
ဒါပေမဲ့ အာဏာရှင် စနစ်အောက်မှာ အင်တာနက် သုံးစွဲသူတွေဟာ အာဏာရှင် အစိုးရ တွေရဲ့ ကန့်သတ် ချုပ်ချယ်မှုက တမျိုး၊ အင်တာနက်က တဆင့် ကျူးလွန် လာတဲ့ ကျူးလွန် လာတဲ့ ရာဇ၀တ်မှု တွေက တဖုံ နည်းမျိုးစုံနဲ့ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုတွေ ချိုးဖောက်တာကို ခံနေ ကြရပါတယ်။ ဒါကြောင့် ကျနော်တို့ ရှာဖွေ တင်ပြလိုက်တဲ့ လုံခြုံရေး ဆိုင်ရာ သတိပေးချက်တွေ ဖြစ်တဲ့ "အင်တာနက် သုံးစွဲသူများ အတွက် အသိပေးချက် ၈ ချက်" နဲ့ "လက်တွေ့ အသုံးချ အစီအစဉ်" တွေကို အလေ့အကျင့် ကောင်းတခု အဖြစ် လိုက်နာ ကျင့်သုံး နိုင်ရင်တော့ စစ်အာဏာရှင် စနစ်ဆိုး အောက်မှာ ရှင်သန် နေထိုင် နေရတဲ့ မြန်မာပြည်က အင်တာနက် သုံးစွဲ သူတွေ အနေနဲ့ လုံခြုံ စိတ်ချရတဲ့ အင်တာနက် သုံးစွဲမှုကို ရပြီလို့ ဆိုနိုင်ပါကြောင်း အသိပေး ပါရစေ။
ဖိုင်ကို ရရှိနိုင်ဖို့အတွက် ဒီမှာနှိပ်လိုက်ပါ
No comments:
Post a Comment