Sunday, August 31, 2008

တိုက်ပွဲခေါ်သံ ၊မိုးလုံးညံ


Saturday, August 30, 2008

မော်ကွန်းနီ


ပေးပို့သူ။ ။ ကိုခိုင်ခန့်

ထိုင်းအစိုးရဖြုတ်ချရေး အုံကြွမှု အထွေထွေသပိတ်သို့ ဦးတည်

Bangkok Post/Agencies/ ၂၉ သြဂုတ် ၂၀၀၈

ကိုမိုးသီး ဘလောက်မှ ကူးယူဖော်ပြပါသည်။

ထိုင်းတောင်ပိုင်း ပြည်နယ်များဖြစ်သော ဆုံခလာနှင့် ဖူးခက်ရှိ ပြည်သူ့ဒီမိုကရေစီမဟာမိတ်အဖွဲ့ (ပီအေဒီ) ကိုထောက်ခံသူများက ဟတ်ယိုင်နှင့် ဖူးခက် နိုင်ငံတကာလေဆိပ် အ၀င်ပေါက်များကို ယနေ့မွန်းလွဲပိုင်း၌ ပိတ်ဆို့လိုက်သည်။ ဘန်ကောက်ရှိ ၀န်ကြီးချုပ်ရုံးဝန်းအတွင်း ဆန္ဒပြနေသူများ အား အကြမ်းဖက်နှိမ်နင်းမှုမပြုရန် တောင်းဆိုသည့်အနေဖြင့် ယခုကဲ့သို့ ပိတ်ဆို့ခြင်းဖြစ်သည်။ ရာနှင့်ချီရှိသော ပီအေဒီကို ထောက်ခံသူများက လေဆိပ်နှစ်ခုတွင်စုဝေးနေကြပြီး ဟောပြောစင်များ ဆောက်လုပ်ရန် ကြိုးစားနေကြသည်။ ရဲများနှင့် ပိတ်ဆို့ဆန္ဒပြနေသူများအကြား ယခုအခါ အ၀င်ပေါက်များကို သော့ခတ်မှုမပြုရေး ညှိနှိုင်းနေကြသည်။

နိုင်ငံပိုင်ရထားပို့ဆောင်ရေး (အက်စ်အာတီ) သမဂ္ဂကလည်း ဘန်ကောက်ရှိ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုများကို ထောက်ခံသည့်အနေဖြင့် မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသများသို့ ပြေး ဆွဲနေသော ရထားပို့ဆောင်ရေးကို ယနေ့ညသန်းကောင်မှစပြီး ရပ်ထားမည်ဖြစ်ကြောင်း ယမန် နေ့ကထုတ်ဖော်ခဲ့ကြသည်။ ပြည်တွင်းနှင့် နိုင်ငံခြားသား ခရီးသွားများကို အနှောက်အယှက် ဖြစ်စေရုံသာမက ကုန်ပစ္စည်းစီးဆင်းရေးကိုပါ ထိခိုက်စေမည်ဖြစ်သည်။
ထိုအတောအတွင်း ဆန္ဒပြသူများအပေါ် ရဲ၏ကြမ်းတမ်းမှုကို လက်တုံ့ပြန်သည့်အနေနှင့် သပိတ် မှောက်ကြရန် ထိုင်းအဲယားဝေး အလုပ်သမားသမဂ္ဂအဖွဲ့ကြီးက အဖွဲ့ဝင်တသောင်းခွဲကို နှိုးဆော် ထားသည်။
ပီအေဒီ အမာခံခေါင်းဆောင်တဦးဖြစ်သူ ဆွန်ထိ ကလည်း နိုင်ငံတ၀န်းမှ ၎င်းအားထောက်ခံသူ များကို ဘန်ကောက် ၀န်ကြီးချုပ်ရုံးအတွင်းရှိ အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုများ၌ အမြန်ဆုံးလာ ရောက်ပူးပေါင်းကြရန် တိုက်တွန်းခဲ့သည်။ မစ္စတာဆွန်ထိက ယနေ့သည် “အဆုံး အဖြတ်ပေးမည့် နေ့” ဖြစ်ကြောင်း ကြေညာထားသည်။
ယနေ့ နံနက်၌ ရာနှင့်ချီရှိသော အဓိကရုဏ်း နှိမ်နင်းရေးရဲများက တုတ်၊ ဒိုင်းများအသုံးပြု၍ ၀န်ကြီးချုပ်ရုံး
ဝန်းအတွင်း ၀င်ရောက်ရန် ကြိုးစားသော်လည်း လက်ချင်းချိတ်ထားသည့် ပီအေဒီ ဆန္ဒပြ အဖွဲ့ဝင်များက ပြန်လည် တွန်းထုတ်နိုင်ခဲ့သည်။ အဆိုပါ အပြန်အလှန် တွန်းထိုးမှုများအတွင်း သေးထွက်သံယိုမှုမရှိကြောင်း ရဲများကပြောသည်။ နံနက် (၁၀) နာရီခွဲခန့်တွင်မူ ရဲများက အဆိုပါရုံးဝန်းနှင့် အဆောက်အဦးများအတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ခဲ့သည်။

http://203.146.127.134/$sitepreview/khitpyaing.org/news/august08/29-8-08d.php

ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိင်ငံရေးက ဖယ်ထုတ်ဖို့ အကြံပေးတဲ့ ဆမတ်တယောက်တော့ထိုင်းနိုင်ငံရေးကဖယ်ရှားခံရဖို့နာရီပိုင်းပဲလိုပါတော့တယ်။ဆမတ်ရေအမျှ- အမျှ- အမျှ လို့ ပြောပါရစေ။ကျနော် အရင်က သုံးသပ်ထားသလိုပါပဲ။ အခုထိုင်းလူထု ဆန္ဒပြပွဲဟာ အရင်ကထက်ထူးခြားနေပါတယ်။ ဒါကတော့ဘုရင်၊ စစ်တပ် ၊ အတိုက်ခံပါတီတွေနဲ့ ဘန်ကောက်လူလတ်တန်းစားက ရှေ့ ဆုံးကပါဝင်နေပါတယ်။ ဆမတ် နောက်က ကျောထောက်နောက်ခံတွေကတော့ကျေးလက်ဒေသက လူထုတွေဖြစ်နေပါတယ်။ ဘာဖြစ်လို့  ကျေးလက်လူထုက ဆမတ်တို့ ဖက်ကိုပါနေတာလဲဆိုရင်တော့ တပ်ဆင်လက်ထက်ကတည်းက့ ရွာသူကြီးတွေနဲ့ ကျေးလက်ဒေသမှာသြဇာရှိတဲ့ ခေါင်းဆောင်တွေကို ရွေးကောက်ပွဲကာလတွေမှာ ငွေနဲ့ ပေါက်ပြီးဝယ်ထားလို့ ကလည်းတကြောင်းဖြစ်ပါတယ်။

ကမ္ဘာကျော် Forbes မဂ္ဂဇင်းကြီးက The World's 100 Most Powerful Women မှာ ဒေါ်အောင်ဆန်းစုကြည်က အဆင့် (၃၈)။

ပခုက္ကူသံဃာတော်များက အာဏာပိုင်များ၏ လှူဒါန်းသည့်ပစ္စည်းမျာကိုလက်မခံပဲ လမ်းပေါ်တွင်ပစ်ချထား

29/08/2008
မကွေးတိုင်း၊ ပခုက္ကူစာသင်တိုက်(၃)တိုက်မှ သံဃာတော်များက အာဏာပိုင်များလှူဒါန်းသည့် ပစ္စည်းများကိုလက်မခံပဲ လမ်းပေါ်တွင် ပစ်ချထားကြောင်း ပခုက္ကူမြို့ခံတဦးက ပြောသည်။ စာသင်တိုက်(၃)တိုက်သို့ လွန်ခဲ့သည့်လေးရက်ခန့်က အာဏာပိုင်များက ဆန်၊ဆီ အစရှိသည့် ပစ္စည်းများကို လာရောက်လှူဒါန်းရာ သံဃာတော်များက အဆိုပါပစ္စည်းများကို လမ်းမပေါ်သို့ ပြန်လည်ရွေ့ပြောင်းထားခဲ့သည်။
“အလယ်တိုက်ကဆို အဝင်ကတည်းက လုံးဝလက်မခံလိုက်တာ၊ အရှေ့တိုက်နဲ့ အနောက်တိုက် တို့ကတော့ လက်ခံပြီးမှ ပစ္စည်းတွေကို လမ်းပေါ်အကုန်ပစ်ထားလိုက်တာ”ဟု မျက်မြင် ပခုက္ကူမြို့ခံတဦးက ပြောသည်။

ယင်းကဲ့သို့ သံဃာတော်များက အလှူပစ္စည်းများကို လက်မခံခဲ့သည့်နောက်ပိုင်း ပခုက္ကူမြို့ပေါ်ရှိ အဆိုပါစာသင်တိုက်အနီးရှိ မီးကင်းတဲများတွင် နေ့ညမပြတ် ရဲဝတ်စုံနှင့်အရပ်ဝတ်များ ဝတ်ဆင် ထားသည့် လုံခြုံရေးများ တိုးမြှင့်ချထားလာသည်ကိုတွေ့ရကြောင်း ၄င်းကဆက်လက် ပြော သည်။

နေ့ရောညပါ မီးသတ်ကင်းတဲများတွင်လုံခြုံရေးချထားပြီး ည ၁၀ နာရီကျော်ခန့်မှစ၍ အယောက်(၂၀) ဦးထက်ပိုသည့် ရဲအပါအဝင်လုံခြုံရေးများက ကားများဖြင့် ယနေ့အထိ ကင်းလှည့် စောင့်ကြည့်မှုများရှိနေခဲ့သည်။

“ပစ္စည်းတွေလက်မခံတဲ့ကိစ္စနဲ့ ပတ်သက်လိမ့်မယ်ထင်တယ်၊ အနောက်တိုက် အနောက်နားမှာ အတုလမုနိဘုရား မှာကင်းတဲ တခုရှိတယ်၊ အဲ့ဒီမှာလည်းစောင့်တယ်၊ ဘုန်းကြီးတွေက ဂွနဲ့ ဆွဲထုတော့ အဲ့ဒီကနေပြေးပြီး အခု(၁၂) ရပ်ကွက်က ခန်တော ကင်းတဲဘက်မှာ လုံခြုံရေး ချထားတာ” ဟု ပခုက္ကူမြို့ခံက ပြောသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလ (၅) ရက်နေ့တွင် ပခုက္ကူသံဃာတော်များက ငြိမ်းချမ်းစွာမေတ္တာပို့ လမ်းလျှောက်ကြွချီခဲ့ရာ ပခုက္ကူအခြေစိုက်တပ်ရင်းမှ ဗိုလ်မှူးမျိုးသန့်ဇင် ၊ မြို့နယ်ကြံ့ဖွံ့ စည်းရုံးရေးမှူး ဦးအေးမြင့်ဦးဆောင်အဖွဲ့တို့က အကြမ်းဖက်နှိမ်နင်းခဲ့ပြီး အနောက်တိုက်မှ အရှင်ပညာစက္ကနှင့် အရှင်ပညာနန္ဒတို့ ဓါတ်တိုင်တွင်ကြိုးဖြင့် တုတ်နှောင် ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။

ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုကြီးမှ ပခုက္ကူသံဃာတော်များအပေါ် အကြမ်းဖက်ခဲ့သည့်ကိစ္စ ဝန်ချတောင်းပန်ရန်နှင့် အချက်(၄) ချက်ပါသည့် တောင်းဆိုမှုကို စစ်အစိုးရအား ရက်သတ်မှတ်တောင်းဆိုပြီးနောက်ပိုင်း နိုင်ငံအနှံ့သံဃာထု၏ မေတ္တာပို့ လမ်းလျှောက်ကြွချီ ဆန္ဒပြလှုပ်ရှားမှုကြီး ပေါ်ပေါက်ခဲ့သည်။

ယမန်နေ့တွင် ပခုက္ကူခရိုင်ရုံးသို့ မြိုင်၊ ကံမ္မ၊ ပေါက်၊ ရေပြာမြို့တို့မှ မြို့နယ်အာဏာပိုင်များကို ဆင့်ခေါ်၍ ခရိုင်ဥက္ကဌ မှ ဆွေးနွေးပွဲပြုလုပ်ခဲ့ရာ စစ်တပ်၊ ရဲနှင့် အဓိကရုဏ်းနှိမ်နင်းရေးကားများ၊ သံဆူးကြိုးများပါ တွေ့မြင်နေရသည်ဟု ယနေ့ပခုက္ကူမြို့ခံက ဆက်လက်ပြောဆိုသည်။
Yoma3

မင်းသားကြီး ကျော်ဟိန်း ရာသက်ပန်ဘုန်းကြီးဝတ်ပြီ

တရားခွင်၌ အများပြည်သူ ကြားနာခွင့်ပြုရန် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ တောင်းဆို

29/08/2008ကိုမြအေး၊ ကိုပြုံးချို၊ ကိုဂျင်မီ၊ ကိုကိုကြီး၊ ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ ကိုအံ့ဘွယ်ကျော်
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များက ရုံးထုတ်ရာတွင် လက်ထိပ်မခတ်ရန်၊ တရားခွင်၌ မိသားစုအပါအ၀င် အများ ပြည်သူနှင့် သတင်းမီဒီယာများကြားနာခွင့်ကို တောင်းဆိုရန်ရှိသည်ဟု ၎င်းတို့၏အမှုများကို လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေကြီး ဦးအောင်သိန်းက ဧရာဝတီကို ပြောသည်။“သူတို့မှာ (၈၈ ကျောင်းသားခေါင်းဆောင်များ) နဂိုကတည်းက အဲဒီအစီအစဉ်ရှိတယ်ဆိုတဲ့အကြောင်း မိသားစုတွေ ထောင် ၀င်စာသွားတွေ့စဉ်ကတည်းက တချို့ပြန်ပြောပြတာတွေရှိတယ်၊ အခုတော့ တရားရုံးတင်ရင် တရားဝင်တောင်းပေးဖို့ ကျနော်တို့ကို တိုက်တွန်းမယ်ပေါ့။ ကျနော်တို့ကလည်း သူတို့ရဲ့ ညွှန်ကြားချက်အရ တရားရုံးကို တင်ပြပေးမှာပါ” ဟု ဦးအောင်သိန်းက ရှင်းပြသည်။

ယခုလ ၂၇ ရက်နေ့က ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့၏ ခေါင်းဆောင်များအပါအ၀င် အဖွဲ့ဝင် ၃၀ ကျော်ကို တနှစ်ကျော် ကြာအောင် ဖမ်းဆီးထားခဲ့ပြီးမှ ပထမအကြိမ် ရုံးထုတ်ခဲ့သည်။ ထိုသို့ ရုံးထုတ်ခြင်းကို ကာယကံရှင်များ ကြိုတင်မသိထား သကဲ့သို့ မိသားစုဝင်များကိုလည်း အာဏာပိုင်တို့က အကြောင်းကြားခြင်း မရှိပေ။

ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၏ ညီဖြစ်သူ ကိုအောင်ထွန်းက “ကျနော်တို့မိသားစုကို အကြောင်းကြားတာ မရှိဘူး … အဲဒီနေ့က ပုံမှန်ထောင်ဝင်စာတွေ့တဲ့နေ့ပေါ့၊ မနက်ပိုင်း သွားတွေ့ခဲ့တယ်။ ရုံးထုတ်သွားတယ်ဆိုတာကို နောက်မှသိရတာ။ အကျိုးဆောင်ရှေ့နေတွေကိုလည်း ပေးမတွေ့ဘူးလို့ ကြားတယ်” ဟု ပြောသည်။

ရှေ့နေကြီး ဦးအောင်သိန်းကလည်း “ရုံးထုတ်တဲ့လူတွေအကုန်တော့ အတိအကျမသိဘူး။ ဟောခန်းထဲမှာ စုထားပြီးတော့ မြို့နယ်အလိုက် အမှုဖိုင်တွေ လုပ်တာထင်တယ်။ လာမယ့် ၂ ရက်၊ ၅ ရက်နဲ့ ၈ ရက်တွေမှာ ရုံးချိန်းရှိတယ်” ဟု ပြောသည်။

၎င်းတို့အားစွဲဆိုထားသည့် ဥပဒေပုဒ်မများကိုမသိရသေးသော်လည်း တဦးချင်းစီကို ပုဒ်မအများအပြား တပ်ထားပြီး အီလက် ထရွန်းနစ်ပစ္စည်းများ ပါဝင်သည့်အမှုများကို ကြမ်းခင်းအားဖြင့် ၁၅ နှစ်အထိ အမိန့်ချနိုင်သည်ဟုလည်း ဦးအောင်သိန်းက ပြောသည်။ ၎င်းအပြင် ယခုရင်ဆိုင်နေရသည့် တရားရုံးသည် အမိန့်ချမှတ်ရာတွင် အပြစ်ဒဏ်ကို တပေါင်းတည်းချမှတ်မည် မဟုတ်ဘဲ သီးခြားချမှတ်လေ့ရှိသည်ဟုလည်း ဆက်ပြောသည်။
၈၈ မျိုးဆက်ကျောင်းသားများ၏ အမှုများကို အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင် ရှေ့နေ များဖြစ်ကြသည့် ဦးကြည်ဝင်း၊ ဦးအောင်သိန်းနှင့် ဦးဉာဏ်ဝင်းတို့က လိုက်ပါဆောင်ရွက်လျက် ရှိသည်။

ဧရာဝတီ

Thursday, August 28, 2008

တောင်းဆိုထားတဲ့ အခွင့်အရေးတွေ မရမတဲ့အတွက် ဒေါ်စု အစားအသောက် လက်မခံပဲ ဆန္ဒပြ (VOA)








မကြာသေးခင် ရက်တွေကစလို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တယောက် သူမအတွက် အစားအသောက် ပေးပို့နေတာတွေကို ငြင်းပယ်နေတာဟာ သူမအတွက် ရသင့်တဲ့ အခြေခံရပိုင်ခွင့်တွေ ရဖို့ တောင်းဆိုတဲ့ အနေနဲ့ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပြောဆိုလိုက်ပါတယ်။ သူမသာမက သူမနဲ့အတူ နေထိုင်နေသူတွေအတွက် အခွင့်အရေးတွေ ဆုံးရှုံးနေရတဲ့ အတွက် အခုလို ဆောင်ရွက်နေတာလို့လည်း ဆိုပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဦးအောင်လွင်ဦးက တင်ပြပေးထားပါတယ်။


ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံ ဆန္ဒပြနေတယ်၊ ရက်ပေါင်း အတော်ကြာနေပြီ စတဲ့ သတင်းတွေ မကြာသေးခင် ရက်တွေက စပြီး ထွက်ပေါ် လာနေရာမှာ၊ အခုနောက်ဆုံး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ က ပြောတာကတော့ အစာငတ်ခံနေတယ်ဆိုတဲ့ သဘောမျိုး မဟုတ်ပေမယ့် သူမ ရသင့်တဲ့ အခွင့်အရေးတွေအတွက် တောင်းဆိုပြီး ပေးပို့နေတဲ့ အစားအသောက်တွေကို လက်မခံပဲ နေနေတာလို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထိန်းသိမ်းထားတာ သက်တမ်းစေ့သွားခဲ့ပေမယ်လို့ ဆက်လက် ဖမ်းဆီးထားတာ၊ နောက်ပြီး သူမနဲ့အတူ အဖော်အဖြစ် နေထိုင်နေသူတွေအပေါ် အာဏာပိုင်တွေက ကန့်သတ်မှုတွေ လုပ်ထားတာ၊ စတာတွေနဲ့ ပတ်သက်လို့ ဥပဒေအကျိုးဆောင်နဲ့ တွေ့ဆုံဆွေးနွေး ဆောင်ရွက်ခွင့်ရဖို့ အခုလို လုပ်ဆောင်ခဲ့တာလို့ အန်အယ်လ်ဒီ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း က ပြောပါတယ်။

“ကျွန်တော်သိတာက ဦးကြည်ဝင်းနဲ့ သူ့ရဲ့ ကိုယ်ပိုင်ရှေ့နေနဲ့ တွေ့ဖို့၊ ဒါဟာ သူ့တောင်းဆိုချက်ထဲမှာ ပါတယ်။ နောက်တခုက ဒေါ်ခင်ခင်ဝင်းတို့ သားအမိကို ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ကန့်သတ်ခံနေရတာတွေ ဖြေရှင်းပေးဖို့၊ နောက် သူရသင့်ရထိုက်တဲ့ အယူခံ အခွင့်အရေး၊ ဒါတွေကိုတော့ သိတယ်။ ဒါတွေကို ဒေါ်အောင်ဆန်းစုကြည်က ဦးကြည်ဝင်းနဲ့ ဆောင်ရွက်နေတယ်။ အဲဒါတွေ မပြီးမချင်း စားသောက်ဝယ်ယူပေးတဲ့ လုပ်ငန်းကို အဲဒီ ကိုမြင့်စိုးဆိုတဲ့လူ နေ့စဉ် ဈေးဝယ်ပေးမယ့် သူကသွားရတယ်။ အဲဒီမှာ ပစ္စည်းစာရင်းနဲ့ လိုအပ်တဲ့ဟာတွေကို စာရွက်နဲ့ ရေးပြီးတော့ မှာတယ်။ အဲဒါတွေကို ၀ယ်ပို့ပေးရတယ်။ စတာက သြဂုတ်လ လဆန်းကတည်းက စတာ။ စပြီးတော့ တခါ သြဂုတ်လ အလယ်လောက်မှာ တကြိမ် ခေါ်သွားပြီးတော့ ရိက္ခာဝင်ပေးရတယ်လို့ ကြားတယ်။ နောက်တပတ်ဆိုရင် ၂ပတ် ရှိသွားပြီလို့ ကြားရတယ်။”

အေအက်ဖ်ပီ သတင်းတပုဒ်ကတော့ မြန်မာစစ်အစိုးရ အာဏာပိုင်တွေဖက်က အစာငတ်ခံ ဆန္ဒပြနေတယ်ဆိုတာ မဟုတ်ဘူး၊ ဘာတောင်းဆိုမှုမှလည်း သူတို့ဖက်က လက်ခံရရှိထားတာ မရှိဘူးဆိုပြီး အမည်မဖော်လိုသူ အစိုးရ တာဝန်ရှိသူ တဦးကို ကိုးကားဖော်ပြခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်လို့ အခုအချိန်အထိတော့ အစိုးရဖက်က တရားဝင် ပြောတာဆိုတာမျိုးတော့ မရှိသေးပါဘူး။ အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း ပြောပြတာကတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ သူ့အတွက် အစားအသောက် ပို့ဆောင်နေတာတွေကို လက်မခံတော့ပဲ တောင်းဆိုမှုတွေ လုပ်ခဲ့တာ အခုလဆန်းပိုင်းက စခဲ့တာဖြစ်ပြီးတော့ လလည်ပိုင်းမှာတော့ သူမရဲ့ ဥပဒေအကျိုးဆောင် ရှေ့နေကြီး ဦးကြည်ဝင်း နဲ့ တွေ့ဆုံခွင့်ရပြီးနောက်ပိုင်း တိုက်တိုက်ဆိုင်ဆိုင် အစားအသောက်တွေကို ပြန်လည် လက်ခံခဲ့တယ်လို့ ဆိုပေမဲ့ ဒီလိုတွေ့ဆုံခွင့်ရလို့ အစားအသောက်တွေကို ပြန်လည်လက်ခံလိုက်တာ ဟုတ်မဟုတ်ကတော့ ရှင်းရှင်းလင်းလင်း မသိရဘူးလို့ ဆိုပါတယ်။ နောက်ပိုင်း ဒီလိုတွေ့ဆုံမှုတွေ မရှိတော့သလို ဒေါ်အောင်ဆန်းစုကြည် က ပုံမှန်အားဖြင့် ပေးပို့နေတဲ့ အစားအသောက်တွေကို လက်မခံပဲ နေနေတာကြောင့် အန်အယ်လ်ဒီ အနေနဲ့လည်း တနေ့ထက်တနေ့ စိုးရိမ်ပူပမ်မှုတွေ ရှိလာနေတာပါ။

“ကျွန်တော်တို့ အရမ်းစိတ်ပူတယ်။ အခု သတင်းတွေ ထွက်လာတော့ ပိုစိတ်ပူတယ်။ စိတ်ပူရတဲ့ အဓိက အကြောင်းက ကျွန်တော်တို့ တိုက်ရိုက် ဆက်သွယ်ခွင့် မရတာပဲ။ ဆက်သွယ်ခွင့်မရတဲ့အတွက် ပိုစိတ်ပူတယ်။”
အခုလို ဒေါ်အောင်ဆန်းစုကြည် အစားအသောက်တွေ လက်မခံဘူး၊ အစာငတ်ခံပြီးတော့တောင် ဆန္ဒပြနေတယ်ဆိုတဲ့ သတင်းတွေဟာဆိုရင် မြန်မာ့အရေး ကြားဝင်ဖြန်ဖျေပေးမယ့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီ သူမနဲ့ တွေ့ခွင့်မရပဲ မြန်မာနိုင်ငံက ပြန်သွားအပြီး ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လို့ အခုလို ဆန္ဒပြတောင်းဆိုနေတာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေ့ဆုံဖို့ ရည်ရွယ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ဖြစ်တာတွေဟာ သီးခြားဖြစ်စဉ်အဖြစ်သာ ဖြစ်ပြီးတော့ ဆက်စပ်မှုတော့ မရှိဘူးလို့လည်း အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း က ပြောပါတယ်။

ကုလသံတမန်ကို မြန်မာ အတိုက်အခံများက ဝေဖန်ပြစ်တင်

ဇာနည်
အင်္ဂါနေ့၊ သြဂုတ်လ 26 2008 14:11 - မြန်မာစံတော်ချိန်။ မဇ္ဈိမမှ



ချင်းမိုင်။ ။ သုံးပွင့်ဆိုင် ပင်မအုပ်စု (TCG) ၏ ဆောင်ရွက်ချက်များကို ချီးကျူးသည့်အတွက် ကုလကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က တနင်္လာနေ့က ဝေဖန်လိုက်သည်။

မြန်မာနိုင်ငံ၏ အခြေအနေကို စစ်အစိုးရ ပြသည်ထက် ပို၍မြင်အောင် မကြည့်နိုင်ခဲ့ဘဲ အခြေအနေမှန်များနှင့် ကင်းကွာနေပြီး၊ သူ၏ ခရီးစဉ်အတွင်း တွေ့ဆုံရမည့် အစီအစဉ်များကိုလည်း စစ်အစိုးရက စီစဉ်ထားသည့် အတိုင်းသာ လိုက်ပါ လုပ်ဆောင်ကာ ကန့်ကွက် ဆန့်ကျင်ခြင်း မရှိခဲ့ကြောင်း အန်အယ်ဒီက ဝေဖန် ထောက်ပြ လိုက်ခြင်း ဖြစ်သည်။

NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက "သူ (ဂမ်ဘာရီ) က စစ်အစိုးရ စီစဉ်ထားတဲ့အတိုင်း သွားပြီး သူတို့ ရုပ်ပြ လုပ်ထားတာတွေပဲ ကြည့်ခဲ့ရတော့ အခြေအနေမှန်ကို ဘယ်သိမှာလဲ။ တကယ့် အခြေအနေမှန်ကို ဒီလို အချိန်တိုလေးအတွင်းမှာ သိဖို့၊ နားလည်ဖို့ ဆိုတာလည်း မဖြစ်နိုင်ပါဘူး" ဟု ပြောသည်။

ဆိုင်ကလုံး ဒုက္ခသည်များကို ကယ်ဆယ်ရေးလုပ်ငန်းများ ဦးဆောင် လုပ်ကိုင်နေသည့် TCG သည် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် မြန်မာနိုင်ငံအကြား ထိရောက်သော ပူးပေါင်း ဆောင်ရွက်မှုနှင့် လက်တွဲ ဆောင်ရွက်မှုတို့၏ နမူနာ ပြယုဂ်တခု ဖြစ်ကြောင်းဖြင့် မစ္စတာ ဂမ်ဘာရီက ပြောဆိုခဲ့သည်။

မြန်မာစစ်အစိုးရ၊ အာဆီယံနှင့် ကုလအဖွဲ့ကြီးတို့မှ စေလွှတ်သော ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် TCG သည် ဆိုင်ကလုံး နာဂစ်ဒဏ်ခံခဲ့ရသူများကို လူသားချင်း စာနာသည့် အကူအညီအထောက်အပံ့များ ပေးသည်သာမက တိုင်းပြည်တွင်း အခြားနေရာများတွင် လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အကူအညီများကိုပါ ပေးအပ်သင့်ကြောင်းဖြင့်လည်း သူက ဆက်ပြောသည်။

မြန်မာနိုင်ငံသို့ ၆ ရက်ကြာခရီးစဉ်ကို စနေနေ့က အဆုံးသတ်ခဲ့သည့် နိုင်ဂျီးရီးယားလူမျိုး သံတမန်ကြီး၏ ဤမှတ် ချက် စကားသည် သြဂုတ်လ ၁၈ ရက် တနင်္လာနေ့က TCG အဖွဲ့ဝင်များနှင့် တွေ့ဆုံအပြီး ပေါ်ထွက် လာခဲ့ခြင်းလည်း ဖြစ်သည်။

ယခုလို ကုလသံတမန်တဦးက လူသားချင်း စာနာထောက်ထားသည့် အကူအညီပေးရေး လုပ်ငန်းများကို လျှောက်ကြည့်၍ မှတ်ချက်များ ပေးနေခြင်းသည် သူ၏ အဓိက လုပ်ငန်းဖြစ်သည့် မြန်မာ့အတိုက်အခံ အုပ်စုနှင့် အစိုးရတို့အကြား နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများ ပေါ်ပေါက်လာရေးအတွက် လွယ်ကူချောမွေ့အောင် ဆောင်ရွက်ပေးရေး လုပ်ငန်းကြီးကို လမ်းချော်သွားစေခဲ့သည်ဟုလည်း ဦးဉာဏ်ဝင်းက ပြောကြားသည်။

"သူ (ဂမ်ဘာရီ) က စစ်အစိုးရကို အရမ်းကို မျက်နှာချိုသွေး နေတာပဲလို့ ကျနော်တို့ ခံစားရပါတယ်။ ဒါနဲ့ပဲ သူလုပ် ရမယ့် အဓိက လမ်းကြောင်းကနေ လမ်းချော်သွားတာပဲ" ဟု ဦးဉာဏ်ဝင်းက ပြောသည်။

သူ၏ ၆ ရက်ကြာ မြန်မာပြည် ခရီးစဉ်အတွင်း မစ္စတာ ဂမ်ဘာရီသည် မြန်မာစစ်အစိုးရ၏ အငယ်တန်း ဝန်ကြီးများနှင့်သာ တွေ့ဆုံခွင့်ရခဲ့ပြီး စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်သော်၊ ထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်သော် တွေ့ဆုံခွင့် မရရှိခဲ့ပါ။

ကုလသမဂ္ဂ နိုင်ငံရေးရာ လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ်သည် စစ်အစိုးရအကြီးအကဲ သန်းရွှေနှင့် ထိပ်တန်း စစ်ခေါင်းဆောင်များ နေထိုင်ရုံးစိုက်ရာ တောတွင်းတွင် တည်ဆောက်ထားသည့် မြို့တော်သစ် နေပြည်တော်သို့ပင် လာရောက်ရန် ဖိတ်ကြားခြင်း မခံခဲ့ရဟု သတင်းရပ်ကွက်များက ပြောဆိုကြသည်။

စစ်အစိုးရသည် မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်ကို သူတို့ အပေါ်ယံ လုပ်ဆောင်ထားသည့် ရုပ်ပြလုပ်ငန်းများကို ထုတ်ဖော်ပြသရန်နှင့် သူတို့အကျိုးအတွက် အသုံးချခဲ့သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီး၏ မြန်မာနိုင်ငံဆိုင်ရာ အတိုင်ပင်ခံ ဒေးဗစ်စကော့မက်သီဆင် (David Scott Mathieson) က ပြောသည်။

"မြန်မာပြည်ကို လာသမျှ သံတမန်တွေအားလုံးဟာ ဒီအတိုင်းချည်းပါပဲ။ နအဖ က ကြည့်စေချင်တာကိုပဲ ကြည့်ရ တာပဲ။ ဒါနဲ့ပဲ နအဖ က ဟန်ပြလုပ်ထားတဲ့ ဟာတွေပဲ သူတို့ ကြည့်ခွင့်ရကြတာပဲ" ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးသံတမန်အဖြစ် ၂ဝဝ၅ ခုနှစ် ဒီဇင်ဘာလအထိ ဆောင်ရွက်ခဲ့သည့် မစ္စတာရာဇာလီ အစ္စမေးလ် အပါအဝင် ယခင် ကုလသံတမန်များကို ရည်ညွှန်းကာ မက်သီဆင်က ပြောကြားသွားသည်။

"မစ္စတာ ဂမ်ဘာရီဟာ နှစ်ဘက်လုံးကို ကြည့်ဖို့လိုတယ်" ဟုလည်း မက်သီဆင်က ပြောသည်။

ဤခရီးစဉ်အတွင်း ဒီချုပ်ခေါင်းဆောင်များနှင့် ၂ ကြိမ်တွေ့ဆုံခဲ့ပြီး ထိန်းသိမ်းခံ နိုဘယ်ဆုရှင်နှင့်လည်း တွေ့ဆုံခွင့် ရရန် မေတ္တာရပ်ခံခဲ့သည်။ သို့သော် မြန်မာ့ဒီမိုကရေစီ၏ ပြယုဂ်ခေါင်းဆောင်က သူနှင့်တွေ့ဆုံရန် ငြင်းဆန်ခဲ့ သည်။

သို့သော် ကုလသံတမန်ကြီးကမူ ကုလသမဂ္ဂ၏ ကြိုးပန်းဆောင်ရွက်မှုများ၏ အဆက်အဖြစ် ကမ္ဘာ့အဖွဲ့အ စည်းကြီး၏ အကြီးအကဲ မစ္စတာ ဘန်ကီမွန်းသည် မြန်မာနိုင်ငံသို့ ယခုနှစ် ဒီဇင်ဘာလတွင် လာရောက် လည် ပတ် မည်ဟု ပြောဆိုသည်။

သို့သော် ပြည်ပရောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံခြားရေးဌာန တာဝန်ခံ ဦးညိုအုန်းမြင့်ကမူ အစိုးရ နှင့် အတိုက်အခံ ၂ ဘက်စလုံးကို စေ့စပ်ဆွေးနွေးကြရန် သြဇာအာဏာသုံး ဆောင်ရွက်ခြင်း မပြုနိုင်လျှင် ဂမ်ဘာ ရီ နှင့် ဘန်ကီမွန်းတို့၏ မြန်မာနိုင်ငံ ခရီးစဉ်များသည် အချိန်ဖြုန်းခြင်း သက်သက်မျှသာ ဖြစ်လိမ့်မည်ဟု ပြောဆို သည်။

"ဒီအချိန်ဟာ စစ်အစိုးရက မတွေ့ချင်တဲ့ တစုံတဦးကို စေလွှတ်ပြီး အချိန်ဖြုန်းနေမယ့်အစား မြန်မာစစ်အစိုးရက လက်ခံ နားထောင်နိုင်မယ့် သံတမန်တွေကို ကုလသမဂ္ဂက စေလွှတ်ရမယ့် တကယ်အရေးကြီးတဲ့ အခြေအနေ ရောက်နေပြီလို့ ကျနော် ထင်ပါတယ်" ဟု ဦးညိုအုန်းမြင့်က ပြောသည်။

သန္တာရွှေ ကလေး သတင်း



နေပြည်တော်
သြဂုတ်- ၂၆
ဦးသန်းရွေ သမီး သန္တာရွေရဲ့ ကလေးက အာရပ်ရုပ် လို အနောက်တိုင်း ရုပ်လို လို ထွက်နေတယ်လို့  အတွင်းလူများကပြောနေကြပါတယ်။ ကလေးက မျက်လုံးပြူး၊ နာခေါင်းချွန် နေပြီး ကုလားရုပ်ထွက်နေတယ် မြန်မာရုပ်လုံးဝမထွက်ဘူးလို့  Burma Army Medical Hospital တပ်မတော် စစ်ဆေးရုံက ကလေးကိုမွေးပေးလိုက်ရတဲ့ ဆရာဝန်များကပြောနေကြပါတယ်။ သန္တာရွေက နိင်ငံခြားရေးရုံးတာဝန်နဲ့ နိင်ငံခြားမှာ အလုပ်လုပ်ခဲ့ဘူးကြောင့်း သိရပါတယ်။ ထူးခြားတာကတော့ကလေးမွေးနေ့ ပွဲတွေဘာတွေကိုလုပ်မပေးပဲ သန္တာရွေကလည်း ကလေးကို ကြည့် ပြီးငူငူငေါင်ငေါင်ဖြစ်နေပါတယ်။ သန္တာရွှေ ခင်ပွန်း ဗိုလ်မှုး ဇော်ဖြိုးဝင်းကတော့ ကလေးကို ကြည့် ပြီး စိတ်ပျက်လက် ဖြစ်နေပါတယ်လို့ သိရပါတယ်။
သန်းရွေကတော့ ကလေးကိုကြည့် ပြီးမျက်နာပျက်သွားတယ်။ နဖူးကိုလက်နဲ့ ရိုက်လိုက်ပြီး ဟ- ကလေးကလည်း ကုလားရုပ်ပါလားလို့ ပြောကြောင်းသိရပါတယ်။
ဇော်ဖြိုးဝင်း အဖိုးဖွားတွေဖက်မှာ ဘိုကပြားများပါလားလို့ ဇော်ဖြိုးဝင်းကိုလှည့် ပြီးသန်းရွေကမေးပါတယ်။ ဒေါ်ကြိုင်ကြိုင်ကတော့ကလေးကိုလက်ကမချဘူးလို့ ဗိုလ်ချုပ်ကတော်များက ပြောဆိုနေကြပါတယ်။ အညာသားမှ မြန်မာစစ်တယ်၊ အညာသားတွေကိုမှာ တပ်မတော်ထိပ်ပိုင်းရာထူးတွေကိုသာပေးလေ့ရှိတဲ့ သန်းရွေဟာ ဒီတခါတော့ နာခေါင်းကျပွေ့ ထိပြီဟု တပ်မတော် အရာရှိကြီးများကဟာသလုပ်နေကြပါတယ်။ ထိုင်းနိင်ငံ Bumrungrad ဆေးရုံတွင် ကလေး DNA ကိုစစ်ဆေးရန် စီစဉ်နေကြောင်းသိရပါတယ်။

ဘာပဲဖြစ်ဖြစ်ကလေးမှာတော့အပြစ်မရှိပါဘူး။

Wednesday, August 27, 2008

ဒေါ်အောင်ဆန်းစုကြည် မည်သည့်အစားအသောက်မှ လက်မခံသည်မှာ (၉) ရက်ရှိပြီဟုပြော

ဗထူး။ ရိုးမ(၃)

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ နေအိမ်အတွင်းသို့ မည်သူ့ ကိုမျှ လက်ခံတွေ့ဆုံခြင်း၊ မည်သည့်အစားအသောက်ကိုမျှ လက်ခံရယူခြင်းမရှိသည်မှာ (၉) ရက် တိုင် ရှိသွားခဲ့ပြီဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) (NLD-LA) က ယမန်နေ့က သတင်းထုတ်ပြန်လိုက်သည်။

မြန်မာ့အရေး ကြားဝင်ဆောင်ရွက်နေသည့် ကုလအထူးကိုယ်စားလှယ်သည် (၆) ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်မရရှိဘဲ ပြန်လည်ထွက်ခွာ သွားပြီးနောက် ယခုကဲ့သို့ သတင်းထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကိုယ်စားလှယ်၏ မြန်မာ့အရေး ကြားဝင်ဆောင်ရွက်မှုသည် ထူးခြားတိုးတက်မှုဖြစ်ထွန်းစေမည်ဟု ယုံကြည်မှုအားနည်းလာပြီဖြစ်၍၎င်း၊ စစ်အစိုးရ၏ တဖက်သတ်လုပ်ဆောင်ချက်များသည် ပြည်သူလူထုမှ သဘောတူလက်ခံခြင်းမရှိကြောင်း ထင်ရှားစွာ ပြသနိုင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ငြိမ်းချမ်းသော နည်းလမ်း များကို အသုံးပြု၍ စစ်အစိုးရကို ရင်ဆိုင်ရန် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု NLD(LA) ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအခြေအနေနှင့်ပတ်သက်၍ (NLD)ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းအား ဆက်သွယ်မေး မြန်းခဲ့ရာ သူက “အစာငတ်ခံဆန္ဒပြတယ်ဆိုတာ၊ အဲ့ဒါကိုတော့ ကျနော်တို့ လုံးဝမသိဘူး၊ ဒါနဲ့ ပတ်သက်ရင် ကျနော်တို့ဘာမှမသိဘူး၊ ဘာမှပြောစရာမရှိဘူး၊ နောက်တခုက Food Supply ပေါ့၊ အဲ့ဒါနဲ့ပတ်သက်ပြီး ခေတ္တ ရပ်ထားတယ်ဆိုတာတော့ သတင်းကြားတယ်၊ သို့သော်လည်းပဲ အဲ့ဒီလူနဲ့ တိုက်ရိုက်ဆက်သွယ်မှုမရှိတော့ အတည်မပြုနိုင်ပါဘူး၊ ဘယ်အချိန်လောက်က စရပ်တယ်ဆိုတဲ့ အသေးစိတ်ထိတော့ မသိဘူး”ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်မှ အစားအသောက်များလက်မခံတော့ခြင်းမှာ ကုလသမဂ္ဂကိုယ်စား လှယ် မစ္စတာဂန်ဘာရီ မလာခင်အချိန်ကတည်းကဖြစ်ပြီး ကြားရက်များတွင် ပြန်လက်ခံမှုများ လည်း ရှိနေ၍ ယခုအခြေအနေနှင့်ပတ်သက်၍ သူ့အနေဖြင့် ရှင်းရှင်းလင်းလင်း မသိရသေး ကြောင်း ဆက်လက်ပြောဆိုသွားသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုကဲ့သို့ အစားအသောက်ပေးပို့မှုကို ဆက်လက်ငြင်းဆန် နေပါက သူမနှင့် အဖော်နှစ်ဦးအတွက် ကျန်းမာရေးအခြေအနေမှာ စိုးရိမ်စရာကောင်းနေပြီး သူမ တခုခုဖြစ်သွားပါက မြန်မာပြည်သူများ၏ ပေါက်ကွဲမှုသည် ထိန်းမနိုင်သိမ်းမရ အခြေအနေ သို့ ရောက်ရှိသွားမည်ဟု ကြေညာချက်က ထောက်ပြထားသည်။

ယခုအခြေအနေတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ကိုယ်တိုင် မြန်မာနိုင်ငံသို့ အမြန်ဆုံးသွားရောက်ဖြေရှင်းပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) အနေဖြင့် ပြင်းပြင်းထန်ထန် တိုက်တွန်းလိုက်သည်ဟု ဆက်လက်ဖော်ပြထားသည်။

Tuesday, August 26, 2008

ကိုရင်လေး၂ပါးကို ဒုတပ်ကြပ်တဦးက ဖြားယောင်းခေါ်ဆောင်သွား



Rfa မှရယူပါသည်။

Sunday, August 24, 2008

ခြောင်းကြည့်သူရဲ့ အမှား (ကိုကြီးပေါ်)



အမှတ် ၇
ဆယ့်ရှစ်ရာစုက ပေါ်ခဲ့တဲ့ Jonathan Swift ရဲ့ Gulliver’s Travels ဆိုတဲ့ ၀တ္ထုဟာ ကျော်ကြား လူသိများပါတယ်။ ဆရာကြီး မောင်ထင် က `ဂါလီဗာ၏ ခရီးစဉ်´ ဆိုပြီး ဘာသာပြန်ခဲ့တယ်လေ။ ၀တ္ထုထဲမှာ ကမောက်ကမနိုင်လှတဲ့လူတွေအကြောင်း သရော်ထားတာ အလွန်ပီပြင်လှပါတယ်။ အခု နှစ်ဆယ့်တစ်ရာစုမှာတော့ အလားတူ ၀တ္ထုတပုဒ် ပေါ်လို့နေပါပြီ။ နာမည်ကလည်း ခပ်ဆင်ဆင်ပါ။ Gambari’s Travels ပါတဲ့။ `ဂမ်ဘာရီ၏ ခရီးစဉ်´ပေါ့။ သူသွားတဲ့ နိုင်ငံကတော့ ရွှေဗာရာ မြန်မာဏသီ တိုင်းပြည်ကြီးတဲ့ ခင်ဗျ။

ဟုတ်ပါရဲ့။ ဂမ်ဘာရီ ခမျာ ဒီခရီးကို သွားလေတိုင်း ဖြစ်ရပ်ဆန်းတွေ ဇာတ်လမ်း အတိုအရှည်တွေနဲ့ တိုးလို့ချည်း နေတော့တာကိုး။ ၂၀၀၆ နိုဝင်ဘာ ပထမဆုံး အခေါက်တုန်းကတော့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူယှဉ်တွဲ ရိုက်ကူးထားတဲ့ ဓာတ်ပုံက ထိပ်တန်းသတင်းဓာတ်ပုံ အဖြစ် ကမ္ဘာကို ပြန့်ခဲ့တယ်လေ။ ၂၀၀၇ ကျပြန်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာတစောင်ကို ဂမ်ဘာရီက တိတ်တဆိတ် သယ်ဆောင်လာပြီး ထုတ်ပြန်ပေးလိုက်ပုံက တကယ့် သည်းထိတ်ရင်ဖို ဇာတ်လမ်းတပုဒ်ပါပဲ။ အဲ ဒီနှစ်ထဲကျတော့ ဂမ်ဘာရီခမျာ အပြင်က လူတွေက ကန့်ကွက်လိုက်, ပြစ်တင်လိုက်၊ ဟိုရောက်တော့လည်း အဆူခံလိုက်ရ အငေါက်ခံလိုက်ရနဲ့ သွားပေါ်အောင်တောင် ဖြဲမပြနိုင်ရှာတော့ပါဘူး။

ဒီတခေါက်မှာတော့ဖြင့်…လော်နဲ့ခေါ် မော်တောင်မကြည့်သြဂုတ်လ ၁၈ ရက်နေ့က ဂမ်ဘာရီ ရွှေပြည်ကြီးကို ရောက်ပါတယ်။ သက်ဆိုင်ရာတို့က ဂမ်ဘာရီသည် မည်သူမည်ဝါတို့နှင့် မည်သည့်နေရာတွင် တွေ့လေသတည်း… လို့ သတင်းတွေ ထုတ်ပေးပါတယ်။ သို့သော်လည်း ဟိုလူ ဒီလူ ဘယ်သူ ဘယ်ဝါတွေနဲ့ တွေ့တယ်ပဲ ပြောပြော၊ ထမင်းလက်ဆုံစားတယ် ဆိုဆို ဂေါက်သီးပဲ အတူရိုက်ရိုက်၊ အဲဒါတွေကို ဘယ်သူကမှ စိတ်မ၀င်စားပါဘူး။ စိတ်ဝင်စားတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့သလား။ တွေ့ပြီးတော့ ဘာပြောသလဲ။ ဗိုလ်သန်းရွှေနဲ့ တွေ့သလား။ သူကကော ဘာပြောသလဲ။ အဲဒါတွေပါ။
မထင်မှတ်တဲ့ ဖြစ်ရပ်က ၂၀ ရက်နေ့ မနက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ စီစဉ်ထားပေမဲ့ ဒေါ်စု ရောက်မလာဘူးလို့ ဆိုပါတယ်။ အဲသည်နောက် နာရီပိုင်းအတွင်းမှာ တွေ့ခဲ့ကြတဲ့ အဖွဲ့ချုပ် လူကြီးတွေတောင် ဒီကိစ္စကို ဂဃနဏ မသိရဘူး ဆိုတော့၊ ဘယ်လိုမှ မထင်မှတ်တဲ့ `ရှော့ခ်´ တခု ဖြစ်တယ်လို့ ဆိုရမှာပါ။ နေမကောင်းလို့လား။ ကြိုတင်မသိလို့လား။ ကားပျက်နေလို့လား။ စိတ်ကောက်တာလား။ တွေးစရာတွေက အများသား။

ဒီလို ဖြစ်လာတဲ့အခါ ရွှေပြည်တော်ကြီးက မောင်မင်းကြီးသားများက အခက်အခဲကို အလွယ်တကူပဲ ဖြေရှင်းလိုက်ပါတယ်။ ဘယ်လို ဖြေရှင်းသလဲ ဆိုတော့ ဒေါ်စုအိမ်ရှေ့ကနေ `ဂမ်ဘာရီက တွေ့ချင်လို့ပါ ခင်ဗျာ´ ဆိုပြီး လော်နဲ့ အော်ခေါ်သတဲ့လေ။ ပြီးတော့ ဂမ်ဘာရီရဲ့ လက်ထောက်နှစ်ယောက်ကလည်း အိမ်ရှေ့မှာ ရစ်ဝဲရစ်ဝဲ စောင့်နေကြသတဲ့။



ကိုကြီးပေါ် စဉ်းစားကြည့်တယ်။ ဒေါ်စုကို အိမ်ချုပ်ချထားပြီး လုံခြုံရေးကို အပြည့်ချထားတယ်လို့ ဆိုတယ်။ ဒီတော့ ဒေါ်စုဆီကို ဘယ်သူကမှ အဆက်အသွယ် လုပ်တာ မရှိတော့လို့လား။ အရင့်အရင်တုန်းက ဂမ်ဘာရီနဲ့ တွေ့တာတို့၊ ဦးအောင်ကြည်နဲ့ တွေ့တာတို့မှာ ကျတော့ကော ဒီလိုပဲ အိမ်ရှေ့ကနေ `တွေ့ချင်လို့ပါ ခင်ဗျား´ ဆိုပြီး လော်နဲ့ အော်ခဲ့တာပဲလား။ မကြာခင်ကပဲ ရှေ့နေ ဦးကြည်ဝင်း တို့၊ ဆရာဝန် ဦးတင်မျိုးဝင်း တို့ ဒေါ်စုဆီ သွားတာ ကျတော့ရော ဒီလိုပဲ `ရှေ့နေ ဦးကြည်ဝင်း ရောက်နေပါပြီ ခင်ဗျား။ တံခါးဖွင့်ပေးပါ´။ `ဒေါက်တာ တင်မျိုးဝင်း ရောက်နေပါပြီခင်ဗျား။ ဆေးစစ်ချင်လို့ပါ´ ဆိုပြီး လော်နဲ့ အော်ခဲ့တာပဲလား။ ဒေါ်စုကို အချုပ် တနှစ် ထပ်တိုးတုန်းကကော ဒီလိုပဲ အိမ်ပေါက်ဝက လော်နဲ့ အော်ခဲ့တာပဲလား။

ရွှေပြည်တော်မှာကတော့ ``ရပ်ကွက်အတွင်းရှိ လုပ်သားပြည်သူ အပေါင်းတို့ခင်ဗျာ။ မနက်ဖြန် စနေနေ့ လုပ်အားပေးသို့ တအိမ်တယောက် မပျက်မကွက် လာရောက်ကြပါရန်… ´´ ဆိုပြီး လော်နဲ့ အော်တာက ကျင့်သားရနေပြီ မဟုတ်လား။ အဲ နောက်ဆက်တွဲ ရှိသေးတယ် ``မလာရောက်က ပြင်းထန်စွာ အရေးယူမည် ဖြစ်ကြောင်း…´´ ဆိုပါလား။ ကိုကြီးပေါ်လည်း ကြားပါများတော့ အလွတ်တောင် ရနေပြီ။ အခု ဒေါ်စုကို လော်နေ အော်တော့ရော ``မတွေ့ပါက ပြင်းထန်စွာ အရေးယူမည်…´´ ဆိုတာ ပါသေးလား မသိ။

ရွှေပြည်တော်သားတွေကတော့ အကျင့်ပါနေလို့ ထားပါတော့။ ဟို ဂမ်ဘာရီဆိုတဲ့ ပုဂ္ဂိုလ်ကြီးက သူ့လက်ထောက် နှစ်ယောက်ကိုပါ လော်အဖွဲ့ထဲ ထည့်ပေးလိုက်တာ စဉ်းစားစရာပါပဲ။ တကယ်ဆို လာမတွေ့သူကို လော်နဲ့ အော်ရတယ် ဆိုတာ ဂမ်ဘာရီ လက်တွေ့ တွေ့နေပြီပဲ။ သူတွေ့ချင်တဲ့ ဗိုလ်သန်းရွှေကိုလည်း အဲသလို လော်နဲ့ သွားအော်ဖို့ ကောင်းတာပေါ့။ ``ဗိုလ်ချုပ်မှူးကြီးခင်ဗျား၊ ကျနော် ဂမ်ဘာရီပါ၊ တွေ့ပါရစေ ခင်ဗျား…´´ ဘာညာပေါ့။ သူ့တိုင်းပြည်ရောက်ရင် သူ့ဓလေ့အတိုင်းတော့ ကျင့်ရမှာပေါ့။ မတွေ့ တွေ့တွေ့ ကိုယ်ဖက်က အော်စရာရှိတာတော့ အော်သင့်တာပေါ့။ ဟုတ်ဘူးလား။ ဒေါ်စုကိုတောင် လော်နဲ့ အော်သေးတာ။ ဗိုလ်သန်းရွှေကိုလည်း လော်နဲ့ အော်ပေါ့။

ဘာကြောင့်လဲဆိုတော့ ဂမ်ဘာရီရဲ့ အလုပ်က အဲသည်နှစ်ယောက် မျက်နှာချင်းဆိုင်ဖြစ်အောင် ဖန်တီးပေးရမှာ ဖြစ်နေလို့ပါပဲ။
အရင်တခေါက်ကလည်း ဂမ်ဘာရီက တွေ့ တွေ့ တွေ့ ဆိုတာတွေ လုပ်ပေမယ့် အရေးပါသူ ဗိုလ်သန်းရွှေကို မတွေ့ရခဲ့ရဘူး။ ဒီတခေါက်လည်း တွေ့ဖို့ အလားအလာ မရှိပါဘူး။ ဒါကို သိတဲ့ ဒေါ်စုက အကြောင်းထူးနိုင်စရာ မရှိတာမို့ မတွေ့ဘဲ နေလိုက်တာပဲလို့ ကိုကြီးပေါ်က ကောက်ချက်ချပါတယ်။ ဒါက ကိုကြီးပေါ်ရဲ့ ကောက်ချက်ပါ။ လွဲချင်လည်း လွဲမှာပေါ့ နော။ အဖွဲ့ချုပ်ကိုတောင် တွေ့တယ်ဆိုရုံလေး ထုံးတို့လို့၊ အဖွဲ့ချုပ်က ခပ်ပြင်းပြင်း ပြောလိုက်တော့မှ နောက်ထပ် ဆွေးနွေးဖြစ်တာ။ ဒါလဲ ဆွေးနွေးပွဲ တန်းလန်းကြီးနဲ့ ဂမ်ဘာရီ-ပြန်ပါပြီ ဖြစ်သွားရတာပါပဲ။

ဒီတခေါက်မှာ ထူးတာလေး တခု ရှိသဗျ။ ကုလအတွင်းရေးမှူးချူပ် ဘန်ကီမွန်း ဒီဇင်ဘာမှာ ရွှေပြည်တော်ကြီးကို သွားမယ် ဆိုပဲ။ နိုင်ငံရေးကိစ္စ သက်သက်တဲ့။ ကိုကြီးပေါ် ပြောခဲ့သားပဲ။ `မွမ်းမံသင်တန်း´ ဆိုတဲ့ ခေါင်းစဉ် အောက်မှာလေ။ မပူပါနဲ့ ဘန်ကီမွန်းလည်း အချိန်တန်ရင် သွားမှာပါလို့။ ဟော… အခု သွားတော့မယ်။ ဂမ်ဘာရီက လေးငါးခေါက် ရှိပြီဆိုတော့ အရည်အချင်းတွေ တော်တော် တောက်ပြောင်သွားပြီ။ မယုံရင် သူ့မျက်နှာကို ကြည့်ပါ။ မည်းပေမဲ့ ပြောင်ပါတယ်။ အခု ဘန်ကီမွန်း အလှည့်။ လာတော့မယ်။
ဘန်ကီမွန်းအတွက် တခုတော့ ကြပ်ကြပ်မှာလိုက်ချင်သပ။ လက်ကိုင် လော်စပီကာ ကောင်းကောင်း တခုတော့ မပါ ပါအောင် ဆောင်သွားပါ။ ရွှေပြည်တော်ကြီးရောက်လို့ ``သူနဲ့ မတွေ့ချင်ဘူး ဟူး ဟူး´´ ဆိုတဲ့အခါ အဲဒီ လော်စပီကာက အသုံးတည့်ကောင်း တည့်ပါလိမ့်မယ်။ အကယ်၍ မတွေ့ရင်တောင်မှ ရွှေပြည်တော်ရဲ့ အကျင့်စရိုက်အတိုင်း ကျင့်သုံးခဲ့တာမို့ ၀ိနည်းလွတ်နိုင်ပါတယ်။

နှစ်ဆယ့်တစ်ရာစုမှာပေါ်တဲ့ `ဂမ်ဘာရီ၏ ခရီးစဉ်´ ဇာတ်လမ်းတွဲဟာ လူထူးလူဆန်းတို့နေတဲ့ ရွှေဗာရာ မြန်မာဏသီ တိုင်းပြည်ကြီး တခုနဲ့တင် ဂန္ထ၀င်မြောက်နေမှာ အသေအချာပါ။

ကိုကြီးပေါ်

ထိပ်တန်းအပြောင်းအလဲကြောင့် စရဖတပ်သားများ လက်နက်ရုပ်သိမ်းခံရ

လွတ်လပ်သောမွန်သတင်းအေဂျင်စီ

ထိပ်တန်းအပြောင်းအလဲကြောင့် တပ်မတော်အတွင်းလုံခြုံရေး စိုးရိမ်မှုကြောင့် တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ စရဖ အောက်တန်းအရာရှိတပ်သားများ လက်နက်ရုပ်သိမ်း ခံထားရကြောင်း ဆိုသည်။

ရာထူးကနေဖြုတ်ချခံထားရသော ဒုတိယဗိုလ်ချုပ်ကြီးလေးဦးထဲတွင် စရဖ ကို ဦးဆောင် ထားသော ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့် ပါဝင်သဖြင့် ၄င်းကိုသစ္စာခံထားသော စရဖ လက် အောက်ငယ်သားများ ဖောက်ခွဲမှုများ ပြုလုပ်မည်ဖြစ်၍ ဗိုလ်ကြီးအဆင့်အောက်တွင် ရှိသော စရဖ တပ်သားများကို လက်နက်ကိုင်ဆောင်ခွင့် ရုပ်သိမ်းလိုက်ပြီဖြစ်သည်။

"အဓိကကတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်လိုပဲ၊ စစ်ထောက်လှမ်းရေးတွေလိုပဲ စရဖတွေလည်း ဖောက်ခွဲမှုပိုင်းတွေမှာ ကျွမ်းကျင်တယ်၊ ဗိုလ်ချုပ်ကြီးတွေက သူ့တို့လုံခြုံရေးအတွက်စိုးရိမ်ပြီး အဓိက လုပ်တာပဲ"ဟု ရန်ကုန်မြို့ပေါ်က လေ့လာသုံးသပ်သူတစ်ဦးကပြောသည်။

"ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ မြန်မာပြည်ံတောင်ပိုင်းမှာရှိတဲ့ စရဖ တပ်သားတွေကိုတော့ ဖြုတ်နေတုန်းပဲ။ သူတို့ကို မေးကြည့်တော့ ထိပ်တန်းခေါင်းဆောင်တွေ အချင်းချင်းကြားက ပဲဖြစ်မယ်"ဟု စရဖနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့် အပါဝင် ဒုတိယဗိုလ်ချုပ်ကြီးလေးဦးကို ဖယ်ရှားပစ်ပြီးသည့်နောက် တွင် စစ်အစိုးရထိပ်ပိုင်းမှ တင်းမာမှုများရှိခဲ့ပြီး စရဖကို ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးကိုယ် တိုင် ချုပ်ကိုင်မှုလည်းရှိခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်ထွေး၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဝင်း နှင့် ဒုတိယဗိုလ်ချုပ်ကြီး ခင်မောင်သန်း တို့ကို အငြိမ်းစားပေးလိုက်ပြီးဖြစ်သည်ဟု ဆိုသော် လည်း မြန်မာစစ်အစိုးရမှ တရားဝင်ထုတ်ပြန်ကြေညာခြင်း မရှိခဲ့ပေ။

ဝန်ကြီးပြောင်းလဲမှု နေရာတစ်ချို့သာ စစ်အစိုးရမှ ထုတ်ပြန်ခဲ့သည်။ ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်လှဌေးဝင်း ကိုတပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ထွေး၏ နေရာတွင် ပြောင်းလဲခန့်ထားလိုက်သည်။ အရှေ့မြောက်တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်၊ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်အုန်းမြင့်၊ ဗိုလ်ချုပ်မင်းအောင်လှိုင်၊ တောင်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ကိုကို၊ တိုင်းမှူး ၄ ဦးကို (ကစထ) မှူးများအဖြစ် ခန့်အပ်ခဲ့သည်ဟု သတင်းထွက်ခဲ့သည်။

အလားတူ ဗိုလ်ချုပ်မှူးကြီး သန်းရွေ၏သမက် ဗိုလ်မှူးကြီး သိန်းနိုင်ကိုလည်း မင်္ဂလာဒုံ လေတပ် စခန်းတွင် ဦးစီးစေခဲ့သည်ဟု သတင်းထွက်ခဲ့ပြီး စစ်တပ်အတွင်းမှာ တင်းမာမှုများရှိခဲ့သည်။

စရဖအပြင် ရဲတပ်သားငယ်များကိုလည်း လက်နက်ကိုင်ဆောင်ခွင့်မရှိတော့ကြောင်း ကောလ ဟာလ သတင်းများလည်းထွက်နေခဲ့သည်။

Saturday, August 23, 2008

Protest against Gambari visit to burma



ပေးပို့သူ။ ။ ကိုမြင့်မောင်

စင်္ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံသားများ

ရန်ကုန်မြို့တွင်း စစ်အင်အားတိုးမြှင့်ချထား

( ဓာတ်ပုံ - မျိုးဆက်သစ်လူငယ်များ)
ရန်ကုန်မြို့ခံတို့ သတင်းပေးပို့ချက်အရ ရန်ကုန်မြို့တွင်းတွင် စစ်တပ်က လုံခြုံရေး တိုးမြှင့်ချထားသည်။ လုံ/ထိန်း ကားကြီးများကို လမ်းမများပေါ်တွင် တန်းစီပြီး အင်အားပြ ရပ်ထားခြင်းမှာ စစ်အစိုးရသည် အနှစ် ၂၀ တိုင်တိုင် တိုင်းပြည်ကို ငြိမ်းချမ်းသာယာအောင် တိုးတက်စည်ပင်အောင် အုပ်ချုပ်နိုင်စွမ်းမရှိခြင်း ပြယုဒ် သက်သေဖြစ်သည်ဟု မှတ်ချက်ချကြသည်။ ဓာတ်ပုံမှာ မျိုးဆက်သစ်လူငယ်များအဖွဲ့က အင်တာနက်တွင် ဖြန့်ချိသည့် ရန်ကုန်မြို့တော်ခမ်းမရှေ့ မြင်ကွင်းဖြစ်သည်။



မိုးမခမီဒီယာမှ ဖော်ပြပါသည်။

မြန်မာဘလော့ဂါများနေ့

ရက်ပေါင်း(၁၇)မြောက် စိန်ခေါ် ဆန္ဒပြ

“ငြိမ်းချမ်းရေးတိုက်ပွဲ” အဆိုတော် မွန်းအောင်၏ သြစတြေးလျ ဖျော်ဖြေပွဲ။





ကြေငြာချက်

အန်အယ်လ်ဒီ ခေါင်းဆောင်ပိုင်းနှင့် မစ္စတာ ဂမ်ဘာရီတို့ ယနေ့ ညနေပိုင်း ဒုတိယအကြိမ် ထပ်မံတွေ့ဆုံနေ

NEJ/ ၂၂ သြဂုတ် ၂၀၀၈

ရန်ကုန်မြို့တွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ် မစ္စတာဂမ်ဘာရီ၏ မေတ္တာရပ် ခံချက်အရ အန်အယ်လ်ဒီခေါင်းဆောင်ပိုင်းနှင့် မစ္စတာဂမ်ဘာရီတို့ ယနေ့ညနေပိုင်းတွင် ဒုတိယအကြိမ် ထပ်မံ တွေ့ဆုံနေသည်ဟု အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဝင်းနိုင်က အတည်ပြုပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာဂမ်ဘာရီတို့ ယခုအထိ တွေ့ဆုံနိုင်ခြင်းမရှိသည်မှာ ဒေါ်အောင်ဆန်းစု ကြည်၏ ကျန်းမာရေးကြောင့်မဟုတ်ဘဲ တွေ့ဆုံရမည့်အနေအထားကို ဒေါ်အောင်ဆန်းစုကြည်ဘက်က လက် မခံနိုင်သဖြင့် မတွေ့ဆုံသေးခြင်း ဖြစ်နိုင်ကြောင်း အန်အယ်လ်ဒီက ပြောသည်။ မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံမှ ပြန်လည်မထွက်ခွာမီ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည် မတွေ့ဆုံမည်ကို ယခုအထိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

Friday, August 22, 2008

ဂမ်ဘာရီရဲ့ မြန်မာပြည်ခရီးစဉ်



Thursday, August 21, 2008

သံဃာ့တပ်ပေါင်းစုနှင့်ပူးပေါင်းဆောင်ရွက်ရန် သံဃာ့သမဂ္ဂီအဖွဲ့ ဖွဲ့စည်း




ဗထူး။ ။ ရိုးမ(၃)

သာသနာတော်၏အကြပ်အတည်းနှင့် မြန်မာတပြည်လုံး၏ အကြပ်အတည်းများကို ဝိနည်းတော် နှင့်အညီ ပါဝင်ကူညီဖြေရှင်းပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့သမဂ္ဂီအဖွဲ့ကို ယခုလ (၁၆) နေ့တွင် ဖွဲ့စည်းကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ကြေညာသည်။

မန္တလေးသံဃာထုပေါ်အခြေခံကာ ပခုက္ကူ၊ ညောင်ဦး၊ ကျောက်ပန်းတောင်း၊ ရေနံချောင်း၊ အမရပူရ၊ မကွေးနှင့် စစ်ကိုင်းမြို့မှ သံဃာကိုယ်စားလှယ်များကိုရွေးချယ်ကာ သံဃာသမဂ္ဂီ အဖွဲ့ကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု ပြည်ပတာဝန်ခံ အရှင်ပညာဇောတက ယနေ့မိန့်ကြားသည်။


“မြန်မာနိုင်ငံလုံးဆိုင်ရာအဖွဲ့ကြီးကို အဓိကအားပြုပြီးတော့ သံဃာတပ်ပေါင်းစုအဖွဲ့ရဲ့ လုပ်မဲ့ လုပ်ငန်းဆောင်တာတွေနဲ့ပတ်သက်ပြီးတော့ လက်ရှိအဖွဲ့ကပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ချက် အဓိကအားဖြင့်ပါတယ်၊ ဘာသာ၊ သာသနာအပေါ်မှာညှင်းပန်းနှိပ်စက်တဲ့အပိုင်းတွေ၊ အမျိုးသား ရေးကိစ္စမှာ အားနည်းနေတဲ့အချက်အလက်တွေအတွက် အမျိုးသားရေးတာဝန်တွေကို သံဃာ့ တပ်ပေါင်းစုနဲ့ညှိနှိုင်းပြီးလုပ်ဖို့ ရည်ရွယ်ချက်နဲ့ဖွဲ့တာပါ” ဟု အရှင်ပညာဇောတက မိန့်သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုများပြီးသည့်နောက် စစ်အစိုးရအနေဖြင့် ကြံ့ဖွံ့နှင့် စွမ်းအားရှင်အဖွဲ့ဝင်လူငယ်လူလတ်ပိုင်းများအား ဘာသာရေးအခြေခံစာပေများ သင်ကြားပေးကာ စာသင်တိုက်၊ ကျောင်းတိုက်ကြီးများသို့ ကိုရင်၊ ရဟန်းအသွင်ဆောင်ကာ ဝင်ရောက်၍ အမျိုးသားရေးအား စိတ်ဝင်စားသည့် ရဟန်းသံဃာများကို နှိမ်နင်းရန် လုပ်ဆောင် ခဲ့သည်ဟု ဆက်လက်မိန့်ဆိုသည်။

“အဲ့ဒီပုဂ္ဂိုလ်တွေကပဲ သူတို့ကိုသူတို့ ရဟန်းအစစ်အမှန်အယောင်ဆောင် လုပ်ပြီးတော့ ဝိနည်းနဲ့ မအပ်စပ်တဲ့လုပ်ငန်းတွေကို လုပ်လာတာ တွေ့ရတယ်။ အဲ့လိုလုပ်တော့ သာသနာကို အကျည်း တန်အရုပ်ဆိုးစေတယ်၊ ဗုဒ္ဓဘာသာကို ကြည်ညိုလေးစားနေတဲ့ပုဂ္ဂိုလ်တွေ ရဟန်းသံဃာတွေ အပေါ် ထင်ယောင်ထင်မှားဖြစ်စေတယ်၊ ဒါတွေမဖြစ်ဖို့အတွက် သံဃာအဖွဲ့အစည်းတွေကနေ ကိုယ့်မြို့နယ်လေးတွေမှာ ကိုယ်နိုင်သလောက်လေးတွေကို တာဝန်ယူမယ်၊ စောင့်ရှောင့်မယ် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီအဖွဲ့ကိုဖွဲ့တာပါ” ဟုမိန့်သည်။

စစ်အစိုးရအနေဖြင့် ယခုအချိန်တွင် ၂၀၀၇ ခုနှစ် စက်တင်ဘာသံဃာ့လှုပ်ရှားမှုအား အကြမ်းဖက် နှိမ်နင်းခဲ့သည့် နှစ်ပတ်လည်နေ့နီးလာသည်နှင့်အတူ ဘုန်းကြီးကျောင်း၊ စာသင်တိုက်များနှင့် ရဟန်းသံဃာများအသွားအလာကိုပါ အဓိက သတိထားစောင့်ကြည့်နေလျှက်ရှိသည်။

ယနေ့ထုတ်မြန်မာ့အလင်းသတင်းစာတွင်လည်း စစ်တွေမြို့နယ်၊ ဆတ်ရိုးကျနှင့် ဗျိုင်းဖြူ ကျေးရွာမှ သံဃာအတုအယောင် (၆) ဦးအားပုဒ်မ၂၉၅(က) အရ အရေးယူဆောင်ရွက်နေ ကြောင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်ရှိ ဂိုဏ်းပေါင်းစုံပြည်နယ်နှင့်မြို့နယ်သံဃာ့နာယကအဖွဲ့ ဆရာတော်ကြီးများထံ ခေတ္တပြည်နယ်သာသနာရေးမှူး ဦးတင်ဝင်းက သာသနာရေးဆိုင်ရာ လျှောက်ထားချက်သတင်းကို ဖော်ပြထားသည်။

ယင်းသတင်းနှင့်ပတ်သက်၍ အရှင်ပညာဇောတက စားဝတ်နေရေးကြပ်တည်းသဖြင့် ဖြေရှင်းရန် အမြင်ဖြင့် သက္ကင်္န်းဝတ်ကာ အယောင်သူများလည်းရှိကြောင်း ပြောဆိုခဲ့သည်။

ဆက်လက်၍ “သူတို့ကိုယ်၌က ကြံ့ဖွံ့၊ စွမ်းအားရှင်ကလူတွေကို သီလပေးတတ်အောင်လုပ်မယ်၊ ရေစက်ချတတ်အောင်လုပ်မယ်၊ ပရိတ်လေးရွတ်တတ်အောင်လုပ်မယ်၊ ဘာသာရေးအခြေခံ လေးနည်းနည်းပါးပါးသင်မယ်၊ အဲ့လောက်လေးတတ်ပြီးရင် ဘာသာရေးထဲမှာ ဝင်ရောက် ဖျက်ဆီးတယ်၊ သူတို့က ဘာသာရေးကို ခုတုံးလုပ်ဖို့ အကွက်ချပြီးလုပ်နေတယ်ဆိုတာ ဦးဇင်းတို့ သိရတယ်ဟု စစ်အစိုးရလုပ်ဆောင်နေမှုအား ထောက်ပြပြောဆိုသည်။

စက်တင်ဘာသံဃာလှုပ်ရှားမှုကာလအတွင်းကလည်း ထောင်သားများအား ကတုံးရိတ် သင်္ကန်း ဝတ်စေကာ ဝိနည်းနှင့်မညီသည့် လုပ်ငန်းများကို လုပ်ခိုင်းပြီး သံဃာအစစ်အမှန်များက လုပ်သ ယောင် စစ်အစိုးက ဖန်တီးခဲ့သည်ဟု အရှင်ပညာဇောတက ဆက်လက်မိန့်သည်။

“နအဖကရော ဘယ်လောက်ထိအောင် စစ်မှန်လို့လည်း ပြည်သူတွေက ဘယ်လောက်ထိ သူတို့ ရဲ့အာဏာကို လွှဲထားတာရှိလို့လည်း၊ ၉၀ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်ပေးပြီးတော့ တကယ်တမ်း ပြည်သူ့အာဏာကို ပြည်သူ့လက်ထဲလွှဲပြီးပြီလား၊ (၉၀) ခုနှစ်ကလည်း နအဖက လိမ်ခဲ့တာပဲ၊ လောကမှာလိမ်တဲ့ ပုဂ္ဂိုလ်တွေအများကြီးပါပဲ၊ ရဟန်းသံဃာတွေကို လိမ်တယ်ဆိုတဲ့ကိစ္စနဲ့ နအဖ လိမ်တယ်ဆိုတဲ့ကိစ္စနှစ်ခုကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင်၊ ရဟန်းသံဃာတွေက လိမ်တာများ သလား၊ နအဖက လိမ်တာများသလားဆိုတာ ပြည်သူတွေက ဆုံးဖြတ်ပါလိမ့်မယ်၊ ရဟန်း သံဃာတွေက မှန်တယ်ဆိုလို့ရှိရင် ပြည်သူတွေက ရဟန်းသံဃာဘက်က ရပ်ပါလိမ့်မယ်” ဟု သံဃာ့တပ်ပေါင်းစု ပြည်ပတာဝန်ခံက ဆက်လက်မိန့်ဆိုသွားခဲ့သည်။

သံဃာအချင်းချင်းသွေးခွဲမှု၊ သံဃာတော်များအပေါ် ဝိနည်းတော်နှင့် မညီမလျှော်ညီသည့် ဖိနှိပ် ချုပ်ချယ်ကန့်သတ်မှုများ၊ ဟန့်တားနှောင့်ယှက်မှုများ၊ ထိပါးစော်ကားမှုများကို ကာကွယ်သွားရန်၊ စစ်မှန်သောသံဃာထုအတွင်းသို့ ရဟန်းတု ရဟန်းယောင်များ ဝင်ရောက်စေ၍ အထင်အမြင် လွဲမှားမှုမှကင်းလွတ်၍ ငြိမ်းချမ်းစစ်မှန်သော သံဃာ့အဖွဲ့စည်းတည်ဆောင်ရန်နှင့် ပြည်သူလူထု ၏ အထွေထွေအကြပ်အတည်းများကို ဆရာဒကာလက်တွဲ၍ ဝိနည်းတော်နှင့်အညီ ကူညီဖြေရှင်း သွားရန် ရည်ရွယ်ကြောင်း သံဃာ့သမဂ္ဂီအဖွဲ့က ထုတ်ပြန်ခဲ့သည်။

Wednesday, August 20, 2008

ဂမ်ဘာရီ ရန်ကုန်တိုင်း မုန်တိုင်းသင့်ဒေသ လေ့လာ



မြန်မာနိုင်ငံကို ၅ ရက်ကြာ ခရီးစဉ်အဖြစ်နဲ့ ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီ (Mr. Ibrahim Gambari) တယောက် ဒီကနေ့မှာတော့ နာဂစ်ဆိုင်ကလုန်း လေဘေးလုပ်ငန်းတွေ ကို သွားရောက်ကြည့်ရှုခဲ့သလို၊ တချို့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့လည်း တွေ့တာဆုံတာ ရှိခဲ့ပါတယ်။ ဒါပေမယ့်လို့ အခုအချိန်အထိတော့ သူတွေ့မယ်လို့ ရည်ရွယ်ထားတဲ့အထဲက အတိုက်အခံ အင်အားစုတွေနဲ့တော့ မတွေ့ဖြစ်သေးပါဘူး။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေးပြဿနာတွေကို ကြားဝင်ဖြန်ဖြေ ဆောင်ရွက်ပေးမယ့် ပုဂ္ဂိုလ် ဖြစ်တဲ့ မစ္စတာဂမ်ဘာရီအနေနဲ့ အခုအချိန်ထိတော့ သိပ်ထူးထူးခြားခြား ဆောင်ရွက် နိုင်တာတွေ ရှိတယ်လို့တော့ ပြောနိုင်မယ်မထင်ပါဘူး။ အခု သူ့ခရီးစဉ်အစလို့ဆိုရမယ့် အင်္ဂါနေ့မှာ သူက မေလထဲတုန်းက ဆိုင်ကလုန်း လေဘေးသင့်ခဲ့တဲ့ဒေသကို သွားခဲ့ပြီး တော့ အခုနောက်ဆုံး မြန်မာစစ်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိတဲ့အဖွဲ့ရဲ့ အကြီးအကဲဖြစ်သူ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းနဲ့ တွေ့ခဲ့တာတွေတော့ ရှိပါတယ်။ ဒီကိစ္စ တွေနဲ့ပတ်သက်လို့ ရန်ကုန်မှာရှိတဲ့ ကုလသမဂ္ဂရုံး ပြန်ကြားရေးအရာရှိဖြစ်တဲ့ ဦးအေးဝင်း ပြောပြတာကတော့ …

"ဒီနေ့ သူ Delta ဘက်သွားတယ်လို့ ပြောပါတယ်။ ညနေကျရင် သူတို့ ကြေညာပါလိမ့် မယ်၊ နယူးယောက်ခ်ကနေ။ နောက်ပြီး ပြောရေးဆိုခွင့်ရှိတဲ့ အာဏာပိုင်အဖွဲ့နဲ့တွေ့ တယ်။ အဲဒါပါပဲ၊ ဒီနေ့ကတော့။" ကုလသမဂ္ဂရုံး ပြန်ကြားရေးအရာရှိဖြစ်တဲ့ ဦးအေးဝင်း ပြောသွားတာ ဖြစ်ပါတယ်။ အစောပိုင်းမှာ လေဘေးဒဏ် အဆိုးရွားဆုံးခံခဲ့ရတဲ့ မြစ်ဝကျွန်းပေါ်ဒေသဘက်ကို သွားဖို့အစီအစဉ်ရှိပေမယ့် ဒီရက်ပိုင်းတွေအတွင်း မိုးဆက်တိုက်ဆိုသလို ရွာနေတာ ကြောင့် ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်ဘက်ကိုသာ သွားနိုင်ခဲ့တယ်လို့လည်း ဆိုပါ တယ်။ တကယ်တော့ မစ္စတာဂမ်ဘာရီ အနေနဲ့က နိုင်ငံရေးပြဿနာတွေ မပြေလည် နိုင် ဖြစ်နေတာတွေနဲ့ ပတ်သက်လို့ ကြားဝင်ညှိနှိုင်းပေးဖို့ တာဝန်ယူထားတာပါ။ ဒီနေရာမှာ အစိုးရတာဝန်ရှိသူတွေအပြင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံ အင်အားစုတွေနဲ့ပါ စကားပြောဆိုဖို့ ဖြစ်ပါတယ်။

အခုအချိန်အထိကတော့ အဓိက အတိုက်အခံပါတီကြီးတခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) အနေနဲ့ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါ တွေ့ဖို့ဆုံဖို့ကိစ္စတွေက ဘယ်တော့ဖြစ်မယ်ဆိုတာ မသိရသေးဘူးလို့ အန်န်အယ်လ်ဒီ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။ "ဒီနေ့တော့ ဘာမှမထူးသေးပါဘူး။ ကျနော်တို့လည်း မျှော်လင့်နေပါတယ်။ အခုထိ တော့ ဆက်သွယ်မှုမရသေးပါဘူး။" မစ္စတာဂမ်ဘာရီနဲ့ အန်ကယ်တို့နဲ့ တွေ့ဖို့ကိစ္စတွေလည်း မသိရသေးဘူးဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ကိစ္စရော အန်ကယ်တို့ ဘာများကြားပါသေးလဲ။ "အဲဒါတော့ ကျနော်တို့ မသိပါဘူး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့၊ ရှိရင် တိုက်ရိုက်ဆက်သွယ်မှာကိုး။ ကျနော်တို့ သိပ်မသိနိုင်ဘူးဗျ၊ အခြေအနေက။" အရင်တခါတုန်းကလို အန်ကယ်တို့ရော၊ ဦးအောင်ကြည်ရော၊ အန်န်အယ်လ်ဒီက လူတွေရော ဆုံပြီးတော့ တွေ့တာဆုံတာမျိုးတွေ ဖြစ်နိုင်မယ့် အလားအလာမျိုးတွေ မြင်ရလား။ "ကျနော်တို့ အလားအလာတော့ မတွေ့ဘူး။ သို့သော် ကျနော်တို့အဖွဲ့ချုပ်အနေနဲ့ ဆန္ဒ ရှိတာကတော့ ကျနော်တို့ စီအီးစီတဖွဲ့လုံး၊ ခေါင်းဆောင်ပိုင်းတဖွဲ့လုံး မစ္စတာဂမ်ဘာရီနဲ့ မတွေ့ခင် တွေ့ဆုံခွင့်ကိုတော့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဒါမှ ပိုမိုပီပြင်တဲ့ ဆွေးနွေး မှုတွေ ဖြစ်နိုင်မယ်လို့ တွက်ပါတယ်။" မစ္စတာဂမ်ဘာရီ တနင်္လာနေ့တုန်းက ခရီးရောက်မဆိုက် ရန်ကုန်အခြေစိုက် သံတမန် တွေနဲ့ တွေ့ဆုံရာမှာတော့ သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာစစ်အစိုးရတို့ အကြား ရပ်တန့်နေခဲ့တဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာရေး ကိစ္စတွေကို ဦးစားပေး ဆောင်ရွက်သွားဖို့လိုတယ်လို့ သံတမန်တွေဘက်က တိုက်တွန်းပြောဆိုခဲ့တယ်လို့ လည်း ကြားရပါတယ်။

အခု သူ့ခရီးစဉ်ဟာဆိုရင် ပြီးခဲ့တဲ့နှစ် စက်တင်ဘာ သံဃာတော်တွေရဲ့ မေတ္တာပို့ကြွချီ ဆုတောင်းပွဲတွေကို လုံခြုံရေးအာဏာပိုင်တွေက သွေးထွက်သံယို နှိမ်နင်းခဲ့အပြီး ၄ ကြိမ်မြောက်လည်း ဖြစ်ပါတယ်။ တကယ်တော့ ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ်တွေ ဟာဆိုရင် ၁၉၉၀ ပြည့်လွန်နှစ်တွေကစလို့ မြန်မာနိုင်ငံကိုသွားခဲ့တာ အကြိမ်ပေါင်း ၄၀ လောက်ရှိခဲ့ပါပြီ။ ဒါပေမယ့်လည်း ထူးခြားတဲ့ တိုးတက်မှုတွေရယ်လို့ မယ်မယ်ရရ မမြင်ရသေးတာမို့ အားမလို အားမရ ဖြစ်တာတွေ၊ ဝေဖန်သံတွေလည်း ထွက်ပေါ်နေ တာတွေ ရှိပါတယ်။

ဦးဂမ္ဘီရကို ပုဒ်မ (၁၀) ခုဖြင့် ရုံးထုတ်

ဖြိုးကြီး။ သြဂုတ် ၁၉၊ ၂၀၀၈

စက်တင်ဘာသံဃာ့လှုပ်ရှားမှု ခေါင်းဆောင်တဦးဖြစ်သူ အရှင်ဂမ္ဘီရကို စစ်အစိုးရက ယမန်နေ့က အင်းစိန်အထူးတရားရုံးတွင် ပုဒ်မ (၁၀) ခုဖြင့် စွဲချက်တင်ကာ ရုံးထုတ်ခဲ့သည်။

ထောင်ဝင်စာသွားရောက်တွေ့ခွင့်ရရေးအတွက် သွားရောက်ခဲ့သောအစ်မဖြစ်သူ မခင်သူထွေးက အရှင်ဂမ္ဘီရအား ပုဒ် (၁၀) ခုဖြင့် တရားစွဲဆိုကြောင်းပြောဆိုသည်။ "တွေ့ခွင့်တောင်းတော့ ပေးမတွေ့ဘူး၊ ရုံးအပေါက်မှာ (SB) ၁၅ ယောက်လောက်ရှိတယ်၊ တွေ့ခွင့် မပေးဘဲ နှင်ထုတ်တယ်၊ နောက်တော့ ရုံးအနောက်ပေါက်က ပြန်ခေါ်သွားတယ်၊ အဲ့ဒီနောက်မှ ထောင်ဝင်စာအနေနဲ့ တွေ့ခွင့်ရလိုက်တယ်”ဟု အစ်မဖြစ်သူက ပြောသည်။
ဦးဂမ္ဘီရနှင့်အတူ မဂ္ဂင်ဆရာတော်၊ အကိုဖြစ်သူ ဦးအောင်ကျော်ကျော်၊ ဂျောင်းဂျောင်း၊ ကိုသန်း နိုင်(တောင်တွင်းကြီး)၊ ကိုကျော်ကျော်နိုင်၊ စာရေးဆရာမင်းဆက် (ခ) ဦးသုမန(မန္တလေး)၊ ဦးကေလာသ(မန္တလေး)၊ ဦးရွှေမောင်(မန္တလေး)၊ ကိုဝဏ္ဏမောင်(မန္တလေး)တို့အပါအဝင် (၁၁) ဦး အား ယမန်နေ့က ရုံးထုတ်ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ မနက်ဖြန်တွင် ဦးဂမ္ဘီရအား အီလစ်ထရောနစ်ပုဒ်မဖြင့် အင်းစိန်ထောင်တွင်းတရားရုံးတွင် ရုံးထုတ်မည်ဖြစ်ပြီး ယခုလ (၂၇)၊ (၂၈) နှင့် လာမည့်လ (၁) ရက်နေ့တို့တွင် အခြားပုဒ်မများဖြင့် တရားရုံးထုတ် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ ယခုလ (၃) ရက်နေ့မှ (၇) ရက်နေ့ထိ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေး အထူးကိုယ်စားလှယ် မစ္စတာ ကွင်တာနာ သွားရောက်စဉ်က အင်းစိန်အကျဉ်းထောင်ရှိ ဦးဂမ္ဘီရအပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့နှင့် တွေ့ဆုံခဲ့သည်။
http://www.yoma3.org/news/2008/august/UGambira'sCourts.html

Tuesday, August 19, 2008

စစ်အာဏာရူးများလက်ထက် နာဂစ်မုန်တိုင်းအပြီး မြန်မာမိန်းကလေးငယ်များ၏ဘဝ


CNN's Dan Rivers looks at the impact Cyclone Nargis had as more women turn to prostitution to survive.

၈၈၈၈ ပြည်သူ့သတင်းစဉ် (အတွဲ ၀၁၊ အမှတ် ၀၄)

မကြာခင်ဂျပန်နိုင်ငံသို့လာရောက်ဖျော်ဖြေမည့် သီးလေးသီးဆေးရောင်စုံအငြိမ့်


ပေးပို့သူ ။ ။ ကိုထွန်းဝေ (မင်္ဂလာဒိုး)

Monday, August 18, 2008

ှနအဖရဲ့ အမျိုးပြုတ်ညီလာခံသီချင်း

Sunday, August 17, 2008

University student killed by police in upper Burma

Mizzima News
Saturday, 16 August 2008 19:32

New Delhi — Authorities have heightened security in Monywa University in Sagaing Division of upper Burma, after a university student was killed in a fight on Thursday night.

Eyewitnesses said, at least seven police vans are seen parked in the University campus in Monywa City, after a student named Aung Kyaw Soe Win was killed during a fight near the university campus on Thursday night.

In an interview with a person, who claimed to have witness the fight on Thursday, said Aung Kyaw Soe Win, a second year Bachelor of Arts student in Monywa University, was killed while four of his friends were arrested after they were attacked by local policemen following an argument near the university campus on Thursday evening.

The five students were returning to the University after singing in front of a girl's hostel when they were stopped by about 10 policemen, who asked them to come with them to the police station, the eyewitness said.

"The police told the students that since they had been singing political songs, they must come to the police station. The police threatened them that they will be beaten up if they do not go to the police station," the eyewitness told Mizzima.

"But the students refused to go and said 'we will not follow you, do what you want with us.' Then the policemen charged at the students," said the eyewitness, who requested not to be named for fear of reprisal.

Reportedly, Aung Kyaw Soe Win (19), and his friend Tun Min were beaten up severely and were pushed into a police van, where Aung Kyaw Soe Win died even before he could be admitted to hospital.

Though the other three students fled, they were later arrested by the police and are currently in custody with Tun Min at the police station, he added.

But on the contrary, a Buddhist monk, who resides near the university campus and claimed to have heard of the incident said, the fight was not between the students and policemen but was between student rivals.

The No (2) Monywa Police station, when contacted by Mizzima, said they have a case of brawl between students filed in the office but decline to further elaborate on the case.

A classmate of Aung Kyaw Soe Win in Monywa University, when contacted by Mizzima, said while he was not aware of Aung Kyaw Soe Win's death, "he has not come for class and I called out absent on his behalf."

He said police have filled up the university campus and have tightened security, though he is not aware of the police's apprehensions.

Aung Kyaw Soe Win's friend, who claimed to have seen his death body, however, said, "He was badly injured on his head and his skull was smashed. Their families covered his face with a handkerchief."

Aung Kyaw Soe Win and his friends on Thursday had sung political songs in front of a girl's hostel, his friend told Mizzima in an email interview.

Though he was not in the group with Aung Kyaw Soe Win, he said, he heard them sing the Burmese 'National Anthem' and other political songs that are dedicated to Burma's Independence Hero - General Aung San.

In Burma, youngsters love to sing on the roadside at night, and University campuses are frequently filled with groups of young students roaming, with guitars and other light musical equipments, and singing at door-step of girl's hostels.

In a country, with little space for legal entertainment for young people, the practice of singing in front of girl's hostels or on roadsides has not been considered illegal or criminal.

Meanwhile, Aung Kyaw Soe Win's friend said, the police have reportedly told his elder brother that he was under the influence of alcohol and died in a fight between students and warned him not to spread about the case.

Augn Kyaw Soe Win's friend said his body will be buried on Sunday.

Aung Kyaw Soe Win, who had come from 'Minn Tine Pinn' village in west of Monywa city, and was staying in Nandawun ward of Chan Mya Tharsi Township in Monywa, was pursuing his degree course in Law, according to his friend.

Reporting by Mizzima correspondent; writing by Mungpi.

အဆိုတော် ထူးအိမ်သင်ကွယ်လွန်ခြင်း (၄)နှစ်ပြည့် အမှတ်တရ

ဓာတ်ပုံကို ပုဂံနတ်ဘလောက်မှရယူပါသည်။

... အသက်သည်အိပ်မက် ...
. . . . အိပ်မက်သည်သူ . . . .
သူသည် အသက်ဖြစ်စေ
ဆောင်းနှောင်းလျှင် နွေဦး၏
နွေဦး၌ နှင်းကြွင်းသည်။
နှင်းကြွင်းပြယ်သော်လည်း သစ္စာကြွင်းစေ။
မြတ်နိုးခြင်းကြွင်းစေ။

သျှပ်မှူးကျော်

(အဝေးသို့ ပျံသန်းသွားသော "ငှက်")


လူသိပ်မသိသေးတဲ့ ကိုငှက်ရဲ့ မျက်ကန်းချစ်ဆိုတဲ့သီချင်းလေးတပုဒ်ကို အမှတ်တရဖော်ပြလိုက်ပါသည်။







အဘဦးထွန်းမြင့်(ကျန်းမာရေးအရာရှိ)နှင့် အမိဒေါ်မြရင်(သူနာပြုဆရာမကြီး)တို့မှ ၁၉၆၃ခုနှစ် ဇူလိုင်လ(၁)ရက်နေ့တွင် ပုသိမ်မြို့၌မွေးဖွားခဲ့သည်။ မွေးချင်း ၆ ယောက်အနက် သားအကြီးဆုံးဖြစ်သည် ။ ငယ်နာမည် သန်းထွန်းစိုးမှ ပြောင်းလဲခဲ့သော အမည်ရင်းမှာ ကျော်မြင့်လွင်ဖြစ်ပြီး ကိုငွေသီးဟုအဓိပ္ပာယ်ရသော “ပေါ်စွမ်း”ဟူသည့် မွန်ဘာသာဖြင့်ငယ်နာမည်လည်းရှိခဲ့သည် ။ သျှပ်၊ ဘဲဥ ၊ငှက်ကြီးစသည်ဖြင့်လည်း ချစ်စနိုးခေါ်ဝေါ်ကြသည်။ ထူးအိမ်သင်၏ဇနီးမှာ မသွယ်သွယ်ထွေးဖြစ်ပြီး သူ၏တစ်ဦးတည်းသော သမီးအမည်မှာမိကွန်ထော ဖြစ်သည်။


အ.မ.က (၂၀) ပုသိမ်‌တွင် မူလတန်းပညာကို သင်‌ကြားခဲ့ပြီး အ.ထ.က(၃) ပုသိမ်‌မှ အထက်‌တန်းအောင်‌မြင်‌ခဲ့သည်။ ၁၉၇၉-၈၀ တွင် ဧရာဝတီတိုင်းရှိ ပုသိမ်‌ဒေသကောလိပ်‌သို့တက်‌ရောက်‌ခဲ့သည်။ ၁၉၈၁ ခုနှစ်‌တွင် မိသားစုနှင့်အတူ မော်‌လမြိုင်‌သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် မော်လမြိုင်‌တက္ကသိုလ်‌မှ ရုက္ခဗေဒအထူးပြုဖြင့် သိပ္ပံဘွဲ့ရရှိခဲ့သည်။

ဂီတနှင့်ပတ်သတ်သော ငယ်ဆရာများမှာ ဦးကျောက်စိမ်း နှင့် ဦးစန်းတင့်(လမ်းစဉ်လူငယ်ဘင်ခရာတပ်ဖွဲ့၊ ပုသိမ်မြို့) ဖြစ်ပြီး မော်လမြိုင်မြို့၌ ဦးအောင်စိုး ( KC.Francis ) ထံတွင် ဂီတပညာနှင့် ဂီတသင်္ကေတများကို ဆက်လက်ဆည်းပူးခဲ့သည် ။

၁၉၈၁ ဒေသကောလိပ်ကျောင်းသားဘဝတွင် “ မြ ” အမည်ရှိ ကျောင်းတွင်းကဗျာစာအုပ်ထဲ၌ ကလောင်အမည် သျှပ်မှူးကျော် ဖြင့် ကဗျာများရေးသားခဲ့သည် ။ ထိုစာအုပ်တွင် ပါဝင်ခဲ့သော ကဗျာဖြစ်သည့် “ အမေ ... အမေ ဝမ်းရည်စပ်တယ်ဆိုရင် ခွင့်လွှတ်ပါ ။ သားရင်ထဲမှာ ကဗျာ ” ဟူသော ကဗျာမှာ သူ့အား ကဗျာဆရာအဖြစ်ထင်ရှားအမှတ်ရစေခဲ့သည် ။ ထို့နောက် ၁၉၈၂ တွင် ကလောင်အမည် လင်းထက် ဖြင့် “မြတ်နိုးခြင်းအားဖြင့် ကြင်နာသည်ဖြစ်၍ ” ဝတ္ထုတိုကို ရှုမဝ မဂ္ဂဇင်းတွင် စတင်ရွေးချယ်ခြင်းခံခဲ့ရသည် ။ လင်းထက် နာမည်ဖြင့်ပင် ကဗျာရေးခဲ့သည် ။ သူ၏ အခြားကလောင်အမည်တစ်ခုမှာ ရဲသင်ရန် ဖြစ်သည်။ ထူးအိမ်သင် အမည်ဖြင့် ရေးသားခဲ့ပြီး ပုံနှိပ်ဖော်ပြခဲ့သည့် တစ်ပုဒ်တည်းသောကဗျာမှာ “သက်တန့်မြစ်” ဖြစ်ပြီး သရဖူမဂ္ဂဇင်း(ဟောင်း) နှစ်ပတ်လည်အထူးထုတ်တွင် ပါဝင်ခဲ့သည် ။ ၁၉၈၆ ခုနှစ်တွင် "နာရီပေါ်မှမျက်ရည်စက်များ" တေးစီးရီးဖြင့် ဂီတလောကသို့ စတင်ဝင်‌ရောက်ခဲ့သည်။ ထူးအိမ်သင်သည် ကိုယ်ပိုင်သံစဉ်သီချင်းအများစုကို ရေးသားသီကုံးခဲ့ပြီး ဂီတပညာရှင်တစ်ဦး ဖြစ်ရန် ကြိုးပမ်းအားထုတ်ခဲ့သည်။ ၁၉၈၆ မှ ၂၀၀၄ ခုနှစ် ကွယ်လွန်သည်အထိ တစ်ကိုယ်တော်တေးစီးရီးပေါင်း ၁၄ ခွေ ထွက်ရှိခဲ့ပြီး ဂီတညီအစ်ကိုမောင်နှမများနှင့်အတူ တွဲဖက်သီဆိုခဲ့သော စီးရီးပေါင်း များစွာရှိခဲ့သည် ။ --စာရေးဆရာမ ဂျူး ၏ ရေမြောသီး အမည်ရှိ အသံထွက်ဝတ္ထုခွေ တွင် မြရဲ့လ ဝတ္ထုတိုကို ရွတ်ဖတ်ပေးခဲ့သည် ။

၁၉၈၈ အရေးအခင်းအပြီးတွင် မြန်‌မာနိုင်‌ငံလုံးဆိုင်‌ရာကျောင်းသားများဒီမိုကရက်‌တစ်‌တပ်‌ဦး(ABSDF)၌ ပြန်‌ကြားရေးတာဝန်‌ခံအဖြစ် အဆိုတော်‌မွန်းအောင်‌ နှင့် အတူ ခေတ္တမျှ တာဝန်‌ထမ်းဆောင်‌ခဲ့သည်။ "အရေးကြီးပြီ" ဆိုသောတိုက်‌ပွဲဝင်‌သီချင်းကို ထိုစဉ်‌ကရေးစပ်‌ခဲ့ခြင်းဖြစ်‌သည်။ ထို့နောက် မြို့ပေါ်‌သို့ပြန်‌လာပြီး အနုပညာလုပ်‌ငန်များကို ဆက်‌လက်‌လုပ်‌ဆောင်‌ခဲ့သည်။

၁၄-၈-၂၀၀၄ နံနက် ၁၁:၄၀ အသက်‌၄၂နှစ်‌အရွယ်‌တွင် ကွယ်‌လွန်‌ခဲ့သည်။

သူ့ကိုချစ်တဲ့ ပရိသတ်တွေက သူ့ကိုအမှတ်တရအဖြစ် ထူးအိမ်သင်ဒေါ့ကွန်း (http://www.htooeainthin.com) ဟုသော ဝက်ဆိုဒ်လေးတစ်ခုကို ပူးပေါင်း တည်ဆောက်ပေးခဲ့ကြသည်။ ၂၀၀၆ ခုနှစ်တွင် သူ့၏ လုပ်ဖော်ကိုင်ဖက်များ၊ ငယ်ပေါင်းများဖြစ်သော တေးရေးဆရာများ၊ ကဗျာဆရာများ၊ စာရေးဆရာများနှင့် စာနယ်ဇင်းသမားများ စသည်တို့ရေးသားခဲ့ကြသည့် သူကွယ်လွန်ခြင်း ၂ နှစ်ပြည့်အမှတ်တရစာများကို သူ၏ ငယ်သူငယ်ချင်းဖြစ်သူ စာရေးဆရာ ကဗျာဆရာ သိမ်းတင်သား (ကြွက်နီ)မှ စီစဉ် စုစည်း၍ အစိမ်းရင့်ရောင်ရက်စွဲများ အမည်ဖြင့် စာအုပ်ထုတ်ဝေခဲ့သည် ။

Friday, August 15, 2008

ကမ်းလင့်မဲ့လက်များ




ဦးမောင်မောင် (General Secretary of NCUB) ပြောချင်တဲ့ စကားများ၊ အပိုင်း (၁)


ဘားမားတူဒေးမှ ရယူဖော်ပြပါသည်။

Thursday, August 14, 2008

နည်းပညာ တက္ကသိုလ်ကျောင်းသူတစ်ဦး ကျောင်းတက်နေရင်း မြွေကိုက်ခံရပြီး သေဆုံးရခြင်းအပေါ် ဗကသ (နိုင်ငံခြားရေးရာကော်မတီ)မှ သတင်းထုတ်ပြန်ချက်။

စာအမှတ် – ၀၅။ ၂၀၀၈
ရက်စွဲ – သြဂုတ် ၁၃။ ၂၀၀၈။

၁။ သြဂုတ်လ (၄)ရက်နေ့ မှာ ရန်ကုန်နည်းပညာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသူ မမြတ်ဆုမွန် ကျောင်းတက်ချိန်အတွင်း ကျောင်းစားသောက်ဆိုင်မှာ ထိုင်နေရင်း မြွေကိုက် ခံခဲ့ရသည်ဟု နအဖ. (၉)ရက်နေ့ ထုတ် သတင်းစာတွင် ဖော်ပြထားသည်။ မြွေကိုက်ခံရတဲ့ မမြတ်ဆုမွန်ကို မြွေဆိပ်ဖြေဆေး အချိန်မှီ ထိုးနိုင်ခြင်း မရှိတဲ့အတွက် ဆေးရုံတစ်ရုံမှ တစ်ရုံကို ပြောင်းရွေ့ ရင်း လမ်းမှာတင် သေဆုံးသွားရသည်ဟုလည်း ဆက်လက် ရေးသားထားသည်။

၂။ ထိုသို့  မြွေကိုက်သေဆုံးရခြင်းမှာ တက္ကသိုလ်တစ်ခုမှာ တက္ကသိုလ် အင်္ဂါရပ်နှင့်အညီ တက္ကသိုလ်ဆေးရုံ။ ဆေးခန်း မထားရှိခြင်းနှင့် ကျောင်းများကို မလိုအပ်ဘဲ ဝေးလံသီခေါင်သော အရပ်ဒေသများတွင် သွားရောက် ဖွင့်လှစ်ထား ခြင်းတို့ ကြောင့် ဖြစ်ကြောင်း တွေ့ ရှိရသည်။

၃။ ခေတ်မီနေသော ယနေ့  ကမ္ဘာကြီးတွင် တိုင်းပြည်ကို ခေတ်မီဖွံ့ ဖြိုးတိုးတက်အောင် လုပ်ဆောင်နေကြောင်း တဖွဖွ ပြောဆိုနေသည့် နအဖစစ်အစိုးရအနေနှင့် တက္ကသိုလ်တက်ရင်း ကျောင်းသူတစ်ဦး မြွေကိုက်သေဆုံးရသော အဖြစ်အပျက်သည် အစိုးရတစ်ခုအတွက် အလွန်ရှက်စရာကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပါသည်။

၎။ ယခု မမြတ်ဆုမွန် ကျောင်းတက်နေရင်း မြွေကိုက်သေဆုံးရသော ဖြစ်စဉ်ကို ပြန်ကြည့်လျှင် စစ်အစိုးရသည် ကျောင်းသားတွေကို တစ်နေရာတည်းတွင် စုစည်းမိမှာစိုးသည့် အချက်တစ်ခုတည်းကြောင့် မြို့ ပြင်တွင် ထုတ်ထားခြင်း၊ တက္ကသိုလ်တွေအတွက် လိုအပ်သော ဆေးရုံ။ ဆေးခန်းတွေနှင့် မထားရှိခြင်းနှင့် တိုင်းပြည်အတွက် လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုမရှိခြင်းတို့ ကြောင့် ဖြစ်ကြောင်း တွေ့ ရသည်။

၎။ နည်းပညာ တက္ကသိုလ်ကျောင်းသူ မမြတ်ဆုမွန် မသေဆုံးသင့်ဘဲ သေဆုံးရတဲ့ ဖြစ်ရပ်အပေါ် ဗကသ (နိုင်ငံခြားရေးရာ ကော်မတီ). တွဲဖက်တာဝန်ခံ ကိုဇင်မောင်က ယခုကဲ့သို့  ပြောခဲ့သည်၊

“တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ အစိုးရတစ်ခုအနေနဲ့  တာဝန်ယူရမဲ့ ကိစ္စတွေမှာ တာဝန်မယူဘဲ လျစ်လျူရှူထားလို့  အခုလို လူ့ အသက်တစ်ချောင်း မသေသင့်ဘဲ သေရတာပါ။ ဒါဟာ စစ်အစိုးရကနေ သူတို့ ကို ဆန့် ကျင်မှာကြောက်ပြီး ဖိနှိပ်မှု လက်နက်တစ်ခုသဖွယ် အသုံးပြုပြီး တက္ကသိုလ်တွေကို ဝေးလံတဲ့အရပ်တွေကို ပို့ ထားခြင်းရဲ့  နောက်ဆက်တွဲ အကျိုးဆက် ဖြစ်ပါတယ်။ ဒီ ကျောင်းသူတစ်ယောက် သေဆုံးရတာဟာ နအဖ စစ်အစိုးရအပေါ်မှာ လုံးလုံးတာဝန် ရှိတယ်လို့  ပြောချင်ပါတယ်။ နောက်တစ်ခုက ဒီဖြစ်ရပ်က နအဖရဲ့  ပညာရေးစနစ်လက်အောက်မှာ မပြည့်မစုံနဲ့  ပညာသင်ကြားနေရတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့  ဘ၀ကို မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်ပါတယ်”။

နိုင်ငံခြားရေးရာကော်မတီ

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်။

စင်္ကာပူအစိုးရ၏ သိက္ခာမရှိသောလုပ်ရပ်

သံဃာတော်များ ယခုထိ ဆက်လက်ကံဆောင်နေ

ကြည်ဝေ/ ရန်ကုန် သြဂုတ် ၁၃၊ ၂၀၀၈

ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းအတွင်းရှိ သံဃာတော်အများစုသည် ၂၀၀၇ ခုနှစ် စက်တင်ဘာလမှ စတင်ခဲ့ကြသည့် ပတ္တနိက္ကုဇ္ဇန ကံဆောင်ခြင်းကို ယခုထိ ဆက်လက် ပြုလုပ်နေကြကြောင်း ပခုက္ကူမြို့ အလယ်တိုက်မှ သံဃာတပါးက မိန့်ကြားသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ပခုက္ကူမြို့မှ သံဃာတော်များကို စစ်အစိုးရက အကြမ်းဖက်သဖြင့် မြန်မာပြည် အနှံ့အပြားရှိ သံဃာများ ကံဆောင်ပွဲများ စတင် ပြုလုပ်လာ ကြခြင်းဖြစ်သည်။

ယခုအခါ ပခုက္ကူမြို့တွင်းရှိ ကျောင်းတိုက်ကြီး လေးတိုက်ကို ဒေသဆိုင်ရာ စစ်အာဏာပိုင်များက စောင့်ကြည့် လျှက်ရှိပြီး ၎င်း ကျောင်းတိုက်များတွင် စစ်အာဏာပိုင်များက ၀ါဆိုသင်္ကန်းကပ်ရန် ကြိုးစားခဲ့ကြသော်လည်း လက်မခံခဲ့သောကြောင့် အောင်မြင်မှု မရရှိခဲ့ကြောင်း အလယ်တိုက်မှ သံဃာက ဆက်လက်မိန့်ကြား သည်။


သံဃာတော်များ ဆက်လက်ကံဆောင်နေခြင်းနှင့် ပတ်သက်၍ ရန်ကုန်မြို့ တာမွေမြို့နယ်မှ သံဃာ တပါးက “ဦးပဉ္ဇင်းတို့ကတော့ ဒီနေ့ထိ ကံဆောင်ထားဆဲပဲ။ အစိုးရဘက်က ဘာတွေ လာလှူလှူ လက်မခံဘူး။ သူတို့ဟာ သူတို့ကျောင်းတိုက်ထဲမှာ ထားသွားတာပဲ ရှိတယ်။ ဘုန်းဘုန်းတို့ လက်ခံပြီး မယူဘူး။ မသုံးဘူး” ဟု မိန့်သည်။

စက်တင်ဘာလ၊ အရေးတော်ပုံတွင် ပါဝင်ခဲ့သော ရန်ကုန်တိုင်းအတွင်းမှ ကျောင်းတိုက်များသို့ စစ်အစိုးရ အသိုင်းအဝန်းမှ ဆန်၊ ဆီ၊ ဆေး စသည်တို့ကို ပေးပို့ လှူဒါန်းခြင်း၊ နာဂစ် ဆိုင်က လုန်းကြောင့် ထိခိုက်မှုများကို အကြောင်းပြကာ ၀တ္ထုငွေ လာရောက် လှူဒါန်းခြင်းများ ပြုလုပ် ခဲ့ကြသော်လည်း ယင်းကျောင်းများမှ သံဃာတော်များမှာ လက်သင့်မခံဘဲ ပစ္စည်းများကို ရပ်ကွက်ထဲ၌ ပေးဝေခြင်း၊ သင်္ကန်းများကို ကျောင်းတိုက် ရှေ့တွင် ပစ်ထားခြင်းများ ပြုလုပ်ပြီး ၀တ္ထုငွေများကို လက်ဖြင့်ပင် ထိကိုင်ခြင်းမရှိဘဲ ဒုက္ခသည်များထံသို့ ပေးပို့စေခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

လသာမြို့နယ်အတွင်းမှ ကျောင်းတိုက်တတိုက်သည် စစ်အစိုးရ အသိုင်းအဝန်းမှ ၀ါဆို သင်္ကန်း ကပ်လှူသည်ကို လက်မခံခဲ့သည့်အတွက် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့မှ နိုင်ငံရေး နှင့် မပတ်သက်ရန် အမိန့်ထုတ်ခြင်း ခံခဲ့ရသည်ဟု အဆိုပါ ကျောင်းတိုက်မှ သံယာတပါးက မိန့်သည်။

“၀ါဆိုသင်္ကန်းလာကပ်ဖို့ လုပ်ကြတော့ ကျောင်းထိုင်ဘုန်းဘုန်းက ငြင်းတာနဲ့ စိတ်ဆိုးပြီး ပြန်သွားကြတယ်။ သိပ်မကြာဘူး နှစ်ပတ်အတွင်းမှာပဲ သံဃနာယကအဖွဲ့ကနေ သတိပေးစာ ရောက်လာတယ်” ဟု အဆိုပါ သံဃာက မိန့်သည်။

စစ်အစိုးရ အသိုင်းအဝန်းမှ လှူဒါန်းသည်များကို ငြင်းဆန်ခြင်း၊ ကျောင်းအရောက် ပို့ဆောင် ခဲ့သော ပစ္စည်းများကို ရပ်ကွက်များအတွင်း ဝေပေးခြင်းများ ပြုလုပ်လျှက်ရှိသော ကျောင်း များသို့ သံဃနာယကအဖွဲ့မှ သတိပေးစာများ ပေးပို့ရန် စစ်အစိုးရက ဖိအားပေး ခဲ့ကြောင်း သံဃနာယကအဖွဲ့ဝင် ဆရာတော်ကြီးတပါးနှင့် နီးစပ်သူဒါယကာ တဦးက ပြောပြသည်။

စက်တင်ဘာအရေးအခင်းတွင် ပါဝင်ခဲ့သော ရန်ကုန်တိုင်း အတွင်းမှ ကျောင်းတိုက်များသို့ သံဃနာယက အဖွဲ့မှ နိုင်ငံရေးနှင့်မပတ်သက်ရန်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လှူဒါန်းသည့် မည်သို့သော အလှူမျိုးကိုမှ လက်မခံရန် အမိန့် ထုတ်ထားခဲ့ပြီး နိုင်ငံရေး ပတ်သက်မှုများရှိပါက အရေးယူခြင်းခံရမည်ဟု ခြိမ်းခြောက်ခြင်းများ ခံနေရသည်ဟု ၎င်းက ဆိုသည်။

“သံဃာတွေကို သတ်ထားတာ။ လွယ်လွယ်နဲ့တော့ ဘယ်မေ့နိုင်ကြမှာလဲ။ စစ်အစိုးရက ဘယ်လိုပဲ အကြောင်းပြပြ သံဃာတွေကတော့ ကံဆောင်ဆဲပဲ ” ဟု မင်္ဂလာတောင်ညွန့် မြို့နယ်မှ ဦးပဉ္ဇင်းတပါးက မိန့်သည်။

ယခုလဆန်းပိုင်းမှ စတင်၍ စက်တင်ဘာလအရေးတော်ပုံတွင် နာမည်ကြီးခဲ့သော ကျောင်း တိုက်များ၌ အရပ်ဝတ်ရဲများ စောင့်ကြည့်လျက်ရှိပြီး ကြံ့ဖွံ့များက ကျောင်းတိုက်များအတွင်း ၀င်ထွက်သွားလာကာ တယ်လီဖုန်းများကို ခိုးနားထောင်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သံဃာတော် များထံမှ သိရှိရသည်။

ဧရာဝတီဝက်ဆိုဒ်မှ ဖော်ပြပါသည်။

ပြည်ထောင်စုပန်းတိုင်ဂျာနယ်၊ သြဂုတ်လ (၁) ရက်၊ ၂၀၀၈ ခုနှစ်

Wednesday, August 13, 2008

၂၀၀၈-၂၀၀၉ ခုနှစ်အတွင်း စစ်အစိုးရကို ဖြုတ်ချနိုင်ဘို့ လမ်းမရှိ၊ သြဇာကြီးမားသည့် လန်ဒန် အီးအိုင်ယူ မဂ္ဂဇင်းကြီးက ဟောကိန်းထုတ်

NEJ/ ၁၂ သြဂုတ် ၂၀၀၈

၂၀၀၈- ၂၀၀၉ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ နောက်ထပ် လူထုအုံကြွမှုတရပ်ဖြစ်ပြီး လက်ရှိ စစ်အစိုးရကို ဖြုတ်ချနိုင်ဘို့ အလားအလာမရှိသကဲ့သို့ ငြိမ်းချမ်းစွာဆန္ဒပြမှုကို စစ်တပ်က အကြမ်းပတမ်းဖြိုခွဲသည့် အရေး အခင်းမျိုး ထပ်ပေါ်သည့်တိုင် ပြည်ပအင်အားစုတရပ်ရပ်က ၀င်ရောက်စွက်ဘက်ဘို့ အလားအလာလည်း မရှိ ကြောင်း ၂၀၀၈ ခု သြဂုတ်လထုတ် လန်ဒန် အခြေစိုက် အီးအိုင်ယူမဂ္ဂဇင်းကြီးက သုံးသပ်ထားသည်။

မကြာခင်က စစ်တပ်တွင်း အပြောင်းအလဲတွေကြောင့် အာဏာချိန်ခွင်လျှာ အပြောင်းအလဲ ဖြစ်လေမလား မှန်းဆခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ထိန်းချုပ်ထားနိုင်သည့်ပုံ ရှိနေပြီး ထိပ်ပိုင်း ဗိုလ်ချုပ်တွေကြား နားလည်မှု ရထားပုံလည်း ပေါ်သည်ဟုပါ အီးအိုင်ယူ မဂ္ဂဇင်းက ယူဆသည်။ အီးအိုင်ယူ၏ ၂၀၀၈-၂၀၀၉ မြန်မာ့နိုင်ငံရေး ခန့်မှန်းချက်အရ စစ်အစိုးရသည် အာဏာကို ဆက်လက်ချုပ်ကိုင်ထားဦးမည်ဟု မှတ်ချက် ပေးထားသည်။ ။

ပျောက်ဆုံးသွားသော ကချင်ကျောင်းသူ အလောင်း စစ်တပ်ဂိတ်အနီး တွေ့ရှိ အရေးယူမှု မရှိသေး၍ ဒေသခံများ မကြေလည်

သတင်းနှင့်မီဒီယာ ကွန်ယက်။
သြဂုတ်လ ၁၁ ရက်၊ ၂၀၀၈ ခုနှစ်။

စစ်တပ်ဂိတ်အနီး အလောင်းပြန်တွေ့ခဲ့သည့် ကချင် ကျောင်းသူလေး သေဆုံးမှုနှင့် ပတ်သက်၍ ၁၀ ရက် ကျော် ကြာလာသော်လည်း သက်ဆိုင်ရာက ယခုချိန်ထိ ထိရောက် သော အရေးယူမှုများ မရှိသေးသဖြင့် ဒေသခံများ က အားမလို အားမရဖြစ်နေကြသည်။

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ နန်ဆိုင်ကျေးရွာနေ အသက်(၁၅)နှစ်အရွယ်ရှိ ရှစ်တန်းကျောင်းသူ မအင်ခွန် ခေါင်ဒင်းသည် ဇူလိုင်လ(၂၇)ရက်နေ့က လယ်တောသို့ သွားစဉ် ပျောက်ဆုံးသွားသဖြင့် ဒေသခံလူထုက ရှာဖွေ ခဲ့ရာ ဇူလိုင်(၃၀)ရက်နေ့တွင် နအဖစစ်တပ်၏ ဂိတ်အနီး၌ မြေမြှုပ်ထားသော အလောင်းကို ပြန်တွေ့ခဲ့သည်။

ခမရ(၄၃၇)၏ အကောက်ခွန်ဂိတ်အနီးတွင် ဒဏ်ရာများဖြင့်သေဆုံးနေသည့် ရုပ်အလောင်း တွေ့ခဲ့ရသည်နှင့် ပတ်သက်၍ နန်ဆိုင်ရွာသားများနှင့်နီးစပ်သူ လိုင်ဇာမြို့မှ ကချင်လူငယ် တဦးက ယခုလို ပြောသည်။

“ရှာတွေ့တော့ အလောင်းက ခေါင်းမှာတွေလည်း ရိုက်ထားပြီး ကွဲနေတယ်။ မျက်စိတွေလည်း နှစ်ဖက် လုံးဖောက်ထားတယ်။ ချိုင်းကြားမှာတွေလည်း အချွန်တွေနဲ့ ထိုးထားတယ်။ အကုန်လုံးရစရာမရှိ အောင်လုပ်တယ်။ အခုအလောင်းကို ရှာရတဲ့နေရာက တရုတ်ပြည်ကို ကျွဲ၊ နွားတွေပို့တဲ့ လမ်းဘေး နားမှာ သူတို့နအဖစစ်တပ်ကနေ အကောက် ခွန်ကောက်တဲ့နေရာနဲ့ ပေနှစ်ရာ လောက်ဝေးတဲ့နေရာ မှာ မြုပ်ထားတာ တွေ့ရတယ်။ အဲဒီမနက်က စစ်သားနှစ်ယောက်က ရပ်နေတယ်။ အဲဒီပတ်ဝန်းကျင် ရှိမှာဘဲဆိုပြီး ရှာတယ်။ ရှာတော့ ဒီမှာက တွေ့နေတယ်။”

Please do not click on READ MORE if you are under age of 18 or have a heart condition.


အသတ်ခံလိုက်ရသူ ကချင်အမျိုးသမီး ပျောက်ဆုံးသည့် နံနက်ပိုင်းက လမ်းခုလတ်တွင် ခမရ(၄၃၇)စစ်တပ်မှ တပ်ကြပ် အေးသိန်းနှင့်စစ်သားနှစ်ဦး သူမအား နောက်မှ လိုက်နေသည်ကို ကျေးရွာသားအချို့က တွေ့ခဲ့ရသည် ဟု သူက ပြောသည်။

ကချင်အမျိုးသမီး အသတ်ခံရမှုနှင့်ပတ်သက်၍ မိုးမောက်ရဲစခန်းကို တိုင်တန်းထားသော်လည်း ခိုင်လုံသည့် သက် သေ မရှိ၍ ဆက်လက် အရေးယူခြင်းမရှိသည့်အကြောင်း ၄င်းက ဆက်ပြောသည်။

“အလောင်းကို တွေ့တဲ့နောက်ပိုင်းမှာ ရဲစခန်းကို သွားတိုင်တယ်။ ရဲစခန်းက သက်ဆိုင်ရာကို တင်ပြ တယ်။ တင်ပြတော့ သူတို့က သက်သေခံပြပါလို့ ပြောပြတယ်။ အဲဒါ ဘာမှ စစ်ဆေး အရေးယူခြင်း မရှိဘူး။ရွာသားတွေတွေ့တာကတော့ စစ်တပ်က လူတွေ လိုက်တယ်ဆိုတာတွေ့တယ်လေ၊ နောက်ဆုံး အခြေအနေက။”

အမျိုးသမီးမှာ အဓမ္မပြုကျင့်ခံရပြီးနောက် အသတ်ခံရခြင်းဖြစ်နိုင်သည်ဟု ဒေသခံများ အနေဖြင့် ယူဆနေသော် လည်း အာဏာပိုင်များ အနေဖြင့် လူသေအလောင်းအား ဆေးစစ်ဆေးမှုမရှိကြောင်း ဒေသခံများကပြောသည်။



ရက်စက်စွာမုဒိန်းကျင့်သတ်ဖြတ်ခံခဲ့ရသော ကလေးငယ် အင်ခွန်ခေါင်ဒင်း၏ အလောင်း

Tuesday, August 12, 2008

ဒေါ်အောင်ဆန်းစုကြည် ရှေ့နေနှင့် တွေ့ဆုံခွင့်ရ

နန်းဒေဝီ

နယူးဒေလီ။ ။ နေအိမ်အကျယ်ချုပ် ကျခံနေရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့သည့် သောကြာနေ့က တရားရုံးချုပ် ရှေ့နေနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ပြုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုသဖြင့် ရန်ကုန် သတင်းတပ်ဖွဲ့မှ အကြောင်းကြားလာသောကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ရှေ့နေ ဦးကြည်ဝင်းထံ ဆက်သွယ် ပြောဆိုပြီးနောက် တွေ့ဆုံကြခြင်း ဖြစ်သည်။

“ကျနော်တို့ကို သက်ဆိုင်ရာ သတင်းတပ်ဖွဲ့က လာအကြောင်းကြားတော့ ဒေါ်စုရဲ့ တောင်းဆိုချက် ဖြစ်တယ်လို့ ပြောတယ်။ သူတို့ စီစဉ်ပေးတာပေါ့လေ။ ၂ နာရီကြာ ဒေါ်စုအိမ်မှာ ဆွေးနွေးဖြစ်ခဲ့တယ်။ အဓိက အကြောင်းက အကျယ်ချုပ် ကန့်သတ်ချက်ထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဥပဒေရေးရာအရ ဆက်လက် ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတယ်။ တခြားတော့ မရှိပါဘူး” ဟု NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။


တွေ့ဆုံမှုသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် ကွင်တားနား မြန်မာပြည်မှ ပြန်လည် ထွက်ခွါပြီး နောက်တရက်တွင် ဖြစ်သည်။ ၂ဝဝ၄ ခုနှစ်တွင် ဥပဒေ ပညာရှင်များနှင့် နောက်ဆုံး တွေ့ဆုံခဲ့ပြီးနောက် ယခုတဖန် ပထမအကြိမ် တွေ့ခွင့်ရခြင်းလည်း ဖြစ်သည်။

တွေ့ဆုံရာမှ တစုံတရာ ထူးခြားနိုင်ခြင်း ရှိ၊ မရှိ မသိနိုင်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

“ထူး၊ မထူးတော့ မသိနိုင်သေးပါဘူး။ ဒေါ်စုအတွက် ဥပဒေဆိုင်ရာ ဆက်လက် ဆွေးနွေးသွားဖို့ ဦးကြည်ဝင်းကို ကိုယ်စားလှယ် လွှဲထားတယ်။ နောက်ထပ် တွေ့ဖို့ အစီအစဉ် ရှိမှာပါ။ ဒါပေမဲ့ ဘယ်တော့ တွေ့မယ်ဆိုတာတော့ မသိနိုင်သေးပါဘူး” ဟု သူက ပြောသည်။

ပြည်ပရှိ မြန်မာ့ ဒီမိုကရေစီ အင်အားစုများအကြား အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့မှ စတင်ကာ နေအိမ်အတွင်း အစာရေစာ မစားဘဲ ဆန္ဒပြနေကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း ရန်ကုန်အဖွဲ့ချုပ်ရုံးမှ မသိရှိရကြောင်း ပြောသည်။

ဦးဉာဏ်ဝင်းက “မဟုတ်ဘူး ထင်ပါတယ်။ ဦးကြည်ဝင်းနဲ့ တွေ့တော့လည်း ဒီကိစ္စ ဘာမှမပြောဘူး။ ဘာမှ မကြားပါဘူး” ဟု ပြောသည်။

၂ဝဝ၈ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကို အနီးကပ်စောင့်ရှောက် ကုသပေးသည့် ဆရာဝန်နှင့် နောက်ဆုံးအကြိမ် တွေ့ဆုံခွင့် ရခဲ့သည်။

ဦးကြည်ဝင်းနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်း သိရသည်။

“ဒေါ်စုက ကျန်းမာရေးကောင်းတယ်။ စိတ်လည်း တက်တက်ကြွကြွ ရှိနေတယ်လို့ သိရတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

Saturday, August 9, 2008

Google မှဂျပန်ရှိ လူနေအဆောက်အဦး၊လမ်းများ၊ဆိုင်များကို street view (မြင်ကွင်းကျယ်ဓာတ်ပုံ)ဖြင့်လှပစွာ မြင်နိုင်အောင် ပထမဦးဆုံးတီထွင်ခြင်း

Google ကုမ္မဏီမှ ဂျပန်နိုင်ငံတွင်နေထိုင်သူများအဆင်ပြေနိုင်ရေးအတွက် နေရာဒေသ ၊လူနေအိမ်၊ စားသောက်ဆိုင်၊ ကုမ္မဏီရုံးများအား အလွယ်တကူရှာဖွေနိုင်သော နောက်ဆုံးပေါ် street view (မြင်ကွင်းကျယ်ဓာတ်ပုံ) ဖြင့် လှပစွာမြင်နိုင်သော tokyo google map ကို တီထွင်လိုက်ပါသည်။ မိမိကိုယ်တိုင်အပြင်တွင်လမ်းလျှောက်၍ အိမ်။လမ်းနေရာကိုရှာဖွေနေသည်ဟု ထင်မှတ်မှားလောက်အောင် ဓာတ်ပုံနည်းပညာဖြင့် ဖန်တီးထားပါသည်။လောလောဆယ် တိုကျိုမြို့ ၂၃ရပ်ကွက် အတွင်းသာကြည့်နိုင်အောင် စီစဉ်ထားပါသည်။

ထပ်မံတိုးချဲ့၍ အခြားမြို့ကြီးများရှိနေရာများလည်း ကြည့်နိုင်အောင်လည်း စီစဉ် ပြုလုပ်နေသည်ဟုသိရပါသည်။ ဂျပန်နိုင်ငံသားများအတွက် ဂျပန်ဘာသာဖြင့်သာ Google web site (http://maps.google.co.jp/maps?hl=ja&tab=wl) တွင်ရှာဖွေနိုင်ရန်စီစဉ်ထားသောလည်း နိုင်ငံခြားသားများအတွက် search engine တွင် Romanji စာလုံးဖြင့် မိမိရှာဖွေလိုသော မြို့၊အိမ်နေရာနံမည်များကိုထည့်၍ အလွယ်တကူရှာဖွေနိုင်ပါသည်။

ဤကဲ့သို့ မိမိသွားရောက်ရှာဖွေလိုသောနေရာများကို လွယ်ကူစွာ သွားရောက်နိုင်၍ အဆင်ပြေလှသည်ဆိုသော်လည်း မကောင်းမှုပြုလုပ်လိုသူများ၊ ရာဇ၀တ်မှုပြုလုပ်လိုသူများ ဤတီထွင်ဖန်တီးမှုကို အခွင့်ကောင်းယူ၍ မကောင်းမှုများပြုလုပ်လာမည်ကို စိုးရိမ်ရကြောင်း သတင်းများအရသိရပါသည်။

မြန်မာလူမျိုးအများဆုံးနေထိုင်သော တိုကျိုမြို့ရှိမြန်မာများသိရှိနိုင်စေရန်အတွက် အသုံးပြုပုံ အဆင့်ဆင့်ကိုဖော်ပြလိုက်ပါသည်။ အသုံးပြုနည်းမှာလည်းလွယ်ပါသည်။

ပထမဦးဆုံး http://www.google.co.jp/ လင့်ခ်ကိုသွားပါ။ ထို့နောက် 地図 ဟုရေးထားသောနေရာကို နှိပ်ပါ။


ဥပမာအနေဖြင့် - takadanobaba ဟုရေး၍ အထက်ပါပုံတွင်ပြသထားသည့်အတိုင်းရေး၍ မိမိကွန်ပြူတာရှိ enter ခလုတ်ကိုနှိပ်ပါ။


ဂျပန်ဘာသာ kenji စကားလုံးဖြင့် 高田馬場駅(東京)ဖြင့် အထက်ပါပုံကဲ့သို့ ပေါ်လာပါလိမ့်မည်။ ၎င်းစကားလုံးကို နှိပ်ပါ။ နောက် စာမျက်နှာသို့ပြောင်းသွားပြီး သင်သွားရောက်လိုသော အနီးဆုံးနေရာကို မြေပုံဖြင့် ပြသပါလိမ့်မည်။

ထို့နောက် အထက်ပါမြေပုံအပေါ်ဘယ်ဖက်ဒေါင့်တွင်ရှိသော ストリートビューစာလုံးကိုနှိပ်ပါ။

အထက်ပါပုံကဲ့သို့ အ၀ါရောင်လူ (icon) လေးပေါ်လာပါလိမ့်မည်။ အဆိုပါ အ၀ါရောင်လူ iconလေးကို မိမိ၏ ဘယ်ဘက် mouse clip ဖြင့် မိမိသွားလိုရာနှိပ်ဆွဲပါ။

လှပစွာ လူသွားနေအိမ်လမ်းများကို ဓာတ်ပုံမြင်ကွင်းဖြင့် တွေ့မြင်နိုင်ပါသည်။ ထို့နောက် အထက်ပါပုံရှိ全画面表示 ကိုနှိပ်ပါ။ မြင်ကွင်းကျယ်ဖြင့် လှပစွာပေါ်လာပါလိမ့်မည်။ ထို့နောက်မိမိသွားလိုသောနေရာအတိအကျကို ပုံတွင်ပြထားသောမျှားကိုနှိပ်၍နှိပ်၍ လွယ်ကူစွာရှာဖွေသွားလာနိုင်ပါသည်။

ငြိမ်းချမ်းရေး တိုက်ပွဲ (မွန်းအောင်) (ဂျပန်ဖျော်ဖြေပွဲ - ၂၀၀၆)




ငြိမ်းချမ်းရေးတိုက်ပွဲ သီချင်းကို ၁၉၈၀ ၀န်းကျင်မှာ နာမည်ကြီးတေးရေးဆရာတဦးးက ရေးသားခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားများအကြားမှာ ရေပန်းစားခဲ့ပြီး ပြည်တွင်းမှာ ကိုမွန်းအောင်က သူ့တေးစုရဲ့ ခေါင်းစီးတေးသီချင်းအဖြစ် ဖြန့်ချိဖို့ စဉ်းစားခဲ့ဘူးပါတယ်။ ဒါပေမယ့် မထုတ်လုပ်ဖြစ်ခဲ့ပါဘူး။

ခေါင်းစီးကို လွန်ခဲ့သောနေ့ အမည် ပြောင်းလဲခဲ့ပြီး စာသားအချို့ကို ပြင်ဆင်ကာ ကိုခင်မောင်တိုးက သူ့ရဲ့တေးစုတခုထဲမှာ သီဆိုခဲ့ပါတယ်။

ကိုမွန်းအောင်ရဲ့ ပထမဆုံး တော်လှန်ရေးသီချင်း တေးစုကိုတော့ ငြိမ်းချမ်းရေးတိုက်ပွဲ အမည်နဲ့ ၁၉၈၉ ခုနှစ်က ထိုင်းနိုင်ငံမှာ ထုတ်လုပ်ခဲ့ပြီး ပြည်တွင်း ပြည်ပကို ဖြန့်ချိခဲ့ပါတယ်။

၈၈၈၈ လူထုအရေးတော်ပုံ အနှစ်(၂၀)ပြည့်၊ ဂျပန်ရောက်မြန်မာများ ချီတက်ဆန္ဒပြပွဲ




မဆလအာဏာရှင်တော်လှန်ရေးနှင့် မြန်မာပြည်တွင် ဒီမိုကရေစီစနစ်ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် ကျောင်း သား၊ သံဃာနှင့်ပြည်သူအများသွေးမြေကျ အထွေထွေသပိတ်ကြီးစတင်ဆင်နွဲတော်လှန်ခဲ့ကြသည့် ၈၈ အရေး တော်ပုံအနှစ် ၂၀ ပြည့်အထိမ်းအမှတ်အဖြစ် ဂျပန်ရောက်မျိုးချစ်မြန်မာများမှ လမ်းလျှောက်ချီတက်ပွဲနှင့် ဆန္ဒပြ တောင်းဆိုပွဲကို ယနေ့မွန်လွဲ ၂ နာရီခွဲမှစ၍ တိုကျိုမြို့တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။

ယခုကျင်းပသည့် ချီတက်ဆန္ဒပြပွဲကို ဂျပန်နိုင်ငံရှိ နိုင်ငံရေးနှင့် တိုင်းရင်းသားအဖွဲ့အစည်းပေါင်း ၃၂ ဖွဲ့မှ စုစည်းပူးပေါင်းပြုလုပ်ကြခြင်းဖြစ်ကာ ယခုအကြိမ်နှင့်ပါဆိုလျှင် ၁၂ ကြိမ်ခန့်ရှိသွားဖြစ်ပြီး မြန်မာ့ဒီမိုကရေစီ အဖွဲ့ချုပ်ဂျပန်ဥက္ကဋ္ဌဦးလှိုင်အေးမှ ``ဒီနေ့မှာတွေ့ရတာကတော့ တိုင်းရင်းသားအခန်းကဏ္ဍတွေပါတယ်။ နောက်တခုကီရှစ်လေးလုံးမှာပါတဲ့ ကျဆုံးသွားတဲ့သူတွေအတွက် လွမ်းသူပန်းခွေကို န.အ.ဖ အခွန်ရုံးရှေ့မှာ ချတယ်ပေါ့ဗျာ။ ဒါက ခါတိုင်းနှစ်တွေထက်စာရင် တမှုထူးခြားတယ်ပေါ့၊ ဒီနှစ်မှာတော့ ကျနော်တို့မတွေ့မမြင် ဖူးတဲ့ မြန်မာပြည်သူတွေလည်း ဆန္ဒပြတာကိုလည်း တွေ့ရပါတယ်…``ဟု ၈၈ အနှစ် ၂၀ ပြည့် အခန်းအနား နှင့်ပါတ်သက်၍ ထူးခြားမှုများကိုပြောပြသည်။

ဆက်လက်၍ ဥက္ကဋ္ဌ ဦးလှိုင်အေးမှပင်ကျနော်တို့စလုပ်စဉ်ကတော့ လွန်ခဲ့တဲ့ ၁၅ နှစ်ဝန်းကျင်က လူဆယ် ဂဏန်းဘဲရှိခဲ့တယ်၊ ဒီပဲယင်းအရေးအခင်းပြီးတဲ့အခါမှာ ရာဂဏန်းဖြစ်လာတယ်ပေါ့၊ အခုရွှေဝါရောင် တော်လှန် ရေးပြီးတော့ ထောင်ဂဏန်းဖြစ်လာတယ်ပေါ့..ဟုအာဏာရှင်တော်လှန်ရေးကို ဂျပန်ရောက်မြန်မာပြည်သူများ ပိုမိုစိတ်ပါဝင်စားလာပုံကိုပြောပြသည်။


ဂျပန်တွင်မြန်မာဘာသာဖြင့်ထုတ်ဝေနေသည့် လူမှုစီးပွားနှင့်နိုင်ငံရေးသတင်းဂျာနယ်တစ်ခုဖြစ်သည့် ဧရာဝဏ် မဂ္ဂဇင်းမှထုတ်ဝေသူနှင့်အယ်ဒီတာတဦးလည်းဖြစ်ပြီး အပတ်စဉ်ထုတ်ဝေနေသည့် Voice of Burma သတင်းစာ စောင်တာဝန်ခံအဖြစ်လည်းဆောင်ရွက်နေသူ ဦးကျော်ကျော်စိုးမှ ``ဒီကနေ့ဆန္ဒပြပွဲကိုကြည့်လိုက်ရင် အနှစ် ၂၀ ကြာပေမယ့်လည်း ဂျပန်ရောက်မြန်မာတွေကြားထဲမှာ ရှစ်လေးလုံးစိတ်ဓါတ်က ရှင်သန်နေဆဲဘဲဆိုတာ ကောင်းကောင်းပြသနိုင်ခဲ့ပါတယ်….``ဟုပြောပြပြီး တော်လှန်ရေးမှာလှုပ်ရှားနေသူတွေ၊ ဦးဆောင်နေတဲ့ ခေါင်းဆောင်တွေအားလုံး ညီညီညွတ်ညွတ်နဲ့ရှေ့လျှောက်လက်တွဲပြီးတော့ သွားနိုင်မယ်လို့ဆိုလို့ရှိရင် ကျနော် တို့မျှော်မှန်တဲ့ဒီမိုကရေစီရရှိရေးဟာ အောင်မြင်မှာဖြစ်တယ်လို့ယုံကြည်ပါတယ်ဟု မြန်မာ့ဒီမိုကရေစီအရေး အတွက် ၄င်း၏အမြင်ကို ပွင့်ပွင့်လင်းလင်းပြောပြသည်။

အဆိုပါလမ်းလျှောက်ချီတက်ဆန္ဒပြပွဲတွင် ဂျပန်ရောက်မျိုးချစ်မြန်မာလူမျိုးများအပြင် ဂျပန်လူမျိုးများပါ ဝင်ရောက်ပူးပေါင်းဆန္ဒပြခဲ့ကြပြီး တိုကျိုမက်ထရိုရဲတပ်ဖွဲ့၏စစ်တမ်းအရ လူပေါင်း ၈၇၀ ခန့်မှ `ရှစ်လေးလုံးနေ့ တို့မမေ့`၊ `နအဖစစ်အာဏာရှင်စနစ် တိုက်ဖျက်ပစ်`၊ `ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံး ချက်ချင်းလွှတ်`စသည့်ကြွေးကြော်သံများကို လမ်းလျှောက်ဟစ်ကြွေးတောင်းဆိုဆန္ဒပြခဲ့ကြသည်။


အဆိုပါလှမ်းလျှောက်ချီတက်ဆန္ဒပြပွဲတွင် နာဂစ်မုန်တိုင်းလေဘေးသင့်မြန်မာပြည်သူများအတွက် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်အလံတော်ပါ ခေါင်းပေါင်းနှင့်တဘက်များကိုလည်း ရောင်းချခဲ့ကြောင်းသိရှိရပါသည်။

Reported by: Thant Myo Htway (Moe Thauk Kye)

PHOTO: U Than Win, Min Nyo Wan