ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အီဗရာဟင် ဂမ်ဘာရီသည် နေအိမ် အကျယ်ချုပ် ကျခံနေရသော ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ယနေ့ နေ့လယ်က ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့သည်။
မစ္စတာ ဂမ်ဘာရီသည် နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်နှင့် မိနစ် ၂ဝ ခန့်ကြာ အစိုးရ ဧည့်ဂေဟာတွင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ကြပ်ပြေး နေပြည်တော်မှ ပြန်လာသော ကုလ ကိုယ်စားလှယ် ခေါင်းဆောင်သော ၃ ဦးပါ အဖွဲ့သည် နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် တွေ့ဆုံအပြီး အပြန်တွင် ဒေါ်စုနှင့် တွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်သည်။
လူတိုင်း ခေါင်းဆောင်ပါဟု တပ်ပေါင်းစု ဆရာတော် ဦးဂမ္မီရ ပြော
ပြည်သူလူထု အနေဖြင့် ကိုယ့်ဘာသာကိုယ် ဦးဆောင် ဆန္ဒပြချိန်တန်ပြီ ဖြစ်ကြောင်း စစ်အစိုးရက အပူတပြင်း လိုက်လံ ရှာဖွေနေသော သံဃာ့ တပ်ပေါင်းစုမှ ဦးဆောင်သူ တဦးဖြစ်သူ ဆရာတော် ဦးဂမ္မီရ က ပြေးလွှားနေရင်းက မဇ္ဈိမ ကို ပြောပြသည်။
“လူထုအနေနဲ့ ခေါင်းဆောင်တွေကို မမျှော်နဲ့တော့၊ ကိုယ့်ကိုကိုယ် ခေါင်းဆောင်အဖြစ် ဖော်ထုတ်ပါ၊ ကိုယ့်ကိုကိုယ် ဗဟိုပြုပါ၊ ကိုယ့်ကိုကိုယ် ဦးဆောင်ဖို့ အရေးကြီးတယ်။ သံဃာတော်တွေက ရှေ့မှာ အများကြီး လုပ်ဆောင်သွားပြီးပြီ။ အဖမ်းဆီး ခံရတာတွေ၊ ထောင်ထဲ ရောက်နေတာတွေ၊ စစ်ကြောရေးမှာ ရောက်နေတာတွေ၊ ပြီးတော့ ပျံလွန်တော်မူ သွားကြပြီးပြီ” ဟု ဆရာတော်က ပြောသည်။
“(ဘုန်းကြီးကျောင်းရှေ့မှာ လက်နက် တကားကားနဲ့၊ ယူနီဖောင်း တကားကားနဲ့၊ အဲသလို လုပ်တာဟာ သူတို့ရုပ်လုံးကို နိုင်ငံတကာပေါ်တယ်။ အာဏာရှင်တောင် မကတော့ဘူး အကြမ်းဖက်သမား အဖြစ် ကမ္ဘာက သိတယ်။” ဟု သူက ထပ်ပြောသည်။
“ကျောင်းအပြင်ဘက်မှာ လုပ်လို့ မရရင်၊ ကျောင်းအတွင်းမှာ လုပ်လို့ရတာ ရှိပါတယ်။”
စင်္ကာပူအမတ်များ မြန်မာစစ်အစိုးရကို ရှုတ်ချ
မြန်မာနိုင်ငံတွင်း စစ်အစိုးရက ဆန္ဒပြသူများကို သတ်ဖြတ်မှုများကို ကန့်ကွက်သောအားဖြင့် စင်္ကာပူ အတိုက်အခံ ပါလီမန်အမတ် ၁၁ ဦးက မြန်မာသံရုံး ရှေ့တွင် ဆန္ဒပြကြသည်။အနီရောင်စတစ်ကာပါသော အင်္ကျီများ၊ လက်ပတ်များ ဝတ်ဆင်ပြီး Free Burma, Right to protect, Stop Killing စသည့်စာသားများ ဆိုင်းဘုတ်များတွင် ရေးသားထားပြီး ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံများ ကိုင်ဆောင်ထားသော ဆန္ဒပြကြခြင်း ဖြစ်သည်။
No comments:
Post a Comment