Saturday, November 3, 2007

တံဆိပ်တော်ခေါင်း ကော်မကပ်ရခြင်းအကြောင်း


မြန်မာစစ်အစိုးရက ထိပ်တန်း အကောင်းစား တံဆိပ်ခေါင်း အသစ်တမျိုး ထုတ်လိုက်ပါတယ်။ နအဖ ခေါင်းဆောင် တပ်ချုပ်ကြီးသန်းရွှေရဲ့ ပုံနဲ့ပါ။တံဆိပ်ခေါင်းသစ်ဟာ စာအိတ်မှာ မကပ်ဘူးဖြစ်နေတဲ့သတင်း ရွှေနားတော် ပေါက်ကြားတော်မူလို့ တပ်ချုပ်ကြီးက အမျက်မာန် ရှတော်မူတာကြောင့် အရေးယူတော်မူဖို့ စစ်ဆေးစေလို့ အမိန့်တော် ချမှတ်လိုက်ပါတယ်။အဲဒါနဲ့ အထူးစုံစမ်းရေးက်ာမရှင် ဖွဲ့စည်းပြီး ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဗိုလ်မှူးချုပ်သိန်းဇော် ကိုယ်တိုင်ဦးစီးကာ စာတိုက်ကြီးကို ရောက်ချလာပြီး တံဆိပ်တော်ခေါင်း ကော်မကပ်ရတဲ့ အကြောင်းရင်းမြစ်ကို စစ်ဆေးတော်မူပါသတဲ့။
တလတိတိ ကြာအောင် စုံစမ်းစစ်ဆေးပြီးတဲ့ အခါမှာတော့ အထူးစုံစမ်းရေးကော်မရှင်က တံဆိပ်တော်ခေါင်း ကော်မကပ်ရတဲ့ အကြောင်းရင်း ရှာဖွေတွေ့ရှိချက်ကို အောက်ပါအတိုင်း အစီရင်ခံတင်ပြပါတယ်။
(၁) တံဆိပ်ခေါင်းတော်ဟာ တံဆိပ်ခေါင်းအင်္ဂါနဲ့ ပြည့်စုံတယ်။
(၂) ကော်ရှိရ ကပ်ရမယ့် ဘက်မှာလည်း ပြည့်စုံကောင်းမွန်တယ်။
ဒါပေမယ့် …
(၃) တံဆိပ်ခေါင်း သုံးသူများက ကော်သုတ်တဲ့ ဘက်ကို တံတွေးမဆွတ်ဘဲ မျက်နှာစာဘက်ကို တံတွေးထွေးနေတယ် … တဲ့။

(အင်္ဂလိပ်လို ပေးပို့လာတာကို ဆီလျော်အောင် ဘာသာပြန်ပေးလိုက်ပါတယ်။ မူရင်းရေးသူရော ပေးပို့သူကိုပါ ကျေးဇူးတင်ပါတယ်။)

နေထူး

1 comments:

w.w billy said...

ha haa ha,very good,thanks for your joke,carry on man