စစ်ကျွန်ပြုတာကို ခံရတဲ့ သူတွေထဲမှာ လူဘုံအလယ်မှာ နအဖ စစ်ဗိုလ်ချုပ်ကြီးတွေကို ဖိနပ်တိုက် ဖိနပ်စီးပေးနေရတဲ့ ဗိုလ်ချုပ်လေးတွေလည်း အပါအ၀င် ဖြစ်တယ်ဆိုတာ (အပေါ်က ပုံကိုကြည့်ရင်) ထင်ရှားပါတယ်။ စစ်တပ်အတွင်းက စစ်သည်တော်တွေ ဘာကြောင့် စစ်ထဲ ၀င်ခဲ့သလဲ၊ စစ်သင်တန်း တက်စဉ်မှာ ဘာတွေ ဆိုခဲ့ရသလဲ၊ သင်တို့ရဲ့ လက်ရှိ ဘ၀အခြေအနေက ဘယ်လိုလဲ ဆိုတာကို စဉ်းစားကြပါ။ ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ ချီတက်နေပါတယ်လို့ ဓာတ်ပြားပေါက်မတတ် ပြောနေကြတဲ့ နအဖ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ လုပ်ရပ်တွေက ပဒေသရာဇ်နဲ့ ကျွန်ပိုင်ရှင်ခေတ်ဆီ နောက်ပြန်လှည့် ချီတက်နေကြတာကို တပ်မတော် အကြီးအကဲကြီးတွေနဲ့ ပြည်သူလူထု တရပ်လုံး အသိပဲ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်မို့ ပြည်သူတွေက သင်တို့တတွေ စစ်ကျွန်ဘ၀က လွတ်မြောက်အောင် တိုက်ပွဲဝင်ပေးနေကြတာပါ။ ပြည်သူနဲ့အတူ သင်တို့လက်တွဲပြီး စစ်ကျွန်ပြုနေသူ နအဖစစ်ဗိုလ်ချုပ်ကြီး တသိုက်ကို တိုက်ထုတ်ဖယ်ရှားဖို့ အချိန်တန်ပြီ ဖြစ်ပါတယ်။ ရုရှားက ရဲဘော်တို့ သင်တို့သင်နေတဲ့ ပညာတွေက ဖိနပ်တိုက်ဖို့ မဟုတ်ဘူးဆိုတာကို နားလည်ကြဖို့ အချိန်ရောက်ပါပြီ။ ကျနော်တို့အားလုံး အတူလက်တွဲပြီး တိုက်ပွဲဝင်ကြပါစို့။ စစ်ကျွန်စံနစ်ကို အမြစ်ပြတ် တော်လှန်ချေမှုန်းကြပါစို့။(www.didfortwayne.blogspot.com မှ ကူးယူဖော်ပြပါသည်)
No comments:
Post a Comment