ဓာတ်ပုံ။ ။ AFPယနေ့ နံနက် ၂ နာရီ ၄၅ မိနစ်ခန့်က ရန်ကုန်သီရိမင်္ဂလာဈေး - တိုက်ကြီး အဝေးပြေး ဟိုင်းလတ်စ်ကားတစီး ပေါက်ကွဲမှု ဖြစ်ပြီး လူ ၇ ဦး ပွဲချင်းပြီးသေဆုံးကာ လူ ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိသွားသည်။ ပေါက်ကွဲမှု ဖြစ်ရတဲ့အကြောင်းရင်းကတော့ ဈေးသက်သာတဲ့ဂက်စ်ကို လောင်စာဆီအစား အသုံးပြုလို့  ပေါက်ကွဲမှုဖြစ်ရတာလို့  အမည်မဖေါ်လိုတဲ့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။ ရန်ကုန်စက်မှုတက္ကသိုလ်အနီးမှာ ဖြစ်ပွားတာ ဖြစ်ကြောင်း သိရှိရပါတယ်။
ရန်ကုန်တွင်ခရီးသည်တင်ဘတ်စ်ကားများကို သဘာဝဓာတ်ငွေ့သုံးယာဉ်အဖြစ် ပြောင်းလဲလျှက်ရှိရာ ယခင်ကလည်း ဂတ်စ်အိုး ပေါက်ကွဲမှုများ ရှိခဲ့ဖူးသည်။
No comments:
Post a Comment