Saturday, October 20, 2007

"သီတင်းကျွတ် တန်ဆောင်တိုင် မီးထွန်းပွဲမှာ မီးပုံးပျံလေးတွေ လွှတ်ကြရင်း ပြည်သူ့ဆန္ဒဖော်ထုတ်ကြရအောင်"


လတ်တလော ဖြစ်ပွားခဲသော သာသနာ့ အာဇာနည်၊ ကျောင်းသား အာဇာနည်များ၏ ဆန္ဒပြပွဲများကြောင့် ကျွန် တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုများကို ကမ္ဘာက သိရှိကာ အကူအညီများလည်း ပေးလာကြပြီ ဖြစ်ပါ တယ်။ ဒါဟာ ကျွန်တော်တို့အတွက် ကြီးမားတဲ့ အောင်မြင်မှုပါ။ စစ်အစိုးရ လက်အောက်က လွတ်မြောက်ဖို့ရာ အရေးပါတဲ့ ခြေလှမ်းတွေပါ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဒီခြေလှမ်းတွေကို ရပ်လိုက်လို့ မဖြစ်ပါဘူး။ စစ်မှန်တဲ့ လူ ထုလှုပ်ရှားမူများနဲ့ ဆက်လက်၍ လျှောက်လှမ်းသွားရမှာ ဖြစ်ပါတယ်။
ဒီအတွက် စစ်အစိုးရရဲ့ ဖိနှိပ်မူတွေကြားထဲက လူထုပါဝင် လှုပ်ရှားနိုင်မယ့် နည်းလမ်းများ ရှာကြံတဲ့အခါမှာ တခု သတိထားမိတာက သီတင်းကျွတ် တန်ဆောင်တိုင် မီးထွန်းပွဲတွေမှာ မီးပုံးပျံလွှတ်ကြတာကို သွားသတိရမိပါ တယ်။ ဒီတော့ ဒီနှစ် မီးထွန်းပွဲမှာ ကျွန်တော်တို့ ပြည်သူ့ဆန္ဒမှန်တွေပါတဲ့ မီးပုံးပျံလေးတွေ လွှတ်ကြရင် မ ကောင်းဘူးလား။ သာသနာ့ အာဇာနည်တွေကို ကိုယ်စားပြုတဲ့ သာသနာ့အလံပါတဲ့ မီးပုံးပျံ အနီလေးတွေ၊ ကျောင်းသား အာဇာနည်တွေကို ကိုယ်စားပြုတဲ့ ခွပ်ဒေါင်းပုံပါတဲ့ မီးပုံးပျံ အနီလေးတွေ၊ ပြည်သူ့တွေရဲ ဆန္ဒမှန် "Free Burma" ဆိုတဲ့ စာတန်းပါတဲ့ မီးပုံးပျံ အနီလေးတွေ၊ ကျဆုံးသွားတဲ့ သာသနာ့ အာဇာနည် ကျောင်းသား အာဇာနည်တွေကို ကိုယ်စားပြုတဲ့ မီးပုံးပျံ အနီလေးတွေကို ကောင်းကင်ထက်စီ လွှတ်တင်ကြရအောင်လားဗျာ။

မီးပုံးပျံလေးတွေ ကောင်းကင်ယံစီ ပျံဝဲသွားပြီဆိုတာနဲ့ ဒီနအဖတွေ၊ ကပ်ဖားရပ်ဖား ကောင်တွေ ငုတ်တုတ်ထိုင် ကြည့်ရုံမှတပါး ဘာမှမလုပ်နိုင်ပါဘူး။ ၀ါးရင်းတုတ်နဲ့လည်း လိုက်ရိုက်လို့မရ၊ အဲ…သေနတ်တွေနဲ့ လိုက်ပစ်ချရင် တော့ မပြောတတ်ဘူးပေါ့ဗျာ။လူတစ်စုကို လိမ်ညာလို့ရချင်ရမယ်၊ လူထုကိုတော့ လိမ်ညာလို့မရကြောင်း သက်သေပြလိုက်ကြပါစို့။ စစ်မှန်တဲ့ ပြည်သူ့ဆန္ဒတွေ ထက်ကောင်းကင် ဘ၀ဂ်ထိတိုင် သိနိုင်ကြပါစေလို့…..။

မြန်မာကျောင်းသူ/သားများ

New Opportunity to Show People's DesireComing Lighting Festival, and Thazaungdine Festival we can show People's Desire by releasing Hot Balloon with attachment.

People's Desire
• We favour stability
• We favour peace
• We oppose spdc's violence
We encourage to participate everyone who loves the truth! in this festival.
Win your fear with the truth!
Show your desire over the sky!
Now Lighting Festival and Thazaungdine Festival are very close.I'm thinking of how to show our desire to the Junta. Ok what we can do is releasing Hot Air Balloon (Mie Pone Pyan) to air, with Sar Sa Na flag, NLD logo, "Free Burma" letter or even Red ballon can show our desire. Once the balloon is up to the air it's very hard to
take it down. Means our desires are up in the sky and not easily crack down by gun. Let the key full with people desire in ThaDinKyout Night.

Pls spread the idea to other, hope our country will free soon.
myanmar students

0 comments: