူထုအများစုက လက်မခံနိုင်ကြောင်းလည်း အချက်အလက်များဖြင့် ထောက်ပြဝေဖန်ထားသည်။

ထိုကြေညာချက်သည် နိုင်ငံတော်လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်နိုင်ခြင်း၊ နိုင်ငံတော်အစိုးရအပေါ် ပြည်သူ များက အထင်မှားအကြည်ညိုပျက်စေခြင်း၊ နိုင်ငံတော်အစိုးရနှင့် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာနှင့် ချစ်ကြည်ရင်း နှီးမှု၊ ပူးပေါင်းဆောင်ရွက်နေမှုများကို သိက္ခာကျဆင်းစေခြင်း၊ လွတ်လပ်စွာ ဆန္ဒမဲပေးခဲ့ကြသော အများပြည်သူများအား စော်ကားရာ ရောက်စေခြင်းတို့ ရေးသားဖော်ပြထားသဖြင့် ရဲချုပ်က ခေါ်ယူသတိပေး ပြောကြားခဲ့ကြောင်း ယနေ့ထုတ် စစ်အစိုးရသတင်စာများတွင် ဖော်ပြသည်။

ယမန်နေ့က ရဲချုပ်က ခေါ်ယူတွေ့ဆုံရာသို့ ကျန်းမာရေးမကောင်းသည့် ဦးလွန်းတင်မှအပ အန်အယ်လ်ဒီပါတီမှ ဗဟို အလုပ်အမှု ဆောင်ကော်မတီဝင်များဖြစ်သည့် အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်၊ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ဦးသန်းထွန်း၊ ဦးညွန့်ဝေ၊ ဦးလှဖေနှင့် သခင်စိုးမြင့်တို့ သွားရောက်ခဲ့ကြကြောင်း သိရ သည်။

၂၀၀၇ ခု ဖေဖော်ဝါရီ (၁၅) ရက်ကလည်း ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီက ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (စီအာပီပီ) ဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် အတွင်းရေးမှူး ဦးအေးသာအောင်တို့ကို ခေါ်ယူတွေ့ဆုံကာ သဘောထား တောင်းဆိုချက်များ ထုတ်ပြန်ခြင်းမပြုလုပ်ရန်နှင့် စီအာပီပီသည် တရားဝင်အဖွဲ့အစည်းမဟုတ်ကြောင်း၊ ဥပဒေနှင့် ငြိစွန်းနေသဖြင့် ပြစ်ဒဏ် (၅) နှစ်အထိ ချမှတ်နိုင်ကြောင်း သတိပေးခဲ့ဖူးသည်။

Friday, September 26, 2008

နိုင်ငံရေး အကျဉ်းသားအားလုံးလွှတ်ပေးရန် ကုလအတွင်းရေးမှူးချုပ် တောင်းဆို

UN/ ၂၅ စက်တင်ဘာ ၂၀၀၈။ ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးရန် ယနေ့ထပ်မံ တိုက်တွန်းလိုက်သည်။

စစ်အစိုးရက ယမန်နေ့၌ လွတ်ငြိမ်းခွင့်အနေဖြင့် အကျဉ်းသားအမြောက်အမြားအား လွှတ်ပေးခဲ့ပြီး ၎င်းတို့အထဲတွင် ထောင်ဒဏ် နှစ်အကြာဆုံး ချမှတ်ခံထားရသော နိုင်ငံရေးအကျဉ်းသား ဦးဝင်းတင်နှင့် အန်အယ်ဒီအဖွဲ့ဝင် အခြားနိုင်ငံရေးအကျဉ်းသား (၅) ဦးပါဝင်ခဲ့မှုအပေါ် ကောက်ချက်ချ ပြောဆိုလိုက်ခြင်းဖြစ်သည်။

လွတ်မြောက်လာသူ အခြား (၅) ဦးမှာ ဒေါက်တာဒေါ်မေ၀င်းမြင့်၊ ဦးအောင်စိုးမြင့်၊ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းနှင့် ဦးသန်းနိုင်တို့ဖြစ်သည်။ ဗိုလ်ကြီးဟောင်း ၀င်းထိန်ကို ကသာထောင်မှ လွှတ်ပြီးကာမှ ပြန်လည်အဖမ်းခံရကြောင်း အန်အယ်လ်ဒီက အတည်ပြုပြောသည်။

မစ္စတာဘန်ကီမွန်း၏ ပြောခွင့်ရသူက “နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံသား အားလုံး နိုင်ငံရေး လွတ်လပ်ခွင့် ရသင့်တယ်လို့ ထပ်ပြီးပြောပါတယ်။ ပြီးတော့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေကို ရှေးရှုတဲ့ ခြေလှမ်းတွေ လိုအပ်နေတယ်လို့လည်း အတွင်းရေးမှူးချုပ်က ပြောပါတယ်” ဟု ပြောသည်။

“ဒီကိစ္စတွေနဲ့ပတ်သက်ပြီး မြန်မာအစိုးရက အခုထက်ပိုပြီး ရှေ့တလှမ်းတိုးလုပ်ဆောင်ဖို့ကိုလည်း သူက လိုလား နေတာပါ” ဟု ပြောသည်။

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) အကြီးအကဲကလည်း ထောင်တွင်း၌ နှစ် (၂၀) ကြာနေခဲ့ရသူ အသက် (၇၉) နှစ်အရွယ် စာရေးဆရာ၊ သတင်းစာ အယ်ဒီတာဟောင်း၊ သတင်းစာ လွတ်လပ်ခွင့် ဆုရှင် ဦးဝင်းတင်အား လွှတ်ပေးခဲ့သောကြောင့် ၎င်းအနေဖြင့် အလွန်ဝမ်းမြောက်ကြောင်း ဖော်ပြခဲ့သည်။

“အခုလို ဦးဝင်းတင်နဲ့ တခြားနိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတာဟာ လူ့အခွင့်အရေး အခြေခံဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ဒီမိုကရေစီနဲ့ ဥပဒေ စိုးမိုးရေးတို့အတွက် လိုအပ်ချက်တွေကို အာဏာပိုင်တွေ က လေးစားမှုကိုပြတဲ့ ကောင်းမွန်တဲ့ ခြေလှမ်းတရပ်ပါပဲ” ဟု ယူနက်စကို အထွေထွေ ညွှန်ကြားရေးမှူး ကိုအိချိရို မတ်ဆုရာ က ပြောသည်။

အဆိုပါ နိုင်ငံရေးအကျဉ်းသား (၆) ဦးအား လွှတ်ပေးခဲ့သည့် သတင်းအပေါ် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမှ ကျွမ်းကျင်သူ တောမတ် ကင်တာနား ကလည်း ကြိုဆိုလိုက်ပြီး ယင်းသို့ လွှတ်ပေးခြင်းသည် “အကျဉ်းထောင်များအတွင်း ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသား ပျှမ်းမျှ (၂,၀၀၀) ၀န်းကျင်ကို လွှတ်ပေးရန် ဦးတည်နိုင်သည့် ပထမဆုံး ခြေလှမ်းဖြစ်မည်ဟု ၎င်းအနေဖြင့် မျှော်လင့်ကြောင်း ပြောသည်။



Thursday, September 25, 2008

ရေဆန်ဆိုတာ စုန်ရတာထက်တော့ ခက်တယ်

ဇွန်မှိုင်း (၂၅-၅-၀၇)

(၁)

`ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ လွှတ်ပေးရမယ်။
ပြည်သူ့လွှတ်တော်ခေါ်ပေးရမယ်။ တွေ့ဆုံဆွေးနွေးရေး လုပ်ရမယ်။´

၂၀၀၇ ခုနှစ် မတ်လ (၁၁) ရက်နေ့က ထောင်ဝင်စာမှာ ထုတ်ဖော်ပြောကြားလိုက်တဲ့ ဆရာ
ဦးဝင်းတင်ရဲ့ သဘောထား ရပ်တည်ချက်တွေ ဖြစ်ပါတယ်။
မတ်လ (၁၂) ရက်နေ့မှာ ဆရာ့အသက် (၇၇) နှစ်တင်းတင်းပြည့်သွားပြီ။
အင်းစိန်အကျဉ်းထောင်ထဲမှာ နအဖစစ်အုပ်စုက ပုဒ်မတွေတခုပြီးတခု ထပ်ထပ်တိုးလိုက်ပြီး
ဆရာ့ကို ထောင်ထဲမှာ ထောင်တွေထပ်ထပ်ချလိုက်တာ ဆရာ့ရဲ့ထောင်ထဲနေသားသည်ပင်လျှင်
(၁၈) နှစ်တင်းတင်း ပြည့်လုနီးပါးဖြစ်သွားပြီင်္။

အသက်အရွယ်အရရော၊ ထောင်တွင်းဖိနှိပ်မှုသဏ္ဌာန်မျိုးစုံအရရော … ဆရာ့ကျန်းမာရေးအခြေ
အနေ တော်တော်ဆိုးနေပါပြီ။ စစ်အုပ်စုကတော့ ဆရာ့ကို ထောင်ထဲမှာ အသေသတ်ပစ်ချင်ပုံ ရပါတယ်။ စစ်အုပ်စုဟာ ဆရာ့ကို လူပုဂ္ဂိုလ်အနေနဲ့လည်း သတ်ပစ်ချင်နေပြီး ဆရာ့ရဲ့နိုင်ငံရေး ကိုလည်း သတ်ပစ်ဖို့ကြိုးစားနေတာ အမှန်ပါ။ ဒါကြောင့်ပဲ စစ်အုပ်စုဟာ …
ဆရာ့ကိုရော၊ ဆရာ့ရဲ့နိုင်ငံရေးကိုပါ ကန့်သတ်ပိတ်ဆို့တားဆီးဖို့ တောက်လျှောက် အရူးအမူး အားထုတ်ခဲ့တာပါ။ ဒါပေမယ့် စစ်အုပ်စုရဲ့ဆန္ဒနဲ့ ပြောင်းပြန်ပဲ … ဆရာဟာ လိုအပ်ချက်နဲ့ကိုက်
ညီတဲ့၊ အံဝင်ကွက်တိဖြစ်တဲ့ အလုပ်ကြွေးကြော်သံနှင့် အလုပ်လမ်းညွှန်တွေကို သူ့ရဲ့ လုပ်ဖော် ကိုင်ဖက်တွေကြားမှာ အမြဲထုတ်ပြန်လမ်းညွှန်ထောက်ပြနိုင်ခဲ့တယ်လို့ ကျနော်ဆိုချင်ပါတယ်။

(၂)

၁၉၉၀ မေလ (၂၇) ရက်နေ့မှာ ကျနော်တို့ ရွေးကောက်ပွဲကို အပြတ်အသတ်နိုင်လိုက်တယ်။
ရွေးကောက်ပွဲပြီးလို့ (၂) လတိတိ ကြာတဲ့အခါမှာ … ရွေးကောက်ပွဲနိုင် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်တွေ ဂန္ဒီဟောမှာ စုစည်းလိုက်ကြတယ်။ စစ်အုပ်စု မျက်လုံးမျက်ဆံပြူးသွားစေတဲ့ အကွက်ပါ။
ဂန္ဒီဟောထဲမှာက … မြန်မာနိုင်ငံတနံတလျား မဲဆန္ဒနယ်ပေါင်းစုံက ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်တွေ။ ဂန္ဒီဟောရဲ့ ဘေးဝဲယာမှာက … အဲဒီကိုယ်စားလှယ်တွေကို ရွေးချယ်တင်မြှောက်ပြီး ယုံကြည်စွာ mandate ပေးလိုက်ကြတဲ့ ပြည်သူတွေ။

မြင်ကွင်းဟာ ကြက်သီးဖြန်းဖြန်းထလောက်တဲ့ မြင်ကွင်းပါ။ ၁၉၈၆ ခုနှစ်က ဖိလစ်ပိုင်သမ္မတ ရွေးကောက်ပွဲအပြီး သမ္မတဟောင်း အာဏာရှင်မာကိုးစ်ဆီက နိုင်ငံတော်အာဏာကို ကိုရာဇန် အကွီနိုက လူထုအားနှင့် အရယူလိုက်နိုင်တဲ့ မြင်ကွင်းမျိုးပါ။

ဂန္ဒီဟောကို ၀န်းရံထားတဲ့ လူပင်လယ်ကြီးမှာ … မျှော်လင့်ချက်တွေ၊ ယုံကြည်ချက်တွေ၊ အဲဒီ မျှော်လင့်ချက်၊ ယုံကြည်ချက်တွေကြောင့် စီးကျလာတဲ့မျက်ရည်တွေ၊ အံကြိတ်တက်ခေါက်သံတွေ။
ဒါပေမယ့် ဒီမှာ ကျနော်တို့ အဆင်သင့်မဖြစ်လိုက်ဘူး။ အခွင့်အခါကောင်းကို အမိအရ မဆုပ်ကိုင် လိုက်နိုင်ဘူး။

(၃)

နှစ်ပေါင်းများစွာ စစ်အာဏာရှင်စနစ်အောက်မှာ၊ တပါတီအာဏာရှင်စနစ်အောက်မှာ နိုင်ငံရေး ဖြတ်တောက်ခံထားရတာရဲ့ အကျိုးဆက်ပဲလို့ ကျနော်ကောက်ချက်ချမိတယ်။

အစိုးရဖွဲ့ဖို့ အဆင်သင့်မဖြစ်လိုက်နိုင်ပေမယ့် … `နောက်ရက်ပေါင်း (၆၀) အတွင်း စက်တင်ဘာလ ကုန်နောက်ဆုံးထားပြီး ပြည်သူ့လွှတ်တော်ခေါ်ပေးရန်´ ဆိုတဲ့ ဂန္ဒီဟောကြေညာချက်ကိုတော့ အခိုင် အမာ ထုတ်ပြန်နိုင်ခဲ့ပါတယ်။

ဒါဟာ အဲဒီကာလမှာ ပကတိတည်ရှိနေတဲ့၊ အမှန်တကယ်တည်ရှိနေတဲ့ မိမိအနေအထားရဲ့ စုစည်း ဖော်ပြချက် ဖြစ်နိုင်ပါတယ်။ ဒီထက် မရနိုင်သေးဘူး။ ဒီထက် မရနိုင်ခဲ့ဘူး။

(၄)

စစ်အုပ်စုအတွက်တော့ 'ခုမှပဲ အလုံးကြီးကျသွားတော့တယ်´ ဆိုတဲ့ အခွင့်အလမ်း အသေအချာ ဖြစ်သွားပါတယ်။ သူ့ရင်ထဲက အလုံးကြီးက `ဂန္ဒီဟောမှာ လွှတ်တော်ခေါ်လိုက်မှာလေလား´၊
`ဂန္ဒီဟောမှာ အစိုးရဖွဲ့လိုက်မှာလေလား´ ဆိုတဲ့ အလုံးကြီးပါ။ န၀တဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး စောမောင်ကိုယ်တိုင်က `ရွေးကောက်ပွဲက Free and Fair ဖြစ်ပါတယ်´ လို့ ရွေးကောက်ပွဲမှာ မဲထည့်ရင်း ပြောထားခဲ့တာပါ။

ဒီစကားက … နိုင်ငံတကာနှင့် ပြည်တွင်းသတင်းထောက်တွေရဲ့ရှေ့မှာ … လူသိရှင်ကြား ထုတ်ပြော ထားတဲ့ စကားပါ။ သူ့စကားနှင့်သူ ချီမိတုပ်မိဖြစ်နေတုန်း … အန်အယ်လ်ဒီက ဗြုန်းဆို ဂန္ဒီဟော ကောက်ခေါ်လိုက်တော့ အသက်တောင် ဘယ်ကရှူရမှန်းမသိ ဖြစ်သွားရတဲ့ ကာလပါပဲ။ ဒါကြောင့် လည်း စစ်အုပ်စုဟာ ၁/၉၀ ဆိုတဲ့ အမိန့်ကြေညာချက်ကို ကမန်းကတန်းထုတ်ပြီး ကြိုးစားကာပစ် ပစ်ကြည့်ခဲ့တဲ့ ကာလပါ။ ၁/၉၀ ရဲ့ အနှစ်သဘောက `လွှတ်တော်ကို ကိုယ့်အစီအစဉ်နှင့်ကိုယ် မခေါ်ပါနှင့်၊ န၀တက ကမကထပြုပြီး ခေါ်ပေးပါမယ်´ ဆိုတာပါ။ အဓိကရည်ရွယ်ရင်းကတော့ ဂန္ဒီဟောမှာ အစိုးရမဖွဲ့လိုက်ဖြစ်ဖို့ပါ။ ဂန္ဒီဟောမစခင် တရက်ကြိုပြီး ၁/၉၀ ကိုထုတ်လိုက်ပြီး …
အဆုံးအဖြတ်အခန်းမှာရှိတဲ့ ခေါင်းဆောင် (policy maker) တချို့ရဲ့ တိကျမှုကိုေ၀၀ါးသွားစေဖို့ပဲ ဖြစ်ပါတယ်။

(၅)

ထုံးစံအတိုင်းပါပဲ။ အန်အယ်လ်ဒီခေါင်းဆောင်တွေကြားမှာ … ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တွေကြားမှာ… ဘယ်သူ့ကိုဖမ်းရမယ်၊ ဘယ်သူ့ကို ခြောက်ထုတ်ပစ်ရမယ်။ ဘယ်သူ့ကို မွေးရမယ်၊ ဘယ်သူ့ကို ရောဂါဝင်အောင် လုပ်ရမယ်ဆိုတာတွေကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာပြီး … ၁၉၉၀ လူဖမ်းပွဲနှင့် သူ့ရဲ့ ဗျူဟာမြောက် အော်ပရေးရှင်းကို တရကြမ်း စတင်လိုက်တော့တာပါပဲ။ ဒီလိုနဲ့ ကျနော်တို့ဘက်မှာ ယာယီအရေးနိမ့်မှုတခု ဖြစ်ခဲ့ရတယ်။ ခြေလှမ်းတချို့နောက်ဆုတ်ခဲ့ရတယ်။
အဲဒီ (၂) လ၊ (၃) လ အတွင်းမှာကိုပဲ … စစ်အုပ်စုရဲ့ ဥပဒေမဲ့လုပ်ရပ်တွေနှင့် မူယာမာယာတွေ အောက်မှာ ကျနော်တို့ဘက်မှာ တကယ့်ကို အပြိုပြိုအလဲလဲ။

တချို့ ထောင်ထဲရောက်။
တချို့ တောထဲရောက်။
တချို့ ရှောင်ကြ၊ ရှားကြ။ တချို့ ဖြူကြ၊ ဖျော့ကြ။
လွန်ခဲ့တဲ့ (၂) လ၊ (၃) လက တိကျပြတ်ထင်နေတဲ့ မျဉ်းကြောင်းတချို့ဆိုလည်းေ၀၀ါးဖျော့တော့ အရောင်ပျယ်သွားကြ။

(၆)

စစ်အုပ်စုဟာ (၂) နှစ်လောက်နားလိုက်ရတော့ အတော်လေး အမောစေ့သွားပုံရတယ်။
စစ်အုပ်စုဟာ အဲဒီလို အရှိန်လေးရလာတယ်ဆိုရင်ပဲ … ဗိုလ်စောမောင်နေရာမှာ ဗိုလ်သန်းရွှေကို အစားထိုးပြီး ၁၁/၉၂ ကို ထုတ်ပြန်လိုက်ပါတယ်။

လွန်ခဲ့တဲ့ (၂) နှစ်က သူကိုယ်တိုင် ကြောက်အားလန့်အား ကမန်းကတမ်းထုတ်ထားတဲ့ ၁/၉၀ ကို သူကိုယ်တိုင် ဆုတ်ဖြဲပစ်လိုက်တယ်။ ၁၁/၉၂ ရဲ့ အနှစ်ဟာ … `ဘာလွှတ်တော်မှ ခေါ်ပေးစရာ မလိုဘူး၊ ခေါ်လည်းမပေးဘူး၊ အခု ပြည်သူ့လွှတ်တော်အမတ်တွေက သူလုပ်ပေးမယ့် အမျိုးသား ညီလာခံဆိုတာကို တက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခြေခံမူတွေကို ဆွဲကြ၊ ခင်ဗျားတို့ရဲ့ပိုင်ခွင့်က ဒါပဲ၊ လွှတ်တော်တွေ၊ ဘာတွေ ဘာမှ လာပြောမနေနှင့်တော့´ ဆိုတာပဲ။ အဲဒီလို သူက တဆင့်
တိုးပြီး ထိုးစစ်ဆင်လာတဲ့အခါ ကျနော်တို့ ဘာလုပ်ခဲ့ကြသလဲ။

(၇)

အဲဒီကာလဟာ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား အများဆုံးကာလဖြစ်တယ်လို့ ကျနော်မှတ်မိနေတယ်။ ဒီမှာ အင်အားစုတွေ စဉ်းစားကြရပြီ၊ တောင့်ခံမလား၊ မျှောလိုက်မလား။
ဘာပဲပြောပြော ဒါတွေကို ဆုံးဖြတ်ဖို့၊ ၁၁/၉၂ ကို လက်ခံမလား၊ လက်မခံဘူးလားဆိုတာ ဆုံးဖြတ်ဖို့ ဆိုရင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ ပြန်လွှတ် ရေးဟာ ပထမဆုံးလုပ်ရမယ့် အလုပ်ဖြစ်လိမ့်မယ်။ ဒါဟာ သေချာပေါက်ပဲ၊ ကျနော်တော့ ဒီလိုပဲ မြင်တယ်။ တိုင်းပြည်ကို ရိုးရိုးသားသား ချစ်ကြတယ်ဆိုရင် ဒါကို ပထမဆုံးကိုပဲ ဆုံးဖြတ် ချက်ရှိရှိ လုပ်ရပါလိမ့်မယ်။

ဒါကြောင့်ပဲ … ဆရာဦးဝင်းတင်ဟာ အကျဉ်းထောင်ထဲက ရဲဘော်များကြား၊ ခေါင်းဆောင်များ
ကြား … အပြင်က ရဲဘော်များကြား၊ ခေါင်းဆောင်များကြားကို အလုပ်ကြွေးကြော်သံ (သို့မဟုတ်) လုပ်ငန်းလမ်းညွှန်ကို အခုလို ပြတ်ပြတ်သားသားပဲ တင်ပြလိုက်ပါတယ်။ `အခု ကျနော်တို့ လုပ်ရမယ့်အလုပ်ဟာ … စစ်အုပ်စုပြောတဲ့ ၁၁/၉၂ လမ်းကြောင်းမဟုတ်ဘူး။ ကျနော်တို့ တကယ်လုပ်ရမယ့်အလုပ်ဟာ … `စု၊ လွှတ်၊ ပြန်၊ တွေ့´ ဒါမှမဟုတ် `စု၊ တွေ့၊ ပြန်၊ လွှတ်´ ဖြစ်တယ်။´

(၈)

အကျယ်က ဒီလိုပါ။
ကျနော်တို့ဟာ `ဆန်စင်ရာ၊ ကျည်ပွေ့လိုက်´ ဆိုတာလို စစ်အုပ်စုရွှေ့တဲ့အကွက်တွေကို နောက် ယောင်ခံလိုက်ပြီး ဘာမှ သူ့အလိုကျ ရွှေ့ပေးနေစရာမလိုဘူး။ ကိုယ်ဟာ လူထုရဲ့ ယုံကြည်စွာ အပ်နှံ ထားတဲ့ mandate ရပါတီဖြစ်တယ်။ လူထုကိုယ်စားလှယ်ဖြစ်တယ်။ လူထုနှင့်အတူ၊ လူထုဝန်းရံ
ထောက်ခံမှုနှင့်အတူ ရပ်တည်နေတဲ့ ပါတီဖြစ်တယ်။ ဒါကြောင့် ကိုယ်ကိုယ်တိုင်က လမ်းကြောင်း ချမှတ်ခွင့်ရှိတယ်။ ဒီအခွင့်အလမ်းကိုလည်း လူထုကို အတိအကျချပြပြီး လူထုနှင့်အတူ ဆောင်ရွက် ရလိမ့်မယ်။

ပထမဆုံးလုပ်ရမှာက ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက် မရှိ အမြန်ဆုံး ပြန်လွှတ်ပါ။ ဒုတိယ … ပြည်သူ့လွှတ်တော်အမြန်ခေါ်ပါ။ တတိယ … အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ရင်း စတုတ္ထ … နိုင်ငံရေးအရ တန်းတူရည်တူ တွေ့ဆုံဆွေးနွေး အဖြေရှာပါ။
ဒါကတနည်း။
နောက်တနည်းက …
ပထမစပြီးလုပ်ရမှာက … ဒေါ်စုနှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ရေးပဲ၊
ဒုတိယက … တွေ့ဆုံဆွေးနွေး၊
တတိယ … အမျိုးသားပြန်လည်သင့်မြတ်ရေးတွေ ဆောင်ရွက်၊
နောက်ဆုံးမှာမှ … ပြည်သူ့လွှတ်တော် ခေါ်ယူ။
လုပ်ငန်းစဉ်တိုင်းဟာ ရှင်းလင်းတယ်၊ ထင်သာမြင်သာရှိတယ်၊ ပြီးတော့ တိကျခိုင်မာတယ်။

(၉)

ဘယ်လမ်းကြောင်းကိုပဲရွေးရွေး `ဒေါ်စုနှင့် နိုင်ငံရေးအကျဉ်းသားတွေ ချွင်းချက်မရှိလွှတ်ရေး´ နှင့် စတင်ကြရမှာချည်းပဲ။ ဒါကို ဆရာဦးဝင်းတင်ဟာ ထောင်ထဲမှာ ၁၉၉၁- ၁၉၉၂ ကတည်းက စိုက်လိုက်မတ်တပ် တောက်လျှောက်တင်ပြခဲ့တာ ဖြစ်ပါတယ်။ အခုထိလည်း သူ ဒါကိုပဲ ဆက် လက်ရပ်ခံတယ်။ ကျနော်တို့ရဲ့ ၁၉၉၂ ခုနှစ်က ၂၀၀၇ ခုနှစ်ကြား ခါးသည်းတဲ့ အတွေ့အကြုံတွေကို နိဂုံးချုပ်ကြည့်လိုက်တဲ့အခါမှာလည်း ဒီလမ်းညွှန်ဟာ လုံးဝကွက်တိ မှန်နေဆဲပဲ။

ကျနော်တို့နှင့်အတူတူ လူထုရှိနေတယ်လို့ ယုံရင် … ကျနော်တို့ဟာ စစ်အုပ်စုပြောသမျှ၊ သူလမ်း ကြောင်းပေးသမျှ လိုက်လုပ်နေရမယ်ဆိုတာ လုံးလုံးမသင့်လျော်ဘူး။ လူထုနှင့် ကင်းကွာ၊ လူထု တန်ဖိုးလည်း နားမလည်၊ လူထုကိုလည်း မယုံကြည်၊ လူထုကိုယ်တိုင်ကလည်း ဘာတန်ဖိုးမှ အပေးမခံရသူတွေသာ စစ်အုပ်စုနှင့် အလိုက်သင့် အလျားသင့် ဟိုဟာလိုက်လုပ်ရမှာလိုလို ဒီဟာလိုက်လုပ်ရမှာလိုလို ပျာယာခတ်နေကြတာပါ။

လူထုကို ယုံကြည်တယ်ဆိုရင် … ကိုယ့်လမ်းကိုယ်ထွင်ပြီး ရဲရဲလျှောက်နိုင်ရလိမ့်မယ်။
`လူထုကိုချပြ၊ လူထုထောက်ခံမှုကို အရယူပြီး၊ လူထုနှင့်အတူ ချီတက်ဆောင်ရွက်ရေး´ ဆိုတဲ့ အခြေခံတရားကို လက်မလွှတ်ဘူးဆိုရင် … ကျနော်တို့ကို ဘယ်သူမှ တားနိုင် ဆီးနိုင် ပိတ်ဆို့
နိုင်မယ်မဟုတ်ဘူးလို့ ကျနော်ရဲရဲယုံကြည်တယ်။

By NEJ

လူ့အခွင့်အရေး လေးစားဖို့ စစ်အစိုးရကို အမေရိကန် သမ္မတကတော် တိုက်တွန်း

မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ အခွင့်အရေးတွေကို လေးစားဖို့အတွက် အိမ်နီးချင်းနိုင်ငံတွေ၊ အထူးသဖြင့် တရုတ်နဲ့ အိန္ဒိယတို့က တွန်းအားပေးပါလို့ သမ္မတကတော် လော်ရာဘုရှ် (Laura Bush) က တိုက်တွန်း လိုက်ပါတယ်။

နယူးယောက်ခ်မြို့မှာ ကျင်းပနေတဲ့ ကုလ သမဂ္ဂ အထွေထွေညီလာခံကြီးကို တက်ရောက်ခဲ့တဲ့ သမ္မတဘုရှ်နဲ့ သမ္မတ ကတော် လော်ရာဘုရှ်တို့ဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ နေ့လယ်စာစားရင်း တွေ့ဆုံခဲ့ပါတယ်။ အဲဒီ ဒီမို ကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေထဲမှာ မြန်မာပြည်က သံဃာတော်တပါး ဖြစ်တဲ့ အရှင်ကောဝိဒလည်း ပါဝင်ပါတယ်။


မနှစ်က သံဃာထုလှုပ်ရှားမှု၊ ရွှေဝါရောင် တော်လှန်ရေးကြီးအပြီး ဘေးလွတ်ရာ တိမ်းရှောင်ခဲ့တဲ့ သံဃာတပါးဖြစ်ပါတယ်။ မြန်မာပြည်သူတွေအတွက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အစိုးရတရပ် ပြောင်းလဲနိုင်ဖို့အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ကူညီလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း အရှင်ကောဝိဒက မိန့်ကြားခဲ့တာကို အိမ်ဖြူတော်က သတင်းထုတ်ပြန်ထားပါတယ်။

ဗိုလ်ကြီးဝင်းထိန်ကို ထောင်ထဲ ပြန်ထည့်သွားပြန်ပြီ

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 24 2008 17:15 - မြန်မာစံတော်ချိန်

ဒေါ်အောင်ဆန်းစုကြည်၏ ရုံးအဖွဲ့မှူးအဖြစ် ထမ်းဆောင်ခဲ့ဖူးသူ ဗိုလ်ကြီးဟောင်း ၀င်းထိန်ကို မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကသာမြို့နယ် အကျဉ်းထောင်မှ ယမန်နေ့က လွှတ်ပေးခဲ့ပြီး ယနေ့ နံနက်တွင် ပြန်ဖမ်းကာ ထောင်အတွင်း ပြန်ထည့်လိုက်ကြောင်း မဇ္ဈိမက သတင်းရရှိသည်။

Wednesday, September 24, 2008

ဦးဝင်းတင်နဲ့ အာအက်ဖ်အေ အင်တာဗျူး



ဦးဝင်းတင်- ဒီနေမနက် ကျနော် ဆီကိုထောင်မှုးကလာတယ်။ ထောင်ကနေလွတ်ပေးမယ် ပစ္စည်းတွေပြင်ပါလို့ လာပြောတယ်။ ကျနော်က ပြောတယ်။ မလုပ်နိင်ဘူး။ ခံဝန် ပုံစံ၊ အိုနာကျိုးကန်း စီမံချက်ပုံစံနဲ့ လွတ်ပေးတာကိုလက်မခံဘူးလို ပြန်ပြောလိုက်တယ်။စာရေးပြီးသားရှိတယ်ယူသွားပါလို့ ပြောလိုက်တယ်
ခင်ဗျား တို့  ဆွဲချွတ်ခြင်ရင်လည်းချွတ်၊ ထောင်အကျီ ကိုလည်းမချွတ်နိင်တော့ဘူး။
ပြေခြင်တာပြောပါ။ ဆရာ ခုပဲလွတ်တယ်။ ဆရာရင်ထဲမှာပြောချင်တာပြောပါလို့ မေးတဲ့အခါမှာတော့ သူက
ရံသုံးရံ မူကိုရှင်းပြပါတယ်။ ဒါတွေကတော့

၁- အန်အဲလ်ဒီ ကိုဝန်းရံကြ
၂- လွတ်တော်ကိုဝန်းရံကြ
၃- ဒေါ်စုကိုဝန်းရံကြ

ဒေါ်စုရပ်တည်ချက်တွေကို ဘယ်လိုမြင်လည်း ဟိုတလောက ဒေါ်စုက ဂန်ဘာရီကိုမတွေ ဘူးလို့ မေးတော့၊သူက ဒေါ်စုဂန်ဘာရီကိုမလွတ်တာမှန်တယ်လို့ ဆိုတယ်။

နအဖအခြေခံဥပဒေ ကို လက်မခံဘူး။ ဒီမိုကရေစီရကိုရရမယ်။
ထောင်ထဲမှာ အများကြီးသေသွားတဲ့သူတွေကို ဦးညွတ်ဂုဏ်ပြုတယ်။ လုပ်လက်စတွေကို
ဆက်လုပ်မယ်။ သူကိုလမ်းညွန်းပါ၊ပဲပြင်ပါလို့  သူကိုယ်သူကို လူထုကိုအပ်လိုက်တာတွေကတော့ အရင်ကြားနေရတဲ့ စီအီစီအင်တာဗျူးတွေနဲ့ တော့ အတော့ကိုကွာတယ်။

Tuesday, September 23, 2008

ထောင်တွင်း ၁၉ နှစ်ကျော်ကြာ နေခဲ့ရသူ သတင်းစာဆရာကြီး ဦးဝင်းတင် လွတ်မြောက်ပြီ



စစ်အစိုးရက ယနေ့ လွှတ်ပေးသော အကျဉ်းသား ၉၀၀၂ ယောက်တွင် သတင်းစာဆရာကြီး ဦးဝင်းတင် အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၃ ဦး ပါရှိသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့် ရှိသူက ပြောသည်။

အသက် ၇၈ နှစ် အရွယ်ရှိပြီဖြစ်သော ဦးဝင်းတင်သည် အင်းစိန်ထောင်အတွင်း ၁၉ နှစ်ကျော်ကြာ နေခဲ့ရပြီးနောက် လွတ်မြောက်လာခြင်း ဖြစ်သည်။ မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာ မေ၀င်းမြင့်နှင့် တောင်ငူလွှတ်တော်အမတ် ဦးအောင်စိုးမြင့်ဦး တို့ကိုလည်း စစ်အစိုးရက လွှတ်ပေးခဲ့သည်ဟု ဦးဥာဏ်ဝင်းက ပြောသည်။

ထို့ အတူ နောက်ထပ်ရရှိသောသတင်းအရ - ဆရာကြီးဦးဝင်းတင်ကဲ့သို့  နှစ်ပေါင်းမြောက်များစွာ ထိန်းသိမ်းခံထားရသူတစ်ဦးဖြစ်တဲ့ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန် (အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် - ဒုဥက္ကဌ နိုင်ငံရေးအကျဉ်းသားများ လူမှုကူညီစောင့်ရှောက်ရေးအဖွဲ့ ) လည်း ကသာထောင်မှနေ လွတ်မြောက်လာပြီး ဖြစ်ကြောင်း သိရှိရပါတယ်။
ဤကဲ့သို့ဆရာကြီး ဦးဝင်းတင်၊ ဒေါက်တာ ဒေါ်မေ၀င်းမြင့်၊ ဦးအောင်စိုးမြင့်ဦး၊ ဦးအေးသိန်းတို့ လွတ်မြောက်လာခြင်းအပေါ် ၀မ်းသာအားရဖြစ်မိသောလည်း ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ၈၈မျိုးဆက်ကျောင်းသားများ၊ နိုင်ငံရေးအကျဉ်းသားများမလွှတ်သေးခြင်းဟာ နအဖရဲ့ မရိုးသားတဲ့လုပ်ရပ်အဖြစ်သတိထားရမယ်လို့ပြည်တွင်းပြည်ပမှသူများပြောဆိုနေကြကြောင်းသိရှိရပါသည်။

နာဂါအိခန်းဂျိ၏ ဗိဒီယိုကင်မရာတိတ်ခွေရှိကြောင်း လိမ်လည်ပြောဆိုငွေတောင်းသူ မြန်မာတဦးဖမ်းဆီးခံရ





ပြီးခဲ့သည့်နှစ် စက်တင်ဘာလ သံဃာသပိတ်ရွှေဝါရောင်အရေးတော်ပုံအတွင်း မြန်မာစစ်တပ်၏ ရက်စက်စွာသတ်ဖြတ်ခြင်းခံရသော ဂျပန်သတင်းထောက်nagai kenji ၏ နောက်ဆုံးအချိန်ထိရိုက်ထားသော ဗီဒီယိုကင်မရာတိတ်ခွေ ၎င်းတွင်ရှိကြောင်း လိမ်လည်ပြောဆိုငွေတောင်းမှုဖြင့် တိုကျိုမြို့ Katsushika ရပ်ကွက်နေ မောင်ဝင်းမင်းထွန်းဆိုသူအား ဂျပန်ရဲအဖွဲ့မှ ဖမ်းဆီးလိုက်ကြောင်း ဂျပန်တီဗွီသတင်းဌာနများမှ ယနေ့နေ့လယ်သတင်းတွင် ထုတ်လွှင့်ဖော်ပြခဲ့သည်။

အသက်(၃၁)နှစ်ရှိသူ မောင်ဝင်းမင်းထွန်းဆိုသူသည် ဂျပန်သတင်းထောက်nagai kenji အလုပ်လုပ်သော APF tsuu shin သတင်းဌာန ရှိ လူနှင့် ကော်ဖီဆိုင်တဆိုင်တွင်တွေ့ဆုံ၍ ဗီဒီယိုတိတ်ခွေပြန်လည်ရရှိရန် ငွေလိုအပ်သည်ဟုဆိုပြီး ဂျပန်ယန်းငွေ သောင်း (၅၀) ပေးရန်အတင်းအကြပ်တောင်းခံပြောဆိုခဲ့ပါသည်။

ဖမ်းဆီးခံရသူ မောင်ဝင်းမင်းထွန်းဆိုသူသည် ဂျပန်နိုင်ငံသို့ရောက်သည်လာသည်မှာ သိပ်မကြာသေးကြောင်းသိရှိရပြီး၊ အလုပ်အကိုင်အတည်တကျလုပ်ကိုင်နေခြင်းမရှိကြောင်းနှင့် သူ့လက်ထဲတွင် နာဂါးအိခန်းဂျိ၏ ဗီဒီယိုကင်မရာတိတ်ခွေလက်ဝယ်မရှိဘဲ လိမ်လည်၍ငွေညစ်တောင်းသည့်အမှုဖြင့် ဂျပန်ရဲမှ အမှုဖွင့် အရေးယူထားကြောင်းသိရှိရပါသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီရေးလုပ်ဆောင်နေကြသူများက မောင်ဝင်းမင်းထွန်းဆိုသူကို နအဖဆန့်ကျင်ရေးဆန့်ရေးဆန္ဒပြပွဲများတွင် မမြင်တွေ့ဖူးကြောင်းနှင့်၊ မြန်မာ့ဒီမိုကရေစီလုပ်ဆောင်နေကြသည့် အဖွဲ့အစည်းများတွင်လည်း ၀င်ရောက်လုပ်ဆောင်နေသူမဟုတ်ကြောင်း၊ ယခုအချိန်တွင် ဂျပန်နိုင်ငံသို့ ဗီဇာပုံစံအမျိုးမျိုးဖြင့် နအဖလူများဂျပန်နိုင်ငံသို့တဖွဲဖွဲရောက်ရှိနေပြီး၊ တိုကျိုမြို့အခြေစိုက် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများ အားနံမည်ပျက်သိက္ခာကျအောင် နအဖ၏ ဘက်တော်သားများက တမင်အကြံအစည်သက်သက်ဖြင့် လှုပ်ဆောင်သည့်ကိစ္စဖြစ်ကြောင်း ဝေဖန်ပြောကြားသည့်အသံများလည်း ကြားသိရပါသည်။

သတင်းတင်ဆက်သူ-သန်းထွဋ်
(ဒေါင်းမာန်ဟုန်)
ကိုးကား-ဂျပန်တီဗွီသတင်းဌာနများမှ

နအဖ၏ နှောင့်ယှက်မှုကြောင့် မိမိ၏ ဘလော့မှတ်တမ်းများမပျောက်ပျက်စေရန်

ဘလော့ကို Back Up လုပ်နည်း။

အချိန်ကုန်ခံ၊ အပင်ပန်းခံ၊ ခါးညောင်းခံ တင်ထား ရေးထားတဲ့ မိမိရဲ့ ပို့စ်တွေကို backup လုပ်ထားချင်သူများ အောက်ပါနည်းတွေအတိုင်း လုပ်လို့ ရကြောင်း ရှာတွေ့ တာလေး ပြန်လည်မျှဝေလိုက်ပါတယ်။ သိပြီးသား လည်း ဖြစ်ချင်ဖြစ်မှာပါ။

http://blogname.blogspot.com/search?max-results=1000

blogname နေရာမှာ မိမိဘလောဂ့် နာမည်ကိုရိုက်ပါ။ ပို့စ် ၁၀၀၀ ထက်နည်းရင် save လုပ်လို့ ရတယ်လို့  ဆိုထားပါ တယ်။ တစ်ထောင်ထက် ကျော်ရင်တော့ မပြောတက်ဘူး။ အပေါ်က လိပ်စာအတိုင်း ရိုက်ထည့်လိုက်ရင် သင်ရေးခဲ့သမျှ ပို့စ်အားလုံး ပေါ်လာပါလိမ့်မယ်။ ပထမ ဦးစွာ ပုံတွေကို သီးသန့် save လုပ်ဖို့ firefox extension တခုဖြစ်တဲ့ DownThemAll ကိုသုံးပြီး ပုံတွေကို download လုပ်ယူနိုင်ပါတယ်။ မိမိဖတ်ချင်တဲ့ ဘလော့ဂါတစ်ယောက်ရဲ့ ရေးခဲ့သမျှ ပို့စ်တွေကို တစ်ခါတည်း ဖတ်ချင်ရင်လည်း အပေါ်က လင့်ခ်မှာ မိမိဖတ်မယ့် ဘလော့ဂါရဲ့ လိပ်စာကို ပြောင်းထည့်လိုက်ပါ။

နောက်တစ်ဆင့် က ရေးထားတဲ့ ပို့စ်တွေက စာတွေကို သီးသန့် save ဖို့  အောက်က လင့်ခ်ကို သွားပါ။

http://blogname.blogspot.com/feeds/posts/default?max-results=1000

XML feed ပါပဲ။ ပို့စ်က စာတွေပဲ သီးသန့် ပေါ်လာတာကို save page as (Ctrl+S) လုပ်လိုက်ရုံပါပဲ။ comments တွေကို သိမ်းဖို့ က -

http://blogname.blogspot.com/feeds/comments/default?max-results=1000

ဖြစ်ပါတယ်။

(မူလရေးသားသူ - ဘုရင့်နောင်အား အထူးကျေးဇူးတင်ရှိပါသည်)။

Sunday, September 21, 2008

မြန်မာနိုင်ငံကိစ္စ ကုလကိုယ်စားလှယ် စိစစ်ရေး ကော်မတီ ဆုံးဖြတ်မည်

20/09/2008
နယူးဒေလီ။ ။ ကုလသမဂ္ဂတွင် မြန်မာစစ်အစိုးရက အဖွဲ့ဝင်အဖြစ် ပါဝင်နေမှုကို စိန်ခေါ်ထားသည့် တင်ပြချက်သည် ဤကမ္ဘာ့ အဖွဲ့အစည်းကြီး၏ အကြီးအကဲက အထွေထွေ ညီလာခံသို့ ဆက်လက် ပေးပို့လိုက်ပြီ ဖြစ်သဖြင့် ချောမောစွာ ရှေ့တဆင့် တက်သွားပြီ ဖြစ်ကြောင်းဖြင့် ပြည်ပရောက် မြန်မာ့ အတိုက်အခံ အုပ်စုများက ပြောကြားလိုက်ပါသည်။
"ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ကျနော်တို့ ပန်ကြားလွှာကို သူ့စာနဲ့အတူ အထွေထွေ ညီလာခံကို လက်ခံဘို့ ဆက်လက် ပေးပို့လိုက်ပါပြီ။ ဘာကန့်ကွက်မှုမှ မရှိပါဘူး၊ ဒါကြောင့် ပထမအဆင့်တော့ အောင်မြင်ပါပြီ" ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) ၏ တွဲဘက် အထွေထွေ အတွင်းရေးမှူး (၂) ဦးမျိုးဝင်းက ပြောဆိုသွားပါသည်။ NCUB သည် ဤလှုပ်ရှားမှုကို ဦးဆောင်နေသည့် မြန်မာ အတိုက်အခံတို့၏ ထီးရိပ်အဖွဲ့အစည်း တခု ဖြစ်ပါသည်။


"ကျနော်တို့ ပန်ကြားချက်ကို အထွေထွေ ညီလာခံက လက်ခံလိုက်ပါပြီ။ ဒါကို ကိုယ်စားလှယ် စိစစ်ရေး ကော်မတီက ဆွေးနွေးပါလိမ့်မယ်" ဟု သူက ဆက်လက် ပြောကြားသွားခဲ့ပါသည်။

ပြည်ပရောက် မြန်မာအတိုက်အခံ အဖွဲ့အစည်းများ ဖြစ်ကြသော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) ၊ ပါလီမန် အမတ်များအဖွဲ့ (MPU) ၊ နှင့် အပြည်ပြည်ဆိုင်ရာ ရဟန်းတော်များ အဖွဲ့ သာသနာ့မောလိ (IBMO) တို့က မြန်မာ စစ်အစိုးရ၏ ကိုယ်စားလှယ်ဖြစ်မှုကို စိန်ခေါ်သည့် ပန်ကြားချက် တရပ်ကို ကုလသမဂ္ဂသို့ စက်တင်ဘာ ၉ ရက်နေ့က တင်သွင်းခဲ့ကြပါသည်။

စက်တင်ဘာလ ၁၆ ရက်နေ့က စတင် ကျင်းပသည့် ၆၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံက အဖွဲ့ဝင် ၉ ဦး ပါ ကိုယ်စားလှယ် စိစစ်ရေး ကော်မတီကို အဖွင့်နေ့တွင် ဖွဲ့စည်း တာဝန်ပေးလိုက်ရာ ထိုကော်မတီတွင် ဘော့ဆွာနာ၊ တရုပ်၊ ဆိုက်ပရပ်၊ အမေရိကန်၊ ရုရှ၊ လူဇင်းဘာ့ခ်၊ မက္ကဆီကို၊ မိုဇမ်းဘစ်၊ စိန့်ကစ်၊ နှင့် နီဗစ်စ် တို့ ပါဝင်ကြပါသည်။

ဤတင်ပြချက်အပေါ် ဆုံးဖြတ်ချက် မချမီ အဆိုပါ ကော်မတီက ဤစိန်ခေါ်သည့် ပန်ကြားလွှာကို သုံးသပ် ဆွေးနွေးကြမည် ဖြစ်ပြီး ကော်မတီက ဆက်လက် ပေးပို့ရန် ဆုံးဖြတ်မှသာ အထွေထွေ ညီလာခံက အပြီးသတ် အဆုံးအဖြတ်ပေးမည် ဖြစ်သည်။

"ကိုယ်စားလှယ်စိစစ်ရေး ကော်မတီမှာပါတဲ့ နိုင်ငံတချို့က လွဲရင် အဖွဲ့ဝင်အများစုက ကျနော်တို့အပေါ် သွေးစည်း ညီညွတ်မှု ရှိကြပါတယ်။ ဒါကြောင့် ကျနော်တို့ အကောင်းမြင်ပါတယ်" ဟု ဦးမျိုးဝင်းက ပြောသွားပါသည်။

"ဒါပေမဲ့ တရုတ်နဲ့ ရုရှတို့က ကျနော်တို့ ပန်ကြားချက်ကို ကန့်ကွက်ကြလိမ့်မယ်လို့ သိထားပါတယ်။ ဒါပေမဲ့ ဒီကော်မတီ ထဲမှာ ဗီတိုအာဏာ သုံးစွဲခွင့် မရှိပါဘူး" ဟု ဦးမျိုးဝင်းက ပြောပါသည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပြီး၊ မြန်မာ သံတမန်တဦး ဖြစ်သော ဦးသန့်က ကုလသမဂ္ဂ၏ တတိယမြောက် အထွေထွေ အတွင်းရေးမှူးအဖြစ် ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပါသည်။

မြန်မာနိုင်ငံသည် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်ထိ ယာယီမျှ ပါလီမန် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ခဲ့ပါသည်။ သို့သော် ၁၉၆၂ ခုနှစ် မတ်လတွင် ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သော စစ်တပ်မှ အာဏာ သိမ်းယူခဲ့ပြီး တိုင်းပြည်ကို ဆိုရှယ်လစ် နိုင်ငံအဖြစ် ပြောင်းလဲ အုပ်ချုပ်ခဲ့သည်။

သို့သော် ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံ ပြည်သူများက ဆိုရှယ်လစ်စနစ်ကို ပယ်ချခဲ့ပြီး ဦးနေဝင်း၏ တပါတီ အာဏာရှင်စနစ်ကို လူထုလှုပ်ရှားမှုဖြင့် ဖြုတ်ချခဲ့ပါသည်။ သို့သော် စစ်အုပ်စု၏ အမွေသည် လက်ရှိ ဗိုလ်ချုပ်ကြီးများ ၁၉၈၈ ခုနှစ် စက်တင်ဘာတွင် အာဏာ သိမ်းသည့်အခါ ဆက်လက် တည်ရှိနေခဲ့ပါသည်။

စစ်အစိုးရက ၁၉၉ဝ ခုနှစ်တွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးခဲ့ပြီး ထိန်သိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရရှိခဲ့ပါသည်။ သို့သော် စစ်အစိုးရက အာဏာ လွှဲပြောင်းပေးရန် ငြင်းဆန်ခဲ့ပြီး၊ တိုင်းပြည်ကို တင်းကြပ်စွာ ဆက်လက် အုပ်ချုပ်ခဲ့ပါသည်။

စစ်အစိုးရကို ကုလသမဂ္ဂမှ ဖယ်ရှားရန် ပြည်ပရောက် အတိုက်အခံ အဖွဲ့အစည်းများက ကိုယ်စားလှယ်ဖြစ်မှုကို စိန်ခေါ်သည့် လှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ကြပါသည်။ အဆိုပါ ပန်ကြားချက်တွင် ဗိုလ်ချုပ်ကြီးများသည် အာဏာကို မတရား အတင်းအကြပ် ရယူထားခဲ့ကြပြီး၊ တရားမဝင် အုပ်ချုပ်လျက် ရှိသည်၊ ထို့ကြောင့် စစ်အစိုးရ၏ ကိုယ်စားလှယ်ဖြစ်မှုကို ကုလသမဂ္ဂက ပြန်လည် စဉ်းစား သုံးသပ်သင့်ပါသည်ဟု ဖေါ်ပြထားခဲ့ကြပါသည်။

"ဒီ လှုပ်ရှားမှုက မြန်မာပြည်သူများ၏ ဆင်းရဲဒုက္ခကို မီးမောင်းထိုးပြနိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်" ဟု ဦးမျိုးဝင်းက ပြောသွားပါသည်။

Mizzima

Saturday, September 20, 2008

ဓမ္မခွန်အား (စက်တင်ဘာ သံဃာ့အရေးအခင်း နှစ်ပတ်လည် အမှတ်တရ)



Picture Effect(mouse တင်ကြည့်ပါ)

ဆရာကြီးမင်းသုဝဏ် နှစ် ၁၀၀ ပြည့်

အောက်ပါအစီအစဉ်အတိုင်း တက်ရောက်ကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

မြန်မာပြည်မှ..လူသတ်ကောင်များ

Burma's Hidden Killers

လူရွှင်တော် ဇာဂနာ ကျီးပေါင်းတက်ဝေဒနာ ခံစားနေရ

ကိုသက် | စက်တင်ဘာ ၁၉၊ ၂၀၀၈
စစ်အစိုးရ၏ ဖမ်းဆီးခြင်းခံထားရသည့် လူရွှင်တော်ဇာဂနာ၏ လယ်ကုပ်တွင် ကျီးပေါင်းတက်သည့် ဝေဒနာ ခံစားနေရကြောင်းကို မိသားစုမှတဆင့် သိရသည်။ ၎င်းကျီးပေါင်းတက်ရောဂါကြောင့် လူရွှင်တော် ဇာဂနာသည် လယ်ကုပ်တွင် ၂ ပတ် ကော်လာတပ်ကာ ဆေးလည်း သောက်ရမည်ဟု ကိုဇာဂနာ၏ မိသားစုဝင် ဧရာဝတီကို ယနေ့ပြောဆိုသည်။ “ပထမ ခေါင်းမူးမူးနေလို့ သူက (ဇာဂနာ) သွေးတိုးလို့ထင်တာ နောက်မှ ကုပ်မှာကျီးပေါင်း တက်တာ၊ နေထိုင်ရတာလည်း မကောင်းဘူးလေ .. အိပ်ရင်လည်း ခေါင်းအုံးမပါနဲ့ လတွေကလည်းကြာလာ၊ အသက် ကလည်း ရလာပြီဆိုတော့ …” ဟု ကိုဇာဂနာ၏ မိသားစုဝင်တဦးက ပြောသည်။ ကိုဇာဂနာနှင့် ၎င်း၏အမှုတွဲများဖြစ်ကြသည့် အားကစားအယ်ဒီတာ ကိုဇော်သက်ထွေး၊ စာနယ်ဇင်းသမား ကိုတင်မောင်အေးနှင့် ကင်မရာသမား ကိုသန့်ဇင်အောင်တို့ကို ရန်ကုန်မြို့က အင်းစိန်ထောင်ရှိ အနောက်ပိုင်း ခရိုင် တရားရုံးတွင် ရုံးထုတ်ကြောင်း သိရသည်။

“ဒီနေ့ ကိုသူရကို (ဇာဂနာ) ပုဒ်မ ၁၇/၂ နဲ့စွဲတဲ့အမှုကိုစစ်တယ်” ဟု မိသားစုဝင်က ဆက်ပြောသည်။
ကိုဇာဂနာကို တရားမ၀င်အဖွဲ့အစည်းဆက်သွယ်မှု၊ ပုဒ်မ ၅ (ည)၊ အီလက်ထရွန်းနစ် ဆက်သွယ်ရေးဆိုင်ရာ ပုဒ်မများ အပါအ၀င် ပုဒ်မ ၇ ခုဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။ ကိုဇာဂနာ၏ လက်ရှိကျန်းမာရေး အခြေအနေနှင့်ပတ်သက်၍ “ကျန်တဲ့ကျန်းမာရေးတော့ ကောင်းတယ် … ဒါပေမယ့် တခြားလူတွေကပြောတာ အသားဝါနေသလိုပဲပေါ့ … စစ်ကြည့်အုံးလို့ သတိပေးကြတယ်” ဟု သူ၏ မိသားစုဝင်က ပြောသည်။

Friday, September 19, 2008

သံဃာတော်များကံဆောင်သည့် နှစ်ပတ်လည်တွင် လုံခြုံရေးတင်းကျပ်၊ သံဃာများအား စောင့်ကြည့်

ကိုသက် | စက်တင်ဘာ ၁၈၊ ၂၀၀၈
ယနေ့သည် သံဃာတော်များ ပတ္တနိက္ကုဇ္ဇန ကံဆောင်ခြင်း တနှစ်ပြည့်မြောက်သောနေ့ဖြစ်သည့်အလျှောက် အာဏာပိုင်တို့က ရန်ကုန်နှင့် မြို့ကြီးများတွင် လုံခြုံရေးအထူးတ
င်းကျပ်ထားပြီး နိုင်ငံရေး လှုပ်ရှားတက်ကြွသူများနှင့် သံဃာများကို စောင့်ကြည့်လျက်ရှိသည်ဟု ဒေသခံများက ဧရာဝတီကို ပြောသည်။
ယမန်နှစ်က ရန်ကုန်တွင် သံဃာ့ဆန္ဒပြပွဲများစတင်သည့်နေရာများဖြစ်သော ရွှေတိဂုံဘုရားနှင့် မြို့တော်ခန်းမ ပတ်ဝန်းကျင်တွင် စစ်ဆေးရေးဂိတ်များချထားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကြံ့ဖွံ့များနှင့် စွမ်းအားရှင်များက ရှာဖွေစစ်ဆေးလျက်ရှိသည်ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

အဆိုပါလုံခြုံရေးဂိတ်များမှ ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်၊ အငှားကားများကို ရှာဖွေမှုများပြုလုပ်ပြီး ခရီးသည်များ၏ ပိုက်ဆံအိတ်များကိုပင် ရှာဖွေမှုများပြုလုပ်သည်ဟု အထက်ပါ ရန်ကုန်မြို့ခံက ပြောသည်။

“ရန်ကုန်မှာ လုံခြုံရေးအတော်များတယ်ဗျ၊ နေရာတိုင်းပဲ … ဘုန်းကြီးကျောင်းတွေနားဆို ပေါ်တင်ရော၊ မပေါ်တင်ရော အများကြီးပဲ … ညဆိုပိုများတယ်” ဟု ရန်ကုန်မြို့ခံက ဆက်ပြောသည်။

ယမန်နေ့က ရန်ကုန်ရှိ နိုင်ငံကူးလက်မှတ်ရုံးတွင် စာရွက်စာတမ်းထည့်သည့် ဖိုင်တွဲမှစ၍ မိန်းမကိုင် ပိုက်ဆံအိတ်ငယ်များအထိ မွှေနှောက်ရှာဖွေမှုများကို ပြုလုပ်လျက်ရှိကြောင်း ၎င်းရုံးသို့ သွားရောက်ခဲ့သူတဦးက ပြောသည်။

၎င်းအပြင် အာဏာပိုင်တို့က ရွှေဝါရောင်တော်လှန်ရေးတွင် တက်ကြွစွာပါဝင်ခဲ့သည့် ဘုန်းတော်ကြီးကျောင်း များကို အထူးစောင့်ကြည့်လျက် ရှိသည်။

ရန်ကုန် တောင်ဥက္ကလာပမြို့နယ်ရှိ ငွေကြာယံကျောင်းအနီးပတ်ဝန်းကျင်၌ လွန်ခဲ့သည့် ၃ ရက်မှစ၍ ကြံ့ဖွံ့နှင့် အရပ်ဝတ်ရဲများ မော်တော်ဆိုင်ကယ်များဖြင့် ပတ်နေသည်ဟု ၎င်းရပ်ကွက်တွင် နေထိုင်သူက ပြောသည်။

လွန်ခဲ့သည့်နှစ် စက်တင်ဘာလ ၂၆ ရက်နေ့ညက ငွေကြာယံကျောင်းတိုက်ကို လက်နက်ကိုင်တပ်ဖွဲ့ဝင်များက အကြမ်းဖက်ဝင်ရောက်ဆီးနင်းကာ ကျောင်းတိုက်ရှိ သံဃာများကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

လုံခြုံရေးတင်းကျပ်မှုများနှင့် လှုပ်ရှားတက်ကြွသူများ၊ သံဃာများအား စောင့်ကြည့်ခံရခြင်းသည် ရွှေဝါရောင် တော်လှန်ရေးကဲ့သို့ အလားတူလှုပ်ရှားမှုများ နောက်ထပ်ဖြစ်ပေါ်လာမည်ကို စိုးရိမ်ခြင်းကြောင့် ဖြစ်သည်။

ရန်ကုန်မြို့တွင်သီတင်းသုံးသည့် စာချဆရာတော်တပါးက “အာဏာပိုင်တွေ ကြောက်တာတော့ပြောမနေနဲ့တော့ ဘုန်းကြီးတွေကို သူပုန်ကြည့်နည်းနဲ့ စောင့်ကြည့်နေကြတာ။ အင်တာနက်ဆိုင် ထိုင်တာတောင်မှ အတော်လေး သတိထားနေရတယ်။ ဒါတောင် စောင့်ကြည့်နေသလားမပြောတတ်ဘူး ဘာမှကို လွတ်လပ်မှုမရှိဘူး” ဟု မိန့်ကြားသည်။

အန္တရာယ်ရှိသော တရုတ်နို့မှုန့်များအကြောင်း နအဖ ရှင်းလင်းစွာ သတိပေးခြင်းမရှိ

အေးချမ်းမြေ့ | စက်တင်ဘာ ၁၈၊ ၂၀၀၈

မြန်မာပြည်အပါအဝင် နိုင်ငံ ၅ နိုင်ငံသို့ တင်သွင်းနေသော တရုတ်ကုမ္ပဏီ ၂ ခုမှ နို့မှုန့်တံဆိပ် ၃ မျိုးကို တရုတ်အစိုးရက အသက်အန္တရာယ်ဖြစ်စေသော အဆိပ်များ ပါဝင်သည်ဟု ဆုံးဖြတ်၍ ဈေးကွက်အတွင်းမှ စတင် သိမ်းဆည်းပြီဖြစ်ကြောင်း မကြာသေးမီက ကြေညာချက် ထုတ်ပြန်လိုက်သော်လည်း မြန်မာ အစိုးရပိုင် သတင်းစာများတွင် သတိပေးကြေညာမှုများ မလုပ်သေးသည်ကို တွေ့ရှိရသည်။

Yashili၊ Sancarl နှင့် Suokang ဆိုသည့် တရုတ်နို့မှုန့် ၃ မျိုးတွင် အဆိပ်သင့် မယ်လမင်း ပါဝင်နေသည်ကို တွေ့ရပြီး မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ယီမင်၊ ဘာရန်တီနှင့် ဂါဗွန်းနိုင်ငံများကို တင်သွင်းခဲ့သည်။ ယခုအခါ အဆိပ်ပါဝင်သည်ဟု စစ်ဆေးတွေ့ရှိချက် ကြောင့် ယီမင်၊ ဘာရန်တီနှင့် ဂါဗွန်းနိုင်ငံများမှ ၎င်းတံဆိပ် နို့မှုန့်များကို ပြန်လည်သိမ်းဆည်း နေပြီဖြစ်သည်။

မြန်မာစစ်အစိုးရပိုင် မြန်မာ့အလင်းသတင်းစာတွင် နိုင်ငံတကာသတင်း ကဏ္ဍ၌ ၎င်းနို့မှုန့် သတင်းကို ဖော်ပြထားသော်လည်း မြန်မာပြည်သို့ တင်သွင်းနေကြောင်း ဖော်ပြခြင်း မရှိပေ။ “ပြောရရင် ဒါနိုင်ငံတော်လျှို့ဝှက်ချက်လည်း မဟုတ်ဘူး။ ဘာမူဝါဒမှ ချိုးဖောက်တာလည်း မဟုတ်ဘူး။

ထိမ်ချန်လို့ ဘာအကျိုးစီးပွား ရမှာလည်း။ ပြည်သူကို အသိပေးသင့်တဲ့ကိစ္စ သေချာပြောသင့်တယ်” ဟု ကုမ္ပဏီဝန်ထမ်း လူငယ်တဦးကပြောသည်။ အင်္ဂလိပ်ဘာသာထုတ် သည်နယူးလိုက်အော့ဖ် မြန်မာ သတင်းစာတွင်မူ နို့မှုန့်များကို တင်သွင်းသည့် နိုင်ငံများ စာရင်း၌ မြန်မာပြည် ပါဝင်ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။ “သတင်းစာက စုစုပေါင်းမှ မြန်မာလို ၂ စောင် အင်္ဂလိပ်လိုတစောင်ရှိတာ အရေးကြီးတဲ့ ကိစ္စဆို လုံးဝ မဖော်ပြလို့မဖြစ်မှ တစောင်လောက်မှာပဲ ခပ်ဝါးဝါးအဲလို ဖော်ပြနေကျ” ဟု ၎င်း လူငယ်ကဆက်ပြောသည်။

မြန်မာပြည်တွင် လူအများစုမှာ တရုတ်ပြည်မှ တင်သွင်းနေသော နို့မှုန့်များကိုသာ အားကိုးနေရသည်ဟု စီးပွားရေးလုပ်ငန်းရှင်တဦးက သုံးသပ်သည်။ “နို့မှုန့်တံဆိပ်တွေက အများကြီးပဲ။ အားလုံးက တရုတ်ကသွင်းတာချည်းပဲ။ အများစုက ဘယ်တံဆိပ်ရယ် ဘာရယ်မဟုတ်ဘူး ဈေးသက်သာတာ ဝယ်သုံးနေကြတာ” ဟု သူကပြောသည်။ ၎င်း အန္တရာယ်ရှိနို့မှုန့်များ စားသုံးမှုကြောင့် ကလေး ၃ ဦး သေဆုံးကာ ၁၅၈ ဦး ကျောက်ကပ် ဝေဒနာ အပြင်းအထန် ခံစားနေရသည်ဟု တရုတ်ပြည် ကျန်းမာရေးဝန်ကြီးချန်ဇူးက မနေ့ကထုတ်ပြန်ကြေညာ လိုက်သည်။

ထိုကြေညာချက်တွင် ကလေး ၆ ထောင်ကျော်မှာ ထိုနို့မှုန့်များကြောင့် နာမကျန်းဖြစ်လျှက် ရှိသည်ဟု ပါဝင်သည်။ “တကယ်အန္တရာယ်ရှိတယ်လို့ တရုတ်ကတောင် ကြေညာနေပြီဆိုရင် မြန်မာသတင်းစာတွေ၊ ရုပ်မြင်သံကြား တွေ၊ ဂျာနယ်တွေကနေ သေသေချာချာ ဖော်ပြပေးသင့်တယ်။ အဲလို ဖော်ပြမယ်ဆိုရင်လည်း သတင်းစာနဲ့ ရုပ်မြင်သံကြားသတင်းမှာထက် လူဖတ်များတဲ့ ဂျာနယ်တွေနဲ့ လူကြည့်များတဲ့ ကိုရီးယား ဇာတ်လမ်းတွဲတွေ ဘောလုံးပွဲတွေမှာ ကြားဖြတ်ပြီး ကြေညာပေးသင့်တယ်။ သတင်းစာက ဘယ်သူမှ မဖတ်ဘူး။

ရုပ်မြင်သံကြား သတင်းကလည်း ဘယ်သူမှကြည့်တာမဟုတ်ဘူးလေ” ဟု ရန်ကုန်မြို့နေ ကလေးဖခင် တဦးကပြောသည်။ မြန်မာပြည်ရှိ အပတ်စဉ်ထုတ် ဂျာနယ်များတွင်မူ ၎င်းသတင်းကို နိုင်ငံတကာသတင်း အနေနှင့် ဖော်ပြ မည်ဖြစ်သော်လည်း မြန်မာပြည်နှင့် ပတ်သက်နေသည့် ကိစ္စရပ်ကိုမူ ဖော်ပြခွင့်ရ မရ မသိသေးဟု ရန်ကုန်အခြေစိုက် သတင်းသမား တဦးကပြောသည်။

Thursday, September 18, 2008

ဒေါ်အောင်ဆန်းစုကြည်ကို drip (ဂလူးကို့ စ်ဆေးဗူး) ဆေးသွင်းပေးရ -

by Hla Hla Htay in Rangoon
September 16, 2008 09:51pm

(From www.news.com.au)

BURMA'S detained democracy leader Aung San Suu Kyi has accepted food rations for the first time in a month, after her doctor found her so weak that he placed her on a drip.
The doctor administered intravenous fluids on Sunday to the 63-year-old Nobel Peace Prize winner, who has been confined to her lakeside Rangoon home for most of the last 19 years, an official said.

"She accepted her food supplies Monday evening, after she was given a drip by her doctor, who found that she was too weak on Sunday," the official said.

Her lawyer Kyi Win yesterday described her as "malnourished" after she had refused to accept her daily rations since August 16.

Her National League for Democracy (NLD) party released a statement today saying that she was not staging a hunger strike, but was eating "thriftily" from the small supplies stored in her home.

However, the NLD said that her health was weakening because she had given most of the stored food to her ailing housekeeper.

"Daw Aung San Suu Kyi was eating thriftily because she gave her food to her housekeeper, Daw Khin Khin Win, who is not in good health," the statement said, using an honorific before her name. "Daw Aung San Suu Kyi's health is weakening."

Khin Khin Win and her daughter stay voluntarily in the home to care for the woman known in Burma simply as "The Lady". The maid's daughter was hospitalised on Friday with kidney problems.

Concerns for Aung San Suu Kyi's health have mounted over the last month.

The lawyer Kyi Win has also denied that she was on a hunger strike, but said she had stopped accepting food deliveries to press for greater human rights.

Her action came amid a rare series of meetings with Kyi Win to discuss filing a formal legal appeal against detention.

Kyi Win has also been in talks with military officials on loosening the terms of her confinement, by allowing her to receive magazines and letters from her family, or allowing her maids to move freely in and out of her home.

The Burma official said that Aung San Suu Kyi had been allowed to receive copies of news magazines such as Time and Newsweek, but so far she had not been allowed to receive any messages from her family.

She has had no communication from her two sons since 2003, according to NLD.

Both the government official and NLD spokesman Nyan Win said that she would likely meet with the junta's liaison officer later this week, if her strength improves.

"We hope there will be some progress and good results after the meeting," Nyan Win said.

"We are also expecting to develop to higher-level talks between Daw Suu and senior leadership from this dialogue."

Aung San Suu Kyi has refused to meet with anyone other than her lawyer and her doctor since early August, declining to hold talks with visiting UN envoy Ibrahim Gambari and with the liaison officer, Labour Minister Aung Kyi.

Aung San Suu Kyi's NLD won a landslide victory in a 1990 election but the junta never allowed it to take office. The military has ruled Burma since 1962.

ရွှေတိဂုံတွင် သံဃာတော်တပါး အဆုံးစီရင်ရန် ကြိုးပမ်း၊ (အေပီ)

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 17 2008 22:39 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ရွှေတိဂုံ ရင်ပြင်ပေါ်တွင် သံဃာတော်တပါး ဗုဒ္ဓဟူးနေ့က မိမိကိုယ်ကို အဆုံးစီရင်ရန် ကြံစည်ကြောင်း သိရသည်။

ငွေရေးကြေးရေး အခက်အခဲ ရှိနေဟန်ရှိသော အဆိုပါ အသက် ၅၀ ခန့်ရှိ သံဃာတော်မှာ မိမိလည်ပင်းကို ဓားဖြင့်လှီး၍ အဆုံးစီရင်ရန် ကြံစည်ခြင်းဖြစ်ပြီး သူ့ကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားသည်ဟု အေပီ သတင်းတရပ်တွင် ပါရှိသည်။

ဘွဲ့အမည်ကိုလည်း မသိရသေးသော ထိုသံဃာတော်မှာ ရန်ကုန်သို့ နယ်မှ လာရောက်ဆေးကုသနေသူ ဖြစ်ပြီး ငွေပြတ်လပ်မှုများကြောင့် စိတ်ညစ်၍ မိမိကိုယ်ကို အဆုံး စီရင်ခြင်းဖြစ်သည်ဟု ပြောကြောင်း မျက်မြင်များ၏ ပြောပြချက်ကို အဆိုပါ သတင်းက ကိုးကား ဖော်ပြထားသည်။

ယခု ထိုသံဃာတော် အခြေအနေမှာ တည်ငြိမ်သော အနေထားကို ပြန်ရောက်နေပြီဟု ရွှေတိဂုံ ဘုရား ဂေါပကများက ပြောသည်ဟု ဆိုသည်။

ရန်ကုန်ဆေးရုံကြီးသို့ ဆက်သွယ် မေးမြန်းသော်လည်း တာဝန်ရှိသူများက တစုံတရာ ပြန်လည် ဖြေဆိုခြင်း မရှိ၍ အသေးစိတ် အခြေအနေကို မဇ္ဈိမမှ မထုတ်ပြန်နိုင်သေးပါ။

ရွှေတိဂုံရင်ပြင်ပေါ်၌ ယခုကဲ့သို့ မိမိကိုယ်ကို အဆုံးစီရင်ခြင်းမှာ ဒုတိယ အကြိမ် ဖြစ်သည်။ ပြီးခဲ့သည့် မတ်လအတွင်းကလည်း ကျော်ဇင်နိုင် (၂၆) နှစ်သည် စစ်အစိုးရ ကျဆုံးပါစေဟု ကြွေးကြော်ပြီး မိမိကိုယ်ကို မီးရှို့ခဲ့သေးသည်။

သူသည် ရန်ကုန်ဆေးရုံကြီးသို့ ရောက်ပြီး ၁ လခန့် အကြာတွင် မီးလောင်ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့သည်။

Monday, September 15, 2008

ဒေါ်အောင်ဆန်းစုကြည်ကို ဒေါက်တာ တင်မျိုးဝင်းတွေ့ဆုံ၊ သူမ၏ကျန်းမာရေးအသေးစိတ်အချက်လက်တွေကို ပြောဆိုဖို့ ငြင်းဆို

၂၀၀၈၊ စက်တင်ဘာ ၁၃ရက် နေ့  ( တနင်္ဂနွေနေ့ ) က ဒ်ါအောင်ဆန်းစုကြည် ကို သူမရဲ့ ဆရာဝန်ဖြစ်တဲ့ ဒေါက်တာတင်မျိုးဝင်းက သွားရောက်ကြည့် ရှု့ ခွင့်ရခဲ့ပါတယ်။ ဒေါက်တာတင်မျိုးဝင်းရဲ့ အဆိုအရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးဟာအလွန်အမင်း ဆိုးဝါးသွားပါတယ်လို့ အေအက်ပီ သတင်းမှာဖေါ်ပြထားပါတယ်။
သူမ၏နေအိမ်မှာ ဒေါက်တာ တင်မျိုးဝင်းဟာ အချိန်တော်တော်ကြာ ဆေးစစ်မှုတွေပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်၏အိမ်ကအပြန်မှာ ဒေါက်တာ တင်မျိုးဝင်းဟာ သူမ၏ကျန်းမာရေးနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်တွေကို ပြောဆိုဖို့ ထိန်ချန်ထားပါတယ်။
“ခုချိန်မှာ ကျွန်တော်အနေနဲ့ ဘာမှမပြောနိုင်ပါဘူး၊ ရှေ့နေကြီး ဦးကြည်ဝင်းက မကြာခင်မှာ အခြေနေတွေကို ပြောပြပါလိမ့်မယ်” ဟု သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
source. အရှင်မေတ္တာစာရ

ဂျပန်နိုင်ငံ၌ ပြုလုပ်မည့် JATA World Travel Fair 2008 တွင် Nargis Cornerဖြင့်ပြသ၍ ဈေးကွက် မြှင့်တင်မည်

ဂျပန်နိုင်ငံ၌ပြုလုပ်မည့် JATA World Travel Fair 2008 တွင် မုန်တိုင်းပြီးနောက် မြန်မာနိုင်ငံ၏လက်ရှိအခြေအနေများကို Nargis Cornerဖြင့်ပြသ၍ဈေးကွက်မြှင့်တင်သွားမည်ဖြစ်ကြောင်းဂျပန်ခရီးသွားဈေးကွက်မြှင့်တင်ရေး ကော်မတီ (Japan Tourism Promotio Committee- JTPC) မှသတင်းရရှိပါသည်။ ယင်းခရီးသွားပွဲတော်ကို တိုကျိုမြို့ရှိ Tokyo Big Sight တွင်ပြုလုပ်မည်ဖြစ်ပြီး စက်တင်ဘာ၁၈ရက်နေ့၌ ကွန်ဂရက်ကိုကျင်းပမည်ဖြစ်ကာစက်တင်ဘာလ ၁၉ရက်နေ့မှ ၂၁ ရက်နေ့အထိ ခရီးသွားပွဲတော်ကို ပြုလုပ်မည်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၃၀ကျော်မှ ပြခန်းပေါင်း ၁၀၀၀ဝန်းကျင်ပါဝင်ပြသ မည့်ပွဲတော်တွင် မြန်မာခရီးသွားပြခန်းသည်မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ အသင်း၏ ဦးဆောင်မှုဖြင့် JTPC မှ စီစဉ်ခြင်းဖြစ်ကာ YangonAirways နှင့် MAIစသည့်လေကြောင်းလိုင်းများ၊ ခရီးသွားကုမ္ပဏီများစသည်တို့ မှကိုယ်စားလှယ် ၁၈ ဦးဝန်းကျင်ပါဝင်တက်ရောက်မည်ဖြစ်သည်။ “မြန်မာပြခန်းမှာ ရန်ကုန်၊ မန္တလေး၊ ပုံဂံ၊ အင်းလေး၊ ကမ်းခြေဒေသ၊ NargisCorner ဆိုပြီးပြထားမှာပါ။ Nargis Corner များဆို စက်တင်ဘာလ ၁ ရက်နေ့ အထိလောက်ကပုံတွေပြမယ်။ရန်ကုန်မြို့လယ်၊ မန္တလေး၊ ပုဂံစတဲ့ဒေသတွေ ကဓါတ်ပုံတွေရိုက်ကူးပြီး လက်ရှိ အခြေအနေအေးချမ်းကြောင်းနဲ့ နာဂစ်ကြောင့်ခရီးသွားဒေသတွေ ထိခိုက်မှုမရှိဘူး၊ ပုံမှန်ပါပဲဆိုတာကို ဓါတ်ပုံတွေနဲ့ ရှင်းလင်းပြသထားမှာပါ” ဟုဒေါ်ခင်မေမြင့်ကဆိုပါသည်။ JATA World Travel Fair သည်ဂျပန်နိုင်ငံ၌ နှစ်စဉ်ကျင်းပခြင်းဖြစ်ပြီး ကမ္ဘာ အရပ်ရပ်မှ ဧည့်သည်ပေါင်းတစ်သိန်းကျော်ပါဝင်တက်ရောက်သည့် ပွဲတော်တစ်ခုဖြစ်၍ မြန်မာနိုင်ငံသည်ဒုတိယအကြိမ်မြောက်ပါဝင်၍ခရီးသွားပြခန်းများပြသခြင်းဖြစ်ကြောင်း၂၀၀၈ခုနှစ်စက်တင်ဘာ၁၇ရက်နေ့ထုတ် Weekly Elevenဂျာနယ်တွင်ဖော်ပြထားပါသည်။

Sunday, September 14, 2008

၈၈မျိုးဆက်ကျောင်းသူ မနီလာသိန်းအဖမ်းမခံရမှီ Inerview

Amnesty International urgent action for Nilar Thein

AI Index: ASA 16/018/2008 12 September 2008

UA 259/08 Fear of torture or ill-treatment

MYANMAR Nilar Thein (f), aged 36

Nilar Thein, the anti-government activist leader, was arrested on 10 September. She is under interrogation in Aung Tha Pyay Detention Centre in Yangon (Rangoon, Myanmar’s largest city) and is at risk of torture and other ill-treatment. Nilar Thein went into hiding more than a year ago after leading some of the initial anti-government protests in August 2007.

Nilar Thein was arrested on her way to visit the mother of Ant Bwe Kyaw, another detained activist, in a suburb of north eastern Yangon. Ant Bwe Kyaw and Kyaw Min Yu, Nilar Thein’s husband (also known as Ko Jimmy), were among 13 anti-government activist leaders from the '88 Generation Students Group' who were arrested on 22 August 2007. The '88 Generation Students Group' is made up of anti-government activists who took part in the 1988 pro-democracy uprising against the then 26 years of military rule.

The day after the 13 anti-government activist leaders of the '88 Generation Students Group' were arrested, Nilar Thein led around 500 people in a demonstration in Yangon to demand the release of fellow activists and to continue the protest against the sudden increase in fuel prices that had been imposed by the state on 15 August 2007. When authorities began a hunt for the leaders of the protests, Nilar Thein went into hiding. After considering the unhealthy and dangerous conditions of living in hiding she decided to leave her baby daughter behind in the care of her family.

Rumours began to circulate three weeks after her husband's arrest on 22 August 2007 that he had died in police custody. The rumours turned out to be false and are believed to have been planted by the government to bring Nilar Thein out of hiding.

Whilst in hiding Nilar Thein continued to appeal to the international community to take action in resolving the grave human rights situation and the abuses that women suffer under the military regime in Myanmar.

BACKGROUND INFORMATION

A year after the violent crackdown on anti-government protests of September 2007, the military leaders are showing no signs that they will relent in their efforts to silence all political dissent. Nearly 300 individuals have been arrested for their peaceful political activities so far in 2008.

Nilar Thein has been imprisoned twice before for her pro-democracy activities. She was detained for two months in 1991. In December 1996 she was arrested for participating in the student demonstrations in Yangon that of that year. She was sentenced to 10 years’ imprisonment and was released in 2005.

RECOMMENDED ACTION: Please send appeals to arrive as quickly as possible, in English or your own language:

- expressing concern that Nilar Thein has been detained;
- calling on the authorities to treat Nilar Thein humanely, and not subject her to torture or other ill-treatment;
- urging the authorities to release Nilar Thein immediately and unconditionally along with all detainees arrested for taking part in peaceful protests of August/September 2007;
- calling on the authorities to ensure that while they remain in detention, all detainees are granted access to lawyers, their families and any medical treatment they may require;
- calling on the authorities to cease targeting individuals who peacefully exercised their rights to freedom of expression and assembly during the protests last year.
APPEALS TO:

Senior General Than Shwe
Chairman
State Peace and Development Council
c/o Ministry of Defence, Naypyitaw, Union of Myanmar
Salutation: Dear General

Nyan Win
Minister of Foreign Affairs
Ministry of Foreign Affairs
Bldg. (19), Naypyitaw, Union of Myanmar
Phone: +95 67 412 335
Fax: +95 67 412 336/ +95 97 412 395
Email: mofa.aung@mptmail.net.mm
Salutation: Dear Minister

Brigadier-General Kyaw Hsan
Minister of Information
Ministry of Information
Bldg. (7), Naypyitaw, Union of Myanmar
Fax: +95 67 412 363
Email: media.moi@mptmail.net.mm
Salutation: Dear Minister

COPIES TO:
and to diplomatic representatives of Myanmar accredited to your country.

PLEASE SEND APPEALS IMMEDIATELY. Check with the International Secretariat, or your section office, if sending appeals after 24 October 2008.

Saturday, September 13, 2008

စစ်အစိုးရအား ကုလမှ ဖယ်ရှားရေး စိန်ခေါ်မှုကို အဝေးရောက် မြန်မာအစိုးရ ထောက်ခံ

သတင်း - မဇ္ဈိမ
နယူးဒေလီ ။ ။ ကုလသမဂ္ဂတွင် မြန်မာစစ်အစိုးရ အဖွဲ့ဝင်အဖြစ် ပါဝင်နေမှုကို စိန်ခေါ်သည့် လှုပ်ရှားမှု၌ အဆိုပါပန်ကြားလွှာတွင် လက်မှတ်ရေးထိုးခြင်း မပြုနိုင်သော်လည်း အဆိုပါမြန်မာ့အတိုက်အခံများက ဆောင် ရွက်နေသည့် စိတ်ကူးအကြံအစည်ကို ထောက်ခံပါကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်း အစိုးရ (NCGUB) က ပြောကြားသွားပါသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB)၏ ဝန်ကြီးချုပ်ရုံး (အနောက်ဘက်) ဝန်ကြီး နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးကော်မတီ ဥက္ကဌ ဒေါက်တာတင့်ဆွေက မဇ္ဈိမကို ပြောကြားရာ တွင် သူတို့အစိုးရအနေဖြင့် ဤစိန်ခေါ်သည့် ပန်ကြားလွှာတွင် လက်မှတ်ရေးထိုးခြင်း မပြုသော်လည်း ဤစိတ်ကူး ကို ထောက်ခံကြောင်း၊ မြန်မာနိုင်ငံကို အုပ်စိုးလျက်ရှိသော စစ်အစိုးရ၏ တရားဝင်မှုကို စိန်ခေါ်သည့် မည် သည့်လှုပ်ရှားမှုကိုမဆို ကြိုဆိုကြောင်း ပြောကြားသွားခဲ့ပါသည်။

“ကုလသမဂ္ဂက မြန်မာစစ်အစိုးရကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် လက်မခံသင့်ပါဘူး” ဟု ဒေါက်တာ တင့်ဆွေက ပြောကြားသွားပါသည်။

သူတို့ အစိုးရအနေဖြင့် သံတမန်ဆက်ဆံရေးများ ရှိနေသဖြင့် ဤစိန်ခေါ်သည့်လှုပ်ရှားမှု ပန်ကြားလွှာတွင် လက်မှတ်ရေးထိုးခြင်း မပြုနိုင်ကြောင်း၊ သို့သော် စစ်အစိုးရ၏ တရားမဝင်အုပ်စိုးမှုကို စိန်ခေါ်သည့် မည်သည့် လှုပ်ရှားမှုကိုမဆို မူအရ NCGUB က သဘောတူညီပါကြောင်း ပြောကြားသွားပါသည်။

ပြည်ပရောက် မြန်မာ့အတိုက်အခံ ညွန့်ပေါင်းအဖွဲ့ဖြစ်သည့် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB က ခေါင်းဆောင်ပြီး၊ မြန်မာနိုင်ငံ ပါလီမန်အမတ်များအဖွဲ့ (MPU) ၊ အပြည်ပြည်ဆိုင်ရာ မြန်မာသံဃာ တော်များအဖွဲ့ (သာသနာ့မောလိ)တို့က ထောက်ခံ၍ ပန်ကြားလွှာတစောင်ကို ကုလသမဂ္ဂသို့ တင်သွင်းခဲ့ပြီး ဤကမ္ဘာ့အဖွဲ့အစည်းကြီးအား မြန်မာနိုင်ငံ၏အဖွဲ့ဝင်ဖြစ်မှုကို ပိတ်ပင်ဖယ်ရှားပေးပါရန် တိုက်တွန်းထားပါသည်။

စစ်အစိုးရသည် မြန်မာနိုင်ငံကို တရားမဝင် အင်အားသုံး အုပ်စိုးလျက်ရှိပြီး ပြည်သူလူထုက ရွေးကောက် တင်မြှောက်လိုက်သည့် အစိုးရကိုလည်း အာဏာလွှဲပြောင်းပေးရန် ငြင်းဆန်ခဲ့သည်ဟု အဆိုပါ အတိုက်အခံ အုပ်စုများက ပြောကြားသွားပါသည်။ စစ်အစိုးရအစား သူတို့၏ ကိုယ်စားလှယ်ကိုသာ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖြစ် လက်ခံအသိအမှတ် ပြုပါရန်လည်း ဤအတိုက်အခံအုပ်စုများက ကုလသမဂ္ဂကို တိုက်တွန်းထားပါသည်။

“ဒီလှုပ်ရှားမှုက လိုအပ်ပါတယ်၊ ဘာလို့လဲဆိုတော့ စစ်အစိုးရဟာ မြန်မာနိုင်ငံ ပြည်သူတွေရဲ့ ကိုယ်စားလှယ် မဟုတ်လို့ပါ” ဟု ဒေါက်တာတင့်ဆွေက ပြောသွားပါသည်။

ဗုဒ္ဓဟူးနေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ကုလအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ မီရှဲလ်မွန်တပ်စ် (Michele Monta) က အဆိုပါ မြန်မာအတိုက်အခံအုပ်စုများ တင်သွင်းသည့် ကိုယ်စား လှယ်ဖြစ်မှုကို စိန်ခေါ်သည့် ပန်ကြားလွှာအား ကုလအတွင်းရေးမှူးချုပ် လက်ခံရရှိပြီးဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားပြီး ယင်းစာကို ကုလသမဂ္ဂ၏ ၆၃ ကြိမ်မြောက် အထွေထွေညီလာခံ၏ ကိုယ်စားလှယ်စိစစ်ရေး ကော်မတီက စက်တင်ဘာလ ၁၆ ရက်နေ့တွင် သုံးသပ်ဆွေးနွေးသွားမည် ဖြစ်ကြောင်းလည်း ပြောကြား သွားခဲ့ပါသည်။

ကိုမိုးသီး အကြမ်းဖက်သမားမဟုတ် လူကောင်းတယောက်ပါ ။

ကိုမိုးသီး က ရဲချုပ်ခင်ရီ ပြောသလို အကြမ်းဖက်သမားမဟုတ်ပါ။ ၂၀၀၈ အမေရိကန် သမတ ရွေးပွဲကို ၀င်ဖို့ လုပ်နေသူဖြစ်ပါတယ်။ ဒီဗီဒီယိုကိုကလစ်လုပ် ကြည့် ပါ။

တော်လှန်ရေးတပ်သား (တင်မိုး)



ကျုပ်တို့လိုချင်တာက
ဗုန်းတွေဗျ... ဗုန်းတွေ
စကားလုံးတွေမဟုတ်ဘူး။

အတွေဝေဆန်တဲ့
အစေခံတွေ မလိုချင်ဘူး။

အခြေမှန် အနေမှန်
အဖြေမှန်နဲ့
မတွေဝေတဲ့ဥာဏ်နဲ့
ပြတ်သားတဲ့အသေခံတပ်သားတွေကိုပဲ လိုချင်တယ်။

အချိန်ဆွဲဖို့
တမိန်လဲနေတဲ့
လူလိမ်ငနဲတွေကို
ခပ်မိုက်မိုက်နဲ့ အပြတ်တိုက်မှဖြစ်မယ်။

ကျုပ်ကတော့
အပေါ်ယံ ဖြတ်စားလပ်စားမကြိုက်တဲ့
တော်လှန်ရေးတပ်သားမိုက်ပဲ။

စကားမရှုပ် မတရားမလုပ်ပေမဲ့
ဓားကိုတော့ဆုပ်ထားရဦးမှာပဲဗျ။

၂၃၊ ၈၊ ၂၀၀၂
သောကြာနံနက်ခင်း
(ဂျပန်နိုင်ငံ၊ တိုကျိုမြို့)

(မိုးသောက်ကြယ်ဘလောက်)မှ ကူးယူဖော်ပြပါသည်။


Japan မှ မျိုးချစ်မြန်မာများ၏ ၇၂ နာရီအစာငတ်ခံဆန္ဒပြပွဲ

Friday, September 12, 2008

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ပိုမို လုပ်ဆောင်ဖို့ Betancourt က တိုက်တွန်း



ထိန်းသိမ်းခံ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ကုလသမဂ္ဂနဲ့တကွ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဒီထက်ပို လုပ်ဆောင်ဖို့ တချိန်က ကိုလံဘီယာ သူပုန်တွေရဲ့ ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရသူ အင်းဂရစ် ဘတ်တန်ကုတ် က ပြောဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အခုအချိန်အထိ လွတ်မြောက် မလာနိုင် သေးတာဟာလည်း ဒီလို ကြိုးပမ်းလုပ်ဆောင်ဖို့ လိုနေတယ် ဆိုတာကို ပြသနေတာပါပဲလို့လည်း သူက ဆိုလိုက်ပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

ရန်ကုန်မြို့ နေအိမ်မှာ အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဒီထက်ပို ကြိုးပမ်း လုပ်ဆောင်ဖို့ လိုနေသေးတဲ့အကြောင်း တချိန်က ကိုယ်တိုင်လည်း ကိုလံဘီယာက သူပုန်တွေရဲ့ လက်ထဲမှာ (၆) နှစ်ကြာ အကျဉ်းသား အဖြစ်နဲ့ နေထိုင်ခဲ့ရတဲ့ မစ္စ အင်းဂရစ် ဘတ်တန်ကုတ် (Ingrid Betancourt) က ပြောဆို လိုက်တာပါ။ နယူးယောက်ခ် ကုလသမဂ္ဂ ဌာနချုပ်ရုံးမှာ မနေ့က အင်္ဂါနေ့က ပြုလုပ်တဲ့ အကြမ်းဖက်ဝါဒရဲ့ သားကောင် ဖြစ်ကြရသူတွေ အတွက် ကမ္ဘာနဲ့အ၀န်း ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးတဲ့ အခမ်းအနားမှာ အတွင်းရေးမှူးချုပ် ဘန် ကီမွန်း နဲ့ အတူ တက်ရောက်ရင်း အခုလို ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အလေးထား ပြောဆို သွားခဲ့တာပါ။

“အထူးသဖြင့် ကျမ ဒီအချိန်အခိုက်အတန့်မှာ ဒေါ်အောင်ဆန်းစုကြည် ကို အမှတ်ရမိနေပါတယ်။ သူဟာ မကြာခင်ကစလို့ စတင် အစာငတ်ခံ ဆန္ဒပြနေပါတယ်။ သူ့အတွက် သေခြင်းတရားဟာလည်း အမြဲလို ရှိနေတာပါ။ ကျမတို့ အနေနဲ့ သူ့အတွက် အမြန်ဆုံး အဖြေရှာရပါမယ်။ အရေးတကြီး လုပ်ကိုင် ဆောင်ရွက်ရပါမယ်။”

ဒေါ်အောင်ဆန်းစုကြည် ဟာ သူ့အခွင့်အရေးအတွက် အစာငတ်ခံ ဆန္ဒပြနေတယ် အစားအသောက်တွေ လက်မခံပဲ နေတယ်ဆိုတဲ့ သတင်းတွေ မကြာသေးခင်က ထွက်ပေါ်လာတာနဲ့အမျှ စိုးရိမ်ပူပန်သံတွေ ထွက်ပေါ် နေတာတွေလည်း ရှိပါတယ်။ ဒီလို အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ ရပ်တည်ပေးဖို့ လိုတယ်လို့လည်း မစ္စ ဘတ်တန်ကုတ် က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ဟာ ကျမ အကျဉ်းကျခံခဲ့ရသလို ထောင်ကျနေတာပါ၊ အခုဆိုရင်လည်း အစာငတ်ခံ ဆန္ဒပြတာကို စတင်လိုက်ပါပြီ။ ကျမတို့အားလုံး သူ့အတွက် စိုးရိမ်ပူပမ်မိပါတယ်။ ကျမတို့ သူ့ကို တွေ့ဖို့၊ စကားပြောဆိုနိုင်ဖို့ လိုပါတယ်။ ကျမတို့ သူ့ကို အားပေးထောက်ခံမှုရှိနေတယ်၊ တသွေးတည်း တသားတည်း ရှိနေပါတယ် ဆိုတဲ့ သတင်းစကားကို မှာကြားနိုင်ဖို့လည်း လိုပါတယ်။ ဒါတွေအားလုံးထက် အရေးကြီးတာကတော့ ကျမတို့ သူ့ကို မေ့လျော့မထားဘူး ဆိုတာ သူသိအောင် လုပ်ဖို့ပဲ ဖြစ်ပါတယ်။”

ပြင်သစ်-ကိုလံဘီယာ နှစ်နိုင်ငံသူ မစ္စ ဘတ်တန်ကုတ် ဟာ ကိုလံဘီယာ ရဲ့ သမ္မတအဖြစ် ရွေးချယ်ခံဖို့ ကြိုးပမ်းနေစဉ် ၂၀၀၂ ခုနှစ်မှာ ကိုလံဘီယာနိုင်ငံရဲ့ လက်ဝဲ၀ါဒီ FARC သူပုန်တွေရဲ့ ပြန်ပေးဆွဲ ဖမ်းဆီးတာကို ခံခဲ့ရတာဖြစ်ပြီး ဒီနှစ် ဇူလိုင်လထဲမှာမှ အစိုးရ တပ်ဖွဲ့တွေက ပြန်လည် ကယ်တင် လွတ်မြောက်လာခဲ့တာပါ။ အထက်လွှတ်တော် အမတ်ဟောင်းလည်းဖြစ် အဂတိလိုက်စားမှုတွေကို ဆန့်ကျင် လှုပ်ရှားသူလည်းဖြစ်တဲ့ မစ္စ ဘတ်တန်ကုတ် က ဒေါ်အောင်ဆန်းစုကြည် အတွက် သူ့အနေနဲ့ ကြိုးပမ်းဆောင်ရွက် သွားဦးမယ်လို့လည်း ကုလသမဂ္ဂ ဌာနချုပ်ရုံးမှာ ရောက်နေတုန်း သတင်းထောက်တွေက ပြောပါသေးတယ်။ ဒါပေမယ့်လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် အီဗရာဟင် ဂမ်ဘာရီ နောက်ဆုံးအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်ဆုံခွင့် မရခဲ့တာ၊ သူမရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ ကလည်း ဒီခရီးစဉ်ဟာ အောင်မြင်မှု မရှိဘူးလို့ ပြောတာဆိုတာတွေကလည်း ရှိခဲ့တာပါ။ ဒီအတွက်ကြောင့် မို့လို့လည်း ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး၊ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်ပေါ်ရေးအတွက် ကုလသမဂ္ဂရဲ့ ကြိုးပမ်းချက်တွေကို ဝေဖန်သံတွေလည်း ထွက်ခဲ့တာပါ။ မစ္စ ဘတ်တန်ကုတ် ကတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် မလာသေးတာဟာ ဆိုရင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်း အပါအ၀င် ကြိုးပမ်း ဆောင်ရွက်ချက်တွေဟာ လုံလောက်မှု မရှိသေးတဲ့ အဓိပ္ပါယ်ပါပဲလို့ ဆိုပါတယ်။

“သူလွတ်မြောက်လာမယ့် အချိန်ကာလ ရောက်တဲ့အထိ ကို ကျမတို့ ဒီထက်ပို လုပ်နိုင်တာတွေ ရှိပါတယ်။ သူ ပြန်လွတ် မလာသေးပဲ ရှိနေတာဟာ ကျမတို့ လုပ်ဆောင်သင့်သလောက် မလုပ်ကြသေးလို့ပဲ ဖြစ်ပါတယ်။ ကျမတို့သာ လိုအပ် သလောက် လုပ်ခဲ့ကြမယ်ဆိုရင် သူအခုဆို ပြန်လွတ်နေလောက်ပါပြီ။”

ကိုလံဘီယာက သူပုန်တွေရဲ့ လက်ထဲမှာ (၆) နှစ်ကြာ အကျဉ်းသား ဖြစ်ခဲ့တဲ့ မစ္စ အင်းဂရစ် ဘတ်တန်ကုတ် (Ingrid Betancourt) ဖြစ်ပါတယ်။ မနေ့တုန်းက ကုလသမဂ္ဂ ဌာနချုပ်ရုံးမှာတော့ အကြမ်းဖက်ဝါဒရဲ့ သားကောင် ဖြစ်ကြရသူတွေ အတွက် ဥပဒေကြောင်းအရ အကာအကွယ်တွေ ရနိုင်ဖို့ အပါအ၀င် ကိစ္စတွေကို ပထမဆုံးအကြိမ်အဖြစ် ဆွေးနွေးရာမှာ မစ္စ ဘတ်တန်ကုတ်လည်း တက်ရောက်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Thursday, September 11, 2008

လွတ်သွားခဲ့သော ငါးကြီးများ

“လွတ်သော ငါးကြီးသည်” ဟု မြန်မာစကားရှိသလို “A bird in the hand is worth than two in the bush”ဟု အင်္ဂလိပ် စကားပုံ ရှိပါသည်။ ရလာသည့် အခွင့်အရေးကို အမိအရမဆုပ်ကိုင်နိုင်လိုက်၍ လက်လွတ်သွားလျှင် နောင်ခါကျမှ နောင်တ ရတတ်ပုံကို ညွှန်းဆိုခြင်း ဖြစ်ပါသည်။
၁၉၈၈ အရေးအခင်းကာလက အစိုးရအာဏာစက် မသက်ရောက်တော့သည့်အချိန်၊ တပ်မတော်သားများ ဒီမိုကရေစီဖက်သို့ အလုံးအရင်းဖြင့် ကူးပြောင်းစပြုနေသည့်အချိန်မှာ အခွင့်ကောင်းယူ၍ ၀န်ကြီးချုပ်ဟောင်း ဦးနုက မိမိအာဏာကို ပြန်လည် ရယူလိုက်ကြောင်း ကြေငြာပေးခဲ့သည်။ ထို့ပြင် အစိုးရအဖွဲ့ဝင် ၀န်ကြီးစာရင်းကိုပါ ထုတ်ပြန်ခဲ့သည်။

အချိန်က ဒီမိုကရေစီဖက်သားတို့ အင်အားအကောင်းဆုံးအချိန်။ တပ်မတော်ကိုယ်တိုင် အခြေပျက်နေချိန်။ အစိုးရ မလှုပ် ရှားနိုင်တော့သည့်အချိန်။ တပ်မတော်သားများ ဘက်ပြောင်း ၀င်လာနေကြသည့်အချိန်။ သည်အချိန်မျိုးမှာ ဦးနုက ကြေငြာ ပေးခဲ့သည်မှာ အချိန်ကိုက် လှုပ်ရှားဆောင်ရွက်မှုပင် ဖြစ်သည်။

တကယ်ဆို ထိုအခွင့်ကောင်းကို လက်လွတ်မခံဘဲ အရယူလိုက်နိုင်ကြလျှင်၊ ဒီမိုကရေစီဖက်သားတို့ ကြားဖြတ်အစိုးရ ဖွဲ့နိုင် ကြမည်။ မိမိတို့လိုချင်သော ပန်းတိုင်အရောက် လှမ်းနိုင်ကြမည်။ တပ်မတော်သားများအဖို့လည်း ရွေးချယ်စရာလမ်း မရှိ တော့သည့်အတွက်ကို လာရောက်ပူးပေါင်းကြတော့မည်။

ထိုစဉ်က နိုင်ငံရေးခေါင်းဆောင်များက မည်သို့တုန့်ပြန်ခဲ့ကြပါသနည်း။ ဦးနုသည် အာဏာရူး ဖြစ်သည်။ ၎င်းအာဏာလိုချင် သဖြင့် စတန့်ထွင်ခြင်းဖြစ်သည်ဟု ပြောကြသည်။ ထင်ရှားသော ခေါင်းဆောင် တစ်ယောက်ကဆိုလျှင် သည်လိုပွဲလန့် ဖျာခင်း ဒီမိုကရေစီမျိုး မလိုချင်ဟုပင် ပြောခဲ့သည်။ အချို့ကလည်း အစိုးရအဖွဲ့စာရင်းတွင် မိမိအမည်ပါလာပေမင့် မိမိဆန္ဒ မပါကြောင်း ထို့ကြောင့် ပြတ်ပြတ်သားသား ငြင်းပယ်ရခြင်းဖြစ်ကြောင်း ပြောခဲ့ကြသည်။

အမှန်တော့ ဦးနုသည် အသက်ရှစ်ဆယ်ကျော်နေပြီ။ မိမိသိပ်မနေရတော့ဘူး ဆိုသည်ကိုလည်း သိသည်။ သို့ရာတွင် နောင်လာနောက်သားများအတွက် စစ်အစိုးရ၏ စစ်ဖိနပ်အောက်မှ အရဲစွန့်ကာ ဆွဲထုတ်ပေးဖို့ ကြိုးပမ်းသွားခြင်းကြောင်း မိမိလည်း အသက် ရှစ်ဆယ်ကျော်နေ၍ ကြာကြာမနေရတော့ မှန်းလည်း သိပါလိမ့်မည်။ အစိုးရ၏ အဖမ်းအဆီးသာခံရလျှင် သေဒဏ်ပေးခံရမည့် ပြစ်မှုကြီးဖြစ်သည်။ နောင်လာ နောက်သားတွေ ကောင်းစားရစ်ကြပါစေတော့ ဆိုသည့်စေတနာ။ ထိုစဉ်က နိုင်ငံရေးစင်မြင့်ပေါ်မှ ပုဂ္ဂိုလ်တိုင်းသိခဲ့ကြပါသည်။ အာဏာရယူပြီးလျှင် နိုင်ငံရေးခေါင်းဆောင်များနှင့် ညှိနှိုင်းကာ ကြားဖြတ်အစိုးရ တစ်ခုဖွဲ့ပေးပြီး အနားယူရုံသာ။

အာဏာပြန်သိမ်းလိုက်ပြီဟု ကြေငြာခြင်းသည် နိုင်ငံတော်အပေါ် သစ္စာဖောက်မှုကြီးဖြစ်ကြောင်း ကိုယ်တိုင် ၀န်ကြီးချုပ် လုပ်သက်ရင့်နေသူ တစ်ဦးအနေဖြင့် သိပါလိမ့်မည်။ တကယ်တော့ ဦးနုက မိမိအသက်နှင့် လောင်းကြေး ထပ်ခဲ့ခြင်းပင် ဖြစ်ပါသည်။

အားနည်းချက်တစ်ခုဘဲ ရှိသွားသည်။ မိမိ အာဏာပြန်သိမ်းမည့်အကြောင်း မည်သူတစ်ဦး တစ်ယောက်ကိုမျှ ဖွင့်ဟတိုင်ပင် နိုင်ခြင်း မရှိခဲ့ခြင်းပင်။ စဉ်းစားကြည့်ပါ။ ဥပဒေကြောင်းအရ အကြီးဆုံး ပြစ်မှုကြီးကို ကျူးလွန်ရတော့မည့် အနေအထား၊ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်မည့် ကိစ္စကြီးမှာ မည်သူ့ကိုမျှယုံကြည်စိတ်ချစွာ ဖွင့်ဟတိုင်ပင်၍ မရကောင်းမှန်း အများ သိကြပါလိမ့်မည်။

အကယ်၍သာ ထိုစဉ်က ဒီမိုကရေစီ ဖက်တော်သားအားလုံးက သဘောပေါက်ပြီး စုစည်းညီညွတ်စွာ ၀ိုင်းရံပေးလိုက်ကြမည် ဆိုပါလျှင်၊ ကျွန်တော်တို့တစ်တွေ လွန်ခဲ့သည့် အနှစ်နှစ်ဆယ် အချိန်ကတည်းက ဒီမိုကရေစီ ရနေလောက်ပြီ။

အခုတော့ ပွဲလန့်ဖျာခင်း ဒီမိုကရေစီ မလိုချင်သူလည်း နေအိမ်အကျယ်ချုပ်ဖြင့်။ ဦးနုအာဏာရူးတာပါ ဆိုသူလည်း ပြည်ပ မှာဘဲ အရိုးထုတ်ရတော့မည်။ သူတပါးကို အပြစ်ပြောနေခြင်း မဟုတ်ပါ။ နိုင်ငံရေးလုပ်နေပြီး နိုင်ငံရေးပါး မ၀ခြင်းကိုသာ အားမလိုအားမရ ဖြစ်မိပါသည်။ ဒါက ပထမဆုံး လွတ်ထွက်သွားသည့် အခွင့်အလမ်း။

ဒုတိယကတော့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ခံရစဉ်က။ စစ်အစိုးရသည် တရားဝင် အစိုးရမဟုတ် ကြောင်း။ မိမိတို့သာ အရွေးကောက်ခံ ပြည်သူ့ကိုယ်စားလည်များ ဖြစ်ကြောင်း၊ နိုင်ငံတကာကသိအောင် မလုပ်နိုင်ခဲ့ကြခြင်း က ဒုတိယလက်လွတ်ခံလိုက်ရသည့် အခွင့်အလမ်းပင် ဖြစ်ပါသည်။ ထိုစဉ်က စစ်အစိုးရ၏နောက်တွင် ရပ်တည်ပေးမည့် နိုင်ငံမရှိသေး။

NCGUB ဖွဲ့စည်းနိုင်ခဲ့ခြင်းသည် အောင်မြင်မှုတစ်ခုဖြစ်ပါသည်။ သိုရာတွင် စစ်အစိုးရကို တရားမ၀င်အစိုးရအဖြစ် ဘယ်သော အခါကမျှ မကြေငြာနိုင်ခဲ့ပါ။ ကုလသမဂ္ဂ စင်မြင့်မှလည်း မောင်းမထုတ်နိုင်ခဲ့ကြပါ။ အဆိုးဆုံးက မိမိမှာ ဘာကျောထောက် နောက်ခံမှ မရှိပါဘဲလျှက် “အကြမ်းမဖက်သောနည်းဖြင့် ဖြေရှင်းရေး”၊ “နိုင်ငံရေး ပြဿနာများကို တွေ့ဆုံဆွေးနွေးခြင်း နည်းဖြင့် ဖြေရှင်းရေး” ပေါ်လစီများ ချမှတ်လာခြင်းဖြစ်ပါသည်။ ၎င်းနှစ်နည်စလုံးမှာ နိုင်ငံရေးလောကတွင် အလွန်အရသာ ရှိလှသော ပြော၍အကောင်းဆုံးသော စကားလုံးများဖြစ်ပေမည့် လုံးဝအသုံးမ၀င်ချေ။

အကြမ်းမဖက်သောနည်းကို နောက်ထောက် ကျောခံရှိထားမှသာ သုံးရန်သင့်ပါသည်။ အိန္ဒိယတွင် မဟတ္တမဂန္ဓီကြီး၊ တောင်အာဖရိကတွင် နယ်လဆင်မင်ဒဲလားတို့ ကျင့်သုံးအောင်မြင်ခဲ့ကြသည် မှန်ပါသည်။ မဟတ္တမဂန္ဓီကြီး၏ နောက်တွင် တက်ကြွစွာ ထောက်ခံနေကြသော သူပြောသည့်အတိုင်း လိုက်လုပ်နေကြသော အိန္ဒိယပြည်သူများ ရှိကြပါသည်။ နယ်လဆင်မင်ဒဲလား၏နောက်တွင် အင်အားကြီးသော ANC အာဖရိက အမျိုးသားကွန်ဂရက်ကြီး ရှိနေပါသည်။ ထိုအင်အား စုများ၏ ဆန့်ကျင်မှုကိုမခံနိုင်တော့၍ အပြောင်းအလဲ လုပ်ပေးလာရခြင်း ဖြစ်ပါသည်။

ကျွန်တော်တို့မှာ ထိုအင်အားမျိုး မရှိဟုဆိုရပါမည်။ ထိုသို့မရှိရသည့်အထဲက တွေ့ဆုံဆွေးနွေးရေးအတွက် အစိုးရအငြိုငြင် မခံလို၍ ကိုယ့်ဖက်က နစ်နာနေရသည်ကိုပင် ထုတ်မပြောရဲသည့်ဘ၀။ နောက်ဆုံး ဒီပဲယင်းမှာ လုပ်ကြံခံလိုက်ရသည်ကိုပင် အရိုက်ခံရသူတရားလိုကို နေအိမ်အကျယ်ချုပ်ဖြင့် ပြောင်ပြောင်တင်းတင်း ချုပ်နှောင်ခံရသည့်ဘ၀ ဆိုက်နေပါပြီ။

ကဲ … တွေ့ဆုံဆွေးနွေးရေးဆိုတာကြီးကကော အလုပ်ဖြစ်ပါ့မလား။ လက်ရှိအစိုးရသည် မည်သူ အသိအမှတ်ပြုပြု မပြုပြု စင်မြင့်ပေါ်ရောက်နေပါပြီ။ ရာဇပလ္လင်ပေါ်ရောက်လို့မှ အနှစ်နှစ်ဆယ် ကျော်နေပါပြီ။ ကိုယ့်ကိုယ်ကိုတောင် ဘုရင်ဟုပင် အထင်ရောက်နေပါပြီ။ စစ်တပ်ကို ကြိုက်သလို အမိန့်ပေးခိုင်းနိုင်နေပါပြီ။ တက်ကြွသည့် နိုင်ငံရေးအတိုက်အခံများ အားလုံး နီးပါး ထောင်ထဲထည့်ထားနိုင်ပါပြီ။ သူတို့အလိုကျ အခြေခံဥပဒေကိုပင် ပြဌာန်းနိုင်နေပြီ။

အခုကာမှ တိုင်းပြည်ရှေ့ရေး ဆွေးနွေးချင်လို့ပါဆိုလျှင်၊ ဘာအကြောင်းနှင့် ဆွေးနွေးဖို့လိုနေပါသေးသနည်း။ ဆွေးနွေးမည် ဆိုကတည်းက သူတို့မှာ အားနည်းချက်ရှိလို့ဟု စွပ်စွဲရာရောက်ပေမည်။ သူတို့ရဲ့ Road Map ခုနစ်ချက်တွင် တွေ့ဆုံ ဆွေးနွေးရေးမပါပါ။

သူကြီးရေ့ … ခင်ဗျားလုပ်နေပုံတွေ ဟန်မကျလို့ ကျုပ်တို့နဲ့ဆွေးနွေးရအောင် ပလ္လင်ပေါ်ကနေ ဖျာပေါ်ဆင်းခဲ့ပါဟု ပြောနေ သယောင်ပင်။ ကိုယ်တိုင် သူကြီးဖြစ်နေယင်ကော အဲသလို အပြောခံနိုင်ကြပါ့မလား။ ကဲ … သဘောကောင်းလို့ လိုက်လျော ပြီး ဆွေးနွေးပါမယ်တဲ့။ လက်ရှိအားဖြင့် သူက ဆင်ပေါ်ကလူ။ သူမကြိုက်လို့ မဆွေးနွေးဘူးဆိုတော့ကော ဘာတတ်နိုင်ကြ ပါမည်နည်း။ ဦးနေ၀င်းလက်ထက်က တွေ့ဆုံဆွေးနွေးပွဲလုပ်ခဲ့တာကို ပြန်ပြီး သင်ခန်းစာ ယူကြစေချင်ပါသည်။ သူက အာဏာရှိထားသူဆိုတော့ သူမဆွေးနွေးဘူးဆိုတာနဲ့ ဆွေးနွေးပွဲပျက်ခဲ့သည်။

အဲသည့်အချိန်ကျမှ ပြန်တိုက်ကြဖို့ဆိုတော့ အရမ်းကိုနောက်ကျသွားပြီ။ တွေ့ဆုံဆွေးနွေးချင်လျှင် ကိုယ်အာဏာရအောင် အရင်လုပ်မှဖြစ်မှာပါ။ သည်လိုနှင့် ဗမာပြည်ကွန်မြူနစ်ပါတီကြီး ပျောက်ကွယ်သွားခဲ့ရပြီ။ ငြိမ်းချမ်းရေးအဖွဲ့တွေ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ပျောက်ကွယ်ကြရတော့မည်။

အခုကော … ၁၉၉၀ ရွေးကောက်ပွဲပြီးစက မြေပေါ်မှာဆိုလည်း အားလုံးက မခံချင်စိတ်တွေနှင့် တင်းနေကြသည်။ တပ်မတော်အတွင်းကကို NLD ကို အင်တိုက်အားတိုက် ထောက်ခံခဲ့ကြသည်။ မြေအောက်မှာကျ ABSDF ကျောင်းသားတပ် မတော်ကြီး ရှိနေပြီ။ ပြည်ပမှာလဲ အဝေးရောက် အစိုးရအဖွဲ့နဲ့ဘာနဲ့။ ငြိမ်းချမ်းရေးအဖွဲ့တွေရဲ့ အားကလည်းရှိသေးသည်။ ဦးဆောင်မှု ပေးနိုင်မည့် ခေါင်းဆောင်ကောင်းပဲ လိုအပ်ခဲ့သည်။

သည်တုန်းက ဦးကြည်မောင်က တင်ပြခဲ့ဖူးသည်။ တဖက်က တွေ့ဆုံဆွေးနွေးရေးလုပ်သလို၊ တစ်ဖက်ကလည်း ကိုယ်ပိုင် အင်အား ထူထောင်ထားဖို့။ ဦးကြည်မောင်ဆိုသည်က နှယ်နှယ်ရရ မဟုတ်။ စစ်ရေးရော နိုင်ငံရေးအမြင်ပါရှိသူ။ နိုင်ငံရေးပါး ၀သူ။ ဗိုလ်အောင်ကျော် အရိုက်ခံရ၍ လဲကျသွားချိန်က အလံလဲကျမသွားအောင် ရှေ့ဆုံးက ဆက်လက်တာဝန်ယူ ဦးဆောင် ချီတက်ခဲ့သူ။ ကျောင်းသားခေါင်းဆောင်ဟောင်း။ ဦးကြည်မောင် တင်ပြချက်ကို လက်မခံခဲ့။ နောက်ဆုံးတော့ ဦးကြည်မောင်သာ NLD ကို ကျောခိုင်းသွားခဲ့ရသည်။

ကဲ … အခုတော့ ဘာကျောထောက်နောက်ခံမှမရှိဘဲ ဘယ်လိုလုပ် တွေ့ဆုံဆွေးနွေးရေး လုပ်ကြမှာလဲ။ ဘယ်သူက အရေးလုပ် နားထောင်နေမှာလဲ။ ကျောင်းသားတပ်မတော်ကို အင်အားမဖြည့်လိုက်နိုင်တော့ စစ်တပ်က သဘောကျပေါ့။ သူ့အင်အားကို ရသမျှချဲ့ပစ်လိုက်သည်။ သည်လိုနှင့် ကျောင်းသားတပ်မတော် ပျောက်ကွယ်သွားရတော့မည်။

တွေ့ဆုံဆွေးနွေးရေးဆိုသည်မှာ တစ်ဖက်သား မလိုက်လျောသေးသမျှ ဘာမှလုပ်မရ ဖြစ်သွားတတ်ပါသည်။ နိုင်ငံရေး အခွင့်အလမ်းအားလုံး ပိတ်ဆို့သွားတတ်ပါသည်။ အခုလဲကြည့်ပါ။ တွေ့ဆုံဆွေးနွေးရေး Stake က နအဖလက်ထဲမှာ။ NLD အဖို့ နအဖ၏ အရိပ်အကဲကိုပဲ စောင့်မျှော်နေရသည့်ဘ၀ ရောက်နေပါပြီ။

အင်အားကြီးနိုင်ငံများကထိပ်ဆုံးကသမတကြီးတွေကိုယ်တိုင်က မြန်မာ့ဒီမိုကရေစီရေးအတွက် ကူညီပံ့ပိုးပေးချင်တာတောင် “တွေ့ဆုံဆွေးနွေးရေး” လုပ်ချင်နေကြတာမို့ ဘယ်ကစလို့ ဘာကူညီရမှန်းမသိ ဖြစ်နေကြပြီလေ။ တွေ့ဆုံဆွေးနွေးရေး ဖြစ်လာအောင် ဂန်ဘာရီလည်း မတတ်နိုင်ပါ။ ဘန်ကီးမွန်းလည်း မတတ်နိုင်ပါ။ နအဖ စိတ်မပါသေးသ၍ ခံပေဦးတော့ နှစ်ပေါင်းများစွာ။ အဲ … တိုင်းပြည်ပျက်တော့မည်ဆိုလျှင်တော့ ဒရောသောပါး ဆွေးနွေးနိုင်ဖို့ ကြိုးစားလာကြပါလိမ့်မည်။

ဖက်ဆစ်ဂျပန်တော်လှန်ရေးတုန်းက ဗိုလ်ချုပ်ဘာလုပ်ခဲ့ပါသနည်း။ ဖက်ဆစ်တွေကို ဘယ်လိုမောင်းထုတ်နိုင်ခဲ့ပါသနည်း။ ရှေ့သွားလမ်းပြရှိပြီးသားပါ။ ဘာဖြစ်လို့ သည်လမ်းမရွေးခဲ့ကြပါသနည်း။ ပြည်တွင်းစစ် ဖြစ်မှာစိုးလို့ဟု အကြောင်းပြကြ သည်။ ယခုအခြေအနေက ပြည်တွင်းစစ်ဖြစ်သည်ထက် ပိုဆိုးနေသည်။ ပြည်သူတွေအဖြစ်က ရေထဲထည့်ပြီးမှ မီးတိုက် သတ်ခံရသည့် ငါးကလေးတွေလို ဖြစ်နေသည်။ ရေပူမှာသာ ထည့်ခံရလျှင် ချက်ချင်း ခုန်ထွက်နိုင်မှာဖြစ်ပေမည့် ရေအေး ထဲမှာဆိုတော့ ပူလို့ ပူမှန်းမသိ။ တဖြည်းဖြည်းချင်းမှ ရေဆူပွက်သည့်ဒဏ်ကို တမြေ့မြေ့ခံစားရပြီး ဘ၀အဆုံးခံရမလို ဖြစ်နေကြပြီ။

သနားစရာ အကောင်းဆုံးကတော့ ခေါင်းဆောင်ကြီးတွေကို ယုံကြည်အားထားပြီး စွန့်လွှတ်စွန့်စား ကြိုးစားအားထုတ်ခဲ့ကြ ရတဲ့ ရဲဘော်များ ထောင်ထဲမှာပဲ အရိုးထုတ်ကြရတော့မယ့် အနေအထားပါ။ ကျွန်တော်တို့ ဘာများလုပ်ပေးနိုင်ကြပါသနည်း။ ခုပုံအတိုင်း သွားနေလို့ကတော့ ခေါင်းဆောင်ကြီးတွေမပြောနှင့် ကျွန်တော်တို့တွေ မသေခင်တောင် ဒီမိုကရေစီဆိုတာကြီး မြင်မှ သွားကြရပါ့မလားဗျာတို့ … ။ ။
စာရေးသူသည် မြန်မာပြည်တွင်းရှိ ဧရာဝတီ စာဖတ်ပရိသတ်တဦး ဖြစ်သည်။

ဧရာဝတီ

Wednesday, September 10, 2008

ရန်ကုန်မြို့တွင် လိုင်းကား ပေါက်ကွဲမှုဖြစ်၊ နှစ်ဦး ဒဏ်ရာရ


သန်းထိုက်ဦး
အင်္ဂါနေ့၊ စက်တင်ဘာလ 09 2008 15:58 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ရန်ကုန်မြို့ အထင်ကရနေရာ တခုဖြစ်သော လှည်းတန်း မီးပွိုင့်အနီးတွင် စော်ဘွားကြီးကုန်းမှ ဆူးလေသို့ ပြေးဆွဲသော မထသ ယာဉ်လိုင်း အမှတ် ၄၅ စီအန်ဂျီ လိုင်းကားအတွင်း ပေါက်ကွဲမှု ကြောင့် အနည်းဆုံး လူနှစ်ဦး ထိခိုက်ဒဏ်ရာ ရသွားသည်။

ပေါက်ကွဲမှုသည် အင်္ဂါနေ့ နေ့လည် ၁၁ နာရီခန့်က ဖြစ်ပွားခဲ့ပြီး ယာဉ်နောက်လိုက်နှင့် သက်ကြီး အမျိုးသားတဦးတို့ ပြင်းစွာ ဒဏ်ရာရသွားခြင်း ဖြစ်သည်။

"အဲဒီနေရာကို ရောက်သွားတော့ လိုင်းကားက မီးလောင်နေတယ်။ တစီးလုံးနီးပါး မီးကျွမ်းနေတယ်။ ကားစပယ်ယာ ဒဏ်ရာတော်တော် ရသွားတယ်။ သူ့ခြေထောက်တခုလုံး သွေးတွေ ချည်းပဲ" ဟု မျက်မြင်သက်သေ တဦးက မဇ္ဈိမကို ဖုန်းဖြင့် ပြောသည်။

ပေါက်ကွဲမှု ဖြစ်ပြီး မိနစ်ပိုင်းအတွင်း စမ်းချောင်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးများသွားရောက် ငြိမ်းသတ်ခဲ့သည်ဟု အဆိုပါ မီးသတ်ဌာနက မဇ္ဈိမကို ပြောသည်။

"ဘယ်လိုဖြစ်တယ်ဆိုတာတော့ မသိဘူး။ သတင်းရတာနဲ့ ချက်ခြင်း မီးသွားငြိမ်းတာပဲ။ ဖြစ်ပုံ အသေးစိတ်ကိုတော့ ကျနော်တို့ အထက်အရာရှိတွေပဲ ရှင်းပြနိုင်ပါလိမ့်မယ်" ဟု မီးသတ်ရဲဘော်တဦးက ပြောသည်။

အဆိုပါ လိုင်းကားပေါ်တွင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ခရီးသည် သုံးဦးသာ ပါသည်ဟု ကားပေါ်ပါ ခရီးသည်တဦးနှင့် ပြောဆိုခွင့် ရခဲ့သူ မျက်မြင်တဦးက ပြောသည်။

"ကားက မီးပွိုင့် မိနေတုန်းမှာ ကားနောက်ပိုင်းကနေ ပေါက်ကွဲသံကြားလိုက်တယ်။ ဒါနဲ့ ကားပေါ်ကနေ မြန်မြန်လွတ်အောင် ပြေးခဲ့တယ်။ ဘာဖြစ်မှန်းတောင် မသိလိုက်ပါဘူး" ဟု ကားပေါ်ပါလာသော ကျောင်းဆရာမ တဦးက ပြောသည်ဟု အဆိုပါ မျက်မြင်က ပြောသည်။

ကားပေါ်ပါလာသူများကို သက်ဆိုင်ရာမှ တက္ကစီကားများဖြင့် ခေါ်ယူသွားကြပြီး ပေါက်ကွဲမှု ဖြစ်စဉ်နှင့်ပတ်သက်၍ အကြောင်းရင်း တစုံတရာကို အတည်မပြုနိုင်ဖြစ်နေသည်။

မျက်မြင်များမှ ပေါက်ကွဲမှုမှာ ကားနောက်ပိုင်းရှိ စီအန်ဂျီ ဂက်စ်အိုးများမှ ဖြစ်နိုင်သည်ဟု ထင်ကြေးများ ပေးနေကြသည်။ အဆိုပါ ကားမှာ ကားပြုပြင်ရေး အလုပ်ရုံမှ ပြန်လာခြင်း ဖြစ်သည်ဟု သိရသည်။

မျက်မြင်တဦး အပြောအရ ကားသည် အင်းစိန်သို့ ဦးတည် သွားနေခြင်းဖြစ်သည်။ ကားဝပ်ရှော့မှ ထွက်လာသောကြောင့် ပုံမှန် ကဲ့သို့ ခရီးသည် မရနိုင် ဖြစ်နေသည်ဟု သိရသည်။

အခင်းဖြစ်နေရာ အပိုင် ကမာရွတ်ရဲစခန်းမှ ပေါက်ကွဲမှုနှင့်ပတ်သက်၍ အကြောင်းပြချက် တစုံတရာ မပေးနိုင်သေးဖြစ်နေသည်။

ရန်ကုန်ဆေးရုံးကြီး အရေးပေါ်ဌာနသို့ ဆက်သွယ်မေးမြန်းခဲ့ရာ လူနာနှစ်ဦးရောက်လာပြီး အရေးပေါ်ခွဲစိတ်ကုသမှုများ ပြုလုပ်ရန် ရှိသည်ဟုသာ တာဝန်ရှိသူ တဦးက ပြောပြီး အပြည့်အစုံကို ပြောပြရန် ငြင်းဆိုသွားသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော မော်တော်ယာဉ်လိုင်း များမှ ၇၀ ရာနှုန်းကျော်မှာ စီအန်ဂျီ ဓာတ်ငွေ့ကိုသာ အသုံးပြုကြသည်။ အာဏာပိုင်များက ၂၀၀၄ ခုနှစ်မှ စတင်၍ လိုင်းကားများတွင် ဓာတ်ဆီ အင်ဂျင်အစား စီအန်ဂျီ ဓာတ်ငွေ့အင်ဂျင်များကို ပြောင်းလဲ တပ်ဆင်စေခဲ့သည်။

Tuesday, September 9, 2008

ဒေါ်အောင်ဆန်းစုကြည်အတွက် ဂျပန်ရောက်မြန်မာများ ယူအန်ရုံးရှေ့တွင် အစာငတ်ခံဆန္ဒပြ



မတရားသဖြင့် နေအိမ်အကျယ်ချုပ်ကျခံနေရသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် နအဖစစ်အုပ်စု၏ ဥပဒေမဲ့ အကန့်အသတ်မရှိထိန်းသိမ်းချုပ်နှောင်ထားမှုနှင့် နအဖ၏ တဖက်သက်လုပ်ဆောင် နေမှုများကို ရှုတ်ချကန့်ကွက်သည့်အနေဖြင့် အစာမစားပဲအစာငတ်ခံဆန္ဒပြနေသည်မှာ ၃ ပတ်ကျော်နေပြီဆို သည့်သတင်းမှာ တကမ္ဘာလုံးအသိပင်ဖြစ်သည်။

ထိုအတွက် ဒေါ်အောင်ဆန်းစုကြည်၏ကျန်းမာရေးနှင့် အသက်အန္တာရယ်အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ အမြန်ဆုံးဆောင်ရွက်ပေးရန်နှင့် မြန်မာပြည်ဒီမိုကရေစီစနစ်ပေါ်ထွန်း လာစေရေးအတွက် ကုလသမဂ္ဂမှ တိကျပြတ်သားစွာ ကိုယ်တွယ်ပေးရေးအတွက်ရည်ရွယ်ပြီး ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံသားများ၏ပူးပေါင်းဆောင်ရွက်ရေးကော်မတီမှဦးဆောင်၍ အစာငတ်ခံဆန္ဒပြခြင်းကို တိုကျိုရှိ ကုလသမဂ္ဂရုံးရှေ့တွင် ယနေ့(စက်တင်ဘာ ၈ ရက် တနင်္လာနေ့)ညနေ ၆ နာရီမှ စတင်ပြုလုပ်နေလျက်ရှိပါသည်။

(ယနေ့ဖြန်ချိသော ထုတ်ပြန်ကြေငြာချက်ဖြစ်ပါသည်)

ပထမအသုတ်အနေဖြင့် အဖွဲ့အစည်းအသီးသီးမှ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ (ပေါင်း ၅ ဦး)မှ ၇၂ နာရီ တိတိ အစာငတ်ဆန္ဒပြနေလျက်ပြီး၊ ထူးခြားမှုတစုံတရာမရရှိပါက နောက်တသုတ်အနေဖြင့် ရက်အကန့်အသတ်မရှိ အစာငတ်ခံဆန္ဒပြသွားမည်ဟု သိရှိရသည်။

ကမ္ဘာ့နိုင်ငံအသီးသီးသို့ရောက်ရှိနေကြသော မျိုးချစ်မြန်မာများအနေဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်အတွက် ကုလသမဂ္ဂရုံးရှေ့တွင် အစာငတ်ခံဆန္ဒပြခြင်း၊ မြန်မာ့ပြည်အရေးအတွက် လုံခြုံရေးကောင်စီမှ ထိရောက်စွာကိုင် တွယ်လာသည့်အထိ ဖိအားပေးတောင်းဆိုခြင်းများပြုလုပ်ပေးကြပါရန်လည်း ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံသားများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီမှ မေတ္တာရပ်ခံထားပါသည်။



လက်ရှိအစာငတ်ခံဆန္ဒပြနေကြသူများမှာ(ဝဲမှာယာ)-
ကိုအောင်လင်းထွန်း(LDB)
ကိုကျော်မင်းထွန်း(DPNS)
မမျိုးသင့်သင့်ခိုင်(HRDP)
ကိုတင်အောင်(DFB)
ကိုညီညီငယ်(NLD-LA JB)

မှတ်တမ်းဓါတ်ပုံ-
မင်းညိုဝမ်း(မိုးသောက်ကြယ်)
ဦးသန်းဝင်း(BDA Group)

Monday, September 8, 2008

ဦးဥတ္တမနေ့အခမ်းအနားဂျပန်နိုင်ငံတွင်ပြုလုပ်၊



ဒီမိုကရေစီအရေးတိုက်ပွဲဝင်နေသူ ရခိုင်ရဟန်းတော်တစ်ပါးနှင့် လူပုဂ္ဂိုလ်များအား U Ottama Award ဆုချီးမြင့်
တိုကျို၊ စက်တင်ဘာ(၇)

မြန်မာ့လွတ်လပ်ရေးအတွက် နယ်ချဲ့ကိုလိုနီအင်္ဂလိပ်တို့အား တော်လှန်တိုက်ပွဲဝင်ခဲ့သည့် ဆရာတော်ဦးဥတ္တမအား အောက်မေ့ဂုဏ်ပြုသည့်အခမ်းအနားနှင့် မြန်မာ့ဒီမိုကရေစီအရေးနှင့်လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေကြသည့် ရခိုင်အမျိုးသားရဟန်းတော်တစ်ပါးနှင့် မျိုးချစ်ရခိုင်လူငယ်အချို့အား U Ottama Awardဆု ချီးမြင့်ခြင်းကို တိုကျိုမြို့ အိုးစုခအရပ်ရှိ ''မိနမိအိုးစုခ'' ခန်းမတွင် ယနေ့ပြုလုပ်ကျင်းပခဲ့ကြသည်။
ဦးဥတ္တမဂုဏ်ပြုပွဲ (၆၉)ကြိမ်မြောက်ကို ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ALD-Exile Japan)နှင့် ရခိုင်လူမှုရေးအသင်း(ဂျပန်)- ASAJ တို့မှ ဂျပန်တွင် ပူးပေါင်းကျင်းပကြခြင်းဖြစ်ပြီး တနာဘဲစံ(ခေါ်)ဆရာဦးရွှေဘမှ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုကာလအတွင်း ဆရာတော်ဦးဥတ္တမမှ ဂျပန်သို့လာရောက်၍ မြန်မာ့လွတ်လပ်ရေးအတွက် ဂျပန်နှင့်ပူးပေါင်းတိုက်ပွဲဝင်ရန်ကြိုးစားမှုအကြောင်းကို ''ဆရာတော် ဦးဥတ္တမနှင့် ဂျပန်''ခေါင်းစဉ်ဖြင့် ဟောပြောပြီး၊ Kanda University(Japan)မှ ဒေါက်တာအေးချမ်းမှ ''မြန်မာ့လွတ်လပ်ရေးကို မျိုးစေ့ချပေးခဲ့သော ဆရာတော်ဦးဥတ္တမ'' ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ကြသည်။
U Ottama Awardဆုကို ၂၀၀၇ စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးတွင် ရခိုင်ပြည်နယ်ရှိ သံဃာထုကို ထူးခြားပြောင်မြောက်စွာ စည်းရုံးလှုံ့ဆော်ဦးဆောင်ခဲ့သည့် အရှင်ဣဿရိယကို ပေးအပ်ချီးမြင့်၍ ပြီးခဲ့သည့်လ (၈၈)အရေးတော်ပုံအနှစ်(၂ဝ)ပြည့်အဖြစ် တောင်ကုတ်မြို့တွင် ချီတက်ဆန္ဒပြရင်း အဖမ်းဆီးခံခဲ့ရသည့် မနီနီမေမြင့်၊ ကိုမိုးနိုင်စိုး၊ ကိုသန်းလွင်၊ ကိုမောင်မောင်သက်နှင့် ကိုချစ်ကိုမောင်မောင် တို့ကို ပေးအပ်ချီးမြင့်ခြင်းဖြစ်ကြောင်းသိရသည်။

''နယ်ချဲ့အင်္ဂလိပ်ကိုလိုနီခေတ်မှ ယနေ့ရွှေဝါရောင်တော်လှန်ရေးခေတ်အထိ ခေတ်အဆက်ဆက် နိုင်ငံရေးလှုပ်ရှားမှု၊ တနည်းအားဖြင့် အုပ်ချုပ်သူအာဏာရှင်တွေရဲ့လက်အောက်မှ လွတ်မြောက်ရန် သံဃာတွေရဲ့ အခန်းကဏ္ဍဟာ ပါဝင်နေတယ်၊ အဲ့ဒါဟာ ဆရာတော်ဦးဥတ္တမရဲ့ နိုင်ငံရေးမျက်စိဖွင့်ပေးခဲ့မှုကြောင့် ဆရာတော်ကိုဂုဏ်ပြုတဲ့အနေနဲ့ ဒီဆုကိုချီးမြင့်ခြင်းဖြစ်ပါတယ်''ဟု ဆုချီးမြင့်ရခြင်းအကြောင်းကို(ALD-Exile Japan)မှ ဒု-ဥက္ကဌကိုလှအေးမောင်မှ ပြောပြသည်။
အဆိုပါဆုများအနက် ရဟန်းတော်အတွက်ဆုကို အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များ အဖွဲ့ချုပ်မှ သာသနဦးသျှောင်အဖွဲ့၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဆရာတော်ဒေါက်တာအရှင်နာယကမှ ရွေးချယ်သတ်မှတ်ပေးခြင်းဖြစ်ပြီး လူပုဂ္ဂိုလ်များအတွက် ALD(Japan)နှင့် ASAJ(Japan)တို့မှရွေးချယ်ချီးမြင့်ခြင်းဖြစ်ကြောင်းနှင့် ယင်းဆုများကို တောင်ကုတ်မြို့နယ်သား ဦးတင်မောင်ညိုနှင့် ကိုသိန်းစိုးဝင်းတို့မှ ကိုယ်စားလက်ခံပေးခဲ့ကြကြောင်းသိရသည်။

သတင်းရေးသားသူ-သန့်မျိုးထွေး(မိုးသောက်ကြယ်)
မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း(မိုးသောက်ကြယ်)