Sunday, December 9, 2007

ယနေ့ပြုလုပ်သော ဂျပန်နိုင်ငံရှိ နိုင်ငံတကာလူ့အခွင့်အရေးနေ့ ချီတက်ဆန္ဒပြပွဲ

shibuyaမြို့ရှိ UN (ကုလသမဂ္ဂရုံး) ရှေ့မှ ဖြတ်နေစဉ်
၁၀ရက် ၁၂လပိုင်းတွင်ကျရောက်မည့် နိုင်ငံတကာလူ့အခွင့်အရေးနေ့အတွက် လူထုချီတက်ဆန္ဒပြပွဲကို ဂျပန်နိုင်ငံတွင် ယနေ့ကျင်းပပြုလုပ်ခဲ့ပါသည်၊

ချီတက်ဆန္ဒပြပွဲကို လူစည်ကားရာနေရာဖြစ်သော တိုကျိုမြို့ ebisuဘူတာအနီးရှိ ebisuပန်းခြံအနီးမှ စုရပ်အဖြစ် နေ့လည် (၁)နာရီမှ စတင်ထွက်ခွာခဲ့ပါသည်၊ shibuyaမြို့ရှိ UN (ကုလသမဂ္ဂရုံး) ရှေ့မှဖြတ်ပြီး sendagaya ပန်းခြံသို့ရောက်ရှိပြီး နေ့လည်(၃)နာရီခန့်တွင် အခမ်းအနားပြီးဆုံးခဲ့ပါသည်၊။ ချီတက်ဆန္ဒပြပွဲသို့ ဂျပန်နိုင်ငံရှိ Amnestry internationl အဖွဲ့မှ ဂျပန်လူမျိုးများ၊ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများ။မြန်မာတိုင်းရင်းသားများ၊ ဖိလစ်ပိုင်၊ လော၊ အင်ဒိုနီးရှား။တခြားနိုင်ငံခြားသားများ ရာနှင့်ချီ၍ ပါဝင်ခဲ့ကြောင်းသိရှိရပါသည်၊ Amnestry internationl အဖွဲ့မှ ကူမာဇာဝါမှ အမှာစကားပြောကြားနေစဉ်
ဖိလစ်ပိုင်အမျိုးသမီးမှ လူ့အခွင့်အရေးရရှိရေးအတွက်ပြောကြားနေစဉ်

0 comments: