နအဖစစ်အစိုးရကိုထောက်ခံရင်ကံကြီးထိုက်မယ်။နိုင်ငံရေးသမားတွေဟန်ဆောင်လေးဖြစ်ဖြစ်ညီညွတ်ကြစမ်းပါလို့
နအဖစစ်အစိုးရကိုထောက်ခံရင်ကံကြီးထိုက်မယ်။
ှဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို ထောက်ခံရန် လှုံ့ဆော်သည့် ဆိုင်းဘုတ်ကြီးတခုကို ရန်ကုန်မြို့ ယုဇနပလာဇာရှေ့တွင်တွေ့ရစဉ်။ သမာသမတ်ကျစွာ အခြေခံဥပဒေအပေါ် သဘောထားကောက်ခံသည့် ဆန္ဒခံယူပွဲကို ကျင်းပပေးရမည်ဖြစ်သောလည်း ထောက်ခံမဲပေးရန် လှုံ့ဆော်မှုများ၊ ဖန်တီးမှုများ၊ ခြိမ်းခြောက်မှုများ စစ်အစိုးရက ပြုလုပ်နေသည်။
video ။ ။mg mg htein (B.D.A groups)
သံရုံးအမှုထမ်းအားလုံးသို့ မေတ္တာရပ်ခံချက်
နိုင်ငံတကာရှိ မြန်မာသံရုံးများတွင် အမှုထမ်းနေကြသော သံရုံးအမှုထမ်းအားလုံးသို့
သီရိလင်္ကာရောက် မြန်မာ ကျောင်းသား ရဟန်းတော်များအဖွဲ့အနေဖြင့် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။
သင်တို့သည် နိုင်ငံရပ်ခြားတိုင်းတပါးတွင် တာဝန်ထမ်းဆောင်နေသူများပီပီ ကမ္ဘာ့အခြေအနေ အရပ်ရပ် ကို
နားလည် သဘောပေါက်သည်-ဟု ယုံကြည်ပါသည်။ မည်သူမှန်သည်၊ မှားသည်-ဟု မပြောလိုပါ။
လူတိုင်း၏ မွေးရာပါအခွင့်အရေးအရ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိပါသည်။ သို့သော် သင်တို့သည် ပြည်သူတို့၏
ဘဏ္ဍာကို စားသုံးနေကြသည့် ပြည်သူ့ဝန်ထမ်းများဖြစ်ကြသည်-ဆိုတာကို မမေ့သင့်ကြပါ။
နိုင်ငံတစ်နိုင်ငံတွင် တာဝန်ထမ်းဆောင်ခွင့်ရနေခြင်းသည် မိမိနိုင်ငံသားတို့၏ ကောင်းကျိုးကို ဆောင်
ရွက်ဖို့ ဖြစ်ပါသည်။ ပြည်သူကို ဒုက္ခပေးရန် မဟုတ်ပါ။အမှန်မှာ ပြည်သူ့ဝန်ထမ်းသည် ပြည်သူတို့၏
“အရှင် သခင်” လုံးဝမဟုတ်ပါ။
ပြည်သူတို့၏ “ကျွန်” ဖြစ်သည်-ဆိုသည်ကို သတိချပ်သင့်ပါသည်။ သင်တို့သည် ပြည်သူ့ကျွန်
ဖြစ်ရမည့်အစား လက်တဆုပ်စာ န အ ဖ-စစ်အာဏာရှင်တို့၏ စစ်ကျွန်ဖြစ်နေခြင်းသည် သင်တို့ အတွက်သာ
မကသင်တို့၏ သားစဉ်မြေးဆက်အတွက်ပါ ရင်နင့်ဖွယ်ဖြစ်နေပါသည်။ သင်တို့သည် ခေတ်ပညာတတ်
သံတမန်များပီပီ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးတွင် သင်တို့ တာဝန် ထမ်းဆောင်နေကြသည့် နိုင်ငံများနှင့်
ကောင်းသောအရာတို့တွင် ရင်ဘောင်တန်းနိုင်ရန် တစ်ထောင့်တစ်နေရာ မှပါဝင်ဆောင်ရွက်နိုင်မည်-ဟု
အလေးအနက် ယုံကြည်ပါသည်။ ယခုအခါ အချို့နိုင်ငံများရှိ သံရုံးအမှုထမ်းတို့ သည် ပြည်သူ့မျက်နှာကို
မကြည့်ပဲ အာဏာရှင်အလိုကျ မောက်မာစွာ ပြုမူဆက်ဆံနေသည်ကို ကြားသိရသဖြင့် အလွန်ပင်
စိတ်မချမ်းမြေ့ ဖြစ်ရပါသည်။ ထို့ကြောင့် သင်တို့သည် န အ ဖ-စစ်အာဏာရှင်အလိုကျ ပြည်သူများအပေါ်
မောက်မာစွာ ဆက်ဆံ ခြင်း၊ မချေမငံ ပြုမူပြောဆိုခြင်းများကို ရှောင်ကြဉ်ပြီး ယခုဖြစ်ပေါ်နေသောအခြေအနေတွင်
အမှန်တရားဘက်မှ ပြတ်သားစွာ ရပ်တည်ပေးခြင်းဖြင့် ပြည်သူ့အကျိုး သည်ပိုးပေးပါရန် အလေးအနက်
မေတ္တာရပ်ခံအပ်ပါသည်။
သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့
{MSMA}



တရားဝင်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားကြသော ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတိုင်းရင်းသားညီ အကိုမောင်နှမများနှင့် နအဖစစ်အခွန်ရုံးမှဖိတ်စာပေးပြီး ရွေးချယ်ခေါ်ယူထားသော ကျောင်းသားကျောင်း သူများ၊ အလုပ်သင်ဗီဇာနှင့်ရောက်ရှိနေသူများကပါ မိမိတို့စိတ်တိုင်းကျ လွတ်လပ်စွာဆန္ဒမဲပေးခြင်းကို ယနေ့(ဧပြီလ ၂၇ ရက်၊ တနင်္ဂနွေနေ့)တွင် နံနက် ၉ နာရီမှ နေ့လယ် ၁၂း၃၀ အထိကျင်းပပြုလုပ်ခဲ့ရာ ဂျပန်နိုင်ငံအလုပ်သမားအဖွဲ့အစည်းမှတာဝန်ခံများ၊ နိုင်ငံခြားဘာသာတက္ကသိုလ်မှ ဆရာမတဦးနှင့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ တာဝန်ခံတဦးတို့ကဦးဆောင်ပြီး ပြုလုပ်ပေးခဲ့ပါတယ်။
အခုလိုမပြုလုပ်မီ နအဖအခွန်ရုံးသို့ တရားဝင်အကြောင်းကြားကာ ဖိတ်ခေါ်ခဲ့ပြီး၊ တစုံတရာအကြောင်းပြန်ဆိုခြင်းမရှိသဖြင့် ဆန္ဒမဲပေးချင်ကြသော မြန်မာနိုင်ငံသူ/သားများအတွက် အခုလိုကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့ ကျင်းပရေးတာဝန်ခံဂျပန်လူမျိုးများက သတင်းထောက်များ၊ လုံခြုံရေးရဲများနှင့် ဂျပန်တီဗွီသတင်းဌာနများ၏မေးမြန်းမှုများကို စိတ်ရှည်လက်ရှည်ရှင်းလင်းပြောကြားပါတယ်။
ဆန္ဒမဲပေးသူတချို့က မိမိတို့ကို အခွန်ရုံးမှမဲလာထည့်ရန် ဖိတ်ကြားထားသောစာရွက်စာတမ်းများကို ပြသခဲ့ပြီး မိမိတို့စိတ်တိုင်းကျ ဆန္ဒမဲပေးကြပါတယ်။
ရလာဒ်မှာ နအဖဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းထောက်ခံမဲ ၆ မဲ
ကန့်ကွက်မဲ ၂၂၄ မဲနှင့်
ပယ်မဲ ၂ မဲတို့ဖြစ်ပါတယ်။
မနေ့ကဖြစ်ပွားခဲ့သော ဆန္ဒမဲပေးမည့်သူများကို ဂျပန်ရဲများမှအင်အားသုံးဖြေရှင်းခဲ့မှုမှာ နအဖစစ်အခွန်ရုံးမှ ဆန္ဒပြကြမည့်သူများ သံရုံးကိုဝိုင်းထားကြောင်းနှင့်၊ ကားဝင်ကားထွက်လုပ်မရကြောင်း၊ ၀တ္တရားနှောက်ယှက်မှုဖြင့် အရေးယူပေးပါရန်ဖုန်းဆက်ပြောဆိုလာသဖြင့် ဆန္ဒစောပြီးအကြမ်းဖက်ခဲ့သလိုမျိုးဖြစ်ပွားခဲ့သည့်အတွက် တောင်းပန်စကားများပြောဆိုခဲ့ကာ ဆန္ဒမဲပေးပွဲကိုလည်း လွတ်လွတ်လပ်လပ်ပေးနိုင်အောင် လုံခြုံရေးတာဝန်ယူပေးခဲ့ပါတယ်။
နအဖစစ်အခွန်ရုံးကတော့ ထောက်ခံမဲပေးမည့်သူများကိုသာ တရားဝင်လက်ခံ၍ မဲထည့်ခိုင်းပြီး မဲထည့်နေစဉ်အချိန်တွင်လည်း စောင့်ကြည့်ခြင်းခံရကြောင်းလည်း သတင်းထောက်များ၏မေးမြန်းမှုများကို အမည်မဖော်လိုပဲဖြေဆိုသွားကြပါတယ်။
မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့် ဂျပန်ရဲများ အဓိကရုဏ်းဖြစ်ပွားနေပုံကို ကြည့်ရူနိုင်ပါသည်။
ယနေ့နေ့နက်ပိုင်းမှစတင်၍ ဂျပန်နိုင်ငံ နအဖသံရုံးရှေ့တွင် မြန်မာ့ဒီမိုကရေစီအင်အားစုများစုရုံး၍ နအဖ ဖွဲ့စည်းပုံအခြေခံဥပဒေအား ကန့်ကွက်ဆန္ဒပြခဲ့ကြပါသည်။ မြန်မာဒီမိုကရေစီ အင်အားစုများကလည်း မဲပေးနိုင်ရန်အတွက် မိမိတို့၏ pasportများဖြင့် ကန့်ကွက်မဲပေးရန် စံနစ်တကျတန်းစီစောင့်ဆိုင်းနေခဲ့ကြသော်လည်း ၀င်ခွင့်မရအောင် ဂျပန်ရဲများနှင့် သံရုံးဝန်ထမ်းများက လုပ်ဆောင်ခဲ့ကြပါသည်။ နေ့လည်ပိုင်း ၂-နာရီခန့်တွင် ဂျပန်ရဲများနှင့် အပြန်အလှန်စကားများကြပြီး ဂျပန်ရဲများက အင်အားသုံးလူစုခွဲရန်ပြုလုပ်စဉ် အပြန်အလှန် ကိုယ်ထိလက်ရောက် တွန်းထိုးတိုက်ခိုက်မှုများအထိ ဖြစ်ခဲ့ပါသည်။
ထိုသို့ ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ်အတွင်း ဆန္ဒပြသူများအထဲမှ(၁၂)ယောက်မှာ မူးလဲမလိုဖြစ်နေပြီး ထိခိုက်ဒဏ်ရာရ၍ ဆေးရုံသို့ခေါ်ဆောင်သွားကြပါသည်။
ဆန္ဒမဲ လာပေးသူတို့ကို အင်အားသုံးလူစွဲခွဲခဲ့သဖြင့် မြန်မာဒီမိုကရေစီရေး လှုပ်ရှားသူများက “နာဂအိကို သတ်တဲ့ ကိစ္စ မေ့သွားပြီလား” ၊ “ဂျပန်ရဲနဲ့ နအဖစစ်အစိုးရ အတူတူပဲ” စသည့် ကြွေးကြော်သံများအော်ဟစ်ကာ ဂျပန်ရဲများကို ကန့်ကွက် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
တိုကျိုမြို့ မြန်မာသံရုံး၌ ဆန္ဒမဲ ပေးပွဲကို ဧပြီ (၂၆) နှင့် (၂၇) ရက်တို့တွင် နံနက် (၈) နာရီခွဲမှ ညနေ (၆) နာရီခွဲထိ မဲပေးနိုင်ပြီး မဲပေးရာတွင် သံရုံးမှ ပေးပို့သော ဆန္ဒမဲပေးရန် အကြောင်းကြားစာမူရင်းနှင့် မှတ်ပုံတင်သို့မဟုတ် ပတ်စ်ပို့ ယူဆောင်လာရမည်ဟု သံရုံးက ကြေညာ ထားသည်။ ။
.jpg)
အသည်းကောင်းလို့ မဲတောင်းတဲ့ပွဲကို ဂျပန်နိုင်ငံမှာ ယနေ့(ဧပြီလ ၂၆ ရက်၊ စနေနေ့) စတင်ပြုလုပ်ပါတယ်။ ဆန္ဒမဲပေးမယ့် ဂျပန်ရောက်မြန်မာတိုင်းရင်းသားညီအကိုမောင်နှမများဟာ နံနက် ၈ နာရီမထိုးခင်ကတည်းက နအဖစစ်အခွန်ရုံးရှေ့မှာ စည်းကမ်းတကျတန်းစီစောင့်ဆိုင်းပါတယ်။ မြန်မာနိုင်ငံသားစစ်စစ်ဖြစ်ကြောင်း မြန်မာ နိုင်ငံကူးလက်မှတ်များကိုင်ဆောင်ထားကြပြီး တချို့ကလည်းအမျိုးသားမှတ်ပုံတင်ကဒ်များပါကိုင်ဆောင်ထား ကြပါတယ်။
စောင့်ဆိုင်းနေကြသူများအားလုံးဟာ‘NO’စာတမ်းပါ တီရှပ်အင်္ကျီများဝတ်ဆင်ထားကြပြီး တချို့ကလည်း ‘NO’ ဆိုတဲ့စာလုံးကို မိမိတို့ရဲ့ရင်ဘတ်များမှာကပ်ထားကြပါတယ်။ နအဖအခွန်ရုံးက ဒီလောက်အထိမဲပေးကြလိမ့်မယ်လို့မတွက်ထားသလို၊ အမှန်တကယ်မဲပေးမယ်လည်းဆိုရော တံခါးပိတ်ထားပါတယ်။
ထိုင်စောင့်ရင်းနဲ့ ‘ပြန်‘ဆိုတဲ့အမိန့်ရလို့ လှည့်ပြန်ကုန်ကြသော စာအုပ်အစိမ်းရောင်ကိုင်ထားသူများ
ဖိတ်စာရလို့ နယ်ကနေတကူးတကလာကြတဲ့ ကျောင်းသားကျောင်းသူများနဲ့၊ နိုင်ငံကူးလက်မှတ်စာအုပ် အစိမ်းကိုင်ဆောင်ထားကြသော ပညာတော်သင်နှင့်အလုပ်သင်များဟာ အခွန်ရုံးအ၀ကနေ ဖုန်းနှင့်ဆက်သွယ် ကြပေမယ့် ဘာမှအဖြေပြန်မလာဘဲ တချို့လူများကိုတော့ ဒီနေ့(စနေနေ့)မလာခိုင်းပဲ မနက်ဖြန်(တနင်္ဂနွေနေ့)မှ လာဖို့ ပြန်လည်ဖြေကြားတယ်လို့လည်း အမည်မပြောလိုသူကျောင်းသူတဦးကရှင်းပြလို့သိရပါတယ်။
နောက်ဆုံးသိရသောသတင်းများအရ နယ်ကနေ ရထားတစ်တန်၊ ကားတစ်တန်လာပြီး ထောက်ခံမဲပေးလို့ ကျိန်းသေပေါက်တွက်ထားတဲ့ စာအုပ်အစိမ်းကိုင် ပညာတော်သင်နှင့်အလုပ်သင်များကို စစ်အခွန်ရုံးမှ တောင်း အေ့စ်ကားနှစ်စင်းထုတ်ပြီး ကားပေါ်တွင်မဲပုံးထောင်၍ မဲပေးခိုင်းကြောင်းသိရှိရပါတယ်။
မနက်ဖြန်ကျရင် ဂျပန်မှာ မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်ကဦးစီးကျင်းပမယ့် ၁၇ ကြိမ်မြောက် မြန်မာရိုးရာအတာ သင်္ကြန်ကိုကျင်းပမှာဖြစ်ပါတယ်။ ဂျပန်ရောက်မြန်မာတိုင်းရင်းသားညီအကိုမောင်နှမများကတော့ အဓိကနဲ့ သာမညကိုခွဲခြားဆုံးဖြတ်ပြီး အသည်းကြားကမဲတပြားကို မရရအောင်ပေးကြမယ်လို့ ဆုံးဖြတ်ထားကြ ကြောင်းလည်း သိရှိရပါတယ်။
သတင်းမှတ်တမ်းဓါတ်ပုံများပေးပို့သော မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများအဖွဲ့မှ ဦးသန်းဝင်းနှင့်တကွ အဆုံးအဖြတ်မဲအတွက် ဇွဲသတ္တိရှိရှိစောင့်ဆိုင်းနေကြသော မြန်မာ့နိုင်ငံသားတိုင်းရင်းသားညီအကိုမောင်နှမများ ကို အထူးလေးစားပါကြောင်း။
ပေးပို့သူ။ ။မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သားများ
Original link... http://www.nationmultimedia.com/breakingnews/read.php?newsid=30071204
နအဖရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအတည်ပြုနိုင်ရေးအတွက် ကြိုတင်ဆန္ဒမဲပေးဖို့ကို ဧပြီလ ၂၆ ရက်(စနေနေ့)နှင့် ၂၇ ရက်(တနင်္ဂနွေနေ့)များတွင် နံနက် ၀၈း၃၀ နာရီမှ ညနေ ၁၈း၃၀ နာရီအထိ ၂ ရက်ဆက်တိုက်ပြုလုပ်မှာဖြစ်ပြီး ဂျပန်ရောက်မြန်မာများ တညီတညွတ်ထဲခေါ်ဝေါ်ပြောဆိုနေကြတဲ့ ‘နအဖဆက်ကြေးရုံး‘မှာ ကျင်းပမှာဖြစ်ပါတယ်။
Respected Congressmen, staff members, Ladies and Gentlemen.
ပီကင်းအိုလံပစ်မီးရှူးတိုင်ကို ကာကွယ်စောင့်ရှောက်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ တရုတ်အစိုးရမှ လက်ရွေးစင် ရွေးချယ်သတ်မှတ်ပေးထားသော တရုတ်လုံခြုံရေးသမားများကို နာဂါနိုမြို့ရှိ ရဲတပ်ဝင်များက လက်ခံမှာမဟုတ် ကြောင်း ဧပြီလ ၁၉ ရက်(စနေနေ့)က ပြောကြားလိုက်ပါတယ်။
ဒါဇင်နဲ့ချီရှိသော အပြာရောင်ဝတ်စုံအင်္ကျီကိုတူညီဝတ်ဆင်ထားသည့် ပီကင်းအိုလံပစ်မီးရှူးတိုင်ကာကွယ်သူများ မှာ လုပ်ပိုင်ခွင့်ထက်ကျော်၍နိုင်ငံတနိုင်ငံ၏လုံခြုံရေးကို ကျူးလွန်တယ်လို့ယူဆတဲ့အတွက် လာရောက်ကြည့် ရှုကြမယ့် ဂျပန်ပြည်သူများဟာ အားပေးရာမရောက်ဘဲ ဝေဖန်ကဲ့ရဲ့မှာဖြစ်မည်ကိုမလိုလားတဲ့ အခုလိုတားမြစ် လိုက်ရခြင်းဖြစ်ကြောင်းလည်းဆိုပါတယ်။
ဂျပန်အစိုးရရဲ့ နံပါတ်(၂)အဆင့်ရှိသူလည်းဖြစ် ပြောရေးဆိုခွင့်ရှိသူတဦးလည်းဖြစ်သော ၀န်ကြီးများရုံးဝန်ကြီး နောဘုနာကာ မချီမူရ(Chief Cabinet Secretary Nobutaka Machimura)ကလည်း `ဂျပန်နိုင်ငံနဲ့ ဂျပန်လူမျိုးများဟာ ဥပဒေကိုနားလည်ကြသူများဖြစ်ပြီး၊ အိုလံပစ်ပွဲတော်ကိုလည်း ၂ ကြိမ်တိုင်တိုင်ကျင်းပခဲ့ သောနိုင်ငံတခုဖြစ်ကြောင်း၊ လာမည့် ၂၀၁၆ ခုနှစ်တွင်လည်း အိမ်ရှင်နိုင်ငံအဖြစ် နောက်တကြိမ်ထပ်မံ ကျင်းပမှာဖြစ်ကြောင်း၊ လုံခြုံရေးအကြောင်းပြဖြင့် တခြားနိုင်ငံမှဝင်ရောက်စွက်ဖက်တာကို လက်ခံမှာမဟုတ်ကြောင်း`ကိုလည်း ဧပြီလ ၁၇ ရက်(ကြာသာပတေးနေ့)က ပြောဆိုထားပါသေးတယ်။
ဧပြီလ ၂၆ ရက်နေ့ကျရင် အိုလံပစ်မီးရှူးတိုင်ဂျပန်နိုင်ငံသို့ဖြတ်သန်းမယ့်ကိစ္စအပေါ် နာဂါနိုမြို့ရှိ အထင်ကရ ဘုရားကျောင်းနှင့် ဘုန်းတော်ကြီးများမှလက်ခံကြိုဆိုဖို့ငြင်းဆိုထားပြီး၊ ဂျပန်ပြည်သူအများစုက ၀မ်းပန်းတသာ ကြိုဆိုတဲ့အသွင်သဏ္ဍန်မပြသေးပဲ တိဗက်ဘုန်းတော်ကြီးများ အကြမ်းဖက်နှိပ်စက်ခံနေရမှု၊ အိုလံပစ်မီးရှူးတိုင် ကို နိုင်ငံတကာမှဆန့်ကျင်ကန့်ကွက်နေမှုများကိုသာ ဂျပန်တီဗွီဌာနများနှင့် သတင်းစာများမှာ နေ့စဉ်လိုလို အသားပေးဖော်ပြနေပါတယ်။
အေအက်ပီ”ပီကင်းအိုလံပစ်မီးရှုးတိုင်ကို ကျောင်းတော်ကနေလက်ခံဖို့ငြင်းဆန်ရတာကတော့ တရုတ်အစိုးရဟာ တိဗက်ဘုန်းတော်ကြီးတွေကို အကြမ်းဖက်နှိမ်နှင်းသတ်ဖြတ်နေတယ်။ ဒါဟာ ဗုဒ္ဓသာသနာတော်ကို စော်ကားတာပါ။ ဒီလိုမျိုး အယူဝါဒမတူပေမဲ့ ဗုဒ္ဓသာသနာကိုစော်ကားနေတဲ့ တရုတ်အစိုးရရဲ့ ပီကင်း အိုလံပစ်မီးရှူးတိုင်ကို လက်ခံမယ်ဆိုရင် အားပေးရာရောက်နေပါတယ်။ ဒါကြောင့် လက်ခံဖို့ငြင်းဆန် ရတာပါ…”ဟု ဇန်ကိုဂျီကျောင်းတော်ရဲ့ ကျောင်းထိုင်ဆရာတော်တပါးဖြစ်သူ Shinsho Wakaomiက သတင်းထောက်များကို ရှင်းပြပါတယ်။


တရုတ်စစ်တပ်၏ ရက်စက်ရမ်းကားမှု တစိပ်တဒေသမှတ်တမ်းများ
ယခုလို ဇန်ကိုဂျီကျောင်းတော်မှ ဧပြီ ၂၆ ရက်နေ့ အိုလံပစ်မီးရှူးတိုင် လွှဲပြောင်းလက်ခံပွဲအတွက် စတင်လက်ခံမည့် နေရာအဖြစ် တာဝန်ယူရမည့် အစီအစဉ်ကို ငြင်းဆန်လိုက်သဖြင့် နာဂါနိုမြို့ရဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်သူ၊ ကူနီဟီကို ရှီနိုဟာရာ(Kunihiko Shinohara)က
အိုလံပစ်မီးရှူးတိုင်ကို ဇန်ကိုဂျီ ကျောင်းတော်မှစတင်ပြီး နာဂါနိုမြို့ကို ဖြတ်၍ ၁၈ ဒသမ ၅ ကီလိုမီတာခရီး လက်ကမ်းသယ်ဆောင်သွားရန် မူလ စီစဉ်ထားသော်လည်း ကန့်ကွက်ဆန္ဒပြမှုများကြောင့် မြို့လုံခြုံရေးနှင့် ဘုန်းတော်ကြီးများ၏ ညိုငြင်မှုဖြစ်မှာကို အထူးစိုးရိမ်ကြောင်းလည်း ပြောဆိုပါတယ်။
ဇန်ကိုဂျီကျောင်းတော်ဟာ ၁၉၉၈ ခုနှစ်၊ နာဂါနိုအိုလံပစ်ပွဲတော်(1998
ဥရောပနှင့် အမေရိကတို့တွင် အရှက်တကွဲနှင့်မျက်နှာငယ်ခဲ့ရသော ပီကင်းအိုလံပစ်မီးရှူးတိုင်ဟာ အာရှနိုင်ငံသို့လှည့်လည်နေပြီဖြစ်ပြီး ယခုအခါမှာတော့ ထိုင်းနိုင်ငံသို့ရောက်ရှိနေပြီဖြစ်ပါတယ်။
မိုးသောက်ကြယ်ဘလောက်မှ ရယူပါသည်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်းပူမြို့လယ်ရှိ လူသိများသော ကိုတာရာယာကုန်တိုက်ဘေးတွင်ရှိသော (SM) ကုန်တိုက် ၆ထပ်တွင် ဒေသစံတော်ချိန် နံနက် ၁၁နာရီ မိနစ် ၃၀ မှ ညနေ ၅း၀၀ နာရီအချိန်ထိ NLD(LA)Malaysia မှ ကျင်းပသော ဒုတိယ အကြိမ်မြောက် မြန်မာရိုးရာ အတာသင်္ကြန်ပွဲတော်ကို အဖမ်းအဆီး များကြားထဲမှ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ ဤပွဲသို့ လာရောက်ကြည့်ရှု့သူများမှာလည် များသောအားဖြင့် over still များဖြစ်ကြပြီး မြန်မာအတာသင်္ကြန်ပွဲတော်ကို ချစ်မြတ်နိုးလွန်းသည့် အတွက် စွန့်စွန့်စားစားဖြင့် လာရောက်ကြည့်ရှု့ အားပေးကြခြင်း ဖြစ်ပါသည်။